Thursday, March 5, 2009

ကလေးတွေအတွက် ထောက်ပံ့မှု

အော်....
နွေရောက်တော့မယ်။ အမေ့ရွာလေးကို ပြန်ရတော့မယ်။
အမေနဲ့ ရွာကိုလွမ်းတာရယ်။ ကလေးတွေအတွက် တတ်တဲ့ပညာလေးနဲ့
ယဉ်ကျေးမှု သင်တန်းဖွင့်ဖို့ရယ်ပေါ့။ ဒီနှစ်ဆို လေးနှစ်မြောက်သွားပြီ။
လေးနှစ်မြောက်လေးမှာ ထူးထူးခြားခြားလေးတစ်ခု ပြောချင်လို့လေ။
ရွာစိတ်လေးလည်းရှိ၊ လူမှုရေးလည်း စိတ်ဝင်စားတဲ့ ကလေးတွေနဲ့ အခုမှ
အင်တာနက်ကျေးဇူးနဲ့ တွေ့နေ့ခဲ့တယ်။ ကိုရီးယားက ဆန်းထွန်းရယ်။
စင်္ကာပူက စိုးမိုးနိုင်ရယ်။ အခု မောင်စိုးမိုးနိုင်က ကလေးတွေအတွက်
ဗလာစာအုပ်နဲ့ဘောပင်တွေလှူဖို့ ပြောထားတယ်။ ဒီအတွက် သူ့ကိုဂုဏ်ယူ
မိပါတယ်။ ဒါကြောင့် အခု ဒီအကြောင်းလေးနဲ့ ၀မ်းမြောက်စေချင်လို့ ဒီ
စာစုလေးတင်လိုက်တယ်။

““ကဗျာသေတဲ့နေ့”“

ကဗျာရေးဖို့ လာပေမယ့်
ကဗျာရေးလို့ မရဘူး
စာ ပေးဖို့ လာပေမယ့်
စာ မရေးရသေးဘူး
ပညာသင် ကျောင်းတက် အလုပ်လုပ် ထမင်းစား ရေသောက်၊ပတ်စပို့ ဗီဇာ၊
သီချင်းဆို ဆဲ၊အော် ပျော်၊ရန်ဖြစ် ပြန်ချစ်၊ဖွင့်ဆို ဖတ်ရှု၊
စိတ်က တစ်ခါတစ်လေ
ဘယ်သူမှ မခိုင်းဘဲ
အလျားလိုက် တေ လေ နေ တတ်ရဲ့။

သာရလင်း

Wednesday, March 4, 2009

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၁၀)


ညီလေး၊ညီမလေးတို့ရေ……

ဒီတစ်ပတ်တော့ မင်းတို့ကိုပြောပြချင်တာကတော့ HIV-AIDS ဆိုတဲ့ ဆိုးရွားလှတဲ့ရောဂါဝေဒနာဆိုးကြီး အကြောင်းကို ဦးစားပေးပြောချင်တယ်။ လူသားအားလုံးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စရပ်လို့အစ်ကိုတော့ထင်တယ်။ ဒါ ကြောင့် ဒီကိစ္စကိုလည်း မင်းတို့သိသင့်တယ်ထင်လို့ ပြောပြချင်းဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လိုအခြေအနေနဲ့ လုပ်ဆောင်မှ ရောဂါကူးစက်နိုင်သလိုဆိုတာ အဓိကထားပြောပြချင်တယ်။ လူတွေက ဒီရောဂါပိုးကြီးရှိနေတဲ့လူကို ကူးစက်မှာကြောက်လို့ဆိုပြီး ပေါင်းသင်းဆက်ဆံမှုတွေကနေ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေပြီး မဆက်ဆံချင်သလို ဖြစ်နေကြတယ်။ ဒါကြောင့် ဒီတစ်ပတ်တော့ ကူးစက်နိုင်တဲ့အခြေအနေနဲ့၊မကူးစက်နိုင်တဲ့အကြောင်းအရာလေးတွေ ကို မင်းတို့လည်း သိသင့်တယ်ထင်လို့ အစ်ကိုပြောပြလိုက်တယ်။

