စာအုပ်လေး။
Saturday, May 25, 2013
ဆန့်ကျင်ဘက်အလှ
အမြင်ကောင်းမှ အကောင်းမြင်မှာလား
အကောင်းမြင်မှ အမြင်ကောင်းမှာလား
သေချာတာက
အမြင်ကောင်းဖို့ အကောင်းမြင်ဖို့ လိုတယ်
အကောင်းမြင်ဖို့ အမြင်ကောင်းဖို့ လိုတယ်။
ပြည်တွင်းဖြစ် ထွက်ကုန်တစ်ခုက
စစ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်တွင်းရောင်းကုန်တစ်ခုက
အပြုံး။
စစ်ကို အပြုံးနဲ့ တုံ့ပြန်မလား
အပြုံးကို စစ်နဲ့ တိုက်ခိုက်မှာလား
ရှင်းရှင်းလေးပဲ ကုန်ကျစရိတ်မရှိတဲ့
မေတ္တာတရားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း
ကမ္ဘာပြုမိုး ရွာစေ။
ပဋိပက္ခဆိုတာ နာကျင်မှုကို ပေါက်ဖွားစေပြီး
သဟဇာတဆိုတာ ကြင်နာမှုကို မွေးဖွားစေတယ်
ဒါဟာ ရိုးရှင်းလှတဲ့ ဆန့်ကျင်ဘက် အလှတရားပါပဲ။
မောင်မင်းစိုး
အကောင်းမြင်မှ အမြင်ကောင်းမှာလား
သေချာတာက
အမြင်ကောင်းဖို့ အကောင်းမြင်ဖို့ လိုတယ်
အကောင်းမြင်ဖို့ အမြင်ကောင်းဖို့ လိုတယ်။
ပြည်တွင်းဖြစ် ထွက်ကုန်တစ်ခုက
စစ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်တွင်းရောင်းကုန်တစ်ခုက
အပြုံး။
စစ်ကို အပြုံးနဲ့ တုံ့ပြန်မလား
အပြုံးကို စစ်နဲ့ တိုက်ခိုက်မှာလား
ရှင်းရှင်းလေးပဲ ကုန်ကျစရိတ်မရှိတဲ့
မေတ္တာတရားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း
ကမ္ဘာပြုမိုး ရွာစေ။
ပဋိပက္ခဆိုတာ နာကျင်မှုကို ပေါက်ဖွားစေပြီး
သဟဇာတဆိုတာ ကြင်နာမှုကို မွေးဖွားစေတယ်
ဒါဟာ ရိုးရှင်းလှတဲ့ ဆန့်ကျင်ဘက် အလှတရားပါပဲ။
မောင်မင်းစိုး
သမီးလေး
ဟို အဝေးကြီးက
မှုန်ပြပြနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကြယ်ကလေး
အထီးကျန်မှုတွေကို ထိုးအန်ချလိုက်တယ်။
" ဒယ်ဒီ၊ နေကောင်းလား "
" သမီးလေး လွမ်းလိုက်တာ "
မျက်ဝန်းမှာ ခိုတွဲနေတဲ့ မျက်ရည်စလေးတွေ
မျှော်လင့်တကြီး ရွာချလိုက်တော့
နာကျင်မှုတွေက ခံရခက်တယ်
တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်အစုံမှာ
ရှင်သန်ခြင်းတွေ ဝေနေခဲ့တယ်။
'' သမီးလေးရော ''
'' နေကောင်းရဲ့လား''
'' ဒယ်ဒီလည်း လွမ်းရပါတယ်ကွယ် ''
