Thursday, October 18, 2012

ပြုံးချိုဖတ်ဖို့ကဗျာစာအုပ် မိတ်ဆက်ပွဲ မြင်ကွင်း

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာများ


    ကမ်္မ ၀ိပါကောနာမ နသက်္ကာ ကေနစိ ပဋိဗာဟေတုံ။
    ဘယ်လိုပုဂ်္ဂိုလ်ကမှ ကံရဲ့အကျိုးပေးမှုကို တားမြစ်လို့ မရနိုင်ပါဘူး။ ဆိုလိုတာက ကောင်းကံ၊ ဆိုးကံရဲ့ အကျိုးပေးပုံကို အကျိုးမပေးနဲ့ဆိုပြီး ဘယ်လူနတ်ဒေ၀တာမှ တားဆီးကာကွယ်ပေးလို့ မရပါဘူးလို့ဆိုလိုတာပါ။ ဆိုတော့ ကိုယ့်ပြုတဲ့ကံ ကိုယ့်ထံပြန်လာမယ်ဆိုတာ မုချကိန်းသေ မှတ်သားထားဖို့ လိုပါတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမှာ ဖြစ်သလို၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အကျိုးက တစ်နေ့မိမိထံ မုချပြန်လာမယ်ဆိုတာကို သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့ သတင်းများကို ဆင်ခြယ်ဖွယ်ရာအဖြစ်နဲ့ ပြန်လည်ပြီးတော့ ““သတင်းများက ပြောသော ဆင်ခြင်ဖွယ်ရာ””ဆိုပြီး စတိုင်သစ်မဂ်္ဂဇင်းရဲ့ စာမျက်နှာပေါ်ကနေတဆင့် လူငယ်များအတွက် အထူးတလည်ဆင်ခြယ်ဖွယ် ရာအဖြစ် ရေးသားလိုက်ပါတယ်။
    အခုတလော မင်းမဲ့စရိုက်ဆန်လှတဲ့ အုပ်စုဖွဲ့ရမ်းကားမှုဆိုတဲ့ သတင်းလေးတွေ ကြားနေရတယ်။ ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ပေါင်မှာ သတ်မှတ်ချိန်ကျော်လွန်သွားလို့ တားမြစ်တဲ့ ၀န်ထမ်းကို မကျေမနပ်ဖြစ်ပြီး ဆိုင်ကယ်များနဲ့ ပြန်လာကာ ၀ိုင်းရိုက်တဲ့အမှုနဲ့ မြိတ်မြို့နယ်အတွင်းရှိ ကားများ၊ နေအိမ်များ၊ အဆောက်အအုံများ၊ မှန်ပြတင်းများကို အုပ်စုဖွဲ့ပြီး ဖျက်ဆီးခဲ့ တဲ့ လူငယ်တစ်စုစသဖြင့် မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေကို ကြားနေ၊ ဖတ်နေ၊ သိနေရတာ စိတ်မချမ်းမြေ့စရာကောင်းလှတဲ့ သတင်းတွေပါပဲ။ တကယ်တော့ ဒါတွေဟာ ရာဇ၀တ်မှုမြောက်တဲ့ ကျူးလွန်ခြင်းတွေ ဖြစ်တယ်ဆိုတာပါပဲ။  ဒီတော့ ဒါမျိုးတွေ ဆက်တိုက်ဖြစ်မလာဖို့ လိုအပ်ပါတယ်။ နောက်ကြောင်းမပြန်ဘူးလို့ အော်နေပေမယ့် ဘာမှပြောလို့မရပါဘူး။ ဒါကြောင့် ဆက်တိုက် ဆိုသလိုဖြစ်နေရင်တော့ လမ်းကြောင်းပြောင်းလဲနိုင်မှုဆီကို နောက်ကြောင်းပြန်ခြင်းမျိုးနဲ့ တုံ့ပြန်လိုက်ရင်ဖြင့် တွေးရတာတောင် ရင်မောလှပါတယ်။ ဒါဟာလူငယ်ဆန်တဲ့ အပြုအမူမျိုးတွေ မဟုတ်ပါဘူး။ သူရဲဘောကြောင်တဲ့ မိုက်ရူးရဲဆန်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ရှောင်ကျဉ်သင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနကပြောခဲ့သလို ရာဇ၀တ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်နေတဲ့အတွက် ကိုယ့် အနေနဲ့ရော၊ ကိုယ့်မိသားစုအနေနဲ့ပါ တချိန်မှာ အမှုမှန်ပေါ်ပေါက်ပြီး ပြဿနာတွေဟာ မပြီးဆုံးနိုင်ဘဲ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ထားတဲ့ ပြစ်မှုရဲ့ဆိုးမွေတွေကိုလည်း ပြန်ခံရမှာလည်း ဖြစ်ပါတယ်။
