Thursday, February 26, 2009

ဝမ်းမြောက်ဖွယ် စကား ပြောချင်လို့


ရွှေနံ့သာ အမည်နဲ့ စာကြည့်တိုက်တစ်ခု ဖွင့်ထားတယ်။
အခုဆိုရင် တစ်နှစ်သား မပြည့်သေးပေမယ့် စာအုပ် (၃၀၀၀)၀န်းကျင်
အသင်းဝင် (၂၀၀)ကျော် နဲ့ တော်တော်လေး အောင်အောင်မြင်မြင်ဖြစ်နေတယ်။
စာကြည့်တိုက်ကတော့ ဘုန်းတော်ကြီး ကျောင်းဝန်းထဲက သိမ်ထဲမှာပေါ့လေ။
ရွာသူ၊ရွာသား ဆိုတော့လည်း အစွဲလေးတွေ ရှိတယ် မဟုတ်လား။
အဲဒါ ကိုရီးယားမှာ ရှိတဲ့ ရွာသားတစ်ယောက် သူနာမည်ကတော့
ကိုဆန်းထွန်းလို့ခေါ်တယ်။ အဲဒါ သူက အခု စာကြည့်တိုက်ကို သူတစ်ယောက်တည်း
သီးသန့်ဆောက်ဖို့ ပြောနေတယ်။ အားလုံးရဲ့ ကံပေါ့လေ။ သူကတော့ ရွှေနံ့သာ စာကြည့်တိုက်
ကို ရှေ့ကနေ လောကပြတင်း ဆိုတဲ့နာမည် ထည့်ပြီး လောကပြတင်း ရွှေနံ့သာ စာကြည့်တိုက်
ဆိုပြီး ပုံဖော်ချင်နေတယ်။ အားလုံး ၀မ်းသာလိမ့်မယ်ထင်တယ်။

No comments: