Tuesday, December 25, 2012
ခ ခေါ်သံ အလွန်ညံ
ခုခံထားတဲ့ ခံတပ်တစ်ခု ခါးခါးသီးသီး ခါချ
ခါးပြတ်နေတဲ့ ခေါ်စာဟာ ခက်ခက်ခဲခဲ ခုန်ချ
ခေါက်ထားလိုက် ခခယယ ခိုလို ခင်တွယ်မနေနဲ
ခံတွင်းပျက်တယ် ခမ်းနားလို့လှတဲ့ ခရိုင်ကို ခေါက်ထား
ခုံမင်လှတဲ့ ခင်မင်စရာ ခရေပန်းလည်း ခန်းချောက်နေပြီ
ခက်တယ်။ ခေါ်သံဟာ ခဏလေး ခွင့်ပန်သွားတယ်။
ခေါင်းတိုင်က အခိုးအငွေ့တွေက ခရုတစ်ကောင်လို ခပ်တည်တည်
ခါတော်မီ ခွင့်လွှတ်ဖို့ ခရေစေ့တွင်းကျ ခေသူမဟုတ်
ခူးဆွတ်ထားတဲ့ ခရမ်းပြာရဲ့ ခင်းကျင်းမှုဟာ ခုံခုံမင်မင်ရှိလှတယ်။
ခရောင်းလမ်းမှာ ခေတ်တစ်ခေတ်ရဲ့ ခေါ်သံကို ခေါစာ ပစ်လိုက်တယ်။
ခုတော့ ခွေကျသွားတဲ့ ခွေးတစ်ကောင်လို ခန္တီနဲ့ ခင်တွယ်မိတယ်
မောင်မင်းစိုး
Monday, December 24, 2012
မယ်မယ်နဲ့ သွယ်သွယ် (ခေတ်သစ်ပုံပြင်)
မောင်ညီမလေးတို့ရေ..မြို့ပြရဲ့ ဆင်ခြေဖုံးလေးမှာ မယ်မယ်နဲ့ သွယ်သွယ်ဆိုပြီး ကောင်မလေးနှစ်ယောက်ရှိသတဲ့။
မယ်မယ်ကတော့ မိန်းကလေးဆန်ပြီး သွယ်သွယ်ကတော့ ယောက်ျားလေးဆန်တယ်တဲ့။ သူတို့နှစ်ယောက်ကလည်း
တစ်ယောက်နဲ့တစ်ယောက် မျက်စေ့အောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြသတဲ့။ မယ်မယ်ကတော့ အရုပ်ကလေးတွေကို
ချစ်မြတ်နိုးပြီး သွယ်သွယ်ကတော့ အချုပ်လေးတွေကို ချစ်မြတ်နိုးတယ်တဲ့။ အချုပ်ဆိုတာ နည်းနည်းတော့ မရှင်းလင်းဘဲ နေလိမ့်မယ်။
ဒီလိုကွဲ့ မောင်ညီမလေးတို့ရဲ့ သွယ်သွယ်ကြိုက်နှစ်သက်တဲ့ အချုပ်ဆိုတာက ချုပ်နှောင်ခံရတာကို မြတ်နိုးတာကို ဆိုလိုတာကွဲ့။
ဘာကြောင့်လဲဆိုတော့ အချုပ်မှာနေရတဲ့ နေ့တွေဆို ဘာမှပူစရာမလိုဘူး။ အချိန်မှန်စားရတယ်၊ အချိန်မှန်အိပ်ရတယ်။ အဲဒီလိုမဟုတ်ရင်
မယ်မယ်ရဲ့ ပူဆာမှုတွေကြောင့် အိပ်ရေးဝတယ်လို့မရှိ၊ အချိန်မှန်မစားရဘူးတဲ့။ ဒါကြောင့် သူကတော့ အေးအေးလူလူနေရတဲ့ အချုပ်ခန်း
လေးတွေကို သဘောကျဟန်တူပါတယ်။
တစ်နေ့တော့ မယ်မယ်ရဲ့ ပူဆာမှုကြောင့် မြို့ပြကို အလုပ်လေးအားတုန်း ချီတက်လာခဲ့တယ်တဲ့။ ယောင်လည်လည်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို
မြို့ပြကလူတွေက ဂြိုလ်သားများ ရောက်ရှိလာသလို အထူးပဲ အံ့သြမှုတွေနဲ့ ၀ိုင်းဝန်းကြည့်နေကြတယ်။ သူတို့ရဲ့ လက်ထဲမှာလည်း အမည်မသိတဲ့
အရာဝတ္ထုတစ်ခုကြီးကို ကိုင်ဆောင်ထားတော့ ဒီအရာဝတ္ထုရဲ့ အကျိုးသက်ရောက်မှုဆိုတာကလည်း ဘာမှန်းမသိကြတော့ ထိပ်လန့်တုန်လှုပ်စွာနဲ့
မျက်ခြေမပြတ် ကြည့်နေကြရတာပေါ့။ ဒီလိုနဲ့ သွယ်သွယ်ရဲ့ လက်ထဲမှာရှိတဲ့ ပစ္စည်းကြီးကို လူတွေက သံသယရှိစွာနဲ့ စိုးရိမ်ပြီး ကြည့်နေကြပေမယ့်
ဘာလည်းဆိုတာကိုလည်း စုံစမ်း၊ စူးစမ်းလိုစိတ်နဲ့ ကြည့်လိုချင်ကြတယ်။ ဒါပေမယ့် သွယ်သွယ်ကတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင် ရှေးကနေ
ဦးဆောင်ပြီးတော့ သွားခဲ့တယ်။
ၥ
တစ်နေရာရောက်တော့ အထူးအဆန်း ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးထဲကို အတင်းပဲ တိုးဝှေ့ပြီး သူတို့နှစ်ယောက် ၀င်သွားကြတယ်။ အဲဒီအချိန်မှာတော့
မယ်မယ်တစ်ယောက် သွယ်သွယ်နဲ့ ကွဲကွာသွားပြီး လူအုပ်ကြီးထဲ ယောင်လည်လည်နဲ့ ကျန်ရစ်ခဲ့တော့တယ်။ သွယ်သွယ်ကတော့ မယ်မယ်ကျန်ရစ်နေတာကို
မသိရှာဖူး။ သူ့လက်ထဲက ဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးကိုပဲ ဂရုစိုက်ပြီး လူအုပ်ကြီးထဲကနေ လွတ်မြောက်သွားတယ်။ အဲဒီကျမှ မယ်မယ်ပါမလာတော့ဘူးဆို
တာ သိလိုက်ရတယ်။ ဒါကြောင့် ပျာပျာသလဲလဲဖြစ်သွားပြီး စိုးရိမ်စိတ်နဲ့ ဘေးဘယ်ညာ ၀ဲယာကို မျှော်ကြည့် ခေါ်ကြည့်တယ်။ ဒါပေမယ့် မယ်မယ်ကတော့
အရိပ်အယောင်တောင် မတွေ့ရဘူးတဲ့။
လူအုပ်ကြီးထဲမှာတော့ ညိုညိုနဲ့မြမြဆိုတဲ့ ကျေးတောသူလေးနှစ်ယောက်ကတော့ မြို့ပြအကြောင်းကို ကောင်းကောင်းနားလည်ထားပြီး ဂြိုဟ်သားလို့ထင်ရတဲ့
သွယ်သွယ်ကို လှမ်းမြင်လိုက်တယ်။ အများသူငါတွေလိုပဲ ငေးကြောင်ကြည့်နေစဉ်မှာ သွယ်သွယ်ဟာ အဆောက်အဦးရဲ့ အုတ်နံရံပေါ်ကို တက်လိုက်တယ်။ ဒါပေမယ့်
မထင်မှတ်ဘဲ လူတွေစိတ်ဝင်စားနေတဲ့ ပစ္စည်းကြီးက အောက်ကို ဒုန်းကနဲ လွတ်ကျသွားတယ်။ လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒီပစ္စည်းရဲ့ အကျိုး