ဆာလောင်နေတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်
တိုက်ပွဲခေါ်သံကို နားစွန့်နေရတယ်
သမီးရဲ့ ကြယ်ကလေး လင်းလက်ဖို့
ကိုယ်ကျင့်တရားကို မီးထွန်းညှိလိုက်တယ်။
မောင်မင်းစိုး
အထီးကျန်မှုတွေကို ထိုးအန်ချလိုက်တယ်။
" ဒယ်ဒီ၊ နေကောင်းလား "
" သမီးလေး လွမ်းလိုက်တာ "
မျက်ဝန်းမှာ ခိုတွဲနေတဲ့ မျက်ရည်စလေးတွေ
မျှော်လင့်တကြီး ရွာချလိုက်တော့
နာကျင်မှုတွေက ခံရခက်တယ်
တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်အစုံမှာ
ရှင်သန်ခြင်းတွေ ဝေနေခဲ့တယ်။
'' သမီးလေးရော ''
'' နေကောင်းရဲ့လား''
'' ဒယ်ဒီလည်း လွမ်းရပါတယ်ကွယ် ''
ဆာလောင်နေတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်
တိုက်ပွဲခေါ်သံကို နားစွန့်နေရတယ်
သမီးရဲ့ ကြယ်ကလေး လင်းလက်ဖို့
ကိုယ်ကျင့်တရားကို မီးထွန်းညှိလိုက်တယ်။
မောင်မင်းစိုး
အလွဲများ
လူ့ဘ၀ဆိုတာ လွဲမှားနေတဲ့ သပ်ပုံလို
အဓိပ္ပာယ်မယှိပေမယ့် ဖျည့်ဖတ်လို့ရတယ်
ဘာသာဗေဓဆိုတာ အရေးကြီးတဲ့ လူလုပ် လက်နက်လား
အာယုံနောက်တယ်။
လက်ငြှိုးနဲ့ လက်မကို ၀ိုင်းပြတတ်ရင်
လူ့ဘ၀ရဲ့ တဒင်္ဂနေထိုင်မှုအတွက် ယှဉ်သန်လို့ရပြီ။
ပြော်စရာတွေအတွက် ပျောစရာတွေ အမြားကြီးပဲ
တစ်ရောက်စီရဲ့ မြက်လုံးကို ဖပ်သပ်ရင်
နားလည်လို့ ရတယ်။
တကယ်တော့ ခင်ဗျားရော၊ ကြုပ်ရော
ဘာမှမဟုတ်တာတွေအတွက် ညင်းခုန်နေကျတာ။
အခု ဒီစာသားရဲ့ လွဲမှားနေတဲ့ သပ်ပုံတွေကို ဖျည့်ဖတ်တတ်ရင် ပြီးသာပါဘဲ။
မောင်မင်းစိုး
(21-5-2013)
အဓိပ္ပာယ်မယှိပေမယ့် ဖျည့်ဖတ်လို့ရတယ်
ဘာသာဗေဓဆိုတာ အရေးကြီးတဲ့ လူလုပ် လက်နက်လား
အာယုံနောက်တယ်။
လက်ငြှိုးနဲ့ လက်မကို ၀ိုင်းပြတတ်ရင်
လူ့ဘ၀ရဲ့ တဒင်္ဂနေထိုင်မှုအတွက် ယှဉ်သန်လို့ရပြီ။
ပြော်စရာတွေအတွက် ပျောစရာတွေ အမြားကြီးပဲ
တစ်ရောက်စီရဲ့ မြက်လုံးကို ဖပ်သပ်ရင်
နားလည်လို့ ရတယ်။
တကယ်တော့ ခင်ဗျားရော၊ ကြုပ်ရော
ဘာမှမဟုတ်တာတွေအတွက် ညင်းခုန်နေကျတာ။
အခု ဒီစာသားရဲ့ လွဲမှားနေတဲ့ သပ်ပုံတွေကို ဖျည့်ဖတ်တတ်ရင် ပြီးသာပါဘဲ။
မောင်မင်းစိုး
(21-5-2013)
လက်ခံရရှိထားတဲ့ သဘောတရားများ (၁)
အရှိတရားကို ဆက်စပ်တွေးတော ငြိမ့်ညောင်းသာယာတဲ့ အသံတစ်ခုလို
ဘ၀ကို မျောပါ လွင့်မျောနေမှုဖြစ်စဉ်
ကံသဘောတရားအတိုင်း အဆိုး အကောင်းကို
လက်ခံရင်း ရှင်းလင်းစွာ ပုံဖော်မှု
မပြတ်စီးဆင်းနေသော ရေအလျဉ်တံခါးမှာ လက်ထောက်ပြီး
အာရုံလာလျှင် အတွေးကို ပတ်ကြည့်
ရှေ့ဆက်လျှောက် မပြတ်စဲတဲ့ ဖြစ်စဉ်များနဲ့ စိတ်အလုပ် လုပ်
ဘ၀မပြတ်သေးခင် ရှင်သန်ရမယ့် တရားများဟာ စီးမျောလို့ ။
နေထိုင်မကောင်းမှု တွင်းကျပ်လှောင်ပိတ်မှု ဖမ်းဆုပ်မရဖြစ်မှုတို့နှင့်
အကြောင်းတရားရဲ့ လာရာလမ်းကို တွေးတောကြံဆရင်း နာကျင်လာသော
စကားလုံးများ/ အသံများရဲ့ ဖမ်းဆုပ်မရမှုတို့ကြောင့် ဖက်တွယ်ထားတဲ့ အရာများကို
ထွေးပိုက်မထားဘဲ ဖြတ်ချလိုက် အရာရာကို စောင့်ကြည့်လေ့လာ
ဆုပ်ကိုင်ထားတဲ့အရာမှန်သမျှကို ဖြေချလိုက်
ဒါဟာ မရေရာတဲ့သဘောကို ဖက်တွယ်မနေခြင်းနဲ့
အနာဂတ်ကို ရှုမျှော်ခင်းပမာ စောင့်ကြည့်ခြင်း အလုပ်လည်း ဖြစ်တယ်။
အမြင်အာရုံအသစ်တို့ဟာ လှပတဲ့နှောင်ဖွဲ့မှုတွေနဲ့ သိမ်းသွင်းခြင်း ခံရလိမ့်မယ်
အနိုင် အရှုံးဆိုတာ လက်ခံသူရဲ့ သဘောထားအပေါ်မှာ မူတည်တယ်
သီအိုရီအရမှာတော့ Win - Win လား Lose - Lose လား မသေချာ
ဖြစ်နိုင်ချေအပေါ်မှာ အသွေးအသားများကို ခွဲခြမ်းစိပ်ဖြာလို့
ပျစ်ပျစ်ချွဲချွဲ အရည်ဖျော် လောင်းထည့်
နူးအောင် နှပ် ကျက်အောင် ချက် ကြေအောင် ခြေ
ဒါဆို အသင့်အနေအထားအတိုင်း ၀င်ရောက်လာမယ့်
ပကတိအရှိတရားကို လက်ခံလို့ ရပြီ။
အနေအထားမမှန်ရင် လက်ရှိ ကိုယ်ဟန်ကို ပြောင်းပစ်လိုက်
အသိအသစ်ကြောင့် စိတ်ကစဉ်ကလျားဖြစ်စဉ်များ၊ အာရုံများေ၀၀ါးမှုများ
နားလည်လက်ခံထားတဲ့ သင်္ကေတများဟာ ချုပ်နှောင်မှုကြောင့် တင်းကျပ်နေခဲ့ရင်
အဆင့်ဆင့်ဖြတ်ကျော်ရမယ့် အခြေခံ သဘောတရားများအတိုင်း တစ်လှမ်းခြင်း လှမ်းတက်
ပိတ်ဆို့နေတဲ့ အနေအထားကို ကျော်လွှား ပန်းတိုင်များရှိရာသို့ ဦးတည်မောင်းနှင်ရင်း
ဆောက်တည်ရမယ့် ကြိယာများကို စနစ်တကျ ထား၊ ရေချိန်မကိုက်သေးရင် ချိန်သီးမှာ
စိတ်ကိုဖမ်းထား၊ တည့်တည့်ချိန်ရွယ်ထားတဲ့ ဒြဗ်ဖြစ်စဉ်တွေ လွင့်စင်သွားရင်
ခဏလောက် အနားယူလို့ ရပြီ။
အနားယူပြီး အသိဥာဏ်ကို ဆက်လက်အားမွေးထား
လက်ခံထားတဲ့ သဘောတရားတို့ရဲ့ မသေချာမှုများ
အဆက်အစပ်များ၊ ကွင်းဆက်များ၊ နိယာမများ၊ အကြောင်း အကျိုးများ
မရှင်းမလင်းဖြစ်နေသေးလျှင် အသိဥာဏ်ကို ပုတ် နှိုး စူးစမ်းဆင်ခြင်မှုများနဲ့ ခွာချ
လောကကြီးအတွက် ပညတ်ထားတဲ့ တရားသေ သဘောတရားများကို တစ်စစီ ရှင်းထုတ်
လင်းပွင့်လာတဲ့ မသေချာမှုတွေဟာ လက်မခံနိုင်စရာအဖြစ် ဖြာကျလာလိမ့်မယ်
ဒါဟာ fixed ဖြစ်နေတဲ့ သိမှုအစဉ်ကို လွှာထုတ်ခြင်းလည်းဖြစ်တယ်။
လက်ခံယုံကြည်နိုင်မှု အားပျော့နေသေးလျှင် အန်ခရီးယေးတစ်ဆိုတဲ့
ဝါဒတစ်ခုကို ဒူးရွှန့် ထုတ်ပြခဲ့သလို စိတ်အလုပ်လုပ်
ဖြစ်နိုင်ချေဆိုတာ တီထွင်သူအတွက် လင်းပွင့်လာမယ့် အလှတရား
ခြုံလွှာများရဲ့ ပိတ်လှောင်မှုကြောင့် ရွဲ့စောင်းနေတဲ့ အတ္တကို လှီးဖြတ်
လမ်းများရဲ့ မူမမှန်မှု မှန်သမျှကို ရှောင်ကွင်း သွား
အတိမ်းအစောင်းဆိုတာ ရှိမယ် ၊ နားလည်လက်ခံထားတဲ့ အရာတွေနဲ့
ထိန်းထိန်းသိမ်းသိမ်း ပြန်လည်တည့်မတ်ရင် ထောင်မတ်သွားပါလိမ့်မယ်
ငယ်ငယ်က ဆရာတစ်ယောက် ရွတ်ပြခဲ့တဲ့ စာသားလေးအတိုင်းပါပဲ။
The first time is hard.
The ten times is easy.
The thousand times is automatic.
(မိမိလက်ခံထားတဲ့ သဘောတရားများကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ကဗျာပုံစံနဲ့ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကဗျာ ဖြစ်၊ မဖြစ်ဆိုတာ လက်ခံသူရဲ့ သဘောထား အတိုင်းပါပဲ၊ ဖြစ်၊ မဖြစ်ဆိုတာကို ငြင်းခုံမနေချင်ပါ။ )
ကျေးဇူးတင်စွာဖြင့်
မောင်မင်းစိုး (17-5-2013)
The first time is hard.
The ten times is easy.
The thousand times is automatic.
(မိမိလက်ခံထားတဲ့ သဘောတရားများကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ကဗျာပုံစံနဲ့ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကဗျာ ဖြစ်၊ မဖြစ်ဆိုတာ လက်ခံသူရဲ့ သဘောထား အတိုင်းပါပဲ၊ ဖြစ်၊ မဖြစ်ဆိုတာကို ငြင်းခုံမနေချင်ပါ။ )
ကျေးဇူးတင်စွာဖြင့်
မောင်မင်းစိုး (17-5-2013)