Friday, July 17, 2009

ဘလော့ဂ်တင်သူများနှင့် အခက်အခဲ


ဒီဘလော့ဂ်လေးကို သူငယ်ချင်းနေသစ်မှူးက ရွှေမြန်မာကနေ လွယ်လင့်တကူ
ကြည့်ရှုနိုင်ဖို့ဆိုပြီး ဒိုမိန်းလေးဝယ်ပေးမယ်ဆိုတော့ ကျေးဇူးတင်မှုများစွာနှင့် ဒီ
ဘလော့ဂ်လေးကို www.shwenantthar.com အဖြစ် ပြောင်းလဲတော့မှာ ဖြစ်တဲ့
အကြောင်း ဘလော့ဂ်ချစ်သူများ သိစေရန် အသိပေးအပ်ပါသည်။

ပြည်ပရောက်နေတဲ့ တောသားတွေအတွက်








အမိမြေနဲ့ ဝေးကွာပြီး အခြေအနေအမျိုးမျိုးနဲ့ အဝေးရောက်နေခဲ့ကြတဲ့ တောသားတွေများ စွာ ရှိနေကြပါလိမ့်မယ်။ အခုတင်လိုက်တဲ့ ပုံလေးတွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က ချောင်းထဲမှာလူကြီးသူမတွေရဲ့ အဆူအငေါက်ကို ခံကြရပြီး ချောင်းထဲမှာ ရေချိုးသွားခဲ့ကြဖူးပါလိမ့် မယ်။ အခု ဆော့ကစားနေတဲ့ ကလေးငယ်များဟာ ချောင်းထဲမှာ အပြစ်ကင်းစင်စွာ ပြေးလွှားကြရင်း ဆော့ကစားနေကြတဲ့ ပုံလေးတွေဖြစ်ပါတယ်။ နောက် ဘုန်းကြီးကျောင်းသားဘ၀နဲ့ ကြီးပြင်းခဲ့ကြတဲ့ လူတွေလည်း တော်တော်များများ ရှိနေကြပါလိမ့်မယ်။ အခု ဘုန်းကြီးကျောင်းသားဘ၀၊ကိုရင်ငယ် ဘ၀က တစ်အိမ်ဝင်တစ်အိမ်ထွက် ဆွမ်းခံခဲ့ကြတဲ့ အဖြစ်အပျက်လေးတွေကို အမှတ်ရစေဖို့ ဆွမ်းခံ ပုံလေးတွေလည်း တင်လိုက်ရပါတယ်။ နောက် တောသူတောင်သားများဟာ မိမိတို့ရဲ့ကျေးဇူးရှင် များဖြစ်တဲ့ နွားတွေအတွက် နွားစာတွေလိုက်ရိပ်ကြတာတွေလည်း ပြုလုပ်ခဲ့ကြဖူးပါလိမ့်မယ်။ နောက် တစ်ယောက်အကျိုးတစ်ယောက် ကူညီပြီး စေတနာအပြည့်နဲ့ လုပ်အားဒါနတွေပြုခဲ့ဖူးကြတါ လေးတွေလည်း ရှိကြပါလိမ့်မယ်။ ဒါဟာ ချစ်စရာကောင်းတဲ့ တောဓလေ့လေးတွေပေါ့။ အလုပ်သ မားအခွင့်အရေးကို ချိုးဖောက်ပြီး အဓမ္မလုပ်အားပေးခိုင်းစေချက်ဆိုတာ ဒီလိုဟာတွေမဟုတ်ပါဘူး။ ဒါတွေဟာ ချစ်စရာကောင်းတဲ့ ရွှေမြန်မာတွေရဲ့ တောဓလေ့လေးတွေဆိုတာ သိစေချင်းလွန်းတာ ကြောင့် ၀ိုင်းဝန်းပြီး တက်တက်ကြွကြွလုပ်နေပုံလေးတွေကို တင်လိုက်ပါတယ်။
ရွှေနံ့သာ


လောကပြတင်း ရွှေနံ့သာစာကြည့်တိုက်





ဒီစာကြည့်တိုက်လေးကို ဖွင့်လှစ်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အခုဆိုရင်အသင်းဝင်း နှစ်ရာငါး ဆယ်ဝန်းကျင်လောက်ရှိပါပြီ။ အုပ်စုစာကြည့်အဖြစ်လည်း ခေါ်ဆိုလို့ရပါတယ်။ ဒီအုပ်စုလေးဟာ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ၊အင်းအုပ်စု၊ နံ့သာကုန်းကျေးရွာဖြစ်ပါတယ်။ အုပ်စုရွာများကတော့ အင်း၊သဲတန်း၊နံ့သာကုန်း၊ပေါက်သဖ၊သာစည်၊မန်ကျီးကုန်း၊လက်ပံတန်း-ဆိုပြီခုနှစ်ရွာဖြစ်ပါတယ်။
ဒီစာကြည့်တိုက်လေးကို နံ့သာကုန်းကျေးရွာ၊ ကမ္ဘာ့ရန်ကင်းကျောင်းတိုက် အတွင်းရှိ၊ သိမ် ကျောင်းထဲဖွင့်လှစ်ထားပါတယ်။ ဦးစီးဦးဆောင်သူကတော့ စာရေးဆရာ၊ ကဗျာဆရာ-မောင်မင်းစိုး၊ ရွှေနံ့သာမှ၊ငယ်စဉ်တောင်ကျေး ကလေးငယ်ဘ၀မှ စုဆောင်းထားသော စာအုပ်စာတမ်း(၂၀၀၀)၀န်း ကျင်ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အခုအခါမှာ စာအုပ်ပေါင်း သုံးထောင်ကျော်ထိ များ ပြားလာခဲ့သည်။ စာကြည့်တိုက်ကိုလည်း ရပ်ရွာကိုအစွဲပြုပြီး ရွှေနံ့သာစာကြည့်တိုက်ဟု အမည်ပေးခဲ့ ပါသည်။ ထိုစာကြည့်တိုက်ကို ဘုန်းတော်ကြီးကျောင်းဝင်းရှိ သိမ်ထဲမှာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ခမ်းနားထည်ဝါသော်လည်း အချို့တောသူတောင်သားများ၏ ဘာသာတရားကိုင်းရိုင်းမှုမှာ အင်မ တန်ပင် ရိုသေကိုင်းရိုင်းလွန်းကြပါသည်။ သို့အတွက် အချို့မိန်းကလေးများက သိမ်ထဲမိန်းကလေး မ၀င်ရဟု ခံယူထားသော ရှေးရိုးစွဲအယူများလည်း ရှိနေခဲ့ပါသည်။
ယခုအခါ ထိုစာကြည့်တိုက်ကို နေရာပြောင်းရွေ့လျက် ဖွင့်လှစ်ရန်ပြင်ဆင်နေကြပြီး ယခုဆို လျင် အုတ်မြစ်ချနေပြီဖြစ်ပါသည်။ ထိုစာကြည့်တိုက်ကို ရွာသားဖြစ်သော ခေတ္တကိုးရီးယားရောက် နေသော မောင်ဆန်းထွန်းမှ ဦးဆောင်လျက် ဆောက်လုပ်နေခြင်းဖြစ်ပါသည်။ သူ၏တောင်းဆိုချက် အရ ယခင် ရွှေနံ့သာစာကြည့်တိုက်၏ အမည်ကို ရှေ့မှ လောကပြတင်းထည့်လျက် လောကပြတင်း ရွှေနံ့သာစာကြည့်တိုက်ဟုအမည်ပြောင်းလဲရန်ရှိပါသည်။ ထိုသီးသန့်ဆောက်လုပ်နေသော စာကြည့် တိုက်ကြီးပြီးလျက် ဆိုင်းပုဒ်တင်ခြင်း၊ဖွင့်လှစ်ခြင်း၊ဟောပြောပွဲပြုလုပ်ခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုအခမ်းအနားမှစပြီး ယခင်နာမည်ဟောင်းအစား လောကပြတင်းရွှေနံ့သာစာကြည့်တိုက်ဟု အသိ မှတ်ပြုရန်နှင့် အလှူရှင်မောင်ဆန်းထွန်း၏ စေတနာအားသာဓုခေါ်နိုင်ရန် ဓာတ်ပုံလေးများတင်လိုက် ရပါသည်။ တဆက်ထဲ စာကြည့်တိုက်လေးရဲ့ နမူနာပုံစံနဲ့ လက်ရှိစာကြည့်တိုက်အတွင်းရှိ စာအုပ် များကိုလည်း တင်လိုက်ပါတယ်။
ရွှေနံ့သာ

