Friday, March 8, 2013
လမ်းလွှဲမှ မောင်းပါ
ဘယ် Pattern နဲ့ ဆို ခံစားမှုကို Fitting ဖြစ်နေမလဲ
စင်တီမီတာနည်း လက်မနည်း သို့ တည်းမဟုတ် နှစ်ခုစလုံး ဖြစ်စေ
နှစ်ခုစလုံး မဟုတ်ခဲ့ရင် ရော ကော်ကပ်ရင် အသားကျမလား
မီးပူဆွဲပစ်လိုက်ရင် တွန့် နေမဲ့ခေါက်ရိုး ကျိုးသွားမလား
အသားစကညပ်နေတယ်၊ ပိုနေမဲ့ (ထင်တဲ့)အသွေးစကို ညှပ်ထုတ်ပစ်လိုက်တယ်
စိမ်းရွှေရွှေ ပျစ်ချွဲချွဲ အနီေ၇ာင် ဖြတ်စတွေ လက်ဖမိုးပေါ်က ပြတ်စတွေ
တော် မတော် ၀တ်ကြည့်တယ်
လူထဲလူရာ ၀င်လိုဝင်ငြား 3D နဲ့ သရုပ်ဖော် ကျောက်တွေတပ်
တော် မတော် ၀တ်ကြည့်တယ်
ချုပ်ရိုးကိုဖျောက်ထား ပေါ်လာတဲ့အနားသတ်ကို လိုင်နင်လိုက် စီးကွင့်ထိုး
တော် မတော် ၀တ်ကြည့်တယ်
အသီစာကို ဆွဲဖြုတ် အသားမာတက်လာတဲ့ လက်ထိပ်နာက မောလျမှုနဲ့ 
အသက်ရူကြပ်တယ်
စက္ကူဖြူပေါ် ကုတ်ခြစ်တွယ် ဆံခြည်မျှင်တန်းရဲ့ ကောက်ရိုးစကလဲ
လက်ဖျစ်တစ်တွတ်စာလေး
အဖျားအနားဆီ ကျွမ်းတောက်မှုကို အရသာခံ
လက်ဖျံရိုးထဲထိုးသွင်းလိုက်တဲ့ ခဲဆံမဲမဲလေးလိုမျိုး အကိုင်အတွယ်မမြဲတော့
မမြဲခြင်းတရားမှာ ဖြစ်လိုက် ပျက်လိုက် ဘ၀ကိုထုဆစ်ပုံဖော်ခဲ့လေသမျှ အာပလာ
အလကားဆိုတာ တံဆိပ်ကပ် ချိတ်ဆွဲမထားသော နေရာမဲ့ ဒဏ်ရာ
တန်ကြေးက တန်ဖိုးထက် ပိုမြင့် တံတွေးတွေမြိုမြို ချ
တဏှာတွေထွေးထွေးထုတ် အဲ့ဒီအထုပ်ပဲ ကြီးကြီးလာတယ်
အလမ္မါယ်ဆရာဟာ ပလွေတစ်ချောင်းတပ်ထားသော အဆိပ်ခွက်နဲ့ 
အာရုံငါးပါးကို မျှင်းမျှင်းရူနေသလိုမျိုး
ချုပ်ရိုး ချုပ်သားက အယားမပြေ
အရေပြားအတွက် အမြဲတမ်း ရူရှိုက် လုပ်နေရ
သွေးလျှံနေတဲ့ နှာခေါင်းရိုးအစုံနဲ့ 
ခေါင်းကိုမော့ထား၊ ရင်ကိုဖွင့်ထား
ရင်ပြတ်အကျီင်္တစ်ထည်လောက် ကောက်စွပ်ရုံနဲ့ 
ကောက်ကြောင်းကို ရေးခြစ်လို့ ရပြီ။ ။
မြ(၂၈.၂.၂၀၁၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment