Friday, March 8, 2013

လမ်းလွှဲမှ မောင်းပါ

ဘယ် Pattern နဲ့ ဆို ခံစားမှုကို Fitting ဖြစ်နေမလဲ စင်တီမီတာနည်း လက်မနည်း သို့ တည်းမဟုတ် နှစ်ခုစလုံး ဖြစ်စေ နှစ်ခုစလုံး မဟုတ်ခဲ့ရင် ရော ကော်ကပ်ရင် အသားကျမလား မီးပူဆွဲပစ်လိုက်ရင် တွန့် နေမဲ့ခေါက်ရိုး ကျိုးသွားမလား အသားစကညပ်နေတယ်၊ ပိုနေမဲ့ (ထင်တဲ့)အသွေးစကို ညှပ်ထုတ်ပစ်လိုက်တယ် စိမ်းရွှေရွှေ ပျစ်ချွဲချွဲ အနီေ၇ာင် ဖြတ်စတွေ လက်ဖမိုးပေါ်က ပြတ်စတွေ တော် မတော် ၀တ်ကြည့်တယ် လူထဲလူရာ ၀င်လိုဝင်ငြား 3D နဲ့ သရုပ်ဖော် ကျောက်တွေတပ် တော် မတော် ၀တ်ကြည့်တယ် ချုပ်ရိုးကိုဖျောက်ထား ပေါ်လာတဲ့အနားသတ်ကို လိုင်နင်လိုက် စီးကွင့်ထိုး တော် မတော် ၀တ်ကြည့်တယ် အသီစာကို ဆွဲဖြုတ် အသားမာတက်လာတဲ့ လက်ထိပ်နာက မောလျမှုနဲ့  အသက်ရူကြပ်တယ် စက္ကူဖြူပေါ် ကုတ်ခြစ်တွယ် ဆံခြည်မျှင်တန်းရဲ့ ကောက်ရိုးစကလဲ လက်ဖျစ်တစ်တွတ်စာလေး အဖျားအနားဆီ ကျွမ်းတောက်မှုကို အရသာခံ လက်ဖျံရိုးထဲထိုးသွင်းလိုက်တဲ့ ခဲဆံမဲမဲလေးလိုမျိုး အကိုင်အတွယ်မမြဲတော့ မမြဲခြင်းတရားမှာ ဖြစ်လိုက် ပျက်လိုက် ဘ၀ကိုထုဆစ်ပုံဖော်ခဲ့လေသမျှ အာပလာ အလကားဆိုတာ တံဆိပ်ကပ် ချိတ်ဆွဲမထားသော နေရာမဲ့ ဒဏ်ရာ တန်ကြေးက တန်ဖိုးထက် ပိုမြင့် တံတွေးတွေမြိုမြို ချ တဏှာတွေထွေးထွေးထုတ် အဲ့ဒီအထုပ်ပဲ ကြီးကြီးလာတယ် အလမ္မါယ်ဆရာဟာ ပလွေတစ်ချောင်းတပ်ထားသော အဆိပ်ခွက်နဲ့  အာရုံငါးပါးကို မျှင်းမျှင်းရူနေသလိုမျိုး ချုပ်ရိုး ချုပ်သားက အယားမပြေ အရေပြားအတွက် အမြဲတမ်း ရူရှိုက် လုပ်နေရ သွေးလျှံနေတဲ့ နှာခေါင်းရိုးအစုံနဲ့  ခေါင်းကိုမော့ထား၊ ရင်ကိုဖွင့်ထား ရင်ပြတ်အကျီင်္တစ်ထည်လောက် ကောက်စွပ်ရုံနဲ့  ကောက်ကြောင်းကို ရေးခြစ်လို့ ရပြီ။ ။ မြ(၂၈.၂.၂၀၁၃)