အမှန်က ငါတို့ထင်ခဲ့သလို အတူတူနေရင်တောင် ကူးစက်တယ်ထင်တဲ့ အစွဲကြီးကို စဖျောက်ရမယ်။ သူတို့ နဲ့တွေရင် တရင်းတနှီးဆိုသလို လက်ဆွဲနုတ်ဆက်သင့်တယ်။ လက်ဆွဲနုတ်ဆက်ယုံနဲ့ ရောဂါကူးစက်နိုင်မှု လုံးဝမရှိ ဘူးဆိုတာလည်း မှတ်ထားဦးပေါ့။ ရောဂါသည်အသုံးပြုတဲ့ အိမ်သာကို ရောဂါကူးမှာဆိုပြီး မသုံးခြင်းမျိုးတွေရှိတတ်တယ်။ အဲဒီလို ခွဲခြားမှုမျိုးကို လည်း ရှောင်ရမယ်။ အိမ်သာအသုံးပြုယုံနဲ့တော့ ဘယ်လိုမှ မကူးစက်နိုင်ဘူးလေ။ နောက်တစ်ခုကလည်း ရောဂါရှင်နဲ့ နမ်းရှုပ်ယုံနဲ့လည်း ရောဂါမကူးစက်နိုင်ပါဘူး။ နောက်ပြော ကြသေးတယ် ကူးစက်မှာစိုးလို့ဆိုပြီး ရောဂါရှင်နဲ့ မထိမိအောင်နေတယ်ဆိုတာလေ။ အမှန်က တစ်ယောက်နဲ့တစ် ယောက် ထိယုံလေးနဲ့ ရောဂါကူးစက်မှုဟာ မဖြစ်နိုင်ပါဘူး။ ရောဂါရှင်အသုံးပြုတဲ့ ရေချိုးခန်း၊ရေကန်တွေမှာ ကူးစက် မှာကြောက်ပြီး မသုံးတာမျိုးကိုလည်း ရှောင်ရမယ်။ ဒါဟာလည်း လုံးဝကိုမကူးစက်နိုင်ပါဘူး။ နောက်ရှိသေးတယ် တစ်ချို့ဆိုရင် ရောဂါသည်နဲ့ မျက်နှာခြင်းဆိုင် စကား ပြောရင် သူ့ပါးစပ်ကနေများ ပိုးထွက်လာပြီး ကူးလေမလားဆို တဲ့ သံသယတွေနဲ့ စကားပြောတဲ့အခါမှာတောင် မျက်နှာကို လွှဲပြီးပြောတတ်ကြတယ်။ ဒါမျိုးကိုလည်းရှောင်ပေါ့ ဒီလောက်လေးနဲ့လည်း ဘယ်လိုမှ ကူးစက်မှာမဟုတ်ဘူး ဆိုတာယုံပါ။ အချို့ကျပြန်တော့လည်း အ၀တ်စားလဲဝတ် ရင်၊သို့မဟုတ် သူ့အ၀တ်စားဝတ်မိရင်တောင် ကူးစက်နိုင်တယ်ဆိုတဲ့ လူမျိုးလည်းရှိပြန်သေးတယ်။ ဒါလည်းမကူး စက်နိုင်ပါဘူး။

ရောဂါသည်ရဲ့ နှာချေတာ၊ချောင်းဆိုတာ၊တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်တာ၊ ဖုံးဆက်တာ၊ အစားအသောက်အ သောက်အတူစားတာ၊ ဘတ်စ်ကားအတူစီးတာလောက်တွေနဲ့လည်း ရောဂါကူးစက်မှု လုံးဝမဖြစ်နိုင်ပါဘူး။ ဒါတွေကို တတ်နိုင်သလောက် အတူခွဲခြားဆက်ဆံတတ်တဲ့ အပြုအမူမျိုးတွေကို ရှောင်ရှားသင့်တယ်။ စိတ်ဓာတ်ကျသွားရင် ရောဂါသည်ဟာ ရောဂါကြောင့်မဟုတ်ဘဲ အခြားကိစ္စကြောင့် သေသွားနိုင်တယ်။ ဆိုလိုတာကတော့ လူသားချင်းစာ နာထောက်ထားတဲ့စိတ်မွေးပါ။ ကြင်နာပါ၊သနားပါ။ စောင့်ရှောက်ပါ။ လူရာသွင်းပါ။ ခွဲခြားဆက်ဆံမှုမျိုးကို လုံးဝမ လုပ်မိအောင် ဂရုတစိုက်ရှောင်ကြဉ်ပါ။

