Thursday, February 26, 2009

ဝမ်းမြောက်ဖွယ် စကား ပြောချင်လို့


ရွှေနံ့သာ အမည်နဲ့ စာကြည့်တိုက်တစ်ခု ဖွင့်ထားတယ်။
အခုဆိုရင် တစ်နှစ်သား မပြည့်သေးပေမယ့် စာအုပ် (၃၀၀၀)၀န်းကျင်
အသင်းဝင် (၂၀၀)ကျော် နဲ့ တော်တော်လေး အောင်အောင်မြင်မြင်ဖြစ်နေတယ်။
စာကြည့်တိုက်ကတော့ ဘုန်းတော်ကြီး ကျောင်းဝန်းထဲက သိမ်ထဲမှာပေါ့လေ။
ရွာသူ၊ရွာသား ဆိုတော့လည်း အစွဲလေးတွေ ရှိတယ် မဟုတ်လား။
အဲဒါ ကိုရီးယားမှာ ရှိတဲ့ ရွာသားတစ်ယောက် သူနာမည်ကတော့
ကိုဆန်းထွန်းလို့ခေါ်တယ်။ အဲဒါ သူက အခု စာကြည့်တိုက်ကို သူတစ်ယောက်တည်း
သီးသန့်ဆောက်ဖို့ ပြောနေတယ်။ အားလုံးရဲ့ ကံပေါ့လေ။ သူကတော့ ရွှေနံ့သာ စာကြည့်တိုက်
ကို ရှေ့ကနေ လောကပြတင်း ဆိုတဲ့နာမည် ထည့်ပြီး လောကပြတင်း ရွှေနံ့သာ စာကြည့်တိုက်
ဆိုပြီး ပုံဖော်ချင်နေတယ်။ အားလုံး ၀မ်းသာလိမ့်မယ်ထင်တယ်။

ခေတ်ပေါ်အာရုံခံစားမှုသက်သက်


ပန်းတွေအကောင်ပေါက်လာတော့

နေဟာ ဝေဒနာကို လက်ထိုးပြီးအန်တယ်

နံနက်။

မိန်းမဟာ အရိပ်မရတဲ့ သစ်ပင်လိုပဲ

စိတ်ရှုပ်စရာတွေပဲ လှည်းကျင်နေရတယ်

သစ်ရွက်ဆိုတာ

ဘီးဖြီးတော့ကျွတ်တဲ့ ငါ့ခေါင်းက ဆံပင်လား။

လက်ဖက်ရည်ဆိုင်ဆိုတာ

လက်ဖက်ရည်မသောက်ဘဲ ထိုင်မှတန်တယ်

စီးကရက်တစ်လိပ်ဟာ

သူခိုးကို လင်လုပ်ပေါင်းတဲ့မိန်းမရဲ့

မှားယွင်းမှု မီးခိုးပဲ။

မိုးကဖျောက်ဆိပ်

နေက မပွင့်တပွင့်

ကြက်ဥတွေကို အကုန်ထည့်မထားနဲ့ဗျ

လဲရင် အကုန်ကွဲကုန်မှာပေါ့

ခွဲထားတာ အကောင်းဆုံးပဲ။

စံပါယ်ဟာ စန္ဒရားသံကို နားထောင်ပြီးပွင့်တယ်

ရနံ့ဟာ တယောသံပေါ်ဆွတ်ပြီး စီးမျောတယ်

သွားတိုက်ဆေးကို မညှစ်ဘဲထွက်လာတာ ထိုင်စောင့်ရင်းနဲ့

သွားမတိုက်ခင် တွေးမိတဲ့အတွေးများ

တစ်ညလုံး တစ်ကွက်မှ ဖလင်ပေါ်မရောက်ဘူး။

တိုးနှောင်မိုး

ကြည်နူးဖွယ် ပုံရိပ်များ






ဒီလိုပါပဲ ကိုယ်တိုင်မကနေရပေမယ့်
ကိုယ်တည်ဆောက်ထားတဲ့ ပန်းခင်းလေးကတော့
အောင်မြင်စွာနဲ့ ဖူးဖူးပွင့်ပွင့် ဝေဆာနေခဲ့တယ်။

