Saturday, March 16, 2013

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာ(၅)

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာဆိုပြီး ရေးလာလိုက်တာ အခုတော့ငါးလမြောက်တောင် ရောက်ခဲ့ပါပြီ။ အထူးသဖြင့်တော့ လောလောလတ်လတ် ဂရက်ရိုက်နေခဲ့တဲ့ သတင်းလေးတွေကို အတုယူ ဆင်ခြင်နိုင်ဖို့အတွက် ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမျှ သာစေ၊ နာစေဆိုတဲ့သဘောနဲ့ ရေးသားခြင်းလည်း မဟုတ်ပါဘူး။ သို့အတွက် သတင်းရဲ့အရင်းအမြစ်ကို ခိုင်လုံတိကျမှု ရရှိသော်လည်းပဲ တချို့သောသတင်းများဟာ ပုဂ္ဂိုလ်ရေးထိခိုက်စေမှာကို စိုးရိမ်မိတဲ့အတွက် နေရာဌာန၊ နာမည်စတာတွေကို ချန်ထားပြီး ကျောရိုးလောက်ပဲ ယူပြီး ဆင်ခြင်နိုင်ဖို့၊ အတုယူနိုင်ဖို့၊ ရှောင်ကြဉ်နိုင်ဖို့ ဦးတည်ပြီးရေးသားခြင်း ဖြစ်ပါတယ်။ အခုလောလောလတ်လတ် ဟစ် ဖြစ်နေတဲ့သတင်းကတော့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှု အပြောင်းအလဲ သတင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံပိုင် သတင်းစာများနဲ့ ဂျာနယ်များမှာလည်း ဒီသတင်းတွေကပဲ နေရာအတော်များများ ယူထားခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဒီသတင်းလေးကို ဦးစွာ တင်ပြချင်ပါတယ်။ ဒီဇင်ဘာလဆန်းလောက်ကနေ နိုင်ငံအဝှန်း မှာ ပြုပြင်ပြောင်းလဲဖို့အရေး အခြေပျိုးပြီး ရွေးခြယ်နေကြတာ အခုအချိန်အထိလည်း မပြီးနိုင်သေးပါဘူး။ ဒီနေရာမှာ အထူးသတိထား ရမှာကတော့ စနစ်ဟောင်းကြီးရဲ့ ကြိုးကိုင်မှုမျိုးတွေ ရှိနေတာတွေ၊ နောက်ပြီး လွှတ်တော်မှလူများ ပါဝင်ပတ်သက်နေတာတွေ၊ မသမာမှုတွေနဲ့ ရပ်မိရပ်ဖဆိုသူ ငါးဦးရဲ့လက်သိပ်ထိုး လုပ်ရပ်တွေ စသဖြင့်ကြားနေရပါတယ်။ မိမိတို့နိုင်ငံဟာ အခုမှဒီမိုကရေစီစနစ်ကို ချီတက်နေတာ နှစ်အနည်းအတွင်းမှာပဲ ရှိသေးပါတယ်။ အပျိုစစ်စစ် ဒီမိုကရေစီ နိုင်ငံအသစ်လေးကို အဓမ္မမုဒိန်းကျင့်နေတဲ့ အကျင့်ပျက်သူတွေရဲ့ လုပ်ရပ်ဟာ တိုးတက်မှုလမ်းကြောင်းပေါ်ကနေ ဘယ်လိုမှ လျှောက်လှမ်းလို့ မရနိုင်ပါဘူး။ အာဏာရှင်စနစ်ဆိုးရဲ့ အမွေအဖြစ် ဆက်လက်ထိန်းသိမ်းထားချင်ဟန်လည်း တူပါတယ်။ ဒီလိုအကျင့် ဆိုးတွေ ရှိနေသမျှတော့ ပြုပြင်ပြောင်းလဲမှုတွေဟာ တုံ့နှေးနေဦးမယ်ဆိုတာကို ပြောချင်ပါတယ်။ မသူတော်တွေရဲ့ လုပ်ရပ်မျိုးဆို တာတွေဟာ တစ်နေ့ ပုတ်လို့ပေါ်လာရတာချည်းပါပဲ။ တချို့ဆို ပါတီတွင်းမှာတောင် အထက်အောက် နားလည်မှုလွဲမှားပြီး အောက်ခြေ အဆင့်တွေမှာ ဖြစ်ချင်တိုင်းဖြစ်၊ ဖုံးမရဖိမရတော့ ပေါလောပေါ်လာပြီး ဒီငါးခုန်းမတွေကြောင့် တစ်လှေလုံးမကဘဲ တစ်နိုင်ငံလုံး ပုတ်သွားနေတဲ့ အသံတွေကလည်း နေ့စဉ်ရက်ဆိုသလို ကြားနေရဆဲပါပဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အထူးသဖြင့်တော့ အာဏာမက်လို့ပါပဲ။ အာဏာဘာလို့မက်တာလဲဆိုပြန်တော့ ပညာÓာဏ်နည်းပါးမှုက အထူးသဖြင့် ချယ်လှယ်ခံလိုက်ရတာလဲဖြစ်ပါတယ်။ ဒီတော့ မစဉ်းစားတတ်ဘူးပေါ့။ ကိုယ်ကျင့်တရားကို လည်း ထိုးကျွေးသင့်ရင် ထိုးကျွေးလိုက်မှာပဲ။ ဆိုတော့ ငို့ဘသမားတွေရဲ့ လက်ထဲမှာ အပြောင်းအလဲနဲ့ ဆက်လက်ချီတက်နေဦးမယ် ဆိုရင်တော့ ဒုံရင်းဒုံရင်းနဲ့ နလန်ထူးနိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ နေရာတိုင်းမှာဖြစ်နေတာတော့လည်း မဟုတ်ပါဘူး။ ပညာတတ်တွေ ဦးဆောင်တဲ့နေရာမှာတော့ တကယ့်အခြေခံလူထုရဲ့သဘောထားနဲ့ ကိုက်ညီတဲ့ ရလဒ်တွေနဲ့ ပြောင်းလဲမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေကဘဲ သတင်းအဖြစ် တက်လာတာဆိုတော့ ဒီသတင်းကို အခြေခံပြီး ပြောရတာ ဖြစ်တဲ့အတွက် ဒီလိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဆီကို ချီတက်သွားတဲ့လူတွေကိုတော့ အားနာလှပါတယ်။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ လူကခွေးကို ကိုက်တာမှသတင်းဆိုတဲ့ နာမည်ကျော်စာရေးဆရာကြီးရဲ့ အဆိုလိုပါပဲ ဒီလို သူတော်ကောင်းတွေကြားမှ မတရားမှု၊ မမျှတမှုနဲ့ အတင်းအဓမ္မယူချင်တဲ့ အာဏာရူးတွေဟာ သတင်းလူသားအဖြစ် စာမျက်နှာတွေပေါ် တက်လာခဲ့တာဆိုတော့ သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာအဖြစ် ဒါကို ပထမအနေနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တေသကုဏဇာတ်တော်က ပညာရှိသူရဲ့ အရည်အသွေးအနည်းငယ်ကို ထုတ်ပြလိုပါတယ်။ လောကမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ သူတွေမှာ အားငါးမျိုးရှိတယ်။ မိမိရဲ့ လက်ရုံးရည်အား၊ စည်းစိမ်ဥစ္စာအား၊ အမတ်ဗိုလ်ပါ အား၊ အမျိုးဇာတ်မြင့်မြတ်တဲ့ အား၊ ပညာအားဆိုပြီး ငါးပါးရှိတယ်။ အဲဒီငါးပါးထဲမှာ ပညာအားကသာလျှင် ကျန်တဲ့အားလေးမျိုးကို လွှမ်းမိုးအနိုင်ယူသွားနိုင်တယ်။ ပညာအားရှိမှသာ ကောင်းမွန်တဲ့ အကျိုးတရားတွေ ရမှာလည်း ဖြစ်တယ်။ ဘာပညာမှမရှိဘဲ မိမိကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ နိုင်ငံမှအစပြုပြီး မြေပြင်တဝှမ်းလုံး အစိုးရတယ်ဆိုပေမယ့် တစ်နေ့မှာတော့ အဲဒီပညာမရှိသူကို ပညာရှိတဲ့လူသာလျှင် လွှမ်းမိုးအုပ်ချုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အမျိုးဇာတ်အားဖြင့် မြင့်မြတ်တဲ့ ခတ္တိယမင်းမျိုးမှာဖြစ်စေဦးတော့ ပညာမရှိရင်တော့ ရရှိထားတဲ့ မင်းစည်းစိမ်ရော သူ့အသက်ပါ ရှည်ရှည်မနေရနိုင်ဘူး။ ဒီတော့ ပညာရှိဖြစ်ဖို့ လက္ခဏာလေးတွေလည်း ထုတ်ပြထားတော့ ဒါလေးတွေကိုလည်း မျှဝေလိုက်ပါတယ်။ သူတစ်ပါးပြောတာတွေကို အားလုံးကြားနိုင်အောင် လုပ်ရမယ်။ နောက် ကြားတဲ့အရာတွေထဲကနေ မှန်တယ်၊ မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်ရမယ်။ ပညာရှိတဲ့လူဆိုတာ ဆင်းရဲဒုက္ခရောက်စေဦးတော့ ချမ်းသာကို ရအောင်ယူနိုင်တယ်။ ပညာမရှိရင်တော့ ဆင်းရဲတွင်းကနေ ဘယ်လိုမှ ပြန်လည်တက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ပညာရှိဖြစ်ဖို့အတွက် အကြားအမြင် ဗဟုသုတများတဲ့ လူတွေကိုမှီဝဲ ဆည်းကပ်ရမယ်။ သူတော်ကောင်းဆိုတဲ့ ကိုယ်ကျင့်တရားရှိသူတွေကို မှီဝဲဆည်းကပ်ရမယ်။ အဲဒီလို မှီဝဲဆည်းကပ်ရုံမဟုတ်ဘဲ သူတို့ပြောတာတွေကိုလည်း နာယူရမယ်၊ လေ့လာရမယ်၊ မှတ်သားရမယ်၊ လိုက်နာရမယ်ဆိုပြီး တေသကုဏဇာတ်တော်မှာ ပညာရှိနဲ့ ပတ်သက်ပြီး သွန်သင်ထားတာတွေ ရှိပါတယ်။ ဒီတော့ ပညာရှိသူဖြစ်စေဖို့ အလွန်ပဲအရေးကြီးပါတယ်။ ပညာရှိဖြစ်မှ ကောင်းတာ၊ မကောင်းတာ၊ မှန်တာ၊ မှားတာတွေ၊ လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝေဖန်ပိုင်းခြားနိုင်မှလည်း မိမိလုပ်ရမယ့်ကိစ္စတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်တိုင်လည်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့လိုသလို၊ အလုပ် လုပ်တဲ့သူတွေကိုလည်း နေရာပေးတတ်ရမယ်။ အားထားရမယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့အခါ စေတနာထားသလားဆိုတာကိုလည်း ခွဲခြားပြီး သိရမယ်။ ဒီလို မိမိရော အောက်ကသူတွေပါ ကောင်းကောင်းမွန်မွန်၊ ထက်ထက်သန်သန် လုပ်ဆောင်ကြမယ် ဆိုရင်တော့ မိမိကျေးရွာ ရပ်ကွက်၊ မြို့နယ်၊ နိုင်ငံဟာလည်း တိုးတက်တဲ့ အနေအထားတစ်ခုကို ပုံဖော်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်သတင်းတစ်ပုဒ်ကလည်း ဟိုးလေးတကျော်ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ပါပဲ။ အခြားတော့ မဟုတ်ပါဘူး။ ရွှေတိဂုံစေ တီတော်မြတ်ကြီးပေါ်ကို လာနားတဲ့ လင်းတတွေရဲ့ အကြောင်းပေါ့။ ဒီတော့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အလွှာ အသီးသီးကနေ နိမိတ်တွေဖတ်လိုက်ကြတာ အခုပဲ တိုင်းပြည်ကြီး ပျက်သွားတော့မလို နိမိတ်ဖတ်တဲ့ လူမျိုးတွေကလည်း ရှိသေးတော့ ဆင်ခြင်Óာဏ်နည်းပါးတဲ့ လူတွေအနေနဲ့ နေမထိ ထိုင်မသာဆိုသလို တကယ်ပဲ ဘာတွေဖြစ်လာမှာလဲ။ ကောင်းကောကောင်းပါရဲ့ လားဆိုတဲ့ အတွေးတွေနဲ့ ကယောင်ခြောက်ချားကို ဖြစ်ကုန်တော့တာပေါ့။ ဒီခြားထဲ ဘုရားလူကြီးတစ်ယောက်က ပြောသွားသေးတယ် လင်းတနားပါတယ်ဆိုမှ ရွှေဟင်္သာနားတယ်လို့ အကောင်းမြင်နဲ့ ရှုမြင်ဖို့ဆိုပြီး ဖွင့်ချလိုက်ပြန်တယ်။ ဘာဖြစ်တဲ့ လင်းတနားတာ လင်းတနားတာပေါ့။ ရွှေဟင်္သာနားတာမှ မဟုတ်တာ။ ရွှေဟင်္သာဆိုတာကလည်း ငှက်ပဲ။ ခို ဆိုတာကလည်း ငှက်ပဲ။ ကျီးဆိုတာက လည်း ငှက်ပဲ။ လင်းတ ဆိုတာကလည်း ငှက်ပဲ။ ဘာမှမထူးတာတွေကို ထူးခြားအောင် တောပြော မြောက်ပြောနဲ့ နိမိတ်ဖတ်ခဲ့ကြတဲ့ ဂုရုဆိုသူတွေရဲ့ မဟုတ်မဟတ် ထင်ရာမြင်ရာ ပြောဆိုမှုတွေကြောင့် တောရောမြို့ပါမကျန် ဒီသတင်းက ခဏလေးမှာပဲ ပြန်နှံ့သွားပြီး စိုးရိမ်စိတ်တွေ ဖြစ်သွားတော့တာပေါ့။ တကယ်တော့ ရိုးစင်းလှတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ အလွန်အေးတဲ့ ရာသီဥတုဒဏ်ကို မခံနိုင်တော့ အအေးပေါ့တဲ့ နယ်မြေသစ် ကို မိုင်ထောင်ချီပြီး ပျံသန်းကာ ဆောင်းခိုခြင်းကို ပြုခြင်းဖြစ်တဲ့အတွက် ခရီးတစ်ထောက်နားပြီး ခဏတာနားခိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီလင်းတတွေအနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနားခိုဘဲ အခြားမထင်ရှားတဲ့ စေတီတော်မှာပဲဖြစ်ဖြစ်၊ သစ်ပင် မှာပဲဖြစ်ဖြစ် နားမယ်ဆိုရင်တော့ ဒီသတင်းကို ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဆိုတော့ သတင်းထူးတယ်ဆိုစေဦး ဒီလိုမဟုတ်မဟတ် နိမိတ်တွေရှောက်ဖတ်ပြီး