Wednesday, March 13, 2013
လက်ပံတောင်းတောင် ကြေငြာစာတမ်း
ရှုမောဖွယ် တောင်စဉ်တန်းတွေနဲ့
အညာလှ ခြယ်သနေတဲ့ လက်ပံတောင်းတောင်
ခုဝင်လာ ကြမ္မာဆိုးတွေက
တုယှဉ်ကာ တန်ပြန်တိုက်ပေမယ့်
သြော်ကွယ် ဖြိုချမယ်လို့ သူကြံရွယ်။ ။
အာဏာရှင် လူတစ်စုတွေနဲ့
ခရိုနီ အလိုဆိုးတွေက လက်ဝါးကြီးအုပ်လို့ သွေးစုပ်တယ်
အလစ်တွင် ယဇ်ပလ္လင်တင်ကာ ဆက်မယ်ပ
ပြည့်စည်းစိမ် ကုန်အောင်ဖြုန်းဖို့ ရွယ်
သြော်ကွယ် ရမ္မက်ရူးတွေရဲ့ စိတ်ထား။ ။
ဆန္ဒပြသံဃာစစ်တွေရဲ့
သွေးစွန်းမယ့် မီးလောင်ဒဏ် သပိတ်စခန်းကိုလ
မှိတ်ရမ်းကာ ၀င်ပူးစီးလေတော့
သာသနာအောင်လံ လဲကာကျရတယ်
သြော်ကွယ် လူရမ်းကားတွေရဲ့ နှိပ်စက်ပုံ။ ။
ဥာဏ်ကြီးရှင် လူတစ်သိုက်တွေရဲ့
ရင်မောဖွယ် အပြီးသတ် အစီရင်ခံစာတွေက
ဝမ်ပေါင်နဲ့ ဦးပိုင်ကို အနိုင်ပေးလိုက်တယ်
အဆိပ်ရည်ထပ်ကာ သွန်းလောင်းလိုက်တာကြောင့်
သြော်ကွယ် ဒေသခံတွေရဲ့ ရှုံးရပြီ။ ။
တို့နိုင်ငံ ဒီအရေးမှာလ
အဖိုးတန် ရတနာတစ်ပါးရယ်တဲ့ ပြုန်းတော့မည်
ကမ္ဘာမကျေ ဥဒါန်းတွင်စေတော့
အမှန်ပေ သံသရာကုန် ကျေမအေးနိုင်ဘူး
သြော်ကွယ် လက်ပံတောင်းရဲ့ အရေးတော်ပုံ။ ။
မောင်မင်းစိုး
No comments:
Post a Comment