Monday, July 28, 2014

လူငယ်​ရဲ့စွမ်းအား(ကိုရင်​​လေးသုမန)

သားသားမီးမီးတို့ရေ မင်္ဂလာပါ။ ဦးဦးပြီးခဲ့တဲ့လက ဘုရားရှင်ရဲ့သားတော်လေး ရာဟုလာရဲ့အကြောင်းကို အတုယူဖွယ်ရာအဖြစ် ပြောခဲ့တယ်။ ဒီတစ်ပတ်တော့ သားသားမီးမီးတို့အတွက် ကိုရင်လေးသုမနရဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ သားသားမီးမီးတို့ရဲ့ အားတွေက နောင်အချိန် အမိမြန်မာနိုင်ငံအတွက် အားဆေးတွေဖြစ်ရ မယ်မဟုတ်လား။ စစ်မှန်တဲ့ ဓမ္မအားတွေဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ဒါကြောင့် စစ်မှန်တဲ့ အားတွေနဲ့ အစွမ်းအစရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုရင်လေး သုမနရဲ့အားတွေကိုလည်း သားသားမီးမီးတို့အတွက် အတုယူဖို့၊ လိုက်နာဖို့ ပြောပြပါမယ်။ တစ်ခါက မုဏ္ဍဆိုတဲ့ရွာကလေးမှာ ညီအစ်ကိုနှစ်ယောက် ရှိခဲ့ဖူးတယ်။ အစ်ကိုကြီးကိုတော့ မဟာသုမနလို့ ခေါ်ပြီး၊ ညီငယ်ကိုတော့ စူဠသုမနလို့ခေါ်ကြတယ်။ အရှင်အနုရုဒ္ဓါ အမည်ရတဲ့ သူတို့ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါး ရှိတယ်။ ဝါဆိုချိန်နီးတော့ အခြားရပ်ကို မြ<ွကခိုင်းတော့ဘဲ အဲဒီရွာကလေးမှာပဲ သီတင်းသုံးဖို့ လျောက်ထားတာကြောင့် သီတင်းသုံးနေထိုင်ခဲ့တယ်။ သားသားမီးမီးတို့လို အိမ်မြှာ<ွကရောက်လာတဲ့ ကိုရင်လေးတွေကို ဆွမ်းလောင်းသလို၊ အဲဒီ သုမနတို့ကလည်း အရှင်အနုရုဒ္ဓါအတွက် အမြဲတန်းလိုလို ဆွမ်းကပ်လှူ ဒါန်းကြတယ်။ ဒီတော့ သုမနတို့ညီအစ်ကို ဟာ မထေရ်မြတ်နဲ့ အမြဲတန်းလိုလို မြင်တွေ့နေရတော့ အကျွမ်းတဝင် ရှိလာတာပေါ့။ ဒီလိုနဲ့ ဝါကျွတ်ပြီဆိုတော့ မထေရ်မြတ်လည်း ပဝါရဏာပွဲပြီး ပြန်မြ<ွကခင် သင်္ကန်းစတဲ့လှူဒါန်းဖွယ်မျိုးစုံကို လောင်းလှူလိုက်ကြတယ်။ ပစ္စည်းတွေကလည်းများတော့ မထေရ်လည်း ကူညီမယ့်သူလည်းမရှိတော့ သူတို့လောင်းလှူတာ တွေကို အလှူမခံဘဲ နေခဲ့လိုက်တယ်။ ဒါကိုသုမနတို့ရဲ့ ဖခင်ကသိတော့ သူ့သားအကြီးဖြစ်တဲ့ မဟာသုမနလေးကို ကိုရင်ဝတ်ပေးပြီး မထေရ်နဲ့အတူ အကူအညီလိုအပ်တာကြောင့် ထည့်ပေးဖို့လျောက်ထား လိုက်တယ်။ ဒါပေမယ့် မထေရ်မြတ်က