မကွေး


မဖျားနာပေမယ့်

အပူရှိန်ကများတယ်

ထနောင်းဆူး သွေးတိုက်ပြီး

ရှားမီးအပေးခံရမယ့် ကိစ္စ

ဆေးမြီးတိုတွေနဲ့လည်း အကုသ မခံချင်……

အမြင်နဲ့

သံယောဇဉ် ယက်ကန်းရက်

ခရီးဆက်ဆဲ ဧရာဝတီကိုငေးလို့

မြသလွန် ဘုရားကို ဖူးပါရစေ

မရွှေဖဲကို တွေ့ပါရစေ

မြင်းခွါသံကို ကြားပါရစေ………

ဒီမှာ

ရင်ထဲ တည့်တည့်ပြေးဝင်လာတဲ့ “မြစ်“က

ရင်းချင်းအပ်မိမှ ဘာကြောင့် “ကွေ့“သွားရတာလဲ။ ။

ရိုးသက်

Monday, February 23, 2009

စာကြည့်တိုက် ဖန်ဆင်းသူ

ပိုးစုန်းကြူးလေး
ကိုယ့်အလင်းက ကိုယ်လျှောက်ရုံသာ လုံလောက်တယ်။
သာတောင် မနေတတ်လွန်းလို့
ကိုယ့်အလင်းကိုယ်ဖဲ့ပြီး ရွာသားများ လင်းစေခဲ့ဖူးရဲ့
၂၀၀၅၊ ဧပရယ် ၃၀။ တိတ်တိတ်လေးပါပဲ။

နေတွေ၊ လတွေ အလင်းပေးပုံနဲ့များ ကွာပ
သစ်ပင်တွေတောင် ယမ်းလို့
ကြယ်တွေကလည်း ငမ်းလို့
ခြင်္သေ့တွေလည်း လန်းလို့
သူတို့ အလင်းပေးကြတယ်။

ကျွန်တော်ကတော့ ပိုးစုန်းကြူးလေး
တိတ်တိတ်လေးပါပဲ။

သာရလင်း ။

နေထိုင်ကမ္ဘာနှင့်ကခုန်ခြင်း

ဒ်ီမှာ…..
နေ့လွဲညစာနဲ့ဝေးခဲ့ရတဲ့နေ့တွေ
တစ်ကိုယ်စာ အခန်းကျဉ်းထဲက အော်ဟစ်ပေါက်ကွဲခဲ့တဲ့ အသံတွေ
ဆာလောင်တိုင်း လက်ထိုးပြီး အန်ခဲ့ရတဲ့ ညတွေ
အလိုမကျတိုင်း ကျကျနေတတ်တဲ့စိတ်တွေ
လမ်းလျောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ လူသားတစ်ယောက်ဟာ
ကာမရနံစူးစူး၊ အပျော်တွေနဲ့ ကင်းခဲ့ရတယ်။
စီးပွားပျက်ကပ်ကြီးထဲ နျူကလီးယား မပြန့်ပွားရေးတွေ
ဂါဇာကမ်းမြောင်ဒေသက စူးရှရှအော်သံတွေ
အိုဘားမားရဲ့ ချိန်း ဆိုတဲ့အသံနဲ့ ကျမ်းသစ္စာကျိန်ဆိုမှုတွေ
မွန်ဘိုင်းတိုက်ခိုက်မှုအတွက် သံသယမျက်လုံးတွေ
အိုဇုန်းလွှာပါးခြင်းရဲ့ သက်ရောက်မှုဆိုးကျိုးတွေ
အန္တာတိကတိုက်မှာ တစိမ့်စိမ့်ပျော်ကျနေတဲ့ ရေခဲတွေ
အီရန်နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုရဲ့ နောက်ဆက်တွဲ အငြင်းပွားဖွယ်တွေ
သြစတေးလျမှာ စံချိန်သစ်အပူဒဏ်ကြောင့် တောမီးလောင်မှုတွေ
ပါကစ္စတန်မှာ မကြာခင်ကနေအိမ်အကျယ်ချုပ်ဘ၀ကနေ
လွတ်မြောက်လာတဲ့ နျူးကလီးယားပညာရှင်ရဲ့ နောက်ဆက်တွဲ ဝေဖန်မှုတွေ
ဆင်ဆာမဲ့ ညစ်ညမ်းသံစဉ်တွေ လွင့်ဝဲလာတဲ့ ရန်ကုန်မြို့တော်ရဲ့ လှုပ်လှုပ်ရှားရှားအသံတွေ
ခရီးဆက်ဆဲ ကမ္ဘာကြီးဟာ ရင်ခေါင်းတစ်ခုလုံး ပေါက်ပြဲနေခဲ့တယ်။
စံနှုံးမြင့်အပျော်တွေနဲ့ သီရိဂေဟာစနစ်တွေ
ပြဌာန်းချက်အသေတွေနဲ့ နေ့မြင်ညပျောက်တွေ
တရစ်ရစ်ထိုးကျနေတဲ့ ရေနံဈေးတွေလို
စိတ်တွေတစ်ထစ်ထစ် ထိုးကျနေခဲ့ရင်း
နေကြတ်ခဲ့သလို လူတွေကြတ်နေခဲ့တယ်။
အင်တာနက်ကနေ လျှံကျလာတဲ့ သတင်းအစအနတွေ
ပေါ့ပ်စာမျက်နှာပေါ်ကနေ ယိုစီးလာခဲ့တဲ့ မနာလိုဝန်သိုမှုတွေ
ဒစ်ဂျစ်တယ်ခေတ်မှာ လမ်းလျောက်ရင်း နောက်ကြောမလုံတော့တာတွေ
ခိုးကူးခွေတွေ တွင်ကျယ်နေတဲ့ခေတ်မှာ အနုပညာဟာ မစစ်တော့ဘူး
ကွန်ပျူတာတွေ ဗိုင်းရပ်ကိုက်သလို
ကိုယ့်ကျင့်တရားတွေ ဗိုင်းရပ်ကိုက်နေခဲ့တယ်။
ဒီလိုနဲ့
စစ်မီးလျံတွေကြားက ထိုးထွက်လာတဲ့ ငြိမ်းချမ်းရေး ငှက်တစ်ကောင်ဟာ
ကမ္ဘာမြေပေါ်မှာ စီးချက်မညီဘဲ ကခုန်လို့
နေပျော်ပျော်နေနေခဲ့ပါတယ်။
မောင်မင်းစိုး

Sunday, February 22, 2009

ကဗျာကြိုက်သူများသို့

ကဗျာကြိုက်သူများအတွက် ကဗျာကောင်းတွေ တင်လိုက်တယ်။
အောက်ကကဗျာတွေဟာ စံအဖြစ်ထားဖို့ လိုအပ်မယ်ထင်တယ်။
ကျွန်တော်တို့အဖွဲ့ကလည်း ဒါကို ဆုအဖြစ်ရွေးခြယ်ခဲ့သလို၊ထိုက်
သင့်တဲ့ ငွေကြေးလည်း ပေးခဲ့ပါတယ်။ ခင်ဗျားတို့ ခံစားဖို့
တင်ပေးလိုက်ပါတယ်။

ငါ့နာမည် ဂုဏ်သရေရှိ

ဒီအချိန်ကစ
ဒီနေရာကစ
အခုကစပြီးသကာလ
ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ်
ငါ့နာမည်“ဂုဏ်သရေရှိ”
ဘ၀အဆက်ဆက်က ငါ့နာမည်တွေ
လက်ထိုးအန်ပစ်ရမယ်
ငါ့နာမည်”ဂုဏ်သရေရှိ”
အခုလို
ငါ့နာမည်ကို
”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း
ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့
ဒင်းတို့က သဘောမတူကြသလို
ငါက ချစ်သလောက်
ငါ့ကို ပြန်မချစ်နိုင်တဲ့
ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး
ထား
ခုကြည့်
ငါ့အမေကလည်း တငိုငိုတယိုယို။
နာမည်ဆိုတာ တည်ဆောင်ယူရတယ်
နာမည်မရှိရင် ဘာမှမရှိ
နာမည်ရှိမှ
လူတစ်လုံးသူတစ်လုံးဖြစ်သော
လူတစ်လုံးသူတစ်လုံးများကြား
နာမည်မရှိရင် သေနိုင်တယ်။
ဘယ်လိုလုပ်မလဲ
လွယ်ပါတယ်
နာမည်ဆိုတာ
မြို့တွေထဲမှာရှာကြည့်
“မက်ဒရစ်”တဲ့
နာမည်ဆိုတာ
မြစ်တွေထဲမှာရှာကြည့်
”ဗော်လဂါ”တဲ့။
နာမည်ဆိုတာ
တောင်တန်းတွေထဲမှာရှာကြည့်
“ကီလီမန်ဂျာရိုး”တဲ့။
နာမည်ဆိုတာ
လမ်းတွေထဲမှာရှာကြည့်
”ရှောင်ဆေလီဆေး”တဲ့။
နာမည်ဆိုတာ
“ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့
ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။
အားလုံး
နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့
နာမည်ဆိုတာ
လှဖို့လည်းလိုအပ်တယ်
ငါ့နာမည်”ဂုဏ်သရေရှိ”လို
လှဖို့လည်းအပ်တယ်။
ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍
လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။
ဖော်ဝေး
မြေချစ်သူ
မောင်ချောနွယ်
အလန်ဂျင်းစဘတ်
ဆီလ်ဗီရာပလပ်သ်
ရာရောဆလတ်ဆိုက်ဖပ်
မီရောဆလတ်ဟိုးလုပ်
ဝေါလေ့စတီဗင်
ဗာစကိုပိုပါ
အက်ဇင်ဘာဂျာ
စသဖြင့်
နာမည်တွေ…
လှတယ်။
နာမည်ဆိုတာ
လှဖို့လည်းလိုအပ်တယ်
ငါ့နာမည်”ဂုဏ်သရေရှိ”လို
