Friday, August 28, 2009

ငါဒီမှာနေတာ


ဟောင်းနွမ်းဆွေးမြေ့လွန်းတဲ့
အဆောက်အဦးဟောင်းကြီးထဲ
မွေးသက္ကရာဇ်အသစ်တွေရေးဖို့ ရောက်လာတဲ့သူတွေ
ရေးပြီးထွက်ခွါတဲ့ သူတွေထဲမှာ
မနေ့က စပါကလင်သောက်ပြီး မူးချင်ဟန်ဆောင်တဲ့ သူလည်းပါ

အမှန်တရားကို အမြင့်ဆုံးမှာ ချိန်ထားတယ်
လူတွေမဖတ်မိကြဘူး
တစ်ခုခု သင်ကြားရမယ်
တန်းဖိုးနဲ့လား
နေ့ရက်တွေနဲ့လား

စကားလုံးတွေပြောပြီးသုံးကြမယ်လေ
အကြောင်းရင်းတွေပေါ့

ဒီဘက်ဆိုင်က မုန့်ဟင်းခါးအရသာလည်း သိခဲ့ပြီ
ဟိုဘက်ဆိုင်က မုန့်ဟင်းခါးအရသာလည်း သိခဲ့ပြီ
လောကီထုပ္ပတ် လူတို့ဇာတ်ကို ငါဖွဲ့နိုင်ပြီပေါ့
ဒီလိုဆိုတော့
ငါ့ကိုဘယ်ထောင့်တွန်းပို့ချင်သလဲ

လူ့ဘ၀ဆိုတဲ့ ဒီ “ ဆု“ က ၀န်ထုပ်ဝန်ပိုးတွေ သယ်လာတယ်
မနေ့ကလောကဓံ
မနက်ဖြန်လောကဓံ
အခုလောကဓံ
အခုဖြစ်ရတာတွေက လိုအပ်တဲ့အဆုံးသတ်တွေပါ

ငါ့မှာ သွားစရာမရှိဘူး။
ဒါကြောင့် ငါ ဒီမှာနေတာ။ ။
ဝင်းမောင်

No comments:

Post a Comment