Sunday, August 8, 2010

ဟွန်ဆန်ရဲ့ အင်တာဗျူးစကားအချို့



လူငယ်နဲ့ ခေါင်းဆောင်မှု...အဆက်

တဆက်တည်း ကြုံလို့ ဗီယက် နမ်ခေါင်းဆောင်ကြီး ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ စကားတစ်ချို့ကိုလည်း လက်ဆောင်ပေးလိုက်ပါတယ်။

ဟွန်ဆန်ဆိုတာ တော်တော်များများလေး ကြားဖူးကြပါလိမ့်မယ်။ ကမ္ဘောဒီယားဝန်ကြီးချုပ်ပေါ့။ သူ့အကြောင်းလေးကို လည်းအနည်းငယ် ပြောပြလိုပါတယ်။ သူဟာ တိုက်ပွဲပေါင်း ၁ဝ၅ပွဲထိ ဆင်နွဲခဲ့ဖူးသူ။ ဒီလိုတိုက်ပွဲတွေကြားမှာလည်း ဗုံး(၅)ခါလောက် ထိခဲ့ဖူးသူ။ မနာလိုသူများရဲ့ ချောင်းမြောင်းပစ်ခတ်မှုကိုလည်း အကြိမ်ပေါင်းများစွာ ခံခဲ့ရဖူးတယ်။ ဒီလို အန္ဘရာယ်တွေကြုံတွေ့ ခဲ့ရပေမယ့် သူဟာ အသက်မသေဘူး။ သူ့ကိုသူလည်း ယုံကြည်မှုအပြည့်အဝရှိသူဖြစ်တယ်။ ကံတရားကြောင့်ဆိုတာ သူလက်ခံတယ်။ နောက် သူ့ရဲ့အများနဲ့မတူတဲ့ စွမ်းရည်ကြောင့်ဆိုတာလည်း သူကယုံကြည်တယ်။ ဒီလိုနဲ့ သူနဲ့အင်တာဗျူးမှုလေးတစ်ခု လုပ်ခဲ့ တာလေးကို ဖတ်လိုက်ရတယ်။ အဲဒီထဲကနေ ကြိုက်တာလေးအနည်းငယ်လောက် ကောက်နုတ်ပြီး ပြန်ပြောပြချင်ပါတယ်။

သူဟာ အခုလိုအန္တရာယ်ကြားကနေ လွတ်မြောက်ပြီး အသက်မသေတာဟာ၊ ဝန်ကြီးချုပ်သက်တမ်းရှည်တာဟာ ပြည်သူ အတွက်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေလို့ပဲ။ နောက်တစ်ချက်က ပြည်သူတွေက ထောက်ခံလို့ပဲပေါ့။ ကျွန်တော့်အနာဂတ်ဟာ ပြည်သူ တွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ပြည်သူဆိုတာ သူတို့အတွက်အလုပ်လုပ်ပေးနေရင် အမြဲတန်းထောက်ခံလေ့ရှိတယ်ဆိုတာပါပဲ။ ဒါဟာ ဟွန်ဆန်ပြောခဲ့တဲ့ စကားတွေပါ။ သူအဓိကပြောတာကတော့ အများအကျိုးရွက်သည်ပိုးနေတဲ့ လူတွေဟာ အများရဲ့ယုံကြည် မှု၊ လေးစားမှု။ တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုဆိုတာ မုချမလွဲမသွေ ခံရမှာပဲဆိုတာပါပဲ။ ဒီတော့ သူ့ရာဇဝင်ကို ပြန်ကြည့်တော့ လည်း အများအတွက် အကျိုးရှိမယ်၊ ချမ်းသာမယ်ဆိုရင် သူဟာ အသက်ကိုတောင်တန်ဖိုးမထားဘဲ လုပ်ကိုင်ခဲ့တဲ့လူတစ်ယောက် ပေါ့။ သူ့ကို ဒါကြောင့်ကမ္ဘောဒီယားပြည်သူလူထုက လက်ခံတာ၊ ထောက်ခံကြတာဖြစ်ပါတယ်။

သူ့အနေနဲ့ တိုင်းပြည်အတွက် စိုက်ပျိုးရေးကဏ္ဍတွေ တိုးချဲ့ခဲ့တယ်။ ရေကောင်းမွန်စွာရရှိဖို့ အလေးပေးဆောင်ရွက်ခဲ့တယ်။ အခြေခံအဆောက်အဦးတွေကိုလည်း တတ်နိုင်သမျှ ကောင်းမွန်အောင် ဆောက်လုပ်စေခဲ့တယ်။ လျှပ်စစ်မီးတွေ နေရာအနှံ့အပြား ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။ ပညာရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့တယ်။ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို လည်း အလေးထားခဲ့တယ်။ ကုန်ထုတ်မှု၊ ကုန်သွယ်မှု၊ ထွက်ကုန်၊သွင်းကုန်တွေကိုလည်း အချိုးကျကျ ဆောင်ရွက်ခဲ့တယ်။ ကမ္ဘာ လှည့်ခရီးသွားတွေ ဖွံ့ဖြိုးတိုးတက်အောင်လည်း အထူးအလေးထားဆောင်ရွက်ခဲ့တယ်။ ဒီတော့ ဖွံ့ဖြိုးဆဲနိုင်ငံလေးတစ်ခုကို အခြေခံကျ တဲ့ လုပ်ငန်းတွေကို ပြည်သူ့အတွက်အလေးပေးဆောင်ရွက်ခဲ့တော့ သူ့ကိုပြည်သူလူထုကချစ်တယ်။ ယုံကြည်တယ်။ လေးစားတယ်။ တန်ဖိုးထားတယ်။ မြတ်နိုးတယ်။ ဒါဟာ အများကောင်းကျိုးအတွက် လုပ်ဆောင်သူတွေရဲ့ ရရှိလာမယ့်ရလဒ်တွေပဲမဟုတ်လား။ သူဟာ သူ့နိုင်ငံကို ဆင်းရဲတွင်းကနေ ကယ်ထုတ်ချင်တယ်။ ကယ်ထုတ်တယ်။ သူဖွားရာမြေကို သူစွမ်းဆောင်မှုတွေနဲ့ တတ်နိုင်သမျှ ခေါင်းဆောင်ကောင်း ပီသအောင်ကာကွယ်ခဲ့တယ်။ အလေးတမူ ဆောင်ရွက်ခဲ့တယ်။ ဒီတော့ သူ့ကိုတိုင်းပြည်က အလေးထားလာ ကြတာပေါ့။ ဒီနေရာမှာ ဆရာဇော်ဂျီရဲ့ ကဗျာလေးကို အများသိပြီးဖြစ်သော်လည်း ဖော်ပြပေးလိုပါတယ်။

သင်သေသွားသော်
သြော်-လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(အိုဝေမဂ္ဂဇင်း၊ အတွဲ၅၊ အမှတ်၁၊ ဒီဇင်ဘာ၊ ၁၉၃၅)

အားအလွန်ကောင်းတဲ့ ဂန္ထဝင်ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ပြဌာန်းကျမ်းစာအဖြစ်လည်း သတ်မှတ်ပြီး လူတိုင်းကလည်း အလေးထားတဲ့ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကဗျာလေးကို မရသေးရင်ကူးပြီး ကျက်စေချင်ပါတယ်။ အားတိုင်းလိုလို၊ သတိရတိုင်းလိုလို ရွတ်ဆိုဖို့လည်း မေ့မနေပါနဲ့ဦး။