Monday, September 15, 2008

ခွေးပိန်ကလေးပေါ်မှာရပ်၊ ကျွန်တော်တို့တွေ

ငါဆေးရုံတက်တုန်းက
ပမာ ပိုက်ဆံနှစ်သောင်းလိုတယ်
ပိုက်ဆံနှစ်သောင်းလိုနေရင် ဆေးဝါးကုသမှု ဆက်မရတော့ဘူး
သေသွားမယ်

ဘယ်လက်သည်းကွင်းထဲက ကွက်လပ်က လာပေးမလဲ
ဆင်းရဲကြောင်းထောက်ခံစာပြရမတဲ့
ငါတို့မိသားစုက ဆင်းရဲတာမဟုတ်ဘူး
ခေတ်မူလီခေါင်းနဲ့မူလီထဲမှာ အဆင်မပြေတာ
ငါ့အဖေဆင်းရဲထောက်ခံစာ သွားယူပါတယ်
ခမျာ ညှိုးငယ်နေရှာမယ်

ကမ္ဘာကို ချစ်တဲ့အချစ်ကို စွန့်လွှတ်ဖို့
ငါ့သွေးဆီ အခြားပြင်ပသွေးကို သွင်းလိုက်တာပဲ

ငါ့နားရွတ်ကိုယ် တံတွေးဆွတ်ပြီး
မြေဆန်နေတဲ့ ငါ့ကိုငါ အပြစ်တင်မိတယ်
ခင်များသား သိပ်ကံကောင်းတယ်
ကျွန်တော်တို့ အရာရာကို စိတ်ချလို့ရပြီတဲ့
ဆရာဝန်ကပြောတယ်

နာလို့ခံခက်ဥတွေ သီးနေတာ
ဒီဆရာဝန်မမြင်ဘူးလား
ကျွန်တော်ဟာ လူတစ်ယောက်ဖြစ်တယ်
ကမ္ဘာဟာ
ကျွန်တော်တို့ ခင်များတို့ မကျွေးမမွေးဘဲထားတဲ့
ခွေးပိန်ကလေး တစ်ကောင်သာ ဖြစ်တယ်။

စိုးမင်းအောင်
(၂၀၀၇-ပျော်ပျော်ရွင်ရွင် မဂ္ဂဇင်း)