Tuesday, January 22, 2013

စာမျက်နှာတွေကိုကျော်ဖတ်လိုက်တဲ့အခါ ..



အခန်း(၁)
ပြကွက်တွေက နည်းနည်းမှိန်တယ် .. အလင်းအားမကောင်းဘူး .. မကြာခင် မိုးလင်းမယ်အထင်နဲ့
အရုဏ်ဦးပါတဲ့ ပန်းချီကားတစ်ချပ်ကို ဈေးကောင်းပေးမဝယ်ခဲ့မိသူလို .. နောင်တတွေ အားကောင်း ချိုလွင်နေခဲ့
ဘာ ဘာသာစကားနဲ့ ရေးထားမှန်းတောင် မသိမှတော့ စာကြွင်းစာကျမသိနိုင်သလို ဘာသာပြန်လည်း မှားနေလိမ့်မယ်
အဲဒီမှာ သတ္တိရှိရှိ ခဏ ရပ်ထားလိုက် တချို့ ခြေလှမ်းတွေမှာက နောက်ဆုတ်ရဲတဲ့ သတ္တိလိုတယ် ..


အခန်း(၄)
မပြောဖြစ်ပဲ မျိုသိပ်ထားတဲ့ စကားလုံးတွေက ဘဝမှာ ပိုပြီး ဆူညံ ပွက်လောရိုက်နေတတ်သတဲ့လား  ..
သိမ်းထားလိုက်တဲ့ အရောင်တွေကို အဖော်ပြုပြီး ဒိုင်ယာရီ တစ်ကြောင်းလောက်ရေး ကာလာတွေ အပျင်းပြေစပ် ..
ပြန်မတ်တပ်ရပ်လိုက်တဲ့အခါ  .. ထိုင်နေအကောင်းသားလို့ တွေးမိစေမယ့် ထီလက်မှတ်တွေ …ပြုတ်ကျလာမယ်
ခပ်ဟဟ ရယ်သံတချို့ကိုတော့ နည်းနည်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် …

အခန်း(၆)
ကိုယ်သင်ပေးတဲ့ အကွက်နဲ့ ကိုယ့်ကို အရူးကွက်လာနင်းနေတာမျိုးလောက်ကို ခံရခက်မနေနဲ့ ရယ်ပစ်လိုက် …
စိတ်ရောဂါအထူးကု ဆေးရုံက လူနာစစ်မှန်ကြောင်းလက်မှတ်ကျ ခင်ဗျားလည်း လိုချင်တိုင်း ရနိုင်မှာမှ မဟုတ်ပဲ
တချို့ အလဲအထပ်တွေက အမြတ်မရှိပေမယ့် တချို့ကတော့ အရှုံးချည်း သက်သက်  …


အခန်း(၁၁)
နေကြာပွင့်တွေရဲ့ သန်းခေါင်ယံ မျှော်ငေးမှုဟာ သစ္စာတရားလား .. သံသရာလည်နေတဲ့ ဝဋ်ကြွေးလား ..
ဗန်ဂိုးရဲ့  အဝါတွေချယ်ထားတဲ့ ပန်းချီကားကိုတော့ သစ္စာတရားလို့ နာမည်တပ်ကြည့်လိုက်တယ် ..
ပြက္ခဒိန်တွေ လွင့်ကြွေရင့်ရော်သွားတဲ့ ကာလဟာ ဇာတ်ဝင်ခန်းတစ်ခန်းစာ ရှိခဲ့သလား ..(သံသယ)
စိတ်အာရုံတွေလွင့်တိုင်း စာမျက်နှာတွေကို ခပ်မြန်မြန် လှန်ဖတ်နေတတ်တာ စိတ္တဇတစ်ခုလို …

ဇာတ်သိမ်း
အလင်းပွင့်တွေ ငြိမ်သက်သွားတဲ့အခါကျတော့မှ အမှောင်နဲ့ စကားစမြည်ပြောခွင့်ရတော့တဲ့ သူတစ်ယောက်လို
အထိတ်တလန့် ပြိုကျလာတဲ့ ကျီးကန်းတွေကိုပဲ သိမှတ်မဲ့စိတ်နဲ့ အဝါရောင်တွေ လှမ်းခြယ်ပေးနေမိ  .. …
မျက်တောင်မခတ်တမ်း သတိလက်လွတ် ကြည့်လာခဲ့လျက်က ဘာတွေမှန်း မသိလိုက်တော့  … ..

မနော်ဟရီ
နိုဝင်ဘာ ၂၀၁၂ … ၂.၁.၂၀၁၃

စုံကန်းနေတဲ့ ကမ္ဘာ

လောက်လမ်းသဖွယ် ၀ိညာဏ်တွယ်နေတဲ့ သံသရာ
စုံကန်းနေတဲ့ ကမ္ဘာ
ဆွဲကိုင်ထားတဲ့ လက်ဆွဲအိတ်ကို ပစ်ချလိုက်
စီးလာတဲ့ စက်ဘီးကို တွန်းလှဲလိုက်
လျှောက်လာတဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်
တီးနေတဲ့ လက်ခုပ်ကို ဆုပ်ပစ်လိုက်
မောင်းနေတဲ့ ကားကို ရပ်ပစ်လိုက်
အူသံဆွဲနေတဲ့ ဂဟေဆော်မှုကို ရပ်နားလိုက်
ထုနှက်နေတဲ့ လက်ကိုင်တူကို လွှင့်ပစ်လိုက်
ဆူညံနေတဲ့ အသံတွေကို ပိတ်ပစ်လိုက်
ပြောနေတဲ့ စကားတွေကို ရပ်ပစ်လိုက်
လွယ်ပိုးထားတဲ့ ကျောပိုးအိတ်ကို ဖြုတ်ချလိုက်
ဝတ်ထားတဲ့ အ၀တ်ထည်တွေကို ခွာချလိုက်
ဆောင်းထားတဲ့ ဦးထုပ်ကို ဖယ်ပစ်လိုက်
စီးထားတဲ့ ဆံပင်ကို ဖြည်ချလိုက်
တွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေကို ဖြုတ်ပစ်လိုက်
ကိုင်ထားတဲ့ ပိုက်ဆံအိတ်ကို ပစ်လွှင့်လိုက်
ဆက်သွယ်နေတဲ့ လက်ကိုင်ဖုန်းကို ပိတ်ပစ်လိုက်
စားနေတဲ့ အစာတွေကို ကျဲပစ်လိုက်
ဖတ်နေတဲ့ စာအုပ်ကို ပိတ်ပစ်လိုက်
သောက်နေတဲ့ စီးကရက်ကို ထိုးချေလိုက်
ဖတ်နေတဲ့ ဒီစာသားတွေကို ကျော်ပစ်လိုက်
သုံးနေတဲ့ အွန်လိုင်းကို အောက်ပစ်လိုက်
မကုန်နိုင်တဲ့ အကြောင်းအရာတွေကို တွေးမနေနဲ့
ခဏလောက် မျက်လုံးမှိတ်၊ စုံကန်းနေတဲ့ ကမ္ဘာကြီးပေါ်ကို တည့်တည့်ချိန်ရွယ်
မပြီးနိုင်၊ မစီးနိုင်တဲ့ နေ့တဓူဝတွေကို တစ်လွှာချင်း ခွာချလိုက်
ပြီး၊ အိပ်စက် အနားယူ။

မောင်မင်းစိုး

Monday, January 21, 2013

အိုဗာ။ဘိုဟီးဗီးယန်းစတိုင်

အိုဗာ။ဘိုဟီးဗီးယန်းစတိုင်
by Toehnaung Moe on Monday, 21 January 2013 at 22:03 ·

တက်တူးတွေကိုဖျက်မပစ်ချင်ဘူး
ဒီရေမွှေးက၂၀၁၂ခုနှစ်ဆောင်းရာသီကြမှအသစ်ထွက်တဲ့ေ၇မွှေး
အမွှေးအမျှင်တွေကမိန်းမတွေကိုဆဲါဆောင်နိုင်သတဲ့
ခနဓာကိုယ်သန်.ရှင်းဖို.အတွက်ရေမုန့်တွေမြို.ထဲဝင်လာပြိညီလေး
နန်းဆုရတီစိုးလည်းကျနော်ချစ်မိတာဝန်ခံပါတယ်
စကားပြောချင်မှပြောဆိုတဲ့ လေး ကိုလည်းစိတ်ပါဝင်စားခင်မင်မိပါတယ်
လူပျိုလူလွတ်ဆိုပေမဲ့ငယ်ငယ်ရွယ်ရါယ်တွေမှမဟုတ်တာ
အောင်ရင်ငြိမ်းရေ...ငါနဲ.ကရီနာကပူနဲ.ကဘာမှမဆိုင်ဘူး
အိန္ဒိယမလေးညှို.အားမှာသူမျက်ဝန်းကစုတ်ယူသွားတဲ့လိင်စိတ်
ဘယ်တုန်းကများကျကွဲသွားတယ်ဆိုတာစဉ်းစားမရ ၇ ၇
ဂျလ်စ်မင်လန်းနက်နဲ.ညစာအတူစားရမှာထက်ဟီလာရီကလင်တန်နဲ.နံက်စာစားချင်တယ်
ပြန်တာကရော...
ထိုင်းငြုပ်နဲ.မြန်မာငြုပ်ဘယ်ဟာပိုစပ်လဲ
အသက်(၃၈)နှစ်ပြည်.ပြီးမှ(၃၈)လမ်းမှာဟန်နီကပျောက်ကွယ်
တပ်ဦးလတစ်ယောက်ဆံပင်ကောက်ကောက်တွေနဲ့ကေါ.နေဥိးမှာ
မဆိုင်သူAမွန်နဲ.ဆိုင်သူ။ဆိုင်သူကေမျိုးငြိမ်းနဲ့မဆိုင်သူ
မမော်ကြီးကဖွဲ.သီသစ်ကိုကျနော်တွေ.တိုင်းမေးနေတော.တာပဲ
ရာသီဥတုဆိုးဝါးသောကြောင်.သင့်ကျမ္မာရေးဂ၇ုစိုက်ရမဲ့ခေတ်ကုန်ပြီ
နိုင်ငံတော်သမ္မတလည်းနိုင်ငံတော်သမ္မတအလျှောက်
ကျနော်လည်ငါ့အလျှောက်
ကောလဟာလတွေ လင်းတတောင်အတောင်မညောင်းရဲဘူး္မ္မ
သတင်းစာ၊အားလုံးကျမ္မာပြီးအားလုံးချမ်းသာဖို.
အကြွေးတင်ရင်ရှင်ဘုရင်ဆပ်မယ်ဆိုတဲ့စကားဘယ်အထိဦးတည်နေသလဲ
ဦးလှညိ.နေသလဲ....
lae laeရေ...
ငါ့မျက်နှာစာအုပ်မှာမင်းနဲ့.စကားပြောရုံနဲ.
ငါတို့.ခင်မင်မှုမှာတက်တူးရုပ်  လေး တိုး  လာသလို
နှလုံးသား။ ရင်ခုန်သံနဲံ.ချစ်မေတ္တာဆိုတာတွေလည်း
အသက်ရှည်ရှည်ခင်ခင်မင်မင်တိုတဲ.သိချင်းနားထောင်ရင်းတစ်ညလုံးသိနိုင်တယ်
ဒီကဗျာ...
ငါမသေခင် ဆွေငြိမ်းသော်နဲ.စိုးထက်ဆီ
ရောက်အောင်ပို.ပေးပါ ခိုင်သစ်နဲ.ဇော်ဇော်၊   ၊၀၀၀၀၀၀၀၀၀၀၊  ၊  ။  ။
                                                                                      တိုးနှောင်မိုး

