Saturday, July 28, 2012

ရယ်စရာစာဖတ်ပရိသတ်သို့

ရယ်စရာပရိသတ်ကြီးရေ အခု စက်တင်ဘာလအတွက် စာအုပ်ထွက်နေပါပြီ။
မကြာခင်မှာ ကဗျာအရွေးစာရင်းနဲ့ ဒီလကဗျာများကို ဖော်ပြပေးပါ့မယ်။

Wednesday, July 25, 2012

ပုံစံမကျတော့ အထားအသို ခက်ခက်ခဲခဲ ဖန်တီးပြုလုပ်ချက်

ကောင်းကင်မှာ ညိုမဲနေတဲ့ တိမ်လွှာတွေနဲ့ အထူးပြုလုပ်ချက် နံပါတ်(၁)ဟာ မင်းနဲ့ငါ ထင်လင်းမြင်သာမှုမရှိဘဲ အမြင်က အတွေးကို ပတ်ကျော်ပြီး အသိက အမှောင်ထဲမှာ လဲလျောင်းနေတယ် ရှင်းရှင်းလေးပါပဲ အရှုခံက အာရုံတစ်ခုဖြစ်ပြီး ရှုစိတ်က ထုဆစ်လိုက်တော့ အရှုပ်တွေ ပွေလီစွာ ပြန့်ကျဲနေရင်း မမြင်တာလား မကြားတာလား မသိတာလား ပြောပြောဆိုဆိုနေထိုင်မှု ကွင်းပြင်ဟာ သုံးဘက်မြင် လေးဘက်မြင် ခြောက်ဘက်မြင်ဆိုတော့ အရင်လူဟာ အရင်စိတ်မဟုတ်ဘူး၊ ဒီထက်သေချာတာတစ်ခုက ရုပ်ပြောင်းလွဲမှုတစ်ခုသာဖြစ်တယ် ဆိုတော့ နောက်ကျောမှာစိုက်ဝင်နေတဲ့ စိုးရိမ်စိတ်က ပြည်သူ့ရေးရာထဲ တိုးတိုးတိတ်တိတ် ၀င်ရောက်လည်ပတ်သွားခဲ့တယ် အခက်အခဲတွေကို ခက်ရင်းနဲ့နာနာ ထိုးဆွလိုက်ပြီး ခပ်တည်တည်နဲ့ ပြည်ထွက်သွား ဘေး ၀ဲ ယာမှာ မြင်နေကျအာရုံတွေကို ထိတွေ့လိုက် ခေါက်တင်လိုက် ပုံစံမကျပေမယ့် ဒါဟာ လူ နတ် ဗြဟ္မာတွေအတွက် သာဓုခေါ်သံလည်း ဖြစ်နိုင်တယ် မပြောကောင်း မဆိုကောင်းဆိုပေမယ့် ပြောဆိုလိုက်ဦးမယ် ဒါဟာ စစ်မှန်တဲ့ တောင်ကျရေ နွမ်းအီနေတဲ့ နှလုံးသားဆာဟာရအတွက် အားဆေးလည်းဖြစ်ချင်ဖြစ်မယ် ဒီလိုပါ နောက်ကြောင်းမပြန်ဘူး ဆိုတဲ့စကားအတွက် ဝေဖန်မှုတစ်စုံတစ်ရာတော့ ပြုလုပ်ချက် လိုအပ်လိမ့်မယ် ထင်တယ် နောက်က အကြောင်းကို ပြန်စဉ်းစားကြည့်တော့ အကြောင်းတွေက နောက်ကျု့လွန်းတယ် နောက်နေတဲ့အကြောင်းတွေကို ပြန်ဆွဲတင်တော့ နောက်ပြန်လှည့်သွားတဲ့ မုဆိုးဟာ သားကောင်တော့ မရနိုင်ဘူး ဒါပေမယ့် ခက်ခက်ခဲခဲ ဖန်တီးပြုလုပ်တော့  ခရိုနီတွေဟာ ခခယယ ရိုသေသွားမယ် အနီရောင်ဖြစ်တဲ့ အိမ် ခြံ မြေ ယာတွေဟာ သဘာဝအတိုင်း စိမ်းလန်းလာပါလိမ့်မယ်။ ဒါကိုပဲ ပုံစံကျအောင် အနေအထားကို ကျားကွက် ရွေ့သလိုရွေ့လိုက် ကင်းရလာရင် လိုက်ချိန်ရွယ်လိုက် ပြီးရင် ချောင်ပိတ်ဖမ်းလိုက် လွယ်ကူတဲ့ ပြကွက်မဟုတ်ပေမယ့် ဒီပွဲမှာ ခက်ခက်ခဲခဲ ဖန်တီးပြုလုပ်ချက်တွေနဲ့ အောင်မြင်သရဖူကို ဆောင်းနိုင်ဖို့ လိုလိမ့်မယ်။ မောင်မင်းစိုး