ပြောချင်တာတွေ ရှောက်ပြောနေခြင်းမျိုးကြောင့် မကောင်းတဲ့သတင်းဆိုးတွေ ဖြစ်သွားရတယ်။ ဒါဟာလည်း တကယ်တော့ စဉ်းစားမှုအား နည်းပါးလွန်းလို့ပဲ ဖြစ်ပါတယ်။ ဒါမျိုးတွေကိုလည်း နောက်ဆို ဆင်ခြင်စဉ်းစားသင့်ပါတယ်။ အခြားသော ပြည်သူ ပြည်သားများ အနှောက်အယှက်ဖြစ်စေမယ့် ဆင်ခြင်မဲ့စကားမျိုးတွေကို မပြောမိဖို့ ရှောင်ကြဉ်နိုင်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ လင်းတနားတာက အကျိုးမယုတ်ဘူး၊ ငှက်ဆိုတာ လူတွေလို အသိÓာဏ်မရှိတဲ့ သတ္တဝါပဲ၊ ဒီတော့ သူနား ချင်တဲနေရာ နားမှာပေါ့။ ဘယ်နေရာ နားရမယ်၊ ဘယ်နေရာ မနားရဘူးလို့ စည်းကမ်းဥပဒေတွေ ထုတ်ပြန်ထားတာမှ မဟုတ်ဘဲ။ အဆင်ပြေမယ့် နေရာမှာ နားလိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်Óာဏ်ရှိပါတယ်ဆိုတဲ့ မဟာ့မဟာနိမိတ်ဟောဆရာတွေ၊ လူသားတွေက ကိုယ်ထင်ရာရှောက်ပြောတော့ သူတို့စကားတွေကပဲ အကျိုးယုတ်မှုကို ဖြစ်သွားစေခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဒီ၂ဝ၁၃မှာ ရောင်းချမယ့် တန်ဖိုးနည်း ဖုန်းကိစ္စလေးတွေပါပဲ။ ဒါလေးတွေကလည်း နေရာအသီးသီး မှာ လူပြောသူပြောများပါတယ်။ တကယ်တော့ဗျာ တန်းဖိုးနည်းဖုန်းလို့သာဆိုရတာ တကယ်တော့ တန်ဖိုးကြီးဖုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မတန်တဆဈေးတွေနဲ့ ပြည်သူလူထုဆီကနေ ခေါင်းပုံဖြတ်ပြီး ရောင်းနေတဲ့ လောဘလူသားတွေကြောင့် တန်ဖိုးနည်းတွေ ကနေ တန်ဖိုးကြီးဖုန်းတွေ ဖြစ်သွားရတာပေါ့။ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်က ဒူဘိုင်းမှာတဲ့ အားလူးကြော်နှစ်ထုပ်ဝယ်ရင် ဆင်းကဒ်ပါပြီး ဖုန်းတစ်လုံး လက်ဆောင်ပေးတယ်ကြားရတော့ လုံးဝကို မယုံနိုင်ခဲ့ဘူး။ ဒူဘိုင်းတောင် ပြေးသွားချင်စိတ်ပေါက် မိသေးတယ်။ မဖြစ်နိုင်ဘူးလို့လဲ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်ဖြစ်နေခဲ့တယ်။ ဒီမှာက အဲဒီတုန်းကဆို ဖုန်းတစ်လုံးရဲ့တန်ဖိုးက ကားတစ်စီးတန်ဖိုးနီးနီး ရှိနေခဲ့တယ်လေ။ ထားပါ၊ အခုတော့ အဲဒီလို ဈေးကြီးကြီးကနေ တဆင့်ပြီးတဆင့် လျှော့ချပြီးရောင်းနေတယ် ဆိုတော့ ရွှေမြန်မာတွေအတွက်တော့ တန်ဖိုးနည်းဖုန်းဆိုပြီး တစ်သိန်းလောက်နဲ့ ရောင်းချဖို့ လုပ်နေတော့ ပြည်သူ ပြည်သားတွေ လည်း ဒီဖုန်းလေးတစ်လုံး ကိုင်နိုင်ဖို့ မျှော်တလင့်လင့်နဲ့ စောင့်စားခဲ့တာ အခုတော့တစ်သိန်းလောက်ဆိုရင် ကိုင်နိုင်ပါပြီဆိုတဲ့ အတွေးလေးနဲ့ ပျော်မဆုံးဖြစ်နေတဲ့ ဒီသတင်းကလည်း လူပြောသူပြောများတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပြန်ရော။ တကယ်တော့ အဲဒီဆင်းကဒ်လေးရဲ့ တန်ဖိုးဟာ သောင်းဂဏန်းတောင် တန်ကြေးမရှိပါဘူး။ နောက်ပြောဆိုခဆိုတဲ့ တစ်မိနစ် ငါးဆယ်ဆိုတာကလည်း များသေးတာပါပဲ။ တိုင်းပြည်ဝင်ငွေရှာတယ်ဆိုတာ ဘာအတွက်လည်း ပြည်သူလူထုအတွက် ဆိုရင်တော့ ပြည်သူလူထုဆီက အတင်းအဓမ္မ မတန်တဆဈေးတွေနဲ့ ရောင်းချတာဟာလည်း ဓားပြတိုက်တာပါပဲ။ သူများနိုင်ငံတွေ မှာဆိုရင် ပြည်သူလူထုကို ဘယ်လိုကောင်းအောင် လုပ်ပေးရမယ်ဆိုတဲ့အတွေးနဲ့ အများပြည်သူကိုပဲ ဦးစားပေးစဉ်းစားတယ်။ တိုင်းပြည်ဖွံ့ဖြိုးအတွက်ကတော့ သယံဇာတတွေလည်း ထုတ်မကုန်နိုင်အောင် ရှိနေတာပဲ။ ထုတ်လည်းထုတ်နေတာပါပဲ။ ဒီငွေတွေက ကော ဘယ်ရောက်နေတာလဲ မေးခွန်းထုတ်စရာတွေ အများကြီးပါပဲ။ တကယ်တော့ ဒါမျိုးတွေကို နိုင်ငံတော်ကနေ မချုပ်ကိုင်ဘဲ လုပ်ကိုင်နိုင်တဲ့ ပြည်တွင်း၊ ပြည်ပကလူတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ ဒီလိုဆိုရင်တော့ အများမျှော်လင့်ထားတဲ့အတိုင်း တစ်နိုင်ငံလုံး တောရော မြို့ပါ ဖုန်းကလေးကိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ငါးထောင်တန်ဆိုတာတွေလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကလည်း ခုနကပြောခဲ့သလို ဆင်ခြင်ဖွယ်ရာအဖြစ်ပါ။ အပြစ်တင်စကားနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ခေတ်စနစ်နဲ့အညီ ချီတက်နေတဲ့ အပျိုနုနု ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံလေးမှာ အသွင်သစ်၊ အမြင်သစ်၊ စိတ်ကူးသစ်၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ ချီတက်မှသာ ပိုမို ထင်လင်းမြင်သာတဲ့၊ တိုးတက်ကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကြီးဆီကို တဖြည်းဖြည်းနဲ့ ကောင်းမွန်စွာလျှောက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် အတိတ်ကအရိပ်မည်းတွေ လိုက်နေရင် ခါချနိုင်ရန် သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာအဖြစ် ရေးသားလိုက် ရပါတယ်။
မောင်မင်းစိုး

ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

အချုပ်အချယ်မဲ့ လွပ်လပ်ခွင့်ဝါဒ = Libertarianism
-------------------------------------
 အရင်းရှင် လစ်ဘရယ်သဘောတရား၏ အစွန်းရောက် အယူအဆ ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်နှင့် စကင်ဒီနေဗီးယားတို့တွင် ထွန်းကားခဲ့သည်။ အမေရိကန်တွင် သမ္မတ ရော်နယ်ရေဂင်၊ ဗြိတိန်တွင် ၀န်ကြီးချုပ် မာဂရက်သက်ချာစသော လေဇယ်ဖယ်ယာ နိုင်ငံရေးခေါင်းဆောင်များ လက်ထက်တွင် အချုပ်အချယ်မဲ့ နိုင်ငံ ရေးနှင့် စီးပွားရေးလွပ်လပ်ခွင့်ကို အားပေးခဲ့ခြင်းသည် Libertarianism ကို လက်တွေ့ ကျင့်သုံးခြင်း ဖြစ်သည်။ ယင်းကို နိုင်ငံရေးသဘောတရားအဖြစ် ပွဲထုတ်ခဲ့ကြသူများမှာ နောဇစ်၊ ရော်လ်နှင့် သြစတေးလျမှ စီးပွားရေး ပညာရှင် ဟေးယက်တို့ ဖြစ်သည်။ လူအားလုံးတွင် မည်သူကမှ ပိတ်ပင်ရုပ်သိမ်းလို့မရသော မွေးရာပါ အခွင့်အရေးများ ရှိသည်။ အများ အကျိုးငှာ ဟု ဆိုကာ လူတစ်ဦးချင်း၏ ပိုင်ခွင့်များကို မစွန့်လွှတ်စေရ ဟု ဆိုသည်။ Libertarianism ကို ပွဲထုတ်သူများက လူမှုဖူလုံရေး ထောက်ပံ့မှုစနစ်ကို ဆန့်ကျင်သည်။ ဆင်းရဲငတ် ပြတ်နေသူတစ်ယောက်အား လူမှုဖူလုံစေရန်အလို့ငှာ အခြားသူတစ်ဦး၏ ဥစ္စာပစ္စည်းကို မထိပါးသင့် ဟု ယင်း တို့က ခံယူသည်။ အနှစ်သာရမှာ လုံးဝ လွှတ်ပေးထားရေး ( laissez-faire ) နှင့် အစိုးရက ၀င်ရောက်မစွက်ဖက် ရေး ဖြစ်သည်။ Libertarianism ၏ အမြင့်ဆုံး ရည်မှန်းချက်မှာ မင်းမဲ့ဝါဒ ( anarchism-ရှု ) ဖြစ်သည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