ရိုက်ခတ်ဖြာထွက်လာရာ ဗဟိုအတွင်းဘက်အခြေအနေ


လိုအပ်ချက်တွေကမ်းမကပ်နိုင်သေးသမျှ
ဘ၀တွေအစုန်အဆန်ရွက်လွှင့်နေရဆဲ
မြစ်ကူးချောင်းဖျားသွားမိပြန်တော့ နွံနစ်ခံရတာသဘာဝ
လောကမှာဆေးချလို့မရနိုင်တဲ့ အစွန်းအထင်းတွေပေကျံလို့
ကိုယ်မရွေ့ပဲရောက်ခဲ့တဲ့ဒီလှိုင်းတွေကြား အနည်ထိုင်မွန်းကျပ်
ပြောင်စင်ဖို့အားထုတ်ကြိုးပမ်းလေ ဂယက်ထနောက်ကျိလေ
ရေဆန်ဖြတ်ကူးချင်တဲ့လက် ရေစုန်မျှောလိုက်ချင်တဲ့လက်
တက်မရှိလဲအစားဝင်လှော်ခတ်ပေးမယ့်လက်
လက်မျိုးစုံသင်္ကေတ ရွေးချယ်မှုမှာမျက်နှာစည်းထားဖို့လိုမယ်
လေပြေ ၊ လေပွေ ၊ လေညင်း ၊ လေပြင်း ၊ လေဖိအားနည်းရပ်ဝန်း
လေထဲကစကားသံတစ်ချို့အတွက် စိတ်ဟာကပ်ကြေးတစ်လက်လိုထက်ရှ
အလဲအထပ်ပြုလုပ်နိုင်မှုမှာ ကူးပြောင်းလွယ်ခြင်းကရိုက်ချက်ပြင်းတယ်
ဘယ်သီအိုရီတွေနဲ့မှ ရင်ဘက်တွေကိုဖွင့်မကြည့်ခဲ့ဘူး
ကိုယ်မော့သောက်လိုက်တဲ့အဆိပ်တစ်ခွက်ဟာ ကိုယ့်ယုံကြည်မှုရဲ့သစ္စာ
နေပူထဲဖြတ်သန်းချင်ယုံသက်သက် ကျွန်တော့်ကိုမစိုးမိုးခိုင်းပါနဲ့
အဖြေမထုတ်နိုင်တဲ့ပုံသေနည်းတွေထဲ တိုးဝင်ငြိတွယ်ငြိမ်သက်
ရာသီဥတုကအမြဲကိုယ့်ဘက်မှာမရှိခဲ့တော့လဲ
မာကြောခြင်းနဲ့ပဲပုံဆောင်ပြတတ်ခဲ့
မရွာနဲ့တော့မိုး....။ စကားလုံးတွေရှေ့ခေါင်းမော့ဖြတ်လျှောက်ချင်တယ်
ကြေမွအက်ထနေတဲ့ အသံတိတ်ပြတ်ရာတွေနက်ရှိုင်း
ဘာမြူဒါစက်ဝိုင်းထဲက နောက်ဆုံးသူဟာကိုယ်..။ ။

သွယ်လေး

ပုထုဇဉ်

ပုထုဇဉ် ------------------- သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
(ကဲ အားလုံး သီချင်းတစ်ပုဒ်လို ခပ်သွက်သွက်လေး ဆိုကြည့်ကြမယ်)
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
 (စပေ့ဘားကို လက်မလေးနဲ့ တစ်ချက်ခြင်း ပုတ်ရင်း စည်းဝါးလိုက်မယ်)
(ကဲ အားလုံးတစ်ပြိုင်နက် ဆိုကြည့်ကြမယ် ရယ်ဒီ ၀မ်း တူး သရီး)
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး
သင်လည်းအရူး ငါလည်းအရူး အားလုံးအရူး သင်လည်းအရူး ငါလည်းအရူး အားလုံးအရူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးရူးးးးးးးးးးးးဝူးးးးးးးးးးဝူးးးးးးးးးးးးဝူးးးးးးးးးးးအရူးးးးးးး
(ပုထုဇ္ဇနော ဥမ္မတ္တကော)
 (မသတီစရာ ငါးဖြာအာရုံကာမဂုဏ် ဖမ်းသဖြင့် အားလုံးအရူးအနှမ်းတွေချည်းပါတည်း)။
 မောင်မင်းစိုး