ခုခံထားတဲ့ ခံတပ်တစ်ခု ခါးခါးသီးသီး ခါချ
ခါးပြတ်နေတဲ့ ခေါ်စာဟာ ခက်ခက်ခဲခဲ ခုန်ချ
ခေါက်ထားလိုက် ခခယယ ခိုလို ခင်တွယ်မနေနဲ
ခံတွင်းပျက်တယ် ခမ်းနားလို့လှတဲ့ ခရိုင်ကို ခေါက်ထား
ခုံမင်လှတဲ့ ခင်မင်စရာ ခရေပန်းလည်း ခန်းချောက်နေပြီ
ခက်တယ်။ ခေါ်သံဟာ ခဏလေး ခွင့်ပန်သွားတယ်။
ခေါင်းတိုင်က အခိုးအငွေ့တွေက ခရုတစ်ကောင်လို ခပ်တည်တည်
ခါတော်မီ ခွင့်လွှတ်ဖို့ ခရေစေ့တွင်းကျ ခေသူမဟုတ်
ခူးဆွတ်ထားတဲ့ ခရမ်းပြာရဲ့ ခင်းကျင်းမှုဟာ ခုံခုံမင်မင်ရှိလှတယ်။
ခရောင်းလမ်းမှာ ခေတ်တစ်ခေတ်ရဲ့ ခေါ်သံကို ခေါစာ ပစ်လိုက်တယ်။
ခုတော့ ခွေကျသွားတဲ့ ခွေးတစ်ကောင်လို ခန္တီနဲ့ ခင်တွယ်မိတယ်
မောင်မင်းစိုး
No comments:
Post a Comment