Tuesday, July 14, 2009

ရွှေနံ့သာစာကြည့်တိုက်နှင့်အနာဂတ်အဖူးအပွင့်များ





လူ့ဘဝကို လူသားဆန်စွာ လျှောက်ရဲ့ဖို့၊နေထိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်၊ လူသားဆန်ဖို့ ဘာတွေလုပ်ကြမလဲ၊ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေလုပ်နေဦးမှာလဲဆိုတဲ့ လဲပေါင်းများစွာသော ပေတံများနဲ့ တိုင်းတာကြရမှာ ဖြစ်ပါတယ်။ဒီတော့ လူသားတိုင်းဟာ ဘဝမှာ အသက်ရှင်နေရခိုက် လူဖြစ်ရကျိုးနပ်ပါသလားဆိုတဲ့ မေးခွန်းမျိုးကို ကိုယ်တိုင်ထုတ် ပြီး အဓိပ္ပါယ်ရှိစွာ ဖြေဆိုကြရမှာဖြစ်ပါတယ်။ လူသားတစ်ယောက်အနေဖြင့် လူသားဘဝ ရခဲမှုကို ဘာတွေနဲ့ဆန်းစစ် လေ့လာမလဲဆိုတဲ့ အဖြေကိုကိုယ်တိုင် ဖြေကြည့်လိုက်တော့ လူသားကောင်းကျိုးပြု ဘာတွေလုပ်မလဲဆိုတဲ့ မေးခွန်းကိုမေးလိုက်ရင်း စာကြည့်တိုက်တစ် ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ထိုကဲ့သို့ အများကောင်းကျိုးကို ဦးတည် လျက် လူသားကောင်းကျိုးပြု လုပ်ငန်းတွေလုပ်ခဲ့သော်လည်း လူသားတို့ရဲ့စိတ်သည် အားလုံးတူညီနေမည်မဟုတ် သို့အတွက် ''အများအကျိုးရွက်သည်ပိုးက ခနို့ခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှု နှင်လော'' ဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့ ထုံးနှလုံးမူပြီးတော့ ဖြစ်ပေါ်လာမယ့် အန္တရာယ် အမျိုးမျိုးရဲ့ရန်ကို ကာကွယ်ဖို့၊ ဘယ်တော့မှ အရှုံးပေးမှုမျိုးနဲ့ ရပ်တန့်သွား မှာမဟုတ်ဟူသော ရည်ရွယ်ချက်ဖြင့် အဆက်မပြတ် လည်ပတ်စေရန် ရည်ရွယ်ပြီးတော့ စကြာဆိုတဲ့ အမှတ်တံဆိတ်လေးကို လိုဂိုအဖြစ် အသုံးပြု လိုက်ပါတယ ထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒါကတော့ စာကြည့်တိုက် မှာရှိတဲ့ လူတွေရဲ့ အများသိဆောင်ပုဒ်လေးကို သဘောတူစွာ လက်ခံပြီးတော့ ရွေးခြယ်ထား တဲ့ လက်ကိုင်စွဲမယ့် ဆောင်ပုဒ်လေးအဖြစ် ထားလိုက်ပါတယ်။

