
ဒီလိုပါပဲ
မရေရာမှုတွေနဲ့ တစ်နှစ်ကုန်ပြီ။
အသက်ကကြီးကြီးလာတော့ သတိကြီးကြီးထားရတယ်
သေမင်းကလည်း ခေါ်ပေါ့။
မပိုင်ရင် ခြင်တောင်မရိုက်တဲ့ကောင်
ဘာတစ်ခုမှလည်း ဟုတ္တိ ပတ္တိ ပိုင်တာမရှိဘူး။
နေ့တွေက နက်နက်လာ
စိတ်တွေက မြစ်ကျိုးအင်းလို လျှံကျလာတဲ့ အမိုက်တွေ။
တစ်နေ့ပြီးသွားဦးမှာပဲ
ဘာမှမထူးတဲ့ ဒီဇာတ်မှာ
ဗီလိန်လည်း မလုပ်ချင်တော့ပါဘူး။
ဒါကြောင့် . . . .
ငါကဗျာ မရေးဖြစ်တော့တာပေါ့။
မောင်မင်းစိုး