ကိန်းဝါဒ = Keynesianism
 --------------------
 ဗြိတိသျှ ဘောဂဗေဒပညာရှင် ဂျွန်မေးနတ်ကိန်း ( ၁၈၈၃-၁၉၄၆ ) ကို အစွဲပြုပြီး ကိန်းဝါဒဟု ခေါ်ခြင်း ဖြစ်သည်။ ကိန်းသည် ၁၉၂၀ နှစ်များနှင့် ၁၉၃၀ နှစ်များတွင် လက်တွေ့နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် လစ်ဘရယ်ပါတီတွင် တက်ကြွစွာလှုပ်ရှားခဲ့သည်။ ဗာဆေးငြိမ်းချမ်းရေးညီလာခံတွင်လည်း ပါဝင်ခဲ့သည်။ သူ၏ စီးပွားရေးဆိုင်ရာ စာအုပ်များတွင် General Theory of Employment, Inetrest and Money ( 1936 ) သည် အထူးထင်ရှားသည်။ ထိုစာအုပ်တွင် ကိန်းက စီပွားပျက်ကပ်ဆိုက်ချိန်နှင့် ငွေဖောင်းပွမှု ဆိုးဝါးချိန် များတွင် အစိုးရက မည်သို့ပါဝင်ထိန်းချုပ် ကိုင်တွယ်ဖို့ လိုအပ်ပုံကို သညာပေးထားသည်။ ၁၉၃၀ နှင့် ၁၉၄၀ နှစ်များတွင် ကိန်းဝါဒကို အစိုးရများက ဖြည်းဖြည်းချင်း လက်ခံလာကြသည်။ ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသည့် နောက်ပိုင်းတွင်ကား ကိန်းဝါဒသည် စီးပွားရေးကို ချုပ်ကိုင်လိုသော အနောက်အုပ်စု အစိုးရများအတွက် လက်သုံးစကား ဖြစ်လာသည်။ ၁၉၇၂ တွင် အမေရိကန်သမ္မတ နစ်ဆင်က သူသည် ကိန်း နောက်လိုက်တစ်ယောက် ဖြစ်သည် ဟု ထုတ်ဖော်ပြောခဲ့သည်။ ကိန်းဝါဒ၏ အခြေခံသဘောတရားမှာ ဆိုရှယ်လစ်နည်းလမ်းဖြင့် နိုင်ငံပိုင်သိမ်းမှုများ ပြုလုပ်ဖို့မလိုဘဲ အစိုးရက စီးပွားရေးဆိုင်ရာ အဆုံးအဖြတ်များ ချမှတ်ခြင်းဖြင့် ထိန်းချုပ်ကာ ငွေတန်ဖိုး တည်ငြိမ်အောင် လုပ်ရန် နှင့် လူစေ့တက်စေ့ အလုပ်အကိုင် ရရှိစေရန် ဖြစ်သည်။ အစိုးရက စီးပွားရေးဆိုင်ရာ အသေးစိတ် ဆုံးဖြတ်ချက် များကို ပုဂ္ဂလိကများအား လွှဲအပ်ထားပြီး အခွန်အတုတ် သတ်မှတ်ခြင်းနှင့် အတိုးနှုန်းထားများ သတ်မှတ်ခြင်းကို ကိုင်ထားရမည် ဟု ဆိုသည်။ ၁၉၇၀ နှစ်များ ကုန်ဆုံးခါနီးတိုင်အောင် ကိန်းဝါဒ ရေပန်းစားခဲ့သော်လည်း ထို နောက်ပိုင်းတွင် ရှိကာဂို ဂိုဏ်း ( Chicago School ) မှ မီလ်တန် ဖရိုက်မန်းကဲ့သို့သော အမေ၇ိကန် ဘောဂဗေဒ သဘောတရားရေး ဆရာများက ငွေကြေး ထိန်းချုပ်ရေးဝါဒ ( monetarism ) ဖြင့် အစားထိုးခဲ့သည်။ ကိန်းဝါဒ ပေါ်ပေါက်ခါစတုန်းက လိုပင် ငွေကြေးထိန်းချုပ်ရေးဝါဒသည် ၁၉၈၀ နှစ်များကစ၍ အနောက်နိုင်ငံများတွင် ရှေ့တန်းရောက်လျက် ရှိသည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

Wednesday, March 13, 2013

လက်ပံတောင်းတောင် ကြေငြာစာတမ်း


ရှုမောဖွယ် တောင်စဉ်တန်းတွေနဲ့
အညာလှ ခြယ်သနေတဲ့ လက်ပံတောင်းတောင်
ခုဝင်လာ ကြမ္မာဆိုးတွေက
တုယှဉ်ကာ တန်ပြန်တိုက်ပေမယ့်
သြော်ကွယ် ဖြိုချမယ်လို့ သူကြံရွယ်။ ။

အာဏာရှင် လူတစ်စုတွေနဲ့
ခရိုနီ အလိုဆိုးတွေက လက်ဝါးကြီးအုပ်လို့ သွေးစုပ်တယ်
အလစ်တွင် ယဇ်ပလ္လင်တင်ကာ ဆက်မယ်ပ
ပြည့်စည်းစိမ် ကုန်အောင်ဖြုန်းဖို့ ရွယ်
သြော်ကွယ် ရမ္မက်ရူးတွေရဲ့ စိတ်ထား။  ။

ဆန္ဒပြသံဃာစစ်တွေရဲ့
သွေးစွန်းမယ့် မီးလောင်ဒဏ် သပိတ်စခန်းကိုလ
မှိတ်ရမ်းကာ ၀င်ပူးစီးလေတော့
သာသနာအောင်လံ လဲကာကျရတယ်
သြော်ကွယ် လူရမ်းကားတွေရဲ့ နှိပ်စက်ပုံ။  ။

ဥာဏ်ကြီးရှင် လူတစ်သိုက်တွေရဲ့
ရင်မောဖွယ် အပြီးသတ် အစီရင်ခံစာတွေက
ဝမ်ပေါင်နဲ့ ဦးပိုင်ကို အနိုင်ပေးလိုက်တယ်
အဆိပ်ရည်ထပ်ကာ သွန်းလောင်းလိုက်တာကြောင့်
သြော်ကွယ် ဒေသခံတွေရဲ့ ရှုံးရပြီ။  ။

တို့နိုင်ငံ ဒီအရေးမှာလ
အဖိုးတန် ရတနာတစ်ပါးရယ်တဲ့ ပြုန်းတော့မည်
ကမ္ဘာမကျေ ဥဒါန်းတွင်စေတော့
အမှန်ပေ သံသရာကုန် ကျေမအေးနိုင်ဘူး
သြော်ကွယ် လက်ပံတောင်းရဲ့ အရေးတော်ပုံ။  ။

