Friday, July 2, 2010

အစီအစဉ်ရေးဆွဲနည်း

လူငယ်နဲ့ခေါင်းဆောင်မှု... အဆက်

အစီအစဉ်ရေးဆွဲနည်း
ဘာလုပ်ဖို့သင့်သလဲ။
ဘယ်သူလုပ်မလဲ။
ဘယ်လိုလုပ်မလဲ။
ဘယ်လောက်ကြာမလဲ။
ဘယ်လောက်ကုန်ကျမှု ရှိမလဲ။
ဘယ်လိုအကျိုးအမြတ်တွေ ဖြစ်ပေါ်စေမလဲ။
ဘယ်သူတွေ ခံစားရမလဲ။ အဲဒါလေးကို မူတည်ပြီးတော့ လူမှုရေးကိစ္စလေးတစ်ခုလောက် ရေးဆွဲကြည့်လိုက်ပါ။

အိုကေ ဒီလိုဆိုရင် အထက်ကပြောခဲ့တဲ့ ၂ဝ၁ဝရဲ့ အပူဒဏ်ကြောင့် ကျေးရွာလေးတစ်ရွာ ရေပြတ်လပ်မှုဖြစ်ပေါ် တယ်ဆိုပါတော့။ ဒီတော့ ဒီရေပြတ်လပ်မှုဘေးကနေ ဘယ်လိုကယ်တင်မလဲ။ ဒါလေးကို အစီအစဉ်တစ်ခု ကြိုးစားပြီး ရေးဆွဲကြည့်ကြရအောင်။ အားလုံးလည်း ကိုယ်တိုင်ပါဝင်ဆောင်တဲ့အနေနဲ့ မိမိနဲ့အတူ လုပ်ငန်းတစ်ခုကို အကောင်းအထည်ဖော်ကြည့်စေချင်တယ်။ ကဲဒီလိုဆိုရင် ပင်မ ပြဿနာကိုလည်း ရေပြတ်လပ်မှုပြဿနာ(ရေရရှိရေး စီမံကိန်း) လို့ ခေါင်းစဉ်တင်လိုက်ကြရအောင်။

ရေပြတ်လပ်မှုပြဿနာ(ရေရရှိရေး စီမံကိန်း)

ဒီခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ဆိုတော့။ ပထမဆုံး ဘာလုပ်ရမလဲ ဆိုတော့ အဖွဲ့အစည်းတစ်ခု ကော်မတီကို စတင်ဖွဲ့စည်းဖို့လိုလိမ့်မယ်။ ဒီလိုဖွဲ့စည်းတဲ့အခါမှာ ဘယ်သူတွေ ပါဝင်လာအောင်လုပ်ရ မလဲဆိုတော့ စွမ်းဆောင်နိုင်တဲ့လူအားလုံး ဒေသခံလူကြီးကနေစပြီး နောက်ဆုံးလူငယ်တွေအထိ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်နိုင် ရမယ်။ ဒီဆိုဖွဲ့စည်းပြီးပြီဆိုရင်တော့ ရွာအားလုံးကို ကိုယ်မလုပ်နိုင်တာ သေချာတဲ့အတွက် ကိုယ်လုပ်ပေးမယ့်ရွာကို ဦးစွာလေ့လာ ရမယ်။ ဥပမာ-အိမ်ခြေ ဘယ်လောက်ရှိတယ်။ လူဦးရေ ဘယ်လောက်ရှိတယ်။ ဘယ်နှစ်လစီမံကိန်းလဲ။ ဘယ်လောက်ကုန်ကျမလဲ စတာတွေကို ရှေးဦးစွာ ရေးဆွဲထားဖို့ လေ့လာထားဖို့ လိုလိမ့်မယ်။


ဒီတော့ ရေရှားပါးမှုကြောင့် လူတွေဘယ်လို ဒုက္ခရောက်နေရတယ်။ ဘယ်လိုအခြေအနေအထိ ကူးစက်ပြီး ဆိုးရွားတဲ့ အတွေ့အကြုံတွေ ခံစားနေရတယ်။ ဥပမာ-ကျန်းမာရေးချို့တဲ့နိုင်သလား။ အခြားသော ပညာရေး၊ ဘက်စုံတိုးတက်ရေးစတာတွေ ကို ဘယ်လောက်အထိ ဒုက္ခပေးနေသလဲ။ ဒါတွေများနေပြီဆိုရင်တော့ ဒီရွာမှာ ရေရှားပါးမှုပြဿနာဟာ တော်တော်လေးကို အခြေအနေမကောင်းတော့ဘူး။ ဒီတော့ လောလောလပ်လပ်ပြဿနာဖြစ်တဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ လုံးဝလိုအပ်နေပြီ ဆိုတာ မမေ့နဲ့တော့။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အထက်ကပြောခဲ့တဲ့ လူအင်အားဘယ်လောက် ပါဝင်လာအောင်၊ ဘယ်လိုပါဝင်လာအောင်ဆိုတာတွေကို ခေါင်းဆောင်လုပ်တဲ့လူဟာ ကျွမ်းကျင်ပိုင်နိုင်စွာ စည်းရုံးနိုင်ရမယ်။ ငွေကြေးများလည်း လုံ လောက်သမျှ လုံလောက်အောင် ရှာဖွေရတော့မယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပါဝင်လာအောင် လုပ်ဖို့ကလည်း အရေးကြီးပြန်ပြီပေါ့။ နောက်တစ်ခုက စက်ယန္တရားတွေရှာဖွေပေးရမယ်။ အဓိကနေရာဌာနကို ရွေးခြယ်နိုင်ရမယ်။ တတ်နိုင်ရင် အများပိုင်နေရာအဖြစ် သတ်မှတ်နိုင်အောင် ဝယ်သင့်ရင်ဝယ်ထားရမယ်။ ဒီလိုအခြေအနေမျိုးလောက်ထိ ရောက်ပြီဆိုရင်တော့ လုပ်ငန်းကို စတင်အကောင်အထည်ဖော်လို့ ရပြီးပေါ့။

ဒီတော့ ခိုင်လုံတဲ့အဖွဲ့အစည်းကို ဖွဲ့စည်းပြီး နေရာအသီးသီးကို နေရာပေးတတ်ဖို့ အရေးကြီးတယ်။ ဘဏ္ဍာငွေထိမ်းသိမ်း ရေးအတွက် လူရှာရမယ်။ စာရင်းစစ်အတွက်လူရှာရမယ်။ အားလုံး ဖြစ်ပေါ်လာမှု အခြေအနေအရပ်ရပ်ကို လေ့လာဆန်းစစ်ဖို့ လူရှာရမယ်။ ဘဏ္ဍာငွေများနိုင်သမျှများလာအောင် ရှာဖွေရေးအတွက် လူရှာရမယ်။ အလုပ်လုပ်ပြီဆိုတော့ တတ်နိုင်တဲ့ဘက်က နေ ကျွေးမွေးဧည့်ခံဖို့လိုမယ်။ နောက်တစ်ခုက လုပ်တဲ့လူတွေကိုလည်း ထိုက်တန်တဲ့လုပ်အားခ ပေးဖို့ လိုလာလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်းဆိုသလို လုပ်ငန်းပြီးဆုံးသည်အထိ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ လောလောလပ်လပ် ကြုံတွေ့နေရတဲ့ ကျေးရွာလေးတစ်ရွာအတွက် ရေကောင်းရေသန့်ရရှိလာမယ်မဟုတ်လား။

