Thursday, November 5, 2009



မိမိဌာနသို့ လာရောက်လှူဒါန်းကြသော ရွှေဆံပင်အလှူရှင်ပေါင်း (၈၂၃)ယောက်ရှိသွားပါပြီ။
ခက်တာက နာမည်လေးတွေ ပုံမှန်အနေအထားနဲ့ ဆက်လက်သွားနေပေမယ့်၊ အဖျက်လုပ်သူ
များကတော့ ပေါ်လာစမြဲပါ။ ဒါတွေကတော့ လောလောဆယ်တော့ ဒီအတိုင်းပါပဲ။ နောက်မှ
လုပ်စားသူတွေကို ထုတ်ဖော်သင့်ရင် ထုတ်ဖော်ရမှာပေါ့။ အဓိကကတော့ ဗန်းပြပြီး လုပ်နေတာ
တွေ၊ ထင်ယောင်ထင်မှားလုပ်တာတွေ ရှိနေပါတယ်။ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံမှာတော့
လူပေါင်း နှစ်ထောင့်ငါးရာဝန်းကျင်လောက်ရှိသွားပါပြီ။ မကြာခင်မှာတော့ ဆရာတော်တစ်ပါးနဲ့
စုပေါင်းပြီး ရေစက်ချပွဲလုပ်ပါမယ်။
ရွှေနံ့သာ

Sunday, November 1, 2009

တတိယမြောက်ထွက်ရှိလာမယ့် စာအုပ်လေး



လောလောဆယ် မအားလပ်တဲ့ကြားကနေ တတိယအုပ်အဖြစ်
ဆက်လက်ထွက်ရှိလာမယ့် စာအုပ်လေးသတင်းကို မိတ်ဆက်
သဘောနဲ့ မျက်နှာဖုံးလေးကို တင်ပေးလိုက်ပါတယ်။
လောကမှာ ကိုယ်လုပ်ချင်တာ လုပ်နေရတာလောက် ကျေနပ်စရာ
ကောင်းတဲ့အရာ မရှိလောက်ပါဘူး။
ဒီစာအုပ်လေးကိုတော့ စီကိုစု(ခေတ္တ-အမေရိက)ဖတ်ဖို့ ရည်ညွှန်းလိုပါတယ်။
မောင်မင်းစိုး

ရွှေဆံပင်သတင်း




အခုလောလောဆယ်တော့ ကိုယ့်အိမ်လေး ဘယ်ရောက်လို့
ဘယ်ပေါက်နေလည်းကို မသိဘူးဖြစ်နေတယ်။ အလုပ်ကရှုပ်တော့
မပြုပြင်ဖြစ်တာရော၊ အသစ်မတင်ဖြစ်တာရောပေါ့။ ဒါပေမယ့် ရန်ကုန်
ရွှေမြို့သူတွေနဲ့ နေ့စဉ်နပန်းလုံးနေရတယ်လေ။ ရွှေဆံပင်တံတားအတွက်
လာရောက်လှူဒါန်းကြတဲ့ ဆံပင်တွေကို အလှူခံနေတာပေါ့။ အခုဆိုရင်
ရန်ကုန်သူတွေအနေနဲ့ မိမိထံကို လာရောက်လှူဒါန်းကြတယ် လူဦးရေ
(၇၁၂)ယောက်ရှိသွားပါပြီ။ အားလုံး သာဓုခေါ်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။
နောက်မှပဲ ဒီအကြောင်းလေးတွေကို ထပ်ပြီးအသေးစိတ်တင်ပါဦးမယ်။
ရွှေနံ့သာ