လှဖို့လည်းလိုအပ်တယ်။
ရောမဆိုထင်ရဲ့
အဲဒီအရပ်သားတွေကတောင်
ငါ့နာမည်”ဂုဏ်သရေရှိ”အမည်နဲ့
အယ်ပါယာအသစ်ထူထောင်ချင်ကြောင်း
ငါ့ထံမှာ ခွင့်ပန်ဖူးတယ်
ယုံပါလေ။
အခု
ဒီကမ္ဘာကြီးမှာ
နာမည်တွေကို မြို့တည်ကြတယ်
နာမည်တွေကို စီးကရက်လုပ်ကြတယ်
နာမည်တွေကို အရက်လုပ်ကြတယ်
နာမည်တွေကို အမြည်းလုပ်ကြတယ်
နာမည်တွေကို အလေးပြုကြတယ်
နာမည်တွေကို လက်ဆွဲနှုတ်ဆက်ကြတယ်
ပြီး၊ နာမည်တွေနဲ့ စစ်ဖြစ်ကြတယ်
နာမည်ဆိုတာ
နာမည်တစ်လုံးပါပဲ
နာမည်ဆိုတာ
ငါ့နာမည်”ဂုဏ်သရေရှိ”လို
နာမည်တစ်လုံးပါပဲ။
ငါ့နာမည်”ဂုဏ်သရေရှိ”ဆိုတာ
ဘယ်တော့မှ ကောင်းကင်ကို မော်မကြည့်
ကမ္ဘာမြေကိုလည်း ငုံ့မကြည့်
အရှိကိုအရှိအတိုင်း
အရှိတရားကိုပဲ အသိမှတ်ပြုတယ်
အမှန်တရားကိုပဲ ဦးညွတ်တယ်
အထက်ပါ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ
လူအဖြစ်ကို ရရှိခြင်း
လူအဖြစ်ကို မရရှိခြင်းကြားမှာ
မျှတစွာ ကျင့်ကြံနေထိုင်တတ်သူလည်းဖြစ်တယ်။
စစ်ပွဲများ
တရားဒေသနာများ
အလိုဆန္ဒများ
ခြင်များ
ကြွက်များ
တစ်ယောက်ကိုတစ်ယောက်
အလိုမရှိဘဲ ဖယ်လှဲတကင်းဖြစ်ရခြင်းများ
နာမည်ဆိုတာ
နို့ဆာလို့ အော်ငိုလိုက်သလို
ဒီအသက်ဒီအရွယ်ကျမှ
ကလေးဆန်လို့လည်း မရတော့။
မြို့မငြိမ်းဟာ
မြို့မငြိမ်းပဲ
ကတ်ကိုဘိန်းဟာ
ကတ်ကိုဘိန်းပဲ
မာယာကော့(ဖ)စကီးဟာ
မာယာကော့(ဖ)စကီးပဲ
ငါ့နာမည်”ဂုဏ်သရေရှိ”ဟာ
ငါ့နာမည်”ဂုဏ်သရေရှိ”ပဲ။
ဒီလို စိတ်ကြီးဝင်
အခုလို ကြီးကျယ်မြင့်မြတ်ပြီး၊
ရင်းရင်းနှီးနှီး
ငယ်ပေါင်းကြီးဖော်တွေလို
ဘုရားသခင်ကို
လက်ဆွဲနှုတ်ဆက်ဖူးသလား။
ငါ့နာမည်”ဂုဏ်သရေရှိ”ပါ။
သွေးနဲ့
သားနဲ့
အသက်နဲ့
အရွယ်နဲ့
အကျိုးနဲ့
အကြောင်းနဲ့
အမှန်နဲ့
အမှားနဲ့
ဒါပေမယ့်
ခုလို
တညည်းညည်းတညူညူဖြစ်လို့
ဒါပေမယ့်
အခုလို
ငါ့နာမည်”ဂုဏ်သရေရှိ” ဖြစ်ကြောင်း ဖွင့်ဆိုလို့
အဲဒီလို
အထက်ပါ ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ
လက်မ ထိပ်အပ်စိုက်၍
မိုက်မိုက်မဲမဲ သူရဲကောင်းမျိုးဖြစ်ခဲ့ဖူးပါပြီ
ထို့နောက်
မထင်မရှား
ပြက်ရယ်ပြုခံခဲ့ဖူးပါပြီ
ထို့နောက်
ငါ့နာမည်ဟာ ဂုဏ်သရေရှိခဲ့ဖူးပါပြီ။
သူငယ်ချင်းတို့။
ကြည်ဇော်အေး
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄)