မောင်မင်းစိုး

Monday, March 11, 2013

ခေတ်မှီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

မက္ကသီဝါဒ = McCarthyism -------------------------------------------------------
 အမေရိကန် အထက်လွှတ်တော်အမတ် ( ဆီနေတာ ) ဂျိုးဇက် မက္ကာသီကို အစွဲပြု၍ ပေါ်ပေါက်လာခဲ့ သော စကားလုံးဖြစ်သည်။ သူသည် ၁၉၄၆ မှစ၍ ၁၉၅၇ ကွယ်လွန်သည်အထိ ၀စ္စကွန်ဆင်ပြည်နယ်၏ ဆီနေ တာ ဖြစ်ခဲ့သည်။ ၁၉၅၀ မှ ၁၉၅၄ အတွင်း အမေရိကန်အစိုးရ ၀န်ထမ်းများထဲတွင် ခြေကုတ်ဝင်ယူနေသည် ဟု သင်္ကာမကင်းဖွယ် လူပုဂ္ဂိုလ်များကို မြေလှန်စစ်ဆေးခဲ့သူအဖြစ် ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဆိုဗီယက်ယူနီယံ သြဇာနယ်ပယ် ချဲ့ထွင်လာခြင်း၊ အရှေ့ဥရောပတွင် ကွန်မြူနစ်နိုင်ငံများ ပေါ်ပေါက်လာခြင်း၊ ကိုလိုနီနိုင်ငံများမှ အမျိုးသားရေး လွတ်မြောက်ရေး လှုပ်ရှားမှုများကို ဦး ဆောင်သူအများစုမှာ လက်ဝဲအယူအဆရှိသူများ ဖြစ်နေခြင်း စသည်တို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကွန်မြူနစ်တစ္ဆေ ခြောက်နေခဲ့သည်။ အမေရိကန်တွင် ကွန်မြူနစ်များ ခြေကုတ်ရသွားပါက တစ်နေ့တစ်ချိန်တွင် မိမိတို့အတွက် အန္တရာယ်ကြီးစွာ ကျရောက်နိုင်သည် ဟု အရင်းရှင်းကြီးများက စိုးရိမ်ပူပန်ခဲ့ကြသည်။ ယင်းတို့၏ ကိုယ်စားလှယ်မှာ ဆီနေတာ မက္ကာသီ ဖြစ်သည်။ မက္ကာသီသည် ဆီးနိတ်၏ အစိုးရလုပ်ငန်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် ရရှိထားသော အခွင့်အာ ဏာများကို သုံးစွဲကာ အစိုးရ၀န်ထမ်းများ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ အပါအ၀င် အလွှာပေါင်းစုံမှ နိုင်ငံ သားများစွာတို့အား ဆင့်ခေါ်၍ ကွန်မြူနစ်လိုလားသူ ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် တစ်မျိုးသားလုံး သွေးရူးသွေးတမ်း ( national hysteria ) ဖြစ်ကုန်ကြသည် ဟူ၍ပင် ပြောစမှတ် တွင် ခဲ့သည်။ ဆင့်ခေါ်စစ်ဆေးခံရသူများသည် အနိုင်ကျင့်ခံရခြင်း၊ စိတ်ဓာတ်ရေးရာ ညှဉ်းဆဲခံရခြင်း၊ အရှက်တကွဲ ဖြစ်ရခြင်းတို့နှင့် ကြုံခဲ့ရကြရလေသည်။ နောက်ဆုံးတွင် မက္ကာသီသည် စစ်တပ်ကိုပါ ဝေဖန်တိုက်ခိုက်သည်အထိ အလွန်အကျွံဖြစ်လာရာ ဆီး နိတ်မှ သူ၏လုပ်ဖော်ကိုင်ဖက်များကိုယ်တိုင်က သူ့ကို ပြန်လည်တားဆီးခဲ့ကြရသည်။ သူ၏ စုံစမ်းစစ်ဆေးမှုများ ကိုလည်း ရပ်တန့်လိုက်ရသည်။ မက္ကာသီသည် မတရားစွပ်စွဲမှုများကြောင့် လူမုန်းအလွန်များခဲ့ပြီး သူ့ဘ၀၏ နောက်ဆုံးနေ့များတွင် အထီးကျန်ဖြစ်ခဲ့သည်။ မည်သို့ရှိစေ မက္ကာသီဟူသော နိုင်ငံရေးဝေါဟာရတစ်ခုကား တွင်၍ကျန်ခဲ့သည်။ ကွန်မြူနစ်တစ္ဆေ ခြောက်ပြီး လူဆိုးလူကောင်းမရွေး သိမ်းကျုံးကာ တရားခံများသဖွယ် မသင်္ကာဖြစ်ခြင်းကို မက္ကာသီဝါဒ ဟု ခေါ် သည်။ အမေရိကန်တွင် ၂၀၀၁ စက်တင်ဘာ ၁၁ အရေးခင်း ကြုံခဲ့ရပြီးနောက် နိုင်ငံခြားသားများ အားလုံးကို အမေရိကန်တို့က မသင်္ကာစိတ်ဖြင့် တင်းတင်းကျပ်ကျပ် စစ်ဆေးလာခဲ့ရာ ခေတ်သစ်မက္ကာသီဝါဒ ကျင့်သုံးလာမှု လော ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
 ( မောင်ဝံသ၊ ခေတ်မှီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )


လစ်ဘရယ်ဝါဒ = Liberalism
 ---------------------------------------------
 ၁၉ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော လူမှုရေးနှင့် နိုင်ငံရေးသဘောထားများအပေါ်တွင် အခြေံခံ၍ လစ်ဘရယ်ဝါဒထွန်းကားလာသည်။ ဥရောပတိုက်တွင် မြေရှင်ပဒေသရာဇ် အကြွင်းအကျန်များနှင့် ဘုရင်စနစ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးအတွက် လူလတ်တန်းစားများက လှုပ်ရှားတွန်းလှန်ရာမှ လစ်ဘရယ်ဝါဒ အခြေတည်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးတွင် အစိုးရက လုံးဝ စွက်ဖက်ခြင်း မပြုဘဲ လေဇယ်ဖဲယား ခေါ် လွပ်လပ်စွာ ကူသန်းရောင်း ၀ယ်ခွင့်၊ နိုင်ငံရေးတွင် ပြည်သူ့လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ လစ်ဘရယ်ဝါဒ သည် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထားသည်။ တရားဥပဒေအထက်တွင် ရှင်ဘုရင်သော၊ သူကောင်း မျိုးသော၊ လူချမ်းသာသော မည်သူမျှ မရှိစေရ ဟု တောင်းဆိုသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်သူများအား ဆန္ဒမဲပေး ရွေးချယ်ပိုင်ခွင့်တို့ကို လိုလားသည်။ နိုင်ငံရေးတွင် ယေဘုယျအားဖြင့် လူတန်းစားတိုက်ပွဲကို ယုံကြည်ပြီး အစိုးရက ထိန်းချုပ်သည့် စီးပွား ရေးမူဝါဒများကို ကျင့်သုံးလိုသော လက်ဝဲသမားနှင့် လူတစ်ဦးချင်း၏ လွပ်လပ်ခွင့်ကို အားပေးသော လက်ယာ သမားဟူ၍ ရှိရာ လစ်ဘရယ်ဝါဒီများသည် နှစ်မျိုးစလုံးဆီမှ ကောင်းသော အချက်များကို လက်ခံကျင့်သုံးသည်။ လူလူချင်း တန်းတူညီမျှခွင့် တူညီမှုဖြစ်စေရမည် ဟူသော လက်ဝဲယုံကြည်ချက်ကို လစ်ဘရယ်ဝါဒက လက်ခံ သည်။ သို့သော် ချမ်းသာသူများကို ပျက်စီးစေပြီး ဆင်းရဲသူများကို အနိုင်ရစေမည် ဟူသော သဘောထားမျိုးကို လက်သင့်မခံချေ။ တနည်းအားဖြင့်ဆိုသော် တော်လှန်ရေးနည်းလမ်းဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရမည် ဟူ သော အယူအဆကို လက်မခံချေ။ ထို့အတူ လူတစ်ဦးချင်း၏ အရည်အချင်းအလျောက် ကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်သော အခွင့်အလမ်းရှိရမည် ဟူသော လက်ယာသမား ( ၀ါ ) အရင်းရှင်စနစ် ယုံကြည်သူများ၏ အယူအဆကို လစ်ဘ ရယ်ဝါဒက လက်ခံသည်။ ဗြိတိန်နိုင်ငံ၌ လစ်ဘရယ် ဟု ဆိုလျှင် လစ်ဘရယ်ပါတီဝင်များကိုသာ ရည်ညွှန်းသော် လည်း နိုင်ငံတကာ၌မူ ပုဂ္ဂလိက လူတစ်ဦးချင်း၏ အခွင့်အရေးများကို ခုခံကာကွယ်သော အယူဝါဒတစ်ခု အဖြစ် အသိအမှတ်ပြုကြသည်။ လူတစ်ဦးတစ်ယောက်အား လစ်ဘရယ်ဆန်သည် ဟု ဆိုခြင်းသည် တရာဥပဒေစိုးမိုးမှု အောက်၌ ပုဂ္ဂလိကလွပ်လပ်ခွင့်များကို ကျင့်သုံးလိုသူ ဟူသော အဓိပ္ပါယ်ဖြင့် ပြောခြင်းဖြစ်သည်။ ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

လမ်းညွှန်အမှောင်

ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက်ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက်ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် (၁၁ ရက်၊ မတ်လ၊ ၂၀၁၃ - စမအ)
စိုးမင်းအောင်

Sunday, March 10, 2013

ခံစားမှု အနုပညာ(ကဗျာ ပါဖောမင့်)




အသံတွေကို စိတ်အလုပ်ဖြစ်တဲ့ နာကြားမှုနဲ့ သိမှုဆိုင်ရာတွေကို တစ်စစီဖြိုခွင်းရင်း
ကမ္ဘာကြီးရဲ့ ဆာလောင်မှုတွေကို ပြီးဆုံးစေရမယ်။
ကိုယ်ကျင့်တရားဟာ နယ်ပယ်တိုင်းအတွက် အရေးကြီးတဲ့ ပြယုဂ်ဖြစ်ပြီး စောင့်စည်းမှုမျဉ်းတွေနဲ့
ကမ္ဘာကြီးကို ကယ်တင်ဖို့လိုအပ်ပါလိမ့်မယ်။
မျောလွင့်နေတဲ့ စိတ်အရှုပ်များ ပြန့်လွင့်နေတဲ့ မသေချာမှုတွေကို တစ်ပေါင်းတစ်စီးထဲ စုစည်း သိုလှောင်ထားရင်း
တည်ငြိမ်မှုဖြစ်စဉ်ကို တပ်ဆင်လိုက်။
ဖြစ်ပျက်မှုတရားမှန်သမျှဟာ အကျိုးတရားတိုင်းရဲ့ ပင်မရေစီးဖြစ်ပြီး အကြောင်းတရားတွေရဲ့ ဇစ်မြစ်ရှာမှုနဲ့ ထုပ်ပိုးထားလိုက်
ပိုင်နိုင်စွာအသုံးချတတ်ဖို့ လာရာလမ်းကို လှမ်းမျှော်ကြည့်နိုင်ဖို့ လိုတယ်။
ကာလသုံးပါးဆိုတဲ့ ယန္တရားရဲ့ စက်ဝန်းမှာ ဖြစ်တည်မှုစိတ်အစဉ်ဟာ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အလုပ်ကို အကျဉ်းချုံ့ပြီး မှတ်သားလိုက်
ပိုင်းခြား စိပ်ဖြာ သိမြင်မှုနဲ့ အလုပ်စခန်းဝင်။
ဖြစ်ခြင်း ပျက်ခြင်းဟာ စစ်မှန်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ရင် ပျက်မယ် ဒါဟာလှပတဲ့ သိမြင်မှု ဘာကိုမှ ဆုပ်ကိုင်မထားနဲ့ ခံစားမှုတိုင်းဟာ
ခံရသူတိုင်းအတွက် စဉ်းစားဖြေရှင်းရမယ့် နိယာမတစ်ခုဆိုတာ မမေ့နဲ့။
ပြိုကျသွားတဲ့ အသိဟောင်းတွေကို တွန်းလှန်ဖြိုခွင်း တစ်လွှာချင်းခွာထုတ် တည်ဆောက်မှုတိုင်းဟာ ပြန်လည်ပျက်စီးခြင်းရဲ့
လှပတဲ့ မရိုးနိုင်တဲ့ တေးတွား။
ဆုပ်ကိုင်ထားတဲ့ လွှဲမှားမှု သော့ချက်ကို အပြစ်တစ်ခုလို့ ရှုမြင် လောကီနယ်ပယ်မှာ ဘာကိုမှ ဆုပ်ကိုင်ထားလို့ မရဘူး။
မသေချာတဲ့ ပစ်မှတ်ကို ချိန်ရွယ်လိုက် ပစ်မှတ်တိုင်းကို ထိမှန်ချင်မှ ထိမှန်လိမ့်မယ် လွှဲချော်သွားတဲ့ ပစ်ချက်ဟာ
တစ်ခါတလေ ထိမှန်ခြင်းပဲ တန်ဖိုးကို မေ့မပစ်နဲ့ စွဲလန်းမနေနဲ့။
တစ်ထစ်ပြီးတစ်ထစ် တက်ခဲ့လိုက် လှေကားထစ်တိုင်းဟာ သူ့အနုပညာနဲ့သူ ရှင်သန်နေခဲ့တယ် တစ်လှမ်းချင်း လှမ်းလျှောက်
ဖြတ်တောက် ကျော်ဖြတ်ရမယ့် အဆင့်တွေကို ခုန်ကူးသင့်ရင် ခုန်ကူး ကျော်လွှာသင့်ရင် ကျော်လွှား ဆုံမှတ်တစ်ခုကို ချိန်ထားလိုက်။
တာဝန်တစ်ခု ပြီးဆုံးခြင်းကို သိမြင် နားသင့်ရင် နား အနားယူဖို့ လိုအပ်ပါတယ် ပါဖောမင့်တွေနဲ့ တင်ဆက်ပြသ ကမ္ဘာကို ကဗျာပြုမိုး ရွာစေ။
လက်ထဲက အရာဝတ္ထုကို အပြန်ပြန်အလှန်လှန် သုံးသပ် သင်္ကေတတိုင်းဟာ နိမိတ်ပုံတွေနဲ့ ဖွယ်ဖွယ်ရာရာ လွတ်မြောက်မှုတိုင်းဟာ
လွှတ်လို့မြောက်ခဲ့ရတာ ဒါကို ခံစားနားလည်ခြင်း သီအိုရီနဲ့ ဘ၀တစ်ခုကို ကြေးမုံမှာ တင်ကြည့် လှပခြင်းတွေ စိမ်းစိုနေလိမ့်မယ်။
ခင်းကျင်းပြသထားတဲ့ သံဝေဂအထည်တွေကို တစ်စစီခွာကြည့် တက်မက်မှု မောက်မာမှု ထောင်လွှားမှု အယူမှားမှုတွေကို မြင်အောင်ကြည့်
ကျော်ဖြတ်ခဲ့တဲ့ လမ်းကြောင်းမှာ တွေ့မြင်ခံစားခဲ့ရတဲ့ အစွယ်တွေကို ရိပ်သိမ်းပြီး ဓမ္မသံစဉ်ရဲ့ ချိုမြမှုတွေကို ငြိမ့်ညောင်းစွာ ခံစား အိပ်ပျော်နေတဲ့
အသံလှိုင်းတွေဟာ နိုးထလာလိမ့်မယ်။
ကမ္ဘာမှာ ကဗျာပြုမိုးရွာဖို့နဲ့ အရာဝတ္ထုတိုင်းရဲ့ ဖြစ်စဉ်တွေကို ရှုမြင်သုံးသပ် ဘောင်ခတ်ထားတဲ့ အသိတွေကို ရှင်းထုတ် ဆုပ်ကိုင်ထားတဲ့ တရားသေ၀ါဒကို
ဖြိုချ အရာရာဟာ သူ့အလှနဲ့သူ လှလို့ အရာရာဟာ သူအကြောင်းနဲ့သူ အမှုန်အမွှားလေးတွေလည်း ဓာတ်သဘောအရ အလုပ်ဖြစ်နေခဲ့တယ်။
မြင်အောင် ကြည့် ကြားအောင် ထောင် သိအောင်လုပ် အနံ့တွေ ရှုရှိုက် အရသာတွေ  ခံစား အတွေ့အထိကို ဖိကြည့်လိုက် အာရုံငါးပါးရဲ့ အလုပ်ဟာ
မသိစိတ်ကနေ အလုပ်လုပ်နေခဲ့တယ် မိန်းကလေးနှစ်ယောက်ရဲ့ သန်းတုပ်ခြင်းအနုပညာဟာ ၀င်းမှည့်နေတဲ့ သစ်သီးတစ်လုံးပါပဲ။
ရိုးရိုးလေးပါပဲ ထိုင်ပြီးပစ်နေတဲ့ အကုသိုလ်တွေနဲ့ ခန္ဓာတွင်းရဲ့ နာကျင်မှုတွေကို လည်ပြန်တွေးပြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတိုင်းကို
လိုက်မှတ် ရှင်းထုတ် ခါထုတ် ပုတ်ထုတ် မြိုချသင့်ရင် မြိုချ ဒါဟာ စိတ်ဖြစ်စဉ်တစ်ခုရဲ့ ဝေဒနာတေးတစ်ပုဒ်။
သေရင်မပြီးသေးဘူး ဘ၀တစ်ခုရဲ့ဆုံမှတ်မှာ မျဉ်းပြိုင်သဘောတရားအရ အသွားအပြန်ရှိတယ် ရောင်စဉ်ခုနှစ်သွယ်ဘုံတန်းတွေနဲ့
လက်ခံမယ့် ဌာနတစ်ခုရဲ့ မသေချာမှုတွေရှိတယ်။
လက်ခံလိုက်ပါ နားလည်လိုက်ပါ ဖြေရှင်းလိုက်ပါ ဘာမှမသိသေးတဲ့ ပုစ္ဆာတစ်ပုဒ်အတွက် တွေးရင်း ရူးမနေနဲ့ မူးမနေနဲ့
ထူးထူးခြားခြား ပိုင်ခြားပြီး သိမြင်နားလည်လိုက်ရင် ဘာမှမဟုတ်တာကို ပိုမိုထင်လင်းလာလိမ့်မယ်။
စွန့်သင့်တဲ့အရာတွေဟာ ပင်လယ်ထဲထဲက လှိုင်းဂယက်ထက် ပြင်းထန်နေရင် ပိုပြီးအာရုံစိုက် ငြိမ့်ညောင်းမနေပေမယ့်
ဒါဟာ လောကဓံရဲ့ လှပတဲ့တရားစီရင်မှုအဖြစ် လက်ခံလိုက်။
လုပ်ဆောင်စရာတွေက လိမ်ညာမှုတွေနဲ့ ရှားပါးလှတဲ့ မျိုးစိပ်တစ်ခုလို့ သုတေသနပြု ဖယ်ရှား
လေအဟုန်မှာ နေကုန်ကူးလို့ စီမံရာအတိုင်း လှည့်လည်နေရင်း မကုန်ဆုံးနိုင်တဲ့ စာတမ်းတစ်ခုကို
ထွင်းထု သက်ပြင်းကို ရှည်လျားစွာဆွဲချ နားခိုလိုရပြီ။

မှတ်ချက်။ ။ ပဋိသမ္ဘိဒါမဂ် မြန်မာပြန်မှ ဥာဏ်စဉ်များကို အမှီသဟဲပြုကာ ကဗျာတစ်ပုဒ်အဖြစ် စိတ်အလုပ်တစ်ခုကို
ထုတ်ဆောင်ခြင်းသက်သက်။

မောင်မင်းစိုး