လူသားများစွာ အသိပညာ ဖွံ့ဖြိုးစေပြီး လူသားဆန်သော လူ့အခြေခံ ကျင့်ဝတ်တရားများ လိုက်နာစေလျက်၊ အဆင့် မြင့်မြင့် လူ့အဖွဲ့စည်းလေးတစ်ခု တည်ထောင်နိုင်ရန်-ပန်းတိုင်းကို ချမှတ်ထားခဲ့ပါတယ်။ လူသားများ အသိပညာဖွံ့ဖြိုးရေး၊အချို့သော ဘွဲ့ရပညာတတ်များ လူတောမတိုးရဲဘဲ ရပ်ရွာ ပြန်ပြီး လယ်တောထဲမှာပဲ ဘဝတွေကို မြုပ်နှံမှုတွေနဲ့ တစ်စတစ ကင်းပျောက်လာစေရေး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ လယ်ထဲဆင်းပြီး ဘဝတွေ စတေးနေရမှုများကို ထုတ်ဆယ်နိုင်စေရေး၊ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အရေးကိစ္စများ၊တာဝန်များကို ထမ်း ဆောင်ရာဝယ် ခေါင်းဆောင်နိုင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမှန်တရားပေါ် ရပ်တည် ပြီးတော့ မဟုတ်မခံစိတ်ဓာတ်ဖြင့် အကြောက်တရားများကို တွန်းလှန်နိုင်စေရေး၊ လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း နေလို့မရသော သတ္တဝါဖြစ်သည့်အားလျော်စွာ အများနှင့် စုပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်များ၊ညီညွတ်မှုအင်အားများ၏ တန်ဘိုးကိုနား လည်စေပြီး အတူတကွလုပ်ဆောင်မှုများ ပြုလုပ်လာနိုင်စေရေး၊ လူ့တန်ဘိုးကို နားလည်သူ ပီပီ လူသားအခွင့်ရေးများ ရရှိပိုင်ဆိုင်မှု အခြေအနေများကို သိမြင်နားလည်လာစေရေး ဆိုတဲ့ အရေးကိစ္စများကို ရည်ရွယ်ပြီး အားလုံးသဘောတူ တိုင်ပင်လျက် စာကြည့်တိုက်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။



ထိုစာကြည့်တိုက် တည်ရှိရာဒေသဖြစ်သော ရွာကလေး၏ အခြေအနေကို ရှုကြည့်လိုက်တော့။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊အင်းအုပ်စု၊နံ့သာရွာဟု အမည်ရသော ဒေသလေးဖြစ်နေလေသည်။ အားလုံးလိုလို ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြပြီး။ အထက်မြန်မာပြည် အညာဒေသမှာ တည်ရှိနေလေသည်။ သူတို့သည် များသောအာဖြင့် တောင်သူကိုသာ လုပ်ကိုင်စားသောက်နေထိုင်ကြပြီး ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်း နေခဲ့ကြလေသည်။တောင်သူတို့သည် များသောအားဖြင့် မိုးလေဝသကိုသာ မင်းမူပြီးတော့ အသက်ရှင် နေထိုင်ကြရသည်မှာ ဆိုဖွယ်ပင်လိုမည်မထင်ပေ။ တော်ဖလာြေ<ွကးကြော်ခဲ့သော တတိယလှိုင်းထဲသို့ ဝင်ရောက်နေရာယူဖို့ တော်တော်လေးပင် ရုန်းကန်နေကြရဦးမည်သာဖြစ်သည်။ မိုးတွင်းဆိုလျင် လမ်းတံတားများ မကောင်းသဖြင့် လူနာများ အသွားအလာခက်ခဲသ ဖြင့် ဆေးရုံအမှီ မပို့နိုင်သဖြင့် သေကျေပျက်စီးရတဲ့အထိပင် ရှိနေသေးသည့်နေရာလေးပင် ဖြစ်သည်။