တစ်ခုတော့ရှိတယ် အဲဒီရောဂါဝေဒနာရှင်နဲ့ လိင်ဆက်ဆံရင်တော့ ကူးစက်နိုင်တယ်။ နောက်တစ်ခုက တော့ လိင်တူဆက်ဆံမှုတွေကနေလည်း ကူးစက်နိုင်တယ်။ နောက်တစ်ခုကတော့ ဆေးအတူထိုးတာကနေကနေ လည်း ကူးစက်နိုင်တယ်။ ဆိုလိုတာကတော့ မူးယစ်ဆေးကို ပိုက်နဲ့ထိုးသွင်းတဲ့အခါ ရောဂါရှိတဲ့လူကနေတဆင့် အပ် ကိုအတူသုံးစွဲခြင်းမျိုး။ နောက်တစ်ခုကတော့ အကယ်၍ ရောဂါရှင်ကနေတဆင့် သုံးစွဲထားတဲ့ ဓားတွေကနေတဆင့် လည်း ကူးစက်နိုင်တယ်။ ပမာပြောရရင်ကွာ ပလိပ်ဓားသုံးတယ်ဆိုပါတော့ ရောဂါသည်သုံးလိုက်တဲ့ဓားဟာ ထိရှပြီး တော့ သွေးစွန်းနေတဲ့ဓားကို အခြားတစ်ယောက်ကနေ ဆက်လက်သုံးတဲ့အခါ သူလည်းထိရှပြီး သွေးထွက်မယ်ဆို ရင် အဲဒီကနေတဆင့်လည်း ကူးစက်နိုင်တယ်။ နောက်တစ်ခုကတော့ ရောဂါရနေတဲ့လူဟာ အခြားသူအများကြီးနဲ့ လိင်ဆက်ဆံရင်တော့ ကူးစက်မှုဟာ အဆမတန်များတတ်တယ်။ အချို့ကတော့ပြောတယ် သန်မာနေရင်၊ကျန်းမာ ရေးကောင်းမွန်နေရင် ရောဂါမရဘူးလို့ဆိုနေတယ်။ အမှန်ကတော့ ရတော့ရတယ်။ ဒါပေမယ် ခုခံအားက အရမ်း ကောင်းနေတော့ ရောဂါလက္ခဏာက တော်တော်နဲ့မပေါ်ဘဲ ဖြစ်နေတတ်တယ်။ အဓိကကတော့ ဒီရောဂါဟာ သွေး ကနေတဆင့် ကူးစက်မှုပိုမိုများပြားတာ ကူးစက်တာများတယ်။

HIV-AIDS-ဆိုတာကို အကျဉ်းလောက်တော့ ပြောပြလိုက်ဦးမယ်။ HIV-ဆိုတာ ရောက်ယုံအဆင့်လောက် သာရှိသေးတယ်။ ရောဂါသည်အဖြစ် ကူးစက်ပြောလို့မရသေးဘူး။ ဒါကိုသိတာနဲ့ တစ်ပြိုင်နက်ကုသရင် တော်တော် လေး ထိရောက်မှုဖြစ်နိုင်တယ်။ ရောဂါသည်အဆင့်ထိ မရောက်သေးဘူးဆိုပါတော့။ H-ဆိုတာ၊Human-(လူ)၊I-ဆို တာကတော့ Immune-(ခုခံအား)၊V-ကတော့ Virus(ပိုး)ကိုခေါ်တယ်။ ခက်တာက ဒီရောဂါက တစ်ချို့မှာတော့ သုံး လေးနှစ်အတွင်းမှာ ရောဂါလက္ခဏာ ပြလာတတ်တယ်။ တစ်ချို့ကျပြန်တော့လည်း အနှစ်နှစ်ဆယ်လောက်မှ ပြလာ တာရှိတယ်။ အချို့ရင်တော့ ဆယ်နှစ်လောက်မှ သေဆုံးတဲ့အထိဖြစ်လာတယ်။ အဓိကကတော့ ခုခံအားပေါ်မှာ မူတည်တယ်ပေါ့လေ။ ဒါကြောင့် စိတ်ချမ်းချမ်းသာသာနဲ့ ကျန်းမာရေးဂရုစိုက်ပြီး ဆေးပုံမှန်သောနေရင် လူ့သက် တမ်းစေ့တောင် နေနိုင်တယ်။

