Friday, March 5, 2010

ကဗျာစာတမ်းဖတ်ပွဲ၊ကဗျာရွတ်ပွဲနှင့်ကဗျာစာအုပ်ဈေးရောင်းပွဲတော်ကျင်းပသွားမည်


လာမယ့် မတ်လ(၁၃)ရက်နေ့မှာ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ စာပေလောက(၅)
စာအုပ်ဆိုင်မှာ မိမိတို့ ကိုယ်တိုင်ရေးထားတဲ့ စိတ်ကြိုက် ၀တ္ထု၊
ကဗျာများကို ကိုယ်တိုင်ဖတ်ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သို့အတွက်ကြောင့် စာချစ်၊ ကဗျာချစ်များအနေနဲ့ အဆိုပါနေရာသို့ လာရောက်ပြီး
ဆွေးနွေး ပြောဆို၊ နားထောင်းနိုင်ရန် အသိပေးအပ်ပါတယ်။
ထို့နောက် (၂၀-၂၁-၂၂)နေ့များမှာလည်း အဆိုပါနေရာမှာပင် ကဗျာဆရာများမှ
ကဗျာစာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲနဲ့ ကဗျာစာအုပ်ဈေးရောင်းပွဲတော်ကိုလည်း(
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်) ကျင်းပသွားမယ်လို့ သိရပြီးမည်သူမဆို
လာရောက်ပြီး နားထောင်၊ အကြံပြု၊ ၀ယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
ရွှေနံ့သာ

Tuesday, March 2, 2010

အဆုံးအစမရှိ တစ်ညနေ



နေဟာ ၀င်တော့မှာပဲ ငါသောက်နေတဲ့ စီးကရက်လည်း လောင်မြိုက်ခြင်းထဲ
တိုးဝင်သွားတယ် ကော်ဖီခွက်ထဲ ပျော်ကျနေတဲ့ အတွေးက တဖြည်းဖြည်း
မှုန်ဝါးနေခဲ့တယ် အကြမ်းပုဂံလုံးရဲ့ အောက်ခြေမှာ Make in China ငါ့အသက်က
ဘယ်ပုံစံ ဘယ်လမ်းသွား ကိုယ်ကျင့်တရားကို မလိမ်နဲ့ ငါမသိတဲ့
မင်းစိတ်တွင်းအသိကို မလိမ်နဲ့ ရွေ့လျားနေတဲ့ တိမ်စိုင်တွေနောက် မသိစိတ်က
မှောက်မှားပြီးလျှောက်တယ် လူ့အသိစိတ်တွေ ဘ၀ထဲယိုဖိတ်ရင်း လောင်မြိုက်နေဆဲ
သကြားခတ်လိုက်တဲ့ ကော်ဖီတစ်ခွက်ဟာ ချိုမယ် မကောင်းမှုနဲ့အတ္တသာမရှိခဲ့ရင်
ကမ္ဘာဟာ ချိုမယ် ဟို
ညစ်ညမ်းဖွယ်စာသားတွေပါတဲ့ Hip Hop သီချင်းကို ပိတ်ပစ်လိုက် ဟို
ချစ်နမ်းကြမ်းကြုတ်အပျက်ကား တွေ ပိတ်ပစ်လိုက် ဒီထက်ပို မကျေနပ်ရင်
ဖုံးကွယ်နေတဲ့ ကိလေသာအမှောင်တွေကို ပိတ်ပစ်လိုက် တစ်ခါတရံ သတိရပါတယ်
ချောက်ချားဖွယ်ရာများ ထိခိုက်ဒဏ်ရာရမှုများ ရက်စက်သော ရက်စက်မှုများ
ငါကြောက်ပါတယ် အဲဒီကြောက်စရာ ညနေမှာ ပေါင်မုန့်တစ်လုံးနဲ့ အသက်ဆက်လို့ ငါ
ကဗျာရေးတယ်၊ ငါကဘယ်သူ၊ အဖျော်ဆရာက ငေးတယ် ကြွကြွရွရွ လမ်းလျှောက်နေတဲ့
ကောင်မလေးတွေ အေးအေးဆေးဆေး အေးဆေးတယ် စိတ်နဲ့လိုက်ပစ်မိတဲ့ ငါတို့ရင်ထဲက
စိတ်တွေရင်ဖိုလှိုက်မော ဆွေးတယ် မင်းသွားနေတဲ့လမ်းက
ကျောက်စရစ်ခဲကြေများလည်း ငါကြေကွဲတယ် အဝေးကကြည့်ရင် အစက်အပြောက်လေးအဖြစ်
မြင်နေရတယ် ကွယ်လွန်ခြင်းက ငါတို့ကို လာကျီစားနေတယ် ထိတ်လန့်ဖွယ်ရာများက
ငါတို့ကို ရပ်စောင့်စားနေတယ် ငါပြောမယ် ငါ့မှာ မင်းမျှော်မှန်းနေတဲ့
ပိုက်ဆံမရှိဘူး မင်းကြောက်တဲ့ အကြမ်းဖက်မှုဝါဒ မရှိဘူး တိုးတိုးပြောမယ်
သွေးတိုးနေတယ် ကြောက်လန့်စရာတစ်ခုက အနားမှာ လူ့အာဃာတတွေကိုလည်း
အာကာသအပြင်ကို ပို့ထားချင်ပါတယ် စောင်းစောင်းလေးလာမယ့်
သူငယ်ချင်းဆောင်းကို မျှော်တယ် နှုတ်ခမ်းထောင့်က သွေးတွေသုတ်ပေးမယ်
မင်းအကြင်နာတရားကို မျှော်တယ် မျှော်နေမိတာတွေက ငါနဲ့ ဒီလောက်တောင်ပဲ
အလှမ်းဝေးလား ရပိုင်ခွင့်မရှိဘူးလား အစာရှာကြက်ရဲ့ တောင်ပံခတ်သံတဖျတ်ဖျတ်
ငါတို့ရင်တွေ တလှပ်လှပ် ကမ္ဘာပြားပြီ၊ နေ၀င်ပြီ။ ငါပြောမယ် မီးကို
ကိုင်ကြည့်ရင်ပူတယ် သိစိတ်များက ဆွေးမြည့်လိုက် မသိစိတ်များဟာ
ထိခိုက်ခံရလိုက် ငါမရေးတော့တဲ့ နောက်စာသားတွေဟာလည်း အမှောင်ထဲ
တိုးဝင်ပုန်းကွယ်နေတာကို ၀မ်းနည်းဖွယ်ရာ ငါတွေ့ရှိလိုက်ပါတယ် လေညင်း
မဟုတ်ရင် တစ်ခုခုနဲ့ ပွတ်တိုက်ပစ်လိုက်။