အနောက်ယွန်းယွန်းရှိ ပုံတောင်ပုံညာနှင့် ဆက်စပ်နေသော တောင်များသည်လည်း အဆိုပါဒေသတွင်းရှိ လူများ၏ စားကျက်ဟုဆိုရလိမ့်မည်။ မျှစ်ချိုးခြင်း၊ပျားရှာခြင်း၊တော လိုက်ခြင်း၊မှိုရှာခြင်း စသောအလုပ်များသည် ထိုဒေသတွင်းရှိလူများ၏ မှီခိုအားထားရာဖြစ် သော စားကျက်ကောင်းကြီးတစ်ခုပင် ဖြစ်လေသည်။ အရှေ့ဘက်မှာတော့ အင်းရွာ၊ လက်ပန်တန်းရွာ၊သဲကုန်းရွာ၊ မန်ကျီးကုန်းရွာ စသော ရွာများသည် ညီအစ်ကိုအရင်းပမာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြပြီး တစ်ယောက်ကိုတစ်ယောက် တစ်ရွာကို တစ်ရွာ ကူညီ ရိုင်းပင်းလျက် နေထိုင်နေခဲ့ကြသည်။ အနောက်မြောက်ဘက်ခပ်လှမ်းလှမ်းမှာတော့ ပေါက် သဖရွာလေး တည်ရှိနေသည်။ အနောက်တောင်ဘက်မှာတော့ သာစည်ရွာရှိသည်။ အဆိုပါ ရွာများသည် အထက်ကပြောခဲ့သလို တစ်ရွာနှင့်တစ်ရွာ အပြန်ပြန်အလှန်လှန် ရင်းနှီးဖလှယ် ကြသော အုပ်စုတွင်းရှိ ရွာလေးများဖြစ်လေသည်။ အုပ်စုတွင်းရွာ မဟုတ်သော်ညား အခြားသော တစ်မိုင်သာသာရှိ ရွာများဖြစ်သော မုံသွင်၊လှိုင်း၊ချင်ပြစ်၊ကြာစည်၊ပိတောက်ကုန်း၊ ရွှေလှံ၊ရွာနောင် စသောရွာများသည်လည်း ထိုအတူပင် ဂေါစရဂါမ်ရွာများ အဖြစ်တည်ရှိနေ ခဲ့လေသည်။ အဆိုပါရွာများသည် အထက်ကပြောခဲ့သော ပုံတောင်ပုံညာ၏ ဆက်စပ်နေသော တောင်များနှင့် ယမားချောင်းကြီးကို အမှီပြုလျက် ဘဝကိုဆက်လက် ရပ်တည်နေခဲ့ ကြလေသည်။

