Sunday, August 15, 2010

ခေါင်းဆောင်သူများရဲ့ ပြယုဂ်များ



လူငယ်နဲ့ ခေါင်းဆောင်မှု.... အဆက်

ကမ္ဘာကျော်ခဲ့သူတွေကို အနည်းငယ်ထုတ်ပြမယ်။ သူတို့ဘာဖြစ်လို့ကဗျာကျော်ခဲ့ကြတာလဲ။ သေချာဆန်းစစ်လေ့လာကြည့် တော့ ကြိုးစားခဲ့ကြလို့ပဲ။ အောက်ဖော်ပြမယ့် ပုဂ္ဂိုလ်များစွာထဲက အယ်ဒီဆင်အကြောင်းလေး အနည်းငယ်မျှသာ မိတ်ဆက်ပေး လိုပါတယ်။
အယ်ဒီဆင်
လင်ကွန်း
နပိုလီယံဟီးလ်
အင်ဒရူးကာနက်ဂျီ
ယ်လင်ကဲလား
ဟာရိုးရပ်ဆယ်
မတ်တွိုင်း
ချားလ်စ်ဒစ်ကင်း
မိုက်ကယ်အိန်ဂျလို
လီယိုနာဒို ဒါဗင်ချီ
လီယူဝင်ဟုတ်
မစ္စတာဂျင်းနား
ဂျက်လန်ဒန်
ဘေထိုးဗင်
မိုက်ကယ်ဖာရာဒေး
မဒမ်ကျူရီ
မီကိမိုတို
လိုဘွန်စွီး
ဒါတွတ်စ်လင်ဂိုတောင်
ရိုဘင်အက်စ်ကေလို့စ်
ဟင်နရီဖို့ဒ် အဲဒီပုဂ္ဂိုလ်တွေက အလွှာမျိုးစုံကနေ နာမည်တွေကြီးခဲ့တယ်။ ကြိုးစားခဲ့ကြတယ်။ အောင်မြင်ကျော်ကြားခဲ့ကြတယ်။ အားလုံးကလည်း စံအဖြစ်သတ်မှတ်ခဲ့ကြတယ်။ တကယ်တော့ ဒါတွေအားလုံးကို ခြုံကြည့်လိုက်တော့ သူများနဲ့မတူအောင် ကိုယ်နယ် ပယ်အသီးသီးမှာ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြလို့ဆိုတာ သိသာပါတယ်။
ဒီပုဂ္ဂိုလ်တွေအားလုံးကိုတော့ မိတ်ဆက်မပေးလိုတော့ပါဘူး။ အများသိပြီးဖြစ်တဲ့ အယ်ဒီဆင်အကြောင်းလေးကိုပဲ အတု ယူစေချင်လို့ မိတ်ဆက်ပေးလိုက်ပါတယ်။

တီထွင်ပညာရှင် သောမတ်အယ်လ်ဗာအယ်ဒီဆင်
ဖန်တီးမှု၊ တီထွင်မှု၊ လေ့လာမှုအားကောင်းလွန်းလှတဲ့ အယ်လ်ဒီဆင်ကို ၁၈၄၇၊ဖေဖော်ဝါရီ၁၁ရက်မွေးဖွားခဲ့ပါတယ်။ သူဟာ ကျောင်းစာကိုလည်း ကောင်းကောင်းသင်ကြားခဲ့ရတဲ့သူမဟုတ်ပါဘူး။ တစ်ရက် သူ့အမေဟာ အယ်လ်ရဲ့ကျောင်းဆရာဖြစ် သူကို ပညာဝန်လာတော့ ကျောင်းဆရာက စိတ်မနှံ့ကြောင်း ပြောဆိုသံကြားရတော့။ ကျောင်းကိုသွားပြီး ''ဒီမှာ ရှင်ကျွန်မသားနဲ့ပတ်သက်လို့ပညာဝန်ကို ဘာပြောတယ်ဆိုတာ ကျွန်မသိတယ်။ စိတ်မနှံ့တဲ့ အဆန်ချောင်တစ်ယောက် ဒီမှာရှိတယ်ဆိုရင် တစ်ခြားလူမဟုတ်ဘူး၊ အဲဒီလူဟာရှင်ဘဲ။ အယ်လ်ရဲ့ ဥာဏ်တစ်ဝက်လောက်ရှင့်မှာရှိမယ်ဆိုရင် ရှင့်ကိုယ်ရှင် ကံထူးသူလို့မှတ်ပါ၊ ကျွန်မပြောတာတွေမှတ်ထား''အဲဒီလို အမေဖြစ်သူဟာ အယ်လ်ရဲ့ဆရာကို ရန်တွေ့ပြီး ကျောင်းထုတ်လိုက်တာ တစ်သက်လုံး ကျောင်းပြန်မနေရတော့ပါဘူး။ အယ်ဒီဆင်ဟာ အတန်းကျောင်းမှာ နှစ်လပဲနေခဲ့သူသာဖြစ်ပါတယ်။
သူဟာအကြောင်းအရာတစ်ခုကို အကြိမ်ကြိမ်ကြိုးစားတယ်။ အဖြေရှာတယ်။ မနေမနားအလုပ်လုပ်တတ်တယ်။အနှစ်ငါးဆယ်လောက်ဟာ တစ်ညမှာ ငါးနာရီပဲအိပ်ပါတယ်။ တစ်ခါတစ်လေမှာတော့ စမ်းသပ်ခုံပေါ်မှာ တစ်မှေးလောက်အိပ်လိုက်ရုံနဲ့ အိပ်ရေးဝပြီး အလုပ်ကို ဆက်လုပ်တတ်ပါတယ်။ ဝီရိယအရာမှာ ဇွဲမလျော့သူလို့ ပြောစမှတ်ပြုခံခဲ့ရတယ်။ ရထားတွဲတွေ မီးလောင်၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကခိုင်မာ။ လူငယ်ဘဝကထဲက အမျိုးမျိုး ညှင်းပန်းနှိပ်စက်မှုတွေခံခဲ့ရတယ်။ ခေါင်းတွေ အကြိမ်ကြိမ် ထုနှက်ခံခဲ့ရတယ်။ မြစ်ထဲကို လည်ကုတ်ကနေဆွဲပြီး ပစ်ချတာမျိုးတွေ ခံခဲ့ရတယ်။ အဲဒီလို ပင်ပန်းဆင်းရဲစွာ လှုပ် ရှား ရုန်းကန်ခဲ့တဲ့ အသီးအပွင့်တွေဟာလည်း မနည်းမနောလို့ ပြောရမှာပေါ့။ တစ်ခါက သတင်းထောက်တစ်ယောက်က သူ့ကို မေးခွန်းတစ်ခု မေးတယ်။
''ခင်များအကြိမ်တစ်ထောင်တိုင် မီးဇာထည့်လို့ မအောင်မြင်ရင်ကောဗျာ'' လို့ သတင်းထောက်မေးတယ်။
သူကလည်း '' ကျုပ်တစ်ထောင့်တစ်ကြိမ်အထိ ထည့်မှာပေါ့ ''တဲ့ သူဟာ ဒီလိုပဲ အကြိမ်တွေ၊ ကိန်းဂဏန်းတွေ မကုန်မချင်း မေးမယ်ဆိုရင်လည်း ဖြေနေဦးမယ့်သူ၊ မအောင်မမြင်ခြင်းလည်း ဆက်လက်ပြီးသာ စမ်းသပ်နေမည်သူဖြစ်တယ်။ နောက်တော့လည်း သူ့ရဲ့အောင်မြင်မှုဟ သူ့ခေတ်မှာတော့ ပြိုင်ဘက်ကင်းလောက်အောင်ကို ကြီးကျယ် ခန်းနားခဲ့တယ်။ တကယ့်တော့ ပညာတတ်ဖို့ဆိုတာ အတန်းတွေအောင်ဖို့၊ ဂုဏ်ထူးတွေရဖို့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရဖို့မဟုတ်ဘူး။
ကြိုးစားအားထုတ်နေဖို့ပဲ အခုလိုအောင်မြင်မှု သရဖူတွေအလီလီဆောင်းနိုင်ခဲ့တာကလည်း ပါရမီကြောင့်လဲမဟုတ်ပါဘူး။ မျိုးရိုးကြောင်းလဲမဟုတ်ပါဘူး၊ မွေးဇာတာကောင်းခဲ့လို့လည်းမဟုတ်ပါဘူး။ သူ့ရဲ့ မလျော့သောဇွဲနဲ့ ကြိုးစားအားထုတ်ခဲ့လို့သာဖြစ် ပါတယ်။ သူဟာ ၁၉၃၁ခု၊ အောက်တိုဘာ၁၈ရက်နေ့မှာကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်မှာတော့ သူ့အသက်ဟာ အသက်၈၄နှစ် ရှိပြီပေါ့ ဒါပေမယ့်အယ်လ်ဒီဆင်ဟာ သေသည်အထိ အလုပ်လုပ်ခဲ့တယ်။
