Friday, March 8, 2013

မသိဘူးလား ရောမမြို့ကြီး မီးလောင်းနေဆဲ

တဏှာမာနနဲ့ ကပ်ငြိနေတဲ့ မျက်နှာဖုံးကို ခွာချ
 မိုက်မဲမှု အ၀ိဇ္ဖာတွေနဲ့ ငြိတွယ်နေတဲ့ မိစ္ဆာဒိဋ္ဌိအယူမှားမှုတွေကို ခွာချ
ုဘုရားအဆူဆူ ပွင့်ခဲ့တယ် မာန်နတ်တွေအလီလီ ပေါ်ထွက်ခဲ့တယ်
ရှင်းရှင်းလေးပါပဲ ကိုယ့်အလုပ်ကိုယ်လုပ် ခဲရာခဲဆစ်အဖြေရှာကြည့်မနေနဲ့
လမ်းဆုံးရင် မှတ်တိုင်တွေ့လိမ့်မယ် ပြန်လှည့်သင့်ရင်ပြည်လှည့်
ရပ်မနေနဲ့ တွေးမနေနဲ့ ငေး...မနေနဲ့ မိုးရွာရင် မိုးရေချိုး နေပူရင်
 ထီးဆောင်း အေးနေရင် အနွေးထည်ဝတ်
ရောမဟာ ရောသမမွှေထားတဲ့ မြို့တော် ရန်ကုန်ဟာ ရန်တွေကုန်မယ်မယ်လို့ မယူဆနဲ့
ပစ်ပစ်နှစ်နှစ် တစ်ချက်လောက် အာခေါင်ခြစ်ပြီး ထွေးအန်ပစ်လိုက် ခေါစာချသင့်ရင်
 ကြက်တစ်ပိဿာလောက် ထိုးကျွေးလိုက် လူတစ်ယောက်ရဲ့
 ဖြစ်တည်မှုဟာ ဆုပ်ကိုင်လို့မရတဲ့ လေဟာနှယ်တစ်ခု ရှုစားနားဆင်စရာတွေနဲ့
အကျည်းတန်မှုတွေနဲ့ ဖွယ်ဖွယ်ရာရာမဟုတ်တောင် ညစာစားပွဲလေး
 နပ်မှန်နေဖို့လိုတယ် ပတ်မကြီး ထိုးဖောက်ဖို့ ဓားသွေးမနေနဲ့
ပတ်စာလေးကို ကူပြီးကပ်ပေးလိုက် လူကြီးဆန်တဲ့ နေ့ရက်တွေကို
 ယုံကြည်မျှော်လင့် တင်းတင်းရင်းရင်း ဆုပ်ကိုင်ထားတဲ့ လွဲမှားမှုတွေကို
 ဖြေချလိုက် စောစောစီးစီး အိပ်ယာဝင် ပြီးရင် လက်ဖူးပေါ်လက်တင်စဉ်းစား
 သက်ပြင်းချသံတွေ တုန်ဟီးနေလိမ့်မယ်။

မောင်မင်းစိုး

No comments: