Thursday, March 5, 2009

““ကဗျာသေတဲ့နေ့”“

ကဗျာရေးဖို့ လာပေမယ့်
ကဗျာရေးလို့ မရဘူး
စာ ပေးဖို့ လာပေမယ့်
စာ မရေးရသေးဘူး
ပညာသင် ကျောင်းတက် အလုပ်လုပ် ထမင်းစား ရေသောက်၊ပတ်စပို့ ဗီဇာ၊
သီချင်းဆို ဆဲ၊အော် ပျော်၊ရန်ဖြစ် ပြန်ချစ်၊ဖွင့်ဆို ဖတ်ရှု၊
စိတ်က တစ်ခါတစ်လေ
ဘယ်သူမှ မခိုင်းဘဲ
အလျားလိုက် တေ လေ နေ တတ်ရဲ့။

သာရလင်း

No comments: