Thursday, January 12, 2012

ရယ်စရာ ရသစုံဟာသမဂ္ဂဇင်းပြန်ထွက်တော့မယ်

ဟာသမဂ္ဂဇင်းလိုင်းထဲတွင် အောင်မြင်ကျော်ကြားထင်ရှားခဲ့သော ရယ်စရာရသစုံမဂ္ဂဇင်းအား စတင်တည်ထောင်ဖန်တီးခဲ့ကြသူများဖြစ်သည့်
ဆရာမာလတ်နှင့် ကဗျာဆရာကောက်နွယ်ကနောင်တို့က အသစ်တစ်ဖန်ပြန်လည်မွမ်းမံစီစဉ်ပြီးလစဉ်ထုတ်ဝေသွားမည်ဖြစ်သည်။
ရယ်စရာစာဖတ်ပရိသတ်များ နှစ်ခြိုက်စွဲလမ်းခဲ့သော ရယ်စရာကဏ္ဍများနှင့်အတူ တစ်နေ့တစ်ခါရယ်ကြပါမူ ရောဂါကင်းပချမ်းသာရလိမ့် ဟူသော
ကြွေးကြော်သံအတိုင်း နာမည်ကျော်ဟာသစာရေးဆရာများ၊ လက်ရာမြောက်သော ထိပ်တန်းကာတွန်းဆရာများနှင့် စာဖတ်ပရိသတ်များအတွက်
ဘ၀အမောများပြေပျောက်စေရန် စွမ်းဆောင်သွားကြမည်ဖြစ်သည်။
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အတူ ဆန်းသစ်သော စိတ်ကူး၊ လှပသော အပြင်အဆင်၊ တစ်သက်တာမှတ်စရာ ဖတ်စရာ အနုပညာရသများစွာဖြင့်
ရယ်စရာမူအတိုင်း လူငယ်ကဗျာဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ အနုပညာရှင်အသစ်အသစ်များကို စင်တင်မွေးဖွားသွားမည်ဖြစ်သည်။
ယခုအသစ်ပြန်လည်ထုတ်ဝေမည့် ရယ်စရာရသစုံမဂ္ဂဇင်းအား အရည်အသွေးမြင့်ကွာလတီမဂ္ဂဇင်းအဖြစ် ထုတ်ဝေသွားမည်ဖြစ်ပြီး
အနယ်နယ်အရပ်ရပ်မှ စာပေ၀ါသနာရှင်များ၊ ဟာသစာပေမြတ်နိုးသူများ ဆက်သွယ်နိုင်ကြပါပြီ။
မကြာခင်မှာ ဆက်သွယ်ရမည့် အီးမေးလ်လိပ်စာကိုလည်း ထပ်မံကြေငြာသွားပါမည်။ လောလောဆယ် ပေးပို့ ဆက်သွယ်လိုသူများအနေဖြင့်တော့

ဆက်သွယ်ရန် လိပ်စာမှာ
ရယ်စရာရသစုံမဂ္ဂဇင်း
ပန်းရွက်ဝေစာပေ
အမှတ် ၁၉၇၊ ၃၂ လမ်းအထက်၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉၇၃၀၇၃၅၄၆။

မောင်မင်းစိုး
mgminsoe777@gmail.com
ph,0973023366