ဒီကဗျာဟာ ကျွန်တော်တို့ ရန်ကုန် လူငယ်ကဗျာဆရာတွေအနေနဲ့
၂၀၀၅ - ၃ - ၂၁ -မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့မှာ ခေတ်ပြိုင်မြန်မာ(၂၀၀၄) ခေတ်ပေါ်ကဗျာဆု(ဒုတိယ)ဆုအဖြစ် ထုတ်ပြန်ခဲ့တဲ့ကဗျာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ပေးခဲ့တဲ့ ကဗျာဟာ ဒုတိယ ဆုရကဗျာနဲ့ ထိုက်တန်မှု ရှိ၊ မရှိဆိုတာ ခင်ဗျားကိုယ်တိုင် ဖတ်ကြည့်စေချင်လို့ ဒီကဗျာကို စာအုပ်ပုံထဲကနေ ခက်ခက်ခဲခဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။

ဆန်ဖရန် အဆန်

ဂိုးဒင်းဂိတ်တံတားကြီးပေါ်မှာ
ကျနော်ကလည်း
ဖြတ်သွားဖြတ်လာ။
ရေပြာပြာ … ကျွန်းထီးထီး …
အမြီးဖွက်ထားတဲ့ သတ္တ၀ါများ။
အဲဒီ လင်းယုန်တောင်ပံ
အထက်စီးက
ငုံကြည့်လိုက်စမ်းပါ မေမေရယ်။
အမေ့ရင်ခွင်က
ဘယ်လောက် အပြောကျယ်သတဲ့ သလဲ
အဲဒီ သမုဒ္ဒရာကြီးဟာ ပစိဖိတ်တဲ့
ကျနော်တော့ ရယ်ချင်တယ် … ။ ။

သစ်ကောင်းအိမ်
၉ ဖေဖော်ဝါရီ၊ ၂၀၀၉
(မိုးမခက ကဗျာလေးတစ်ပုဒ်ပါ ကောင်းတာနဲ့တင်လိုက်တယ်။)

ဗီရာ(VERA)

ဒီကဗျာဟာလည်း ကျွန်တော်တို့ ရန်ကုန် လူငယ်ကဗျာဆရာတွေ အနေနဲ့၂၀၀၅ - ၃ - ၂၁ -မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့မှာ ခေတ်ပြိုင်မြန်မာ(၂၀၀၄) ခေတ်ပေါ်ကဗျာဆု(ဒုတိယ)ဆုအဖြစ် ထုတ်ပြန်ခဲ့တဲ့ကဗျာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ပေးခဲ့တဲ့ ကဗျာဟာ ဒုတိယဆုရကဗျာနဲ့ ထိုက်တန်မှု ရှိ၊ မရှိဆိုတာ ခင်ဗျားကိုယ်တိုင် ဖတ်ကြည့်စေချင်လို့ ဒီကဗျာကို စာအုပ်ပုံထဲကနေ ခက်ခက်ခဲခဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်





“ မင်းနာမည် ဘယ်သူလဲ”

“ ဗီရာ”

“ မင်းအမေက…”

“ အကာလညရဲ့ ဒုတိယမာတိကာ”

“ မင်းရဲ့အဖေ…”

“ ရန်သူ”

“ ကိုယ်တွင်ထင်ရှားသည့် အမှတ်သား”

“ ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာ”

“ မင်းရဲ့ဇာတိ”

“ စစ်ပြေးလမ်း”

နျူကလီးယား ပန်းခင်းထဲမှာ

ငြိမ်းချမ်းပါစေ

အာမင်။

မိုဃ်းဇော်
(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊၂၀၀၄-စက်တင်ဘာ)

ပိုလျှံနေသော ၀ါကျများ

ဒီကဗျာဟာ ကျွန်တော်တို့ ရန်ကုန် လူငယ်ကဗျာဆရာတွေအနေနဲ့ (၂၀၀၅-၃-၂၁)
မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့မှာ ခေတ်ပြိုင်မြန်မာ(၂၀၀၄) ခေတ်ပေါ်ကဗျာဆု
အဖြစ် ထိုက်တန်သော ငွေကြေးနှင့်၊ လက်မှတ်များဖြင့် ချီးမြှင့်ပေးအပ်ခဲ့တဲ့ကဗျာ
ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ပေးခဲ့တဲ့ ကဗျာဟာ ဆုရကဗျာနဲ့
ထိုက်တန်မှု ရှိ၊မရှိဆိုတာ ခင်ဗျားကိုယ်တိုင် ဖတ်ကြည့်စေချင်လို့ ဒီကဗျာကို စာအုပ်ပုံ
ထဲကနေ နှစ်ရက်လောက် ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။

(၁)

ငါးဟာ….

ရေကိုမသိသလို

လူတွေဟာ….

မသိတာကလွဲလို့

အားလုံးသိခဲ့ကြတယ်။

(၂)

ကြည့်ပါ

တခမ်းတနား နေထိုင်ဖို့

ဘုရားသခင်ကအစ

တစ်ခါသုံးဘောပင်အထိ

ကျွန်တော်တို့….

ဖန်းဆင်းခဲ့ကြ။

ဘာသာစကားကနေ

ဆင်ဖိုနီဓာတ်ပြားအထိ

အင်တာနက်ကနေ

ထရိုဂျင်းနစ် မြင်းရုပ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူးကနေ

ဆိုကရေတီး အဆိပ်ခွက်အထိ

အိတ်ခ်ျအိုင်ဗွီပိုးကနေ

အင်္ဂါဂြိုဟ်သွားယာဉ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

ပိရမစ်ကနေ

စက္ကူနဲ့လုပ်တဲ့ပန်းအထိ

ဆံပင်ဆိုးဆေးကနေ

အာဏာရှင်စနစ်အထိ

လူကနေ…

လူပုံတူမျိုးပွားအထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။


(၃)

ကျွန်တော်တို့ဟာ

သစ်ပင်ပေါ်ကဆင်းပြီး

အချင်းချင်းလက်ဆွဲနှုတ်ဆက်

ဟဲလို၊ဟိုင်း၊ဟေး

ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြားကိုတင်တတ်အောင်

ကောက်တဲ့အခွန်ဆောင်တတ်အောင်

ထီးဖြူမိုးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့

နေ၀င်ရင် မီးဖွင့်တတ်အောင်

တိုက်ပုံအကျီ င်္ ၀တ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်

ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်

ကဗျာရေးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်

ဥပဒေပြုတတ်အောင်

ကွန်ဒုံးသုံးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်

ဘုရားဖူးသွားတတ်အောင်

နျူကလီယား ဗုံးလုပ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ်လမ်းလျှောက်တတ်အောင်

ကာကွယ်ဆေား ထိုးတတ်အောင်

ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

(၄)

ဒီလိုနဲ့…

ကျွန်တော်တို့

စားဖို့အတွက်

ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့

သူများအသက်နဲ့။

သောက်ဖို့အတွက်

အိုအေစစ်နဲ့ မိုးခါးရေနဲ့

ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်

လေအေးပေးစက်နဲ့

ပြက္ခဒိန်နဲ့

ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်

ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့

တတ်ယောင်ကား မျက်စိနဲ့။

နားထောင်ဖို့အတွက်

ရေဒီယိုနဲ့ဓာတ်ပြားနဲ့

နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။

ရှူရှိုက်ဖို့အတွက်

ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့

မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်

မတော်လောဘနဲ့ ချိန်ခွင်နဲ့

မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်

လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့

နိုင်လိုမင်းထက်ဝါဒနဲ့။

အပျင်ဖြေဖို့အတွက်

စီးကရက်နဲ့အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း

ပြောဖို့အတွက်

ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့

မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။

ဖျားနာဖို့အတွက်

အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့

ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်

သံသရာနဲ့သချို င်္င်းနဲ့

(သေပြီးမှ)….