အကြီးကောင်လေးကို လက်မခံခဲ့ဘူး။ ဒါကြောင့် ဖခင်ဖြစ်သူဟာ (၇)နှစ်အရွယ်သာ ရှိသေးတဲ့ အငယ်ဖြစ်တဲ့ စူဠသုမနလေးကိုပဲ ကိုရင်ဝတ်ပေးပြီး မထေရ်နဲ့အတူ ထည့်ပေးလိုက်တယ်။ ကိုရင်လေးသုမနဟာ ကိုရင်ဝတ်ဖို့ ခေါင်းရိတ်စဉ်မှာပဲ တရားဆင်ခြင်လိုက်တာ တစ်ခါတည်းကို ရဟန္တာဖြစ်သွား တယ်။ ကဲ သားသားမီးမီးတို့အရွယ်လေးမှာပဲ ရဟန္တာဖြစ်သွားတယ်ဆိုတော့ ဘယ်လောက်တောင် အားရစရာကောင်း သလဲသားသားမီးမီးတို့ စဉ်းစားကြည့်ပေါ့။ တစ်ရက်တော့ မြတ်စွာဘုရားကို ဖူးတွေ့ဖို့ဆိုပြီး မထေရ်မြတ်က ကိုရင်လေး သုမနကို နောက်ပါအဖြစ်ခေါ်ခဲ့ပြီး ဘုရားရှင်ထံြ<ွကရောက်လာခဲ့တယ်။ ဟိမဝန္တာဆိုတဲ့ တောအုပ်ကြီးထဲရောက်တော့ မထေရ်မြတ်ဟာ လေနာရောဂါထတယ်။ တစ်ခါတလေ သားသားမီးမီးတို့လည်း ဗိုက်အောင့်တာမျိုး ဖြစ်ဖူးတယ် မဟုတ်လား။ အဲဒီလိုမျိုး လေနာရောဂါထတာပေါ့။ ဒီတော့ ကိုရင်လေးသုမနက သူ့ဆရာရဲ့ ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်နိုင်ဘူး။ ဒါကြောင့် ကူညီပေးချင် ခဲ့တယ်။ သားသားမီးမီးတို့လည်း ဘိုးဘိုး ဘွားဘွားတို့ အိပ်ယာထဲလဲနေပြီး အကူအညီလိုအပ်တာမျိုးတွေ ကြုံဖူးတယ် မဟုတ်လား။ အဲဒီလိုဖြစ်လို့ အကူအညီလိုအပ်ရင် ဘိုးဘိုးဘွားဘွားတွေက ခိုင်းရင် မငြင်းဆန်ရဘူး ကူညီပေးရမယ်။ ကိုရင်လေးသုမနဆိုရင် လူကြီးတွေက မခိုင်းဘဲကို ကူညီပေးချင်တဲ့စိတ်ဖြစ်တယ်။ အဲဒါကို အတုယူရမယ်နော်။ ''အရှင်ဘုရား၊ အရင်ကလည်း ဒီလိုရောဂါဖြစ်ဖူးတော့ ဘာဆေးဝါးနဲ့ ပျောက်ကင်းခဲ့ပါသလဲဘုရား'' ကိုရင်လေး သုမနက သူ့ဆရာကို လျှောက်ထားလိုက်တယ်။ ''အေး ကိုရင်၊ ငါအရင်ဖြစ်တော့ အနောတတ်အိုင်က ရေကိုသောက်ပြီး ပျောက်ကင်းခဲ့ဖူးတယ်'' အဲဒီလို ဆရာဖြစ်သူက အမိန့်ရှိတော့ (၇)နှစ်အရွယ်ကိုရင်လေးသုမနဟာ အဖော်မပါဘဲ တစ်ပါးတည်း အဲဒီရေအိုင်ဆီကို ထွက် သွားခဲ့တယ်။ အဲဒီရေအိုင်ကြီးမှာက ပန္နဂလို့ခေါ်တဲ့ နဂါးကြီးတစ်ကောင်ရှိတယ်။ ဒီတော့ နဂါးမင်းရဲ့ရန်ကလည်း မလွယ် ကူဘူးလေ။ ကိုရင်လေးကတော့ အဲဒီနဂါးမင်းကြီးကို ကြောက်မနေနိုင်ဘူး။ ဒါကြောင့် သူ့ဆရာအတွက် ရေခပ်ချင်တဲ့ အကြောင်း ရဲရဲဝံ့ဝံ့တောင်းလိုက်တယ်။ ဒါလည်း သားသားမီးမီးတို့အနေနဲ့ အတုယူရမှာပဲနော်။ အဲဒီလို မကြောက်မရွံ့နဲ့ တောင်းရဲဖို့ဆိုတာ ကိုရင်လေးသုမနအနေနဲ့ ကလေးလေးဖြစ်နေပေမယ့် တွန့်ဆုပ်မှုဆိုတာမျိုး မဖြစ်ဘူး။ သားသားမီးမီးတို့လည်း ကိုယ့်ထက်ကြီးတဲ့လူတွေက တစ်ခုခုခိုင်းရင် ဘာမှတွန့်ဆုပ်မနေနဲ့၊ ကြောက်ရွံ့မနေနဲ့ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်ရဲရမယ်။ သွားရဲရမယ်နော်။ ဒါပေမယ့် လမ်းကူးရတာမျိုးတွေဆိုရင်တော့ အခုခေတ်က အရင်လို မဟုတ်ဘူး။ အခုကျတော့ ကားတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ မော်တော်ဆိုင်ကယ်တွေစတဲ့ အန္တရာယ်တွေတော့ ရှိတာပေါ့။ အဲဒါတွေကိုတော့ သတိထားပြီး ကူးဖို့လိုတယ်။ မောင်းတဲ့လူတွေက မဆင်ခြင်ရင် တိုက်မိပြီး အန္တရာယ်ဖြစ်နိုင်တယ်။ အဲဒါကြောင့် သတိဝီရိယတော့ ထားဖို့လိုတယ်။ ကိုယ့်ထက်ကြီးတဲ့ လူတွေ အကူအညီလိုအပ်ရင်တော့ သူတို့ကိုပါ ခေါ်ပြီးသွားပေါ့။ ဒီလိုနဲ့ ရေအိုင်နားရောက်တော့ နဂါးမင်းကြီးကို ကိုရင်လေးသုမနက ရေခပ်ချင်ကြောင်း တောင်းလိုက်တယ် ဆိုရင်ပဲ။ နဂါးကြီးက မထီမဲ့မြင်နဲ့ ပြောလိုက်တယ်။ ''ကိုရင်လေး၊ ယောက်ျားတစ်ယောက်ရဲ့ အားနဲ့ စွမ်းနိုင်ရင်တော့ ကိုယ်တိုင်ခပ်ယူပါ''လို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တော့ ကိုရင်လေးက ရဟန္တာဖြစ်ပြီး တန်ခိုးတွေ ဘာတွေဖန်ဆင်းနိုင်တာကြောင့် ဗြဟ္မာမင်း ကြီးရဲ့အသွင် ဖန် ဆင်းလိုက်တယ်။ ပြီးတော့ ရေအိုင်တစ်ခုလုံးကို နဂါးမင်းကြီးက ပါးပျဉ်းနဲ့ ဖုံးအုပ်ထားတဲ့ နဂါးမင်းကြီးရဲ့ ပါးပျဉ်းပေါ်ကို နင်းပြီးတော့ ပန်းထွက်လာတဲ့ရေကို ရေအိုးအပြည့်ခပ်ယူလိုက်တယ်။ သားသားမီးမီး တို့ဆိုရင်ရော ခပ်နိုင်ရဲပါ့မလား။ ကိုရင်လေးကတော့ သူ့အစွမ်းအစတွေ ထုတ်သုံးပြီး နဂါးမင်းကြီးကို နင်းကာ ရဲရဲဝံ့ဝံ့ကို ခပ်ယူလိုက်တယ်။ ဒီလိုနဲ့ ရေခပ်ပြီးတော့ ကိုရင်လေးက သူ့ဆရာဆီကို ပြန်ြ<ွကသွားတယ်။ ဒီတော့ နဂါးမင်းကြီးက နောက်ကနေ လိုက်သွားတယ်။ ဟိုရောက်တော့ ကိုရင်လေးက အသင့်ယူလာတဲ့ရေကို ဆရာဖြစ်သူကို ကပ်လိုက်တယ်။ ဒါပေမယ့် နဂါးမင်းကြီးက အဲဒီရေကို