Saturday, May 11, 2013
မြန်မာ့ကဗျာရာသီဥတု ထုတ်ပြန်ကြေငြာချက်
မုတ်သုံလေ အားနည်းမှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်တင့် ရှိမည်
သိစိတ်အားနည်းမှုကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်နေခြင်း ဖြစ်သည်။
ရင်းမြစ်များ၏ အားနည်းမှုဖြစ်ခြင်း
ဖြစ်မှု မသေချာခြင်း
အကြောင်း အကျိုး မခိုင်လုံခြင်း
ပုံတူကူးချခြင်း
အာရုံ ထွေပြားခြင်း
ခဏငယ်များ ချုပ်ပျောက်ပျက်စီးခြင်း
အထက်ဖော်ပြပါ အင်္ဂါရပ်များကြောင့် မြန်မာ့ကဗျာရာသီဥတု ဖောက်ပြန်ကြောင်းနှင့်
ရုပ်လုံးမကြွမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
သတင်းအစုံလင်မှာ
လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာပြီးနောက် ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင်သုံးဆယ်အထက်
တိုက်ခိုက်နိုင်ကြောင်း သိရှိရပြီး နိယာမတရားများ၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်စဉ်များ အားပျော့ခြင်း
ခိုင်လုံတိကျသော အကြောင်း အကျိုးမရှိခြင်း အာရုံးများေ၀၀ါးနေခြင်း စိတ်ဖြစ်စဉ်များ ရွေ့လျားနေခြင်း
ဖြစ်ပေါ်ပြီးတိုင် မခိုင်မြဲဘဲ ချုပ်ပျောက်ပျက်စီးသွားခြင်း ကိုယ်ပိုင်ဥာဏ်ကို ဦးစားမပေးခြင်း နိုင်ငံတကာကို
ပုံတူကူးချခြင်းစသည်တို့ကြောင့် မြန်မာ့ကဗျာရာသီဥတုသည် တစ်နာနီလျင် မိုင်သုံးရာအထိ တိုက်ခိုင်နေပါသည်။
ဖြစ်တည်မှု၏ ရင်းမြစ်များ
မွမ်းကျပ်မှုဖြစ်စဉ်
ဆာလောင်မှုဖြစ်စဉ်
သိစိတ်၏ ထိုးဖောက်နိုင်စွမ်းဖြစ်စဉ်
အင်အားကောင်းသော ဗဟုဖြစ်စဉ်
အရေးအရာများကို ထိုက်သင့်သလို အသုံးချမှုဖြစ်စဉ်
ရုပ်ဝတ္ထုများကို လိုအပ်သလို သုံးစွဲတတ်ခြင်းဖြစ်စဉ်
ကိုယ်ပိုင်ခံစားချက်၏ အရေးပါမှု ဖြစ်စဉ်
ဒဏ်ရာများ၏ အခဲမကြေမှုဖြစ်စဉ်
အစွဲအသီးသီး၏ မင်းမှုနေမှုဖြစ်စဉ် များဖြစ်ပါသည်။
မရေရာသော ဖြစ်တည်မှုများမှာ
ကဗျာနည်းပညာကို ကိုလိုနီပြုခြင်း
ရှိမှုမသေချာခြင်း
သိမှုမသေချာခြင်း
အလင်းအမှောင်နှင့် အာရုံခံစားမှုေ၀၀ါးခြင်း
ပုံရိပ်များ၏ မထင်မရှားမှုဖြစ်ခြင်း
အရိပ်မထွက်ခြင်း
ရင်းစားများ ပြန်မရခြင်း
ခေတ်စနစ်ဆိုးများ ဖြာကျနေခြင်း
ပွင့်လင်းမြင်သာမှု မရှိသေးခြင်း
နာမ်တရားများနှင့် ရုပ်တရားများကို ခွဲခြားမသိမြင်နိုင်သေးခြင်း
အာရုံငါးပါး၏ ရှင်းလင်းပီသမှု မရှိသေးခြင်း
ဖြစ်ပျက်တစ်ခုပေါ်သို့ ဥာဏ်ကစားနိုင်မှု မရှိသေးခြင်း
အရာရာကို သတိမမူနိုင်သေးခြင်း
နိုင်လိုမင်းထက်မှုများ ကြီးစိုးနေသေးခြင်း များဖြစ်ပါသည်။
အရာရာသည် ဖြစ်ပျက်နှစ်ခုမှာ မှီတည်နေပါသဖြင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းထက်
မြန်မာ့ကဗျာရာသီဥတုသည် တဖြည်းဖြည်းဖြင့် ရွေ့လျားပျောက်ကွယ်မှုများနှင့် စခန်းသွားနေ
ရပါကြောင်း မြန်မာ့ကဗျာရာသီဥတု၏ အရေးကြီး သတိပေးချက်ကို
ထုတ်ပြန်ကြေငြာအပ်ပါသည်။
မောင်မင်းစိုး
(၇-၆-၂၀၁၀)
No comments:
Post a Comment