သတိရကြမယ့် လူတွေနဲ့။

(၅)

ကျွန်တော်တို့မှာ

ဂေါတမဗုဒ္ဓရှိတယ်

နစ်ရှေးရှိတယ်။

မဟတ္ထမဂန္ဒီရှိတယ်

စတာလင်ရှိတယ်။

မိုးဇက်ရှိတယ်

ဗာဂျီးနီးယားဝုဖ်ရှိတယ်။

သောမတ်အယ်ဒီဆင်ရှိတယ်

ဂျက်ဆင်ပိုးလော့ရှိတယ်။

အက်တလတ်ရှိတယ်

ပီတာဝိုင်ယာရှိတယ်။

ဆစ်မဂန်ဖရွိုက်ရှိတယ်

ကိတ်ဝင်းဆလက်ရှိတယ်။

ဖူကူမားယားရှိတယ်

ယူတူးက ဘိုနိုရှိတယ်။

စတီဖင်ဟော့ကင်း ရှိတယ်

အိုစမာဘင်လာဒင်ရှိတယ်။

ကျွန်တော်တို့မှာ

တိရိစ္ဆာန်ရုံရှိတယ်

ဘေးမဲ့တောရှိတယ်။

ဂေါက်ကွင်းရှိတယ်

အကျဉ်းထောင်ရှိတယ်။

စိပ်ပုတီးရှိတယ်

ဆန့်ကျင်ဘက်လိင်ရှိတယ်။

စီးနေတဲ့မြစ်တွေရှိတယ်

ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။

ဝိုင်အိုလက်ပေါင်ဒါရှိတယ်

အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။

သစ်ခွပန်းရောင်စုံရှိတယ်

အသားကြိတ်တဲ့စက်ရှိတယ်။

စားမရတဲ့ သစ်သီးတွေရှိတယ်

လကွယ်ညရှိတယ်။

ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်

ချွေးနံ့ပျောက်ဆေးရှိတယ်။

(၆)

ဒီလိုနဲ့

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ဘယ်တော့မိုးရွာမယ်ဆိုတာ

ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို

ဓားနဲ့လှီးကာ

အရသာခံဝါးလို့။

အလင်းနှစ်တစ်သန်းက ကြယ်ကို

နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။

အပါယ်လေးဘုံကို

ဓာတ်လှေကား အလုအယက်ဆင်းလို့။

ပိုတမ်ကင်သဘောင်္က အမြောက်သံကို

စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။

ဧဒင်ဥယျာဉ်ကို

မပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။

ထိုဝါဒ၊ဟိုဝါဒတွေကို

ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

စစ်ကြေညာလို့

စစ်ပြေငြိမ်းလို့

သစ်ပင်တွေကိုခုတ်လို့

သစ်ပင်တွေကိုစိုက်လို့

လက်ထပ်ကြလို့

ကွာရှင်းကြလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

သရုပ်ဆောင်လို့

သရုပ်မဆောင်လို့

ရေကိုစုန်လို့

ရေကိုဆန်လို့

တစ်ဝက်ကိုစားလို့

တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ငါးတွေမျှားလို့

ငါးတွေလွှတ်လို့၊

မှားတာတွေမှန်လို့

မှန်တာတွေမှားလို့

သေရမှာကြောက်လို့

သေရမှာမကြောက်လို့။

(၇)

သမိုင်းနိဂုံးချုပ်ခဲ့ပြီ

ဂုဏ်ဆိုတာငွေကိုခေါ်တယ်

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့

မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်

စိတ်မလုံရင် တိတ္ထုံကိုကြည့်

အိုဇုန်းလွှာကို ကယ်တင်ကြပါ

အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်

ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်

စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့

ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၈)

သင်..

နေထိုင်ဖို့ရာ

ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ

ဒါမှမဟုတ်

မပျော်မရွှင် နေထိုင်ဖို့ရာ

ဘာမှ

မလိုပါ။

ဥပမာ

ဒီဝါကျတွေက အစ မလိုသလိုပေါ့။

သစ္စာနီ
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄၊ နိုဝင်ဘာ)