AIDS-ဆိုတာကတော့၊A-Acquired၊ (ရောဂါရရှိ၊ရောက်ရှိလာခြင်း)၊ I-Immune(ခုခံအား)၊D-Deficiency (လျော့နည်း)၊ S-Syndrome(ရောဂါလက္ခဏာအစု)ကိုခေါ်တယ်။ သူကတော့ ရောဂါသည်အဆင့်ထိရောက်သွားပြီ ပေါ့လေ။ ပထမကတော့ Virus-ပိုးဟာ သွေးဖြူဥမှာ သွားကပ်တာပေါ့။ ပညာရှင်တွေအဆိုရတော့ သူတို့ဟာ အားနဲ့ ကိုရောက်ရှိလာတာဖြစ်တယ်။ စပြီးတော့ သွေးဖြူဥတွေတိုက်ခိုက်တာနဲ့ တဖြေးဖြေး ခုခံအားတွေကျလာတယ်။ ဒီ တော့ လွယ်လွယ်နဲ့ ဖျားနာလာတတ်တယ်။ ရောဂါအသေးမွှားလေးတွေတောင် မခုခံနိုင်တော့တာတွေဖြစ်လာတယ် နောက် ၀မ်းတွေလျောလျောလာတယ်။ ချွေးထွက်တွေများလာတယ်။ ဒီလိုနဲ့ ရောဂါလက္ခဏာဟာ ပိုမိုပြပြလာ တော့တယ်။

ဒီတော့ မင်းတို့ဟာ ဒီလိုအခြေအနေမျိုးတွေကို စတင်လေ့လာဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဥပေက္ခာ ပြုထားလို့မရဘူး။ ကိုယ်တိုင်လေ့လာထားမှ သူတစ်ပါးကို ကူညီနိုင်မယ်မဟုတ်လား။ အဓိကကတော့ ငါးပါးသီလကို လုံအောင်ထိမ်းဖို့ လှုပ်ဆော်ပေးဖို့အရေးကြီးတယ်။ ဒါဟာ ဘာသာရေးနယ်ပယ်ကနေကြည့်ရင်လည်း တော်တော် လေးကောင်းတဲ့ နည်းလမ်းဖြစ်တယ်။ ငါးပါးသီလ လုံရင်တောင် ဒီရောဂါဖြစ်ဖို့ဟာ တော်တော်နဲ့ရောက်မလာပါဘူး။ အဓိကကတော့ ငါးပါးသီလကို ထိမ်းသိမ်းဖို့ပေါ့။ နောက်တစ်ခု ဒီရောဂါမရချင်ရင်တော့ ရှောင်ရမှာတွေကတော့ ရှိ တယ်။ ABC-ဆိုတာတွေပေါ့။ အေဘီစီကိုနားလည်ရင် ရှောင်ရင်လည်း ရောဂါရဖို့လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုပါ တော့။ A-ဆိုတာကတော့ Abstainကိုပြောတာ။ အဓိကကတော့ အကျဉ်ချုပ်ပြောရရင် ငါးပါးသီကကို လုံခြုံအောင် စောင့်ထိမ်းခြင်းပေါ့။ ကိုယ့်ယောက်ျာ၊ကိုယ့်မိန်းမနဲ့သာ ပျော်ပါးသင့်ပြီး မပွေမရှုပ်နဲ့ဆိုတာတွေ၊ဆေးသုံးစွဲမှုရှောင် ကြဉ်မှုဆိုတာတွေကိုပြောတာပေါ့။ B-ဆိုတာကတော့ Be Faithful -သစ္စာရှိရမယ်။ အထက်ကပြောသလို ကိုယ့်မိန်း မ၊ကိုယ့်ယောက်ျာအပေါ် သစ္စာရှိပြီး အခြားအပျော်ပါးကို ရှောင်ရှားခြင်းပေါ့။ နောက်တစ်ခုကတော့ အထက်ကပြော ခဲ့တဲ့ အေနဲ့ဘီကို လုံးဝကို မထိန်းသိမ်းနိုင်တော့ရင်တော့ C-ဆိုတဲ့Condom ကိုသုံးရမယ်လို့ဆိုလိုတယ်။ ဒါကတော့ နောက်ဆုံးပစ်မှတ်ပေါ့။ ဒါပေမယ့် အစ်ကိုတို့ ယဉ်ကျေးမှုအရကတော့ အေနဲ့ဘီကို လုံးဝလိုက်နာရမယ်ဆိုတာ ဘာ သာတရားရော၊လူမှုရေးနယ်ပယ်မှာရော သတ်မှတ်ထားတော့ လိုက်နာဖို့လုံးဝ လိုအပ်တယ်ပေါ့ကွာ။

နောက်ဆုံးမှာချင်တာကတော့ အဲဒီလို လူမှုရေးလုပ်ငန်းတွေဟာ တနေ့တခြားဆိုသလို ကမ္ဘာလောကကြီး တစ်ခုလုံးလိုလို လိုအပ်နေတယ်။ ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေမှာ စွမ်းစွမ်းတမံလုပ်ပြီး ဘ၀မှာ အဓိပ္ပါယ်ရှိတဲ့ လူသား တစ်ယောက်အဖြစ်နေနိုင်အောင် ကြိုးစားသင့်တယ်။ နောက်ဆုံးမှာချင်တာကတော့ အဲဒီလိုရောဂါသည်နဲ့ ကြုံလာ ရင်တော့ အထက်ကပြောခဲ့သလို ခွဲခြားဆက်ဆံမှုမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့။ လူရာတွင်းမှုမျိုးကို လုပ်ပေးပါ။ နွေး နွေးထွေးထွေး ကြိုဆိုလက္ခံပါ။ နောက်တစ်ခုကတော့ သူတို့ကို အဓိကမှာစေချင်တာကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့၊ အစားအသောက် မှန်မှန်နဲ့ များများစားဖို့၊ ကျန်းမာရေး အထူးဂရုစိုက်ဖို့ ပြောဆိုသင့်တယ်။ နှစ်သိမ့်ဆွေး နွေးပေးဖို့ ရောဂါလက္ခဏာကို ဆရာဝန်နဲ့ ပြသနိုင်ဖို့၊ လျှို့ဝှက်ထားခြင်း၏ အပြစ်တွေပြောပြဖို့ လိုတယ်။ တစ်ချို့က တော့ သိတော့သိနေတယ်။ ဒါပေမယ့် အခြားလူတွေသိရင် လှောင်ပြောင်ခံရမှာတို့၊ အထင်သေးခံရမှာတို့ကြောင့် ထုတ်မပြောချင်ကြဘူး။ ဒါတွေဟာ မကောင်းဘူးပေါ့လေ။

နောက်ဆုံးမင်းတို့ကိုပြောချင်တာကတော့ ဒီတစ်ပတ်စာရှည်သွားတော့ ပုံပြောဖို့မလိုတော့ဘူးထင်တယ်။ ကိုယ်တိုင်လည်း ကျန်းမာရေး ဂရုစိုက်ပါ။ နောက် ကိုယ်လုပ်ရမယ့် လူမှုရေးကိစ္စတွေကို လုပ်နိုင်သမျှလုပ်ပါ။ လော ကကြီးက လိုအပ်နေတဲ့ စေတနာ့ဝန်ထမ်းများကို ဖြည့်ဆီးပေးဖို့ လက်ကမ်းကြိုဆိုလိုက်ပါ။

မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)