+ + + ချစ်သမီး၊ ဘယ်ကလာခဲ့လဲ
မသိပါဘုရား
ချစ်သမီး၊ ဘယ်ကိုသွားမှာလဲ
မသိပါဘုရား
ချစ်သမီး၊ တကယ်မသိဘူးလား
သိပါတယ်ဘုရား
ချစ်သမီး၊ တကယ်သိတယ်လား
မသိပါဘုရား + + +
ရွှေမြန်မာ၊ ဘယ်ကလာခဲ့လဲ
မသိပါ
ရွှေမြန်မာ၊ ဘယ်ကိုသွားမှာလဲ
မသိပါ
ရွှေမြန်မာ၊ တကယ်မသိဘူးလား
သိပါတယ်
ရွှေမြန်မာ၊ တကယ်သိရဲ့လား
မသိပါ
မောင်မင်းစိုး
+++ (ဘုရားနှင့် ရက်ကန်းသည်လေး၏ အင်တာဗျူး
)