သိတဲ့အတိုင်း သူရဲ့ကြိုးအားထုတ်မှုတွေကြောင့် ကမ္ဘာကြီးဟာ နေမဝင်အင်ပါယာဖြစ်ခဲ့တယ်။ အခုခေတ်မှာ သတင်းခေတ် ဖြစ်သည့်အားလျော်စွာ သူ့တီထွင်ခဲ့တဲ့ ဓာတ်ပုံကင်မရာတွေဟာ အရေးပါအရာရောက်နေခဲ့ပြီ။ တစ်ခဏချင်း သိနိုင်တဲ့ကြေးနန်း စနစ်ဆိုတာတွေဟာ သူ့စတင်တီထွင်ခဲ့တာဖြစ်တယ်။ ဖျော်ဖြေရေးခေတ်ကြီးမှာ လူသားတွေအတွက် ရုပ်ရှင်ပြစက်တွေဟာ အရေး ပါပြန်တယ်။ ဒါတွေကိုလည်း သူပဲစတင်တီထွင်ခဲ့တယ်။ နောက်ဆုံး သူအနေနဲ့ တီထွင်ပြီး မူပိုင်ယူခဲ့တဲ့စုစုပေါင်းမှာ ၂၅ဝဝထက် နည်းမည်မထင်ပါဘူး။ အဲဒီလောက် အမြောက်အမြားကို တီထွင်နိုင်ခဲ့တယ်ပေါ့။ ဒီတော့ ကိုယ်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ လို အပ်နေတဲ့ ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ ဘယ်လိုကြိုးစားပြီး ဖြေရှင်းပေးနိုင်မလဲ။ ဘယ်လို တီထွင်ပေးနိုင်မလဲ။ လုပ်စရာတွေ ကတော့အများကြီး ရှိနေပါလိမ့်မယ်။ ကြိုးစားပြီး တစ်ယောက်အားနဲ့ မဖြေရှင်းနိုင်ရင် အများပါဝင်လာအောင် စုစည်းပြီး ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ စီမံကိန်းမျိုးလောက် ရေးဆွဲတတ်ရင်လည်း မဆိုးလှပါဘူး။ ကိုယ့်ဆွဲထားတဲ့ စီမံကိန်းအတိုင်းလည်း အယ်လ် ဒီဆင်လို စိတ်ဓာတ်မကျဘဲ မဖြစ်ဖြစ်အောင်လုပ်ပြမယ်ဆိုတယ် စိတ်ဓာတ်တွေ မွေးနိုင်ဖို့လည်း အရေးကြီးပါတယ်။
လူငယ်တစ်ယောက်ဟာ တက်ကြွတဲ့စိတ်ဓာတ်နဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကြိုးစားမှုနဲ့ လုပ်မယ်ဆိုရင် တစ်နေ့မှာ တော့ အောင်မြင်မှု သရဖူကို မုချလက်ဆုပ်လက်ကိုင် ရရှိမှာသေချာပါတယ်။ ဒီတော့ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ် ဘူးဆိုတဲ့ စကားအတိုင်း အိုင်တီခေတ်ကြီးမှာ နောက်ကျကျန်ရစ်လို့တော့ မဖြစ်တော့ဘူး။ ဒီလိုဆိုရင်တော့ နောက်လူတွေအနေနဲ့ တစ်ယောက်ပြီး တစ်ယောက်ကိုယ့်ကိုယ် ကျော်တက်သွားမယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုဆိုရင်တော့ ရှေ့တန်းမှာ မတုန်မလှုပ်ရပ်နိုင်ဖို့ ပျင်းရိလေးနေလို့တော့ မဖြစ်တော့ဘူးပေါ့။ ဒီတော့ ဘာတွေလုပ်မလဲ။