မသိဘူးလား ရောမမြို့ကြီး မီးလောင်းနေဆဲ

တဏှာမာနနဲ့ ကပ်ငြိနေတဲ့ မျက်နှာဖုံးကို ခွာချ
 မိုက်မဲမှု အ၀ိဇ္ဖာတွေနဲ့ ငြိတွယ်နေတဲ့ မိစ္ဆာဒိဋ္ဌိအယူမှားမှုတွေကို ခွာချ
ုဘုရားအဆူဆူ ပွင့်ခဲ့တယ် မာန်နတ်တွေအလီလီ ပေါ်ထွက်ခဲ့တယ်
ရှင်းရှင်းလေးပါပဲ ကိုယ့်အလုပ်ကိုယ်လုပ် ခဲရာခဲဆစ်အဖြေရှာကြည့်မနေနဲ့
လမ်းဆုံးရင် မှတ်တိုင်တွေ့လိမ့်မယ် ပြန်လှည့်သင့်ရင်ပြည်လှည့်
ရပ်မနေနဲ့ တွေးမနေနဲ့ ငေး...မနေနဲ့ မိုးရွာရင် မိုးရေချိုး နေပူရင်
 ထီးဆောင်း အေးနေရင် အနွေးထည်ဝတ်
ရောမဟာ ရောသမမွှေထားတဲ့ မြို့တော် ရန်ကုန်ဟာ ရန်တွေကုန်မယ်မယ်လို့ မယူဆနဲ့
ပစ်ပစ်နှစ်နှစ် တစ်ချက်လောက် အာခေါင်ခြစ်ပြီး ထွေးအန်ပစ်လိုက် ခေါစာချသင့်ရင်
 ကြက်တစ်ပိဿာလောက် ထိုးကျွေးလိုက် လူတစ်ယောက်ရဲ့
 ဖြစ်တည်မှုဟာ ဆုပ်ကိုင်လို့မရတဲ့ လေဟာနှယ်တစ်ခု ရှုစားနားဆင်စရာတွေနဲ့
အကျည်းတန်မှုတွေနဲ့ ဖွယ်ဖွယ်ရာရာမဟုတ်တောင် ညစာစားပွဲလေး
 နပ်မှန်နေဖို့လိုတယ် ပတ်မကြီး ထိုးဖောက်ဖို့ ဓားသွေးမနေနဲ့
ပတ်စာလေးကို ကူပြီးကပ်ပေးလိုက် လူကြီးဆန်တဲ့ နေ့ရက်တွေကို
 ယုံကြည်မျှော်လင့် တင်းတင်းရင်းရင်း ဆုပ်ကိုင်ထားတဲ့ လွဲမှားမှုတွေကို
 ဖြေချလိုက် စောစောစီးစီး အိပ်ယာဝင် ပြီးရင် လက်ဖူးပေါ်လက်တင်စဉ်းစား
 သက်ပြင်းချသံတွေ တုန်ဟီးနေလိမ့်မယ်။

မောင်မင်းစိုး

အတွေးများ


တစ်ကိုယ်ရေအခန်းလေးထဲ တိတ်ဆိတ် ငြိမ်သက်စွာ
အတွေးက တစ်ခန်းလုံး ပြည့်လျှံနေခဲ့တယ် မြင်နေရတဲ့ မြင်ကွင်းတိုင်းဟာ
ဖြာကျနေခဲ့တဲ့ အတွေးရနံ့လေးမှာ ငြိကပ်လိုက်၊ ပျံတက်လိုက်
နံရံပေါ်တွယ်ကပ်နေတဲ့ အတွေးများ၊ မျက်နှာကျက်ပေါ် တွဲလွဲဆွဲနေတဲ့ အတွေးများ
ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့အတွေးများ၊ အိပ်ရာပေါ် ဖြာကျနေတဲ့ အတွေးများ
စာအုပ်စင်ပေါ်၊ တီဗီပေါ်၊ ပန်းချီကားပေါ်၊ ၀ှိုက်ဘုတ်ပေါ်၊ နာရီတွေထဲမှာ အတွေးတွေကိုယ်စီနဲ့
ရိုးရိုးလေးတွေးတယ်၊ ရိုးရိုးလေးပြန်ထွက်သွားတယ်၊ တိတ်တဆိတ်ပြန်ဝင်လာတယ်
အတွေးက တစ်ခန်းလုံး နေရာအနှံ့မှာ ကူးလူးနေခဲ့တယ် လောကကြီးရဲ့ အပြင်ဘက်ကို ပြေးထွက်သွားတဲ့
အတွေးက အေးအေးမြမြ၊ လောကကြီးရဲ့အတွင်းသားအတွေးတွေက ပူပြင်းလွန်း
ဆို့တက်လာတဲ့ ရင်တွင်းမှာ အတွေးက နာနာကျင်ကျင် သောကနဲ့ရင်လိုက်ရတဲ့ အတွေး
ဘ၀ကိုစတေးလိုက်ရတဲ့ အတွေး၊ အတွေးတွေ အတွေး  တွေး  တွေး  တွေး  တွေးရင်း မူဝေေ၀
မပြီးနိုင် မဆုံးနိုင်၊ အတွေးက အတွေးကို ပြန်ရစ်ပတ်နေခဲ့တယ်
ငါပိုင်တယ်ထင်တဲ့ အတွေးက ငါ့ကိုပြန်ဖမ်းစားတယ်၊ ငါ့အတွေးက ငါ့ရဲ့ ရန်သူ
ငြိမ်သက်နေတဲ့အလှတရားဟာ ဖမ်းဆုပ်လို့မရတဲ့ အတွေးဖြစ်ပြီး
နာကျင်ဖွယ်အတွေးတွေက တစ်လောကလုံးမှာ ပြန့်ကျဲ။
အရောင်စုံအတွေးတွေနဲ့ အိပ်ရေးပျက်နေခဲ့ရတယ်။