မိမိမှတ်မိနေသေးသော အဖြစ်အပျက်တစ်ခုကို ပြောဆိုရလျင် မိမိတို့အလွန်ငယ်သေးသော ကလေးဘဝ(၁၉၈၃) ဝန်းကျင်လောက်ကထင်သည် မိုးများခေါင်သဖြင့် ရာသီဥတု ကိုသာ အားကိုးနေကြရသော တောင်သူများအနေဖြင့် တော်တော်လေးကို အစာရေစာပြတ် လပ်မှုဆီသို့ ဦးတည်သွားခဲ့ကြရသည်။ ထိုစဉ်က အဆိုပါဒေသတွင်းရှိ ရွာသူ၊ရွာသားများ သည် ကျွေးဟုခေါ်သော အဥတစ်မျိုးကို တူးဖော်လျက် အခြားသော ပြောင်း၊ ဆန်ဖွဲ၊ ပြောင်း ဖူးများဖြင့် ရောနှောလျက် ဘဝကို ရှင်သန်ခဲ့ကြရသည်။ အမှန်က အဆိုပါ ကျွေးဟုခေါ်သော အဥတစ်မျိုးသည် လူကိုသေစေနိုင်လောက်အောင် အဆိပ်အတောက်များရှိခဲ့လေသည်။ ထိုစဉ် က ကျွေးဥများကို ကြက်သွန်ဖတ်များလို ပါးပါးလှီးလျက် စဉ့်အိုးများဖြင့် တိတ်ထားခဲ့ကြရသည်။ တစ်ပတ်လောက်ကြာမှ အဆိုပါအဖတ်များကို ချောင်းထဲသွားပြီး နင်းနှယ်လျက် အဆိပ်ရည်များကို ထုတ်ဆောင်ကာ ချက်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ပေါင်း ၍လည်းကောင်း စားသောက်ခဲ့ကြရသည်။ ယခုကဲ့သို့ ရာသီဥတု၏ နှိပ်စက်မှုဒဏ်သည် ယနေ့ခေတ်မှာဆိုလျင် တစ်စတစ်စထက် ပိုမိုဆိုးရွားလာခဲ့လေသည်။ ထို ရာသီဥတု၏ ဆိုးရွား မှုများကို အန်တုဖို့ လူသားများ အသိပညာ၊အတတ်ပညာများ ပြည့်နေဖို့ တတ်ကျွမ်းနေဖို့ လိုလေသည်။

အချို့ကတော့ ရာသီဥတုကို အားမကိုးတော့ အခြားသောလုပ်ငန်းများကို လုပ်ဆောင်စေပြီး ဘဝကိုဆက်လက်ရွက်လွင့် ထွက်ခွါနေခဲ့ကြလေသည်။ ထိုကျွေးဟုခေါ် အဥများကို အထက်ကပြောပြခဲ့သော တောင်များမှ ဘဝများစွာကို ကယ်တင်ခဲ့လေခြင်းပင် ဖြစ်သည်။ ထိုတောင်များသည် သဘာပတ်ဝန်းကျင် ထိမ်းသိမ်းရေးြေ<ွကးကြော်သံများ မိုး ထိအောင် အော်နေခဲ့သော်လည်း အဆိုပါရွာများသည်ကား ထိုတော၊တောင်မှပင် ရာသီဥတု မညီမျှလျင် တော၊တောင်များကို ခုတ်ဖြတ်လျက် ထင်းများ၊သစ်များ၊ဝါးများကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ခုတ်ဖြတ်ကာ ရောင်းဝယ်စားသောက်ကြရဦးမည်သာ။ တစ်နေ့ထက်တစ်နေ့ ကမ္ဘာကြီးသည် အိုဇုန်းလွှာ ပါးလာမှုဟုသော ဆိုးမွေကို လူးလဲစွာ ခံစားနေခဲ့ကြရသည်။ စက်ပစ္စည်းများ အမှိုက်ပုံမီးရှိုးမှုများစသော ကိစ္စများစွာတို့ မှ အိပ်ခ်ျတူးအိုး ပြဿနာများဖြင့် ရင်ဆိုင်နေခဲ့ရလေပြီ။ အချို့နေရာများမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊နေပြင်းစွာ ပူလောင်ခြင်း၊ အချို့နေရာများမှာ လွန်စွာပင် ချမ်းအေးခြင်း စသော ရာသီ ဥတု၏ ဆိုးမွေများကို လူသားများစွာတို့ လူးလဲစွာ အန်ကြိတ်လျက် ခံစားနေခဲ့ကြ ရသည်။ အချို့ဒေသများမှာ ငလျင်ပြင်းစွာလှုပ်ခြင်း၊ ရေလွမ်းမိုးခြင်း၊ မုန်တိုင်းများ အမည်အမျိုး မျိုးဖြင့် နှောက်ယှက် နှိပ်စက်မှုကို ကြီးစွာခံစားနေခဲ့ကြရလေသည်။