    ဒီအမှုနှစ်ခုထဲက မြိတ်မြို့ကဖြစ်ရပ်ဆိုရင် လူငယ်တွေအနေနဲ့ အရက်နဲ့ဆေးလုံးရောပြီး သုံးစွဲတဲ့အတွက် ပုံမှန်စိတ်တွေ ဖောက်ပြန်ပြီး စိတ်ထဲရှိတာတွေ လျှောက်လုပ်ပြီး စိတ်ရဲ့ထွက်ပေါက်ရှာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သတိပြုရမယ့်အချက်ပါပဲ။ အထူးသဖြင့် အညွန့်တလူလူနဲ့ လူသားအကျိုးပြု၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းတွေကို ကိုယ့်ပုခုံးပေါ် ကူးပြောင်းပြီးထမ်းဆောင် ရမယ့် လူငယ်တွေအနေနဲ့ နောက်ဒါမျိုးတွေမဖြစ်ရအောင် သတိထားပြီး ရှောင်စေလိုပါတယ်။
    ဒုဋ္ဌစိတ်္တဿ ၀ုဍ္ဎိနာမ နတ်္ထိ-ဖျက်ဆီးလိုတဲ့ မကောင်းတဲ့စိတ်ရှိသူဟာ ကြီးပွားခြင်းဆိုတာ မရှိပါဘူး။ ဆိုလိုတာက စိတ်ကောင်းမရှိရင် ဘယ်တော့မှ မကြီးပွားဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် လောကီရေးရာမှာပဲဖြစ်ဖြစ်၊ လောကုတ်္တရာရေးရာမှာပဲဖြစ်ဖြစ် ကြီးပွားချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင်တော့ စိတ်ကောင်းမွေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ စိတ်ထင်ရာလျှောက်ပြီး စိတ်ရိုင်းတွေနဲ့ပဲ နပန်းလုံးပြီး အချိန်တွေ ကုန်လွန်စေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုပဲ တိုးတက်မှု၊ ကြီးပွားမှုဆိုတဲ့ စင်မြင့်ပေါ်ကနေ အလိုလို တွန်းချခံရသလို ဖြစ်နေပါလိမ့်မယ်။
    နောက်သတင်းတစ်ပုဒ်ကိုတော့ အတုယူဖွယ်အဖြစ် ဖော်ပြလိုပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိ၊ အောင်လအန် ဆိုင်းရဲ့ စိတ်ဓာတ်။ သူဟာ အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက်္ကသိုလ်ကနေ စီးပွားရေးနှင့် မွေးမြူးရေးသိပ်္ပံဘွဲ့ရရှိ ထားသူဖြစ်ပါတယ်။ သူ့ရဲ့ လောလောလတ်လတ် အသက်မွေးကြောင်းလုပ်ငန်း တစ်ခုကတော့ အမေရိကန်ဘက်စုံသုံး ကိုယ်ခံပညာ ကို ၂၀၀၇ခုနှစ်လောက်ကနေ သင်ယူခဲ့ပြီး ပြိုင်ပွဲတွေမှာ ၁၄ပွဲအထိ အနိုင်ရယူထားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို အမေရိကန် ဘက်စုံသုံးကိုယ်ခံပညာလောကမှာတော့ မြန်မာပြည်စပါးအုံးမြွေဆိုပြီး နာမည်ပြောင်တစ်ခုနဲ့ ထင်ရှားနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ရက်နေ့က အမေရိကန်သား ဂျက်ဆင်လော့ခ်ကို အနိုင်ယူခဲ့ကြောင့် သတင်းတွေ ဖေ့ဘုတ်နှင့် ဂျာနယ် တော်တော်များရဲ့ စာမျက်နှာပေါ်ကို တက်လာခဲ့ပါတယ်။ ဒီနေရာမှာ သူ့စိတ်ဓာတ်ကို အထူးပြုပြီး ပြောလိုပါတယ်။ တကယ်တော့ သူဟာ အသက်ရင်းပြီး ပရဟိတစိတ်ကို မြတ်မြတ်နိုးနိုးလုပ်ဆောင်သူလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြိုင်ခင်ကထဲက ကြွေးကြော်ခဲ့တဲ့ သူ့ရဲ့စကားတစ်ခွန်းကို အသိမှတ်ပြုရမှာဖြစ်သလို၊ လေးစား ဂုဏ်ယူရမှာလည်း ဖြစ်ပါတယ်။ ဒီပွဲကို မပြိုင်ခင်ကထဲက သူ ပြောထားခဲ့တဲ့ စကားက ““ဒီယှဉ်ပြိုင်ကနေ ရရှိမယ့် ငွေကြေးများကို ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက်္ခသည် တိုင်းရင်းသားများ အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်”” တဲ့။ နောက် သူပြောတာကတော့ သူ့အနေနဲ့ ကချင်စစ်ဘေးဒုက်္ခသည်တိုင်းရင်းသားကို စာနာမိကြောင်း ပြောဆိုသွားပါတယ်။ ဒီစိတ်ဓာတ်ထားနဲ့ပဲ အသက်နဲ့ရင်းပြီး ယှဉ်ပြိုင်ကာ ပရဟိတအကျိုးကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင် ဖြစ်ပါတယ်။ ဒါကသာ သူရဲကောင်းစိတ်ဓာတ်ပါ။ အထက်ပေါ်က အဖြစ်အပျက်မျိုးတွေကို ကျူးလွန်မိသူတွေအနေနဲ့ ဒါမျိုးတွေကို အတုယူဖို့ကောင်းပါတယ်။ မကျူးလွန်သော်လည်း အခြားသော လူငယ်များအနေနဲ့ အောင်လအန်ဆိုင်းလို စိတ်ဓာတ်နဲ့ ကိုယ်စွမ်းဆောင်နိုင်တဲ့ ဘက်ကနေ ပရဟိတအကျိုးကို ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ စိတ်ဓာတ်တွေ မွေးမြူးကြပြီး စွမ်းအားရှိသလောက် ပြုလုပ်ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါတယ်။
    သူတော်ကောင်းစိတ်ဓာတ်ဆိုတာ ကိုယ့်အနေနဲ့ တရားသဖြင့် လုပ်ဆောင်ပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက နေ အကျိုးရှိရှိ အသုံးချတတ်ကြတယ်။ မတရားတာ မလုပ်ဘူး။ မတရားတာလုပ်ရင်လည်း မကြိုက်ကြဘူး။ ဒါပေမယ့် သူတော် ကောင်းစိတ်ဓာတ်ကို လူတိုင်းမလုပ်ဆောင်နိုင်ပေမယ့် လုပ်ဆောင်နိုင်သူတွေကို ချီးမွမ်းမှုမျိုးတွေ လုပ်ဆောင်ကြဖို့တော့ လိုပါတယ်။ အဲဒီလိုပါပဲ အသိမှတ်ပြုတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ သူတော်ကောင်းတွေဟာ ကြောင်ထိုးခံထားရပေမယ့် ဘယ်တော့ မှာ အောက်ကိုမြုပ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့ ချီးမွမ်းမျိုးကိုတော့ လုပ်ဆောင်ရမှာ လည်း ဖြစ်ပါတယ်။
    န အတ်္တဟေတု န ပရဿ ဟေတု၊ န ပုတ်္တမိစေ်္ဆ န ဓနံ ရဋ္ဌံ။
    န ဣစေ်္ဆယျ အဓမေ်္မန သမိဒ်္ဓိမတ်္တနော၊ သ သီလ၀ါ ပည၀ါ ဓမ်္မိကော သိယာ။
    ပညာသူတော်ကောင်းဆိုတာ မိမိအတွက်ကြောင့်ဖြစ်စေ၊ သူတစ်ပါးအတွက်ကြောင့် ဖြစ်စေ မကောင်းမှုကို မပြုလုပ်ဘူး။ မကောင်းမှုကို ပြုလုပ်ခြင်းဖြင့် သား၊ သမီး၊ ဥစ်္စာ၊ တိုင်းပြည်ကို အလိုမရှိ။ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိ။ ထိုပုဂ်္ဂိုလ် မျိုးသည်သာ သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူ သူတော်ကောင်း ဖြစ်တယ်။ လို့ ဆိုပါတယ်။
    သူတော်ကောင်းဆိုတာ သူတစ်ပါး မျက်ရည်ကျမှ ရရှိမယ့် ပစ်္စည်းဥစ်္စာမျိုးကို ဘယ်တော့မှ မလုပ်ဆောင်ဘူး။ မရယူ လိုဘူး။ မပိုင်ဆိုင်လိုဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ သမ်္မာအာဇီဝကျစွာ ပြုမူပြီးမှ ရရှိလာမယ့် ပစ်္စည်းဥစ်္စာကို တန်းဖိုးထားတယ်။ လေးစား တယ်။ လိုက်နာတယ်။ လုပ်ဆောင်တယ်။ ကျေနပ်တယ်။ ဒါဟာ သူတော်ကောင်း စိတ်ဓာတ်ပါပဲ။ ဒီလိုရရှိလာတဲ့ ပစ်္စည်းဥစ်္စာမျိုး ကိုလည်း အများအတွက် ပြန်လည်ပြီးတော့ အသုံးချတဲ့အနေနဲ့ ပရဟိတအကျိုးကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းနဲ့ မိမိကိုယ်ကိုယ် တည်ဆောက်တယ်။ ဒီလိုလုပ်ငန်းမျိုးကို နှစ်သက်တယ်။ ဒါဟာ သူတော်ကောင်း စိတ်ဓာတ်ပါပဲ။ ဆိုတော့ မိမိအနေနဲ့ သူတစ်ပါး အား အစွမ်းအစရှိတယ်ဆိုပြီး ကြီးနိုင်ငယ်ညှင်းသဘောမျိုးနဲ့ အနိုင်ကျင့်လုပ်ဆောင်မှုတွေဟာ လူယုတ်မာတွေရဲ့ လုပ်ဆောင်မှုမျိုး ဖြစ်ပါတယ်။ ကိုယ့်စွမ်းကိုယ်စနဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ့်လုပ်ဆောင်ချက်တွေနဲ့ အကျိုးပြုလူသားဖြစ်မှသာ သူတော်ကောင်း စိတ်ဓာတ်ပိုင်ရှင် ဖြစ်တဲ့အတွက် ဒါမျိုးတွေကို အတုယူစေပြီး ရှေ့ဆက်သွားကြမယ့် လမ်းခရီးမှာ ဖြောင့်ဖြူးဖို့ အခုကထဲက လမ်း သစ်ထွင်ပြီးတော့ သူတော်ကောင်းတွေရဲ့ ထုံးကို နှလုံးမူဖို့ လိုအပ်ပါတယ်။
    သုဒ်္ဓစိတ်္တဿ ၀ုဍ္ဎိနာမ အတ်္ထိ-လို့ ဆိုရမှာဖြစ်ပါတယ်။ စိတ်ကောင်းစေတနာကောင်း ရှိမယ်ဆိုရင်တော့ ကြီးပွားမှု၊ တိုး တက်မှုဆိုတာတွေဟာ အလိုလိုပြည့်ပြည့်၀၀ ရရှိလာနိုင်မှာဖြစ်ပါတယ်။
    နောက်သတင်းတစ်ပုဒ်ကတော့ သိပ်ပြီးဟော့သွားတဲ့ သတင်းမဟုတ်ပေမယ့်။ ဆင်ခြယ်ဖွယ်ရာ ကောင်းလှတဲ့အတွက် ထုတ်ပြလိုပါသေးတယ်။ အဲဒါကတော့ မြေးကိုရိုက်တဲ့ ကျောင်းဆရာကို အဘွားဖြစ်သူက ပါးပြန်ရိုက်တဲ့ သတင်းတစ်ပုဒ်ပါ။ ဖြစ်ပွာ ပုံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ စာသင်လို့မရအောင် နှောက်ယှက်နေတဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းဆရာက ရိုက်နှက် တဲ့အတွက် ကျောင်းသားဖြစ်သူရဲ့ အဘွားက မကျေနပ်လို့ ပြန်ရိုက်လိုက်တဲ့ သတင်းပါပဲ။ ဒီတော့ မြန်မာနိုင်ငံမှာတော့ ကျောင်း ဆရာဆိုတာကလည်း အနန်္တဂိုဏ်းဝင်အဖြစ် အသိမှတ်ပြုထားကြတယ်။ ဒီလို အနန်္တဂိုဏ်းဝင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အတွက် ကျောင်းဆရာအနေနဲ့ မကျေမနပ်ဖြစ်ကာ စခန်းကို တိုင်ကြားတဲ့ ဖြစ်ရပ်လို့ သာမန်အနေနဲ့တော့ ကောက်ချက်ဆွဲရမယ် ပေါ့။ ဒီတော့ စဉ်းစားဖို့တော့ ကောင်းတယ်။ ကျောင်းဆရာကရော ကျောင်းသားကို ကိုယ်ထိလက်ရောက် ရိုက်တာမျိုး မြန်မာနိုင်ငံ မှာ အနန်္တဂိုဏ်းဝင်ဖြစ်တဲ့အတွက် ဥပဒေထုတ်ပြန်ထားတာ ရှိရဲ့လား။ မရှိဘူးဆိုရင်တော့ သူ့မှာလည်း အပြစ်ရှိမှာပဲပေါ့။ ပြန်လည် တောင်းပန်တယ်ဆိုပေမယ့် ခေတ်ကာလအခြေအနေမှာ ဒါမျိုးတွေ ရှိနေတာတွေကို သက်ဆိုင်ရာတာဝန်ရှိယူတွေအနေနဲ့ အသိပေး တာမျိုးတွေ လုပ်ဆောင်ဖို့ကောင်းနေပါတယ်။ အဘွားလုပ်တဲ့လူကလည်း တောင်းပန်တာကို မကျေနပ်ဘဲ ပြန်ပြီးတော့ ပါးရိုက်တယ် ဆိုတာ မှန်တယ်လို့ထင်ပါသလား။ တောင်းပန်ရင် ကျေအေးစေသင့်တယ်ဆိုတာ မဖြစ်သင့်ဘူးလား။ သို့မဟုတ်ရင် ကျောင်းဆရာ ကကော ကျောင်းသားကို ဘယ်လောက်နာနာကျင်ကျင် ရိုက်လိုက်သလဲ။ မည်သို့ဆိုစေ ဒါမျိုးတွေဟာ တော်တော်လေးကို စဉ်းစား ရမယ့် အနေအထားကို ရောက်နေပါပြီ။ မြန်မာဆိုရိုးစကား ရှိတယ်။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမည်ဘူး။ နှစ်ဖက် တီးမှ မည်တယ်တဲ့။ ဆိုတော့ နှစ်ဖက်လုံးမှာတော့ အပြစ်ရှိကြပါလိမ့်မယ်။
    သို့သော် အထူးစဉ်းစားဖို့၊ ဆင်ခြင်ဖို့တော့ လိုအပ်နေပါ တယ်။ အိုးထိန်းသည်သည် အိုးကို ကွဲစေသောငှာ မပုတ်ခတ်၊ ဆရာသည်လည်း တပည့်တို့အား နာကျင်စေဖို့အကျိုးငှာ မပုတ်ခတ်။ ဆိုတာနည်းနည်းတော့ ပြန်လည်စဉ်းစားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ ဒီအတိုင်းသွားရမယ်ဆိုတာမျိုးတော့ မဟုတ်တော့ပါ။ မှားနေရင်တော့ မှားတဲ့ ဆိုရိုးတွေ ပြင်ဆင်ဖို့ လိုအပ်ပါလိမယ့်မယ်။ အထူးသဖြင့်တော့ ဒီမိုကရေစနစ်ကို ချီတက် နေပြီဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကျောင်းသင်ပညာရေး ခေတ်မမီတော့ဘူး။ ဆက်ပြီးပဲ ဆရာဗဟိုပြုမလား စနစ်နဲ့ သွားကြမလား။ သို့မဟုတ် နိုင်ငံတကာမှာ ကျင့်သုံးနေပြီဖြစ်တဲ့ ကျောင်းသားဗဟိုပြု သင်ကြားနည်းနဲ့ သွားကြမလားဆိုတဲ့ နည်းစနစ်တွေ တွင်တွင် ကျယ်ကျယ် ပြောလာနေပါပြီး။ ဒီလိုဆိုရင်တော့ အထက်ပါ ကိစ်္စတွေအနေနဲ့ ကျောင်းသားဗဟိုပြုစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် တော့ တော်တော်လေးကို ကိုယ်ခံစွမ်းအားတွေ ဖြည့်တင်းဖို့ လိုအပ်နေပါလိမ့်မယ်။ ဆရာများအနေနဲ့ ပိုမိုပြီးတော့ နည်းစနစ်ပိုင်း ဆိုင်ရာ၊ သင်ကြားမှုဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာတွေမှာ ၀မ်းစာပြည့်နေဖို့တော့ လိုအပ်ပါလိမယ့်။ အခြေခံပညာမှာတော့ ကျောင်းသားဗဟိုပြုဆိုတာတွေဟာ ဖြစ်နိုင်လိမ့်မယ်မထင်ပါ။ သို့သော် တက်္ကသိုလ်ကျောင်းသားများအနေနဲ့တော့ ဒီစနစ်ဟာ ကောင်းမွန်တဲ့ပြောင်းလဲနည်းဟု ထင်မြင်မိပါသည်။ မည်သို့ဆိုစေ ကျောင်းသား ရော၊ ကျောင်းဆရာပါ အထက်ပါကိစ်္စမျိုးတွေ မရှိတော့ဖို့တော့ လိုအပ်နေပြီ ဖြစ်ပါကြောင်း ကောင်းမွန်တဲ့စိတ်ဆန်္ဒနဲ့ တင်ပြလိုပါသည်။
မောင်မင်းစိုး