မောင်မင်းစိုး

ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

အများစုပဓာန၀ါဒ = Majoritarianism
----------------------------------------
အင်္ဂလိပ်တွေးခေါ်ရှင် ဂျွန်လော့ခ် ( ၁၆၃၂-၁၇၀၄ ) ဖွင့်ဆိုခဲ့သော သဘောတရားဖြစ်သည်။ ဂျွန်လော့ခ် က လူ့အသိုက်အ၀န်းတစ်ခုကို ခန္ဓာကိုယ်နှင့် ဥပမာပေးသည်။ လူတစ်ဦးချင်း တစ်ဦးချင်းတို့ စုပေါင်းလိုက်သော အခါ လူ့အသိုက်အ၀န်းတစ်ခု ဖြစ်လာသည်။ ခန္ဓာကိုယ်သည် များရာဆန္ဒရှိသည့်အတိုင်း လှုပ်ရှားဆောင်ရွက် သကဲ့သို့ လူ့အသိုက်အ၀န်းတစ်ခုတွင်လည်း အများစု၏ဆန္ဒအတိုင်း ပြဌာန်းဆုံးဖြတ် ဆောင်ရွက်မှသာ သဘာဝ ကျသည်ဟု ဆိုသည်။ အများစုဟူသည်ကို သတ်မှတ်ရာတွင် အသိုက်အ၀န်းထဲမှ ပါဝင်ဆန္ဒပြုသူဦးရေ၏ ၅၀%+ ၁ ဟူ၍ သတ်မှတ်ကြသည်။
တွေးခေါ်ရှင်ကြီး ရူးဆိုး ( ၁၇၁၂-၇၈ ) ကလည်း လူများစု၏ ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းက ကောင်း ကျိုးဖြစ်ဖို့ ပိုများသည် ဟု ဆိုခဲ့သည်။
( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )



အာဏာပဓာနသမား = Machiavellian ( Machiavellianism )·
--------------------------------------------------------
     ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ရာဇောဝါဒကျမ်းပြုဆရာ နီကိုလို ဒေ ဘာနာဒို မက္ခယာဗယ်လီ ( ၁၄၆၉-၁၅၂၇ ) ကို အစွဲပြု၍ မက္ခယာဗယ်လီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံ သူ နိုင်ငံရေးသမားများအား ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။
မက္ခယာဗယ်လီသည် ၁၅၁၃ ခုက သူ ရေးသားစီရင်ခဲ့သော မင်းသား ( The Prince ) ခေါ် ရာဇောဝါဒ လမ်းညွှန်ကျမ်းတွင် စိုးမိုးအုပ်ချုပ် မင်းလုပ်မည့်သူများအတွက် နိုင်ငံရေးတက်လမ်းရှာနည်း၊ ရရှိပြီးသော နိုင်ငံ ရေးအာဏာကို ခိုင်မြဲအောင်လုပ်နည်းနှင့် အတိုက်အခံများအပေါ် အောင်မြင်ရေး နည်းလမ်းများကို ဖော်ပြထား သည်။
နိုင်ငံရေးတွင် အခြေအနေကိုလိုက်၍ သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား၊ ကိုယ် ကျင့်သိက္ခာတို့ထက် ပို၍ အရေးကြီးသည် ဟု မက္ခယာဗယ်လီက ဆိုခဲ့သည်။ ကျင့်သုံးခဲ့သော နည်းလမ်းများ မှန် မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက ဆုံးဖြတ်သည် ( The ends justify the means ) ဟူသော မက္ခ ယာဗယ်လီ၏ နာမည်ကျော်သြ၀ါဒသည် နောင်အခါ အာဏာပဓာနသမားများ၏ လက်သုံးစကား ဖြစ်လာသည်။
မက္ခယာဗယ်လီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူ နိုင်ငံရေးသမားများအား Machiave llian pllitican ဟု သုံးနှုန်းပြောဆိုလေ့ ရှိသည်။ မက္ခယာဗယ်လီယံဝါဒ ( Machiavellianism ) ဟူ၍လည်း အသုံးအနှုန်းရှိသည်။
 ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