လူသားများသည် စက်ရုပ်ဆန်ဆန် ရုန်းကန်လျက် ဘဝကို ပင်ပန်းကြီးစွာ ရပ်တည် နေခဲ့ကြရလေသည်။ ယခုဖြစ်ပေါ်နေသော ကမ္ဘာ့ စီးပွားပျက်ကပ်ကြီးသည်လည်း အညာဒေ သများသို့ထိ ဦးတည်လျက်ရှိနေခဲ့လေသည်။ များသောအားဖြင့် အညာသူ၊သားများဆိုသည် မှာ မိရိုးဖလာဖြစ်သော တော၊တောင် လယ်ယာကိုသာ အမှီပြုလျက် မောင်းနှင်နေကြရခြင်း ဖြစ်သည်။ အချို့ဆိုလျင် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကပင် လယ်တောထဲမှာ သာ အချိန်ကို ကုန်လွန်စေလျက် ဘဝကိုခက်ခဲ ပင်ပန်းစွာရုန်းကန်နေခဲ့ကြရင်း ဘဝတွေသေ ကြေသည်အထိ ရွက်လွင့်ခဲ့ကြရသည်။ တစ်ချို့ဆိုလျင် ယခုအချိန်ထိပင် တစ်နေ့ဝင်ငွေဖြင့် ပင် မိသားစုဘဝကို အလျဉ်မှီစေဖို့ စားဝတ်နေရေးအတွက် ရင်ဆိုင်ဖြေရှင်းနေကြရဆဲပင်။မိမိတို့ ရွာများသည် မိုင်းသုံးဆယ်လောက်သာ မုံရွာမြို့နှင့်ဝေးကွာခဲ့ပေမယ့် တစ်နေကုန်အောင် သွားလျက် ခရီးဆက်နေကြရဆဲပင်ဖြစ်သည်။ တစ်နာရီ ခရီးမျှလောက်ကို ခက်ခဲပင်ပန်းစွာ သွားလာနေကြရခြင်းဖြစ်သည်။ အမှန်ကား ထိုကားလမ်းကြီးသည်ကား အခိုင်အမာ ရှိပြီးဖြစ်သည်။ သို့သော် ယခုအခါသော်ကား သွားလို့ပင်မဖြစ်အောင် လမ်းများ၊တံတားများ ပျက်စီး ယိုယွင်းနေခဲ့လေသည်မှာ မိမိတို့ငင်စဉ်ဘဝကပင်ဖြစ်သည်။

ထိုကဲ့သို့ အသွားအလာ ခက်ခဲ ပင်ပန်းသော နေရာမျိုးလေးမှာ ဘာလုပ်ပေးရမလဲဆိုတဲ့ အသိက ကလေးဘဝငယ်စဉ် အချိန်ကတည်းကပင် ခေါင်းထဲမှာ သန္ဓေတည်လာခဲ့သည်။ ထိုနေ့က နေသာပြီးသာယာတဲ့နေ့တစ်နေ့။ အညာနွေ ပူပူလေး၏ မခို့တရို့ ကျီစယ်မှုကို စပ်ဖျင်းဖျင်းလေး ရနေခဲ့သေးသည်။ ရွာဦးကျောင်း၏ အသံချဲ့စက်မှတဆင့် ဖိတ်ခေါ်သံများသည် တစ်ရွာလုံး ဖုံးလွှမ်းသွားခဲ့လေသည်။ များမကြာခင်မှာပင် လူကြီး၊ လူငယ်မရွေး တဖြေးဖြေးဆိုသလို အညာနွေ ပူပူတောထဲ ခမောက်များ၊ထီးများ၊ အညာတဘက်များကို အပူဒဏ်ဘေးမှ ကာကွယ်လျက် အသံချဲ့စက်ကြားရာ ရွာဦးကျောင်း ဆီသို့ ဦးတည်လာနေခဲ့ကြသည်။ ထိုနေ့က ၂ဝဝ၈-ခု၊ လလယ်လောက်ဖြစ်သော၊ မေလ(၁၉)ရက်နေ့။ ဗုဒ္ဓဘာသာများဖြစ်သည့် မိမိတို့ အညာသူ၊သားများအနေဖြင့် ထိုနေ့သည်ကား မြတ်စွာဘုရားရှင် ဖွားမြင်ရာနေ့ဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်နေ လေသည်။ ရောက်လာသော စာချစ်သူများကို နာယကဆရာ တော်များ၏ သြဝါဒများနှင့် မိမိမှလည်း တတ်သိသည့် စာပေဗဟုသုတများကို ဟောပြောလျက် ရွှေနံ့သာစာကြည့်တိုက် ကိုအောင်မြင်စွာဖွင့်နိုင်ခဲ့လေသည်။

တစ်နေ့ ရွာပြန်ပြီး စာကြည့်တိုက်တစ်ခု ဖွင့်မယ်ဆိုသည့် အသိများကြောင်း မိမိ ကိုရင်ငယ်ဘဝကပင် ရရှိသောလာဘ်လာဘလေးများဖြင့် စာအုပ်စာတမ်းများကို တတ်နိုင် သလို ဝယ်ခဲ့ပြီး မပျက်မစီးဖြစ်စေရန် စနစ်တကျ ထုတ်ပိုးစေလျက် စုဆောင်းခဲ့ရသည်။ ထို စဖွင့်ခဲ့သော နေ့ကပင် စာအုပ်များ နှစ်ထောင်ဝန်းကျင်ထိ ရှိခဲ့လေသည်။ ယခုအခါမှာဖြင့် တစ်နှစ်သားပင် မပြည့်သေးသော ထိုစာကြည့်တိုက်လေးသည် အသင်းဝင် နှစ်ရာကျော်၊ စာအုပ် (၃ဝဝဝ)ဝန်းကျင်၊အဖွဲ့ဝင် (၂ဝ)ကျော်၊စာကြည့်တိုက်မှုးများဖြင့် ဆက်လက်ထွက်ခွါနေ ခဲ့လေသည်။ မိမိတတ်နိုင်သော ငွေကြေးများကို စိုက်ထုတ်လျက် စာကြည့်တိုက်အတွင်း လိုအပ်မည့် အခြားအခြားသော ပရိဘောဂပစ္စည်းများကိုလည်း တော်တော်လေး စုံစုံလင်လင် ရှိစေရန် ရည်ရွယ်ပြီးတော့ ဝယ်ခြမ်းပေးခဲ့သည်။ နောက်နောင်မှာလည်း မိမိကြိုးစားခဲ့သော စာကြည့်တိုက်ကြီး ရေရှည်တည်တန့် ခိုင်မြဲစေရန် ရည်သန်ပြီး အခြားသော နောင်တော်၊ ညီတော်များ၏ အကြံÓဏ်များ ထောက်ပံ့မှုမျိုးစုံးကို ဝိုင်းဝန်းစွာလက်တွဲစေလျက် အောင်မြင် မှု သရဖူဆောင်းစေမည့် ရွှေနံ့သာစာကြည့်ကြီးကို ပျက်စီးမသွားစေရန် လုပ်ဆောင်သွားမည် ဟု ဆန္ဒများတဖွားဖွား ဖြစ်နေခဲ့လေသည်။ ထိုစာကြည့်တိုက်ကြီးမှလည်း မည်ကဲ့သို့သော အသီးပွင့်များ ဝေဝေဆာဆာဖူးပွင့်စေပြီး လောကကောင်းကျိုးသယ်ပိုးပေးနိုင်မည့် ပန်းလေး တစ်ပွင့် ပေါ်ထွက်လာမည်ဆိုသာ တွေးလျက်ပီတိများ ဖြစ်နေခဲ့ရလေတော့သည်။ မောင်မင်းစိုး(ရွှေနံ့သာ) (၂၂-၅-၂ဝဝ၉)