သက်ရောက်မှုကို စိုးရိမ်ပူပန်နေကြတယ်။ ဒါပေမယ့် ညိုညိုနဲ့မြမြတို့ကတော့ သွယ်သွယ်ပြုတ်ကျသွားတဲ့ ပစ္စည်းဘေးကို အရောက်သွားပြီး အဲဒီပစ္စည်းကြီးကို
ကောက်ယူလိုက်တယ်။ ဒါပေမယ့် လူတွေကတော့ ဒီနှစ်ယောက်လည်း ကြံရာပါတွေလို့ ထင်မြင်သွားကြပြီး အော်ဟစ်ဆဲဆိုနေကြတယ်။ ဒါကြောင့် လက်ထဲရောက်ရှိ
နေတဲ့ ပစ္စည်းကြီးကို အိပ်ထဲကနေ အသာအယာဆွဲဖွင့်လိုက်တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ခရိုင်ရဲမှုးကြီးများဖြစ်တဲ့ ဆူးဆူးရယ် အောင်အောင်ရယ် ရဲမေယဉ်ယဉ်ရယ်
ရောက်လာကြပြီး သွယ်သွယ်ရဲ့ ဆွဲဖွင့်နေတဲ့ ပစ္စည်းကြီးကို အောက်ကိုအသာအယာချဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် တွေတွေဝေေ၀ဖြစ်သွားပေမယ့် သွယ်သွယ်ကတော့
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။
လူအုပ်ကြီးထဲကနေ အတင်းတိုးဝှေ့ပြီး ရောက်ရှိလာတဲ့ မယ်မယ်ကို လှမ်းမြင်လိုက်တယ်။ ဒါကြောင့် သူ့လက်ထဲက ပစ္စည်းကြီးကို အသုံးမပြုတော့ဘဲ အောက်ကိုအသာအယာလေး
ပြန်ဆင်းလာခဲ့တယ်။
ကဲကဲ မောင်ညီမလေးတို့ရေ အဲဒီဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးက ဘာလဲဆိုတာ သိချင်ဘူးလား။
မောင်ညီမလေးတို့ကကော ဘာလို့ထင်လဲ။
ဘာဖြစ်လို့ အသုံးမပြုဘဲနေလိုက်တာလဲ။
အဲဒီ ပဟေဠိကို ရအောင်ဖော်ထုတ်နဲ့တဲ့ သားသားမီးမီးတို့ထဲက ဘယ်သူ့ကိုမဆို အဲဒီဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးကို လက်ဆောင်ဝယ်ပေးချင်တယ်။ နောက်နေ့ အိမ်မှာစဉ်းစားပြီးတော့
အဖြေရအောင် ရှာခဲ့ပါကွယ်။
ပုံပြောသူ=မောင်မင်းစိုး
ပါဝင်သရုပ်ဆောင်သူ=သူငယ်ချင်းမျ
အားပေးကြည့်ရှုကြသူ=ဖေ့ဘုတ်ရှိ မန်ဘာများ
Sunday, December 23, 2012
သတင်း
အခုတလော ပို့စ်သိပ်ပြီး မတင်ဖြစ်ဘူးဖြစ်နေတယ်။
အချိန်လည်းမရတာလည်း ပါတယ်ပေါ့။ ဒါပေမယ့်
နောက်ဆိုရင်တော့ ကြိုးစားပြီး တင်ပါ့မယ်။
မောင်မင်းစိုး
အချိန်လည်းမရတာလည်း ပါတယ်ပေါ့။ ဒါပေမယ့်
နောက်ဆိုရင်တော့ ကြိုးစားပြီး တင်ပါ့မယ်။
မောင်မင်းစိုး
Subscribe to:
Posts (Atom)