စိုးမင်းအောင်၊ မောင်မင်းစိုး
PM;5:30 (24.2.2010)


(ဒီကဗျာလေးဟာ တစ်ညနေ ကဖေးဆိုင်မှာ ကော်ဖီတစ်ခွက်စီသောက်ရင်း
နှစ်ယောက်ပူးပေါင်းပြီး ကဗျာရေးချင်စိတ် ပေါက်တာနဲ့ တစ်ယောက်တစ်ကြောင်း၊
တစ်ပိုဒ်၊ အဲဒီလိုမျိုး ရေးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကဗျာကို
ကလောင်းနှစ်ခု တပ်လိုက်ပါတယ်။)




ကဗျာသတင်း
လာမယ့် မတ်လ(၁၃)ရက်နေ့မှာ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ စာပေလောက(၅)
စာအုပ်ဆိုင်မှာ မိမိတို့ ကိုယ်တိုင်ရေးထားတဲ့ စိတ်ကြိုက် ၀တ္ထု၊
ကဗျာများကို ကိုယ်တိုင်ဖတ်ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သို့အတွက်ကြောင့် စာချစ်၊ ကဗျာချစ်များအနေနဲ့ အဆိုပါနေရာသို့ လာရောက်ပြီး
ဆွေးနွေး ပြောဆို၊ နားထောင်းနိုင်ရန် အသိပေးအပ်ပါတယ်။
ထို့နောက် (၂၀-၂၁-၂၂)နေ့များမှာလည်း အဆိုပါနေရာမှာပင် ကဗျာဆရာများမှ
ကဗျာစာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲနဲ့ ကဗျာစာအုပ်ဈေးရောင်းပွဲတော်ကိုလည်း(
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်) ကျင်းပသွားမယ်လို့ သိရပါတယ်။ မည်သူမဆို
လာရောက်ပြီး နားထောင်၊ အကြံပြု၊ ၀ယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
ရွှေနံ့သာ