နောက်တစ်ခုကတော့ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် လုပ်တဲ့လူတွေအနေနဲ့ တိုက်ခိုက်မှုအဖုံဖုံလည်း ကြုံတွေ့လာနိုင် ပါတယ်။ အပြင်ကတိုက်ခိုက်လာမလား၊ အတွင်းကပဲ တိုက်ခိုက်လာမလား။ ဒါတွေကို ရှာဖွေလို့တွေ့ပြီဆိုရင်တော့ အားလုံးဒီကိစ္စကို ဘယ်လို ပြေလည်သွားအောင်ဖြေရှင်းရမယ်ဆိုတာ လုပ်ဆောင်တတ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ အားလုံးပြည့်စုံလုံလောက် တယ်လို့တော့ ရှိမှာမဟုတ်ဘူး။ ဒီတော့ ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းချက်တွေရှိရမယ်။ ဒီအားနည်းချက်တွေက ဘာလဲ။ ဘယ်လို ဝိုင်းဝန်းအဖြေရှာပြီး ဖြေရှင်းသင့်သလဲ။ ဒါကိုလည်း ဆောင်ရွက်တတ်ဖို့အရေးကြီးတယ်။ နောက်တစ်ခုကတော့ ပါဝင်လာတဲ့ လူတွေ အားတက်စရာဖြစ်အောင်၊ လုပ်ချင်လာအောင် ကိုယ့်အဖွဲ့အစည်းရဲ့ အားသာချက်တွေဆိုတာလည်း ရှိနေပါလိမ့်မယ်။

ဒါကိုလည်းအားလုံး ဝိုင်းဝန်းအဖြေရှာတင်ပြနိုင်အောင် ကြိုးစားရမယ်။ ဒီလိုလုပ်လို့ ဘာတွေခံစားရမယ်။ ဘယ်သူတွေခံစားရမယ်။ ဘာတွေထပ်ဆင့် တိုးတက်လာနိုင်တယ်ဆိုတာတွေလည်း ကြိုတင်ရေးဆွဲတဲ့အခါမှာ တင်ပြရမယ်။ ဒီတော့ အဓိကမှာချင်တာက တော့ ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်တော့မှ အတ္တကိုရှေ့တန်းမတင်ပါနဲ့။ ကိုယ့်ကျင်တရားကောင်းအောင် နေထိုင်ပါ။ အများရဲ့ ယုံကြည်မှု၊ စိတ်ချမှု၊ လေးစားမှု၊ အသိအမှတ်ပြုမှု၊ အားထားရမှုဆိုတာတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင် အောင် ကြိုးစားပါ။ ဒါဆို လုပ်ငန်းတစ်ခု အောင်မြင်ဖို့ တော်တော်လေးအရေးပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရေပြဿနာဆိုတာ
ဥပမာပြောခြင်းတာဖြစ်ပါတယ်။ အခြားအခြားသော ပြဿနာတွေကို ဒါကိုနည်းယူပြီး ဖြေရှင်းနိုင်ဖို့လိုတယ်။ နောက်ကြုံရင်လည်း ခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်ချက်တွေ ထပ်မံပြောသွားပါဦးမယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်အကြောင်း

နိုင်ငံတစ်ငံမှာ တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်ကောင်းမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းအထည် ဖော်နိုင်ခဲ့တဲ့ လူတွေများစွာရှိပါတယ်။ အဲဒီထဲကနေ သိပ်ပြီးမထင်ရှားတဲ့ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံသားဖြစ်တဲ့ မိုဟာမက်ယူနွတ်ဆိုသူတစ် ယောက်အကြောင်းကို ပြောပြလိုပါတယ်။ ဘယ်လိုအတုယူသင့်တယ်ဆိုတာ လေ့လာစေချင်လို့ဖြစ်ပါတယ်။ အဲဒီလူက အမြဲတန်းဆ်ု သလို ကိုယ့်ကိုယ်ကို ပြန်မေးနေတတ်တယ်။ သတိရှိသူတစ်ယောက်လို့ဆိုရမှာပေါ့။ သူဟာ မဆင်းရဲဘူး။ မချမ်းသာဘူး။ စီးပွားရေး ပညာတတ်တစ်ယောက်ဖြစ်တယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကို ရှစ်နှစ်လောက် လေ့လာခဲ့တယ်။ နက် နက