မသောက်ဖို့ တားမြစ်လိုက်တယ်။ ဘာဖြစ်လို့လည်း သူတစ်ပါးမပေးတဲ့ ပစ္စည်းကို မသုံးဆောင်သင့်ဖူးဆိုပြီး လျှောက်တယ်။ ဒီတော့ ကိုရင်လေးသုမနကလည်း သူ့ဆရာကို ပြန်ပြီးတော့ ပြောတယ်။ ''အရှင်ဘုရား တပည့်တော်ခပ်လာတဲ့ရေကို အရှင်ဘုရားအနေနဲ့ ရဲရဲဝံ့ဝံ့နဲ့ သုံးဆောင်ဘုဉ်းပေးတော်မူပါ'' ဆိုပြီး လျှောက်လိုက်တယ်။ ကိုရင်လေးက သူခိုးလာတာမဟုတ်တဲ့အကြောင်း စွမ်းနိုင်ရင် ခပ်ဆိုလို့ နဂါးမင်းက ခွင့်ပြုလို့သာ ခပ်ယူလာကြောင်း ဆက်လျှောက်ထားတော့ မထေရ်မြတ်လည်း သုံးဆောင်လိုက်တယ်။ ဒီနေရာမှာ စဉ်းစားသင့်တယ်။ သားသားမီးမီးတို့လည်း ခုနကအကြောင်းကို ပြန်စဉ်းစားကြည့်ပေါ့၊ နဂါးမင်းကြီးက သူ့အနေနဲ့ စွမ်းနိုင်ရင် ခပ်လို့ပြောပြီးမှ အခုမှ သူမပေးဖူးဆိုပြီး ငြင်းနေခဲ့တယ်။ အဲဒါ မတရားဖူး။ ဒီလိုမျိုးတွေကတော့ သားသားမီးမီးတို့ ကျင်လည်ရမယ့် ပတ်ဝန်းကျင်မှာလည်း တစ်ခုမဟုတ်တစ်ခုတော့ ကြုံလာကြရဦးမယ်။ အဲဒီလိုမျိုး ကြုံတွေ့လာရင်တော့ ကိုရင်လေးသုမနလို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲဖို့တော့ လိုတယ်။ ကိုယ့်ထက် ကြီးတဲ့လူတွေက တကယ်လို့ အဲဒီလို မတရားတာတွေလုပ်လာခဲ့ရင်တော့ ငါကကလေးမို့ အရှူံးပေး လိုက်ရမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒါဟာ မမှန်တဲ့ အတွေးဖြစ်တယ်။ ကိုယ်မှန်ရင်တော့ ပြတ်ပြတ်သားသား ငြင်းသင့်ရင်ငြင်းရဲရမယ်။ အဲဒီလိုမဟုတ်ရင် ကိုယ့်ကို ကျော်ခွသွားပြီး အနိုင်ယူဗိုလ်ကျစိုးမိုးမှုတွေက ကိုယ့်ဘဝရဲ့ အနာဂတ်တက်လမ်းမှာ ခလုတ်ကသင်းတွေဖြစ်နေခဲ့လိမ့်မယ်။ ဒါပေမယ့် သူ့ဆရာကလည်း သူ့တပည့်ရဲ့ အစွမ်းအစကို သိတယ်။ ဒီကိစ္စဟာ မတရားတာမဟုတ်ဘူး၊ ကိုရင်လေးဆိုပေမယ့် သူတစ်ပါးပစ္စည်းကို ပိုင်ရှင်မပေးဘဲ မယူဖို့ဆိုတာ သိတယ်။ ဒါကြောင့် နဂါးမင်းရဲ့စကားကို နားမယောင်ဘဲ သူ့တပည့် ခပ်လာတဲ့ ရေကို သုံးဆောင်လိုက်တယ်။ ခဏချင်းမှာပဲ လေနာရောဂါ ပျောက်ကင်းသွား တယ်။ မထေရ်မြတ်လည်း အကျိုးသင့်အကြောင်းသင့်နဲ့ နဂါးမင်းကြီးကို ရှင်းပြပြီးတရားဟောလိုက်မှ အသိရသွားတယ်။ နောက်တကယ်လို့ အဲဒီရေအိုင်က ရေကို အလိုရှိရင် သူကိုယ်တိုင်လာပို့မယ်လို့ ဝန်ခံသွားပြီး ပြန်သွားခဲ့တယ်။ ရောဂါလည်းပျောက်ကင်းသွားတော့ ဘုရားရှင်ရှိတဲ့ ပုဗ္ဗာရုံကျောင်းတော်ကြီးဆီကို အရှင်အနုရုဒ္ဓါမထေရ်ဟာ ကိုရင်လေးသုမနနဲ့အတူြ<ွကလာခဲ့တယ်။ ကျောင်းတော်ရောက်တော့ ကိုရင်လေးကို အခြားရဟန်းတွေက လူငယ်လို့ပဲ သဘောထားပြီး ဆက်ဆံကြတယ်။ ရဟန္တာမှန်းမသိကြဘူး။ ဒါကြောင့် ဘုရားရှင်က ကိုရင်သုမနလေးရဲ့ အစွမ်းအစနဲ့ ရဟန္တာမှန်းသိအောင် အနောတတ်အိုင်ကနေ ရေကိုခပ်ယူဖို့ အဆင့်ဆင့်မိန့်တော်မူလိုက်တယ်။ ကိုရင်လေးသုမနထက် ကြီးတဲ့ ကိုရင်ကြီးတွေအနေနဲ့ တစ်ပါးမှ သွားခပ်ဖို့မရဲကြဘူး။ နောက်ဆုံးမှ ကိုရင်လေးသုမနအနေနဲ့ သူသွားခပ်ယူမယ့် အကြောင်းလျှောက်ပြီး ရေသွားခပ်ယူလာခဲ့တယ်။ အပြန်ကျတော့ ရေအိုးလေးနဲ့ ကောင်းကင်ခရီးကနေ ပြန်ြ<ွကလာခဲ့တယ်။ ဒီတော့မှ အခြားရဟန်းတွေကလည်း ကိုရင်လေးရဲ့အစွမ်းအစကို သိသွားတယ်။ ရဟန္တာဆိုတာလည်း သိသွား တော့တယ်။ ဘုရားရှင်က ကိုရင်လေးကို အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ (၇)နှစ်သာရှိသေးကြောင်း ပြန်လျှောက် လိုက်တယ်။ ဒါပေမယ့် ဘုရားရှင်အနေနဲ့ သူ့ရဲ့သာသနာတော်မှာ အသက်နှစ်ဆယ်ပြည့်မှ ရဟန်းခံဖို့ ပညတ်ထားပေမယ့် ကိုရင်လေးသုမနကိုတော့ ငယ်ပေမယ့် အစွမ်းအစရှိတော့ ချီးမြှောက်တဲ့အနေနဲ့ အဲဒီနေကစပြီး 'ရဟန်းဖြစ်စေ'ဆိုပြီး အမိန့်ရှိလိုက်တယ်။ ဒါကတော့ သာသနာ့သမိုင်းမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပေါ့လေ။ ဒီတော့ သားသားမီးမီးတို့အနေနဲ့လည်း ငယ်သေးတယ်ဆိုပေမယ့် အစွမ်းအစတွေ ရှိနေခဲ့ကြမှာပဲမဟုတ်လား။ ဆိုတော့ သူ့များထက်သာအောင်လုပ်ရမယ်။ ကျောင်းသားအရွယ်မှာဆိုလည်း သူတစ်ပါးထက်တော်အောင် တတ်အောင်၊ လိမ်မာအောင် ကြိုးစားရမယ်။ အဲဒီလို တော်ရင်၊ တတ်ရင်၊ လိမ်မာရင် ပတ်ဝန်းကျင်ကလည်းကိုယ့်ကို ချစ်ကြတယ် မဟုတ်လား။ ဒါကြောင့် သူတစ်ပါးချစ်အောင် စာကိုကြိုးစားပြီး လိမ်မာအောင်နေနိုင်တဲ့ သားသားမီးမီးတွေဖြစ်စေဖို့ ဦးဦးတိုက်တွန်းချင်ပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်ပဲပေါ့ကွယ်။