Thursday, January 3, 2013
ရေဒီယို
ON နဲ့ OFF ခလုတ်တွေ လိုင်းချိန်တဲ့ ခလုတ်တွေကို ဖွင့်ကြည့်ခဲ့မိ။ အသံတွေ ရေးရေးထွက်နေ။ အပေါက်ထဲက အသံများ. ဂျိဂျိ တဂျိဂျိများ။
တိုင်တွေကိုလည်း ဆွဲလှည့်မိ. ပြန်သွင်းမိ။
အထစ်တွေ လိုတိုးပိုလျှော့လုပ်မိ
ဓာတ်ခဲအားရော ရှိရဲ့လား ကျောဘက်ကရော ကျောအစစ်ဖြစ်နိုင်ပါ့မလား သံသယဖြစ်မိ။
နာရီအချိန်မှန်ပါ့မလား
အခုနဲ့ ပြသနေတဲ့ အချိန်နဲ့ လွဲနေတာကရော
ချန်မယ် ဘယ်လောက်မှာ ကိုယ့်အတွက် ဘာအသံရှိနေမလဲ
လိုချင်တဲ့ အသံထွက်လာနိုင်မလား
အားလုံးတစ်ခုမှ မဖြစ်နိုင်။
အထစ်ဆိုတာကလည်း ဆွဲလို့မရ
ရေဒီယိုရဲ့ဓာတ်ပုံတစ်ပုံပဲ
ဓာတ်ခဲက အားရှိသော်လည်း ဂျစ်ဂျစ်သံလောက်သာ
နာရီကလည်း အချိန်မမှန်
ဆိုနီရေဒီယိုလေးပဲ
မောင်မင်းစိုး ပိုင်ဆိုင်မှုပဲ
ဆိုနီဆိုပေမယ့် ပိုမြည်မလား ၀ယ်ထားတာ တရုပ်လေးပါ။
ICF-329 = မောင်မင်းစိုး
ထိရောက်မှုအားပြင်းနေတဲ့ ရေဒီယိုလေးပေါ်က အလင်း
အလင်းကြောတယ်။ ဒီအလင်းက ကင်မရာအလင်း။
ရက်စ် ဒါမောင်မင်းစိုးပိုင်ဆိုင်မှုပါ
ဒါဒါ ရေဒီယိုဓာတ်ပုံလေး တစ်ပုံမှ အသံလွှင့်နေပါသည်ခင်ဗျာ
နှစ်သစ်မှာ ကျန်းမာစေကြောင်း ဆုတောင်းတဲ့ သီချင်းလေးလည်း လွှင့်တယ်။
သတင်းအမှန်၊ အမှားတွေလည်း လွှင့်တယ်။
သီချင်းမျိုးစုံလည်း လွှင့်တယ်။
ရေဒီယိုဓာတ်ပုံရဲ့ အသံလွှင့်မှု ကြားရဲ့လား
ဒါပေမယ့် စံတော်မကိုက်တဲ့ နားဆင်မှုမျိုးနဲ့ နားသောတဆင်နိုင်ဖို့ပါပဲ။
ဘယ်သူငြင်းချက်ထုတ်မှာလဲ ဒါကဗျာတစ်ပုဒ်ပဲပေါ့။
မောင်မင်းစိုး၊ စိုးမင်းအောင်။
မှတ်ချက်။ အပေါ်က ရေဒီယိုလေးကို ကြည့်ပြီး အတွေးတွေကို ကဗျာဟုထင်သဖြင့်
တင်လိုက်ပါသည်။
No comments:
Post a Comment