အခါးချို



လက်ကိုင်ကိုင်းမှ တဆင့် ကော်ဖီခွက်ဟာ အမှောင် ဆီ အလင်းဝင်
လျှာဖျားကပြန်သပ်ယူနေတာလဲ အထာတစ်မျိုးပဲ ဟာ တာ တာ
တ သ သ နူတ်ခမ်းတွေကို ကုတ်ခြစ် ဒါလဲ
ခြောက်သွေ့ လွန်းနေတာပဲမလား (ဟက်)
သစ္စာဖောက်ခြင်းခံနေရသလို
ခင်ဗျားအမြဲတောင်းတနေတဲ့  အသစ်တွေ
အမြစ်လို ရင်ထဲစွဲနေမှုမှာ သမိုင်းဟာ လှလိမ့်မယ်မထင်ဘူး
ဒါ ခွဲစိတ်ထားတာပါ
နှလုံးအစားထိုးလိုက်တာပါ
ပုံမှန်ရော အသက်ရူ ဖြစ်ရဲ့ လား
အစာ ကောင်းကောင်းစားဖြစ်၇ဲ့ လား
ပျော်ရွှင်မှုတွေဟာ ခင်ဗျားအနား ၀ဲနေပါလိမ့်မယ်
နေရောင်ခမ်းသွားမဲ့ ဆိုလာမီးအိမ်ပြားလို
ဓာတ်စာချို့ တဲ့နေတဲ့ ရေခံမြေခံရဲ့  နာတာရှည်တစ်ယောက်
ထင်ခဲ့တာတလွဲ အပမှီနေတဲ့ အတုအပ
သယံဇာတတွေ ကော်ပတ်ရုပ်နဲ့ လဲ လဲ နေရသလိုမျိုး
အထားအသိုမှားခဲ့တာလေး တစ်ခုပါ
မှန်ကန်ခြင်းဆိုတာလဲ တမာလေ
ပွေး ၀ဲ ညှင်း အကုန်ပျောက် ကြာကြာဝါးမှ ချိုလာသလို
ဘာဂလိုတိုတို ဟို ဟို ဟိုးအနား ငုတ်တုတ်ထိုင် ပြုံးပြ ခေါင်းငြိမ့် ပြီး
နူတ်ဆက် ထွက်ခွာ
ခေတ်ဆိုတာ ပီကေလို  အိုကေရင် ပြီးပြီ
အရှိန်သေတာနဲ့  တောက်ထုတ်လိုက်ရုံ မြွေလဲသေ တုတ်လဲကျိုး
သစ္စာမေတ္တာဆိုတာ လေ နာမ် စိတ္တဇ ဆုပ်ပြစရာ ကိုင်ပြစရာ  က/ စားစရာ
ကာမထားရင် ဂိမ်းပြီ အလားဂျစ်
သွေးတွေယားလာတယ်၊ သွားတွေယားလာတယ်
ခင်ဗျားဘေးက လက်ခုပ်သံတွေများပုံများ
တဖြောင်း ဖြောင်း မြည် စိတ် ၀ိဥာဉ် ဥာဏ်
အမေမွေးတုန်းကပါလာသောဦးနှောက်
ဂဃနဏ ထပ်ပြောပါသည်
လူသည် လူဖြစ်ကြောင်း ခင်းကျင်းရင်း ဇာတ်ဆောင်ဟာ ဇာတ်ပျက်သွားခဲ့
ကိုယ့်နဖူး ကိုယ်ပြန်စမ်း ခြစ်ခြစ်တောက်
ခင်ဗျားရဲ့ ပွဲတိုင်းကျော် လက်သုံး ၀ါးယပ်တောင် ကင်ဆာနံ့လေး သင်းလို့ 
သေနတ်ပစ်တတ်ဖို့ မလိုဘူး နေရာယူတတ်ဖို့ ပဲ
သိပ်ရူပ်လို့  သိပ်ဖြစ်ခဲ့ပြီ
အလုပ်လုပ်တော့ အေးမောင် သုံးတော့ သိန်းသောင်း
လမ်းအမှတ်နဲ့  ပုံဖေါ်ခဲ့လေသမျှ ကန်းခဲ့တဲ့  ဒီကမ်းအတွက်
မလှမ်းရက် မနမ်းရက်
ဒီခရီး ရေစီးတိုင်းမပြိုဘူး။    ။



မြ(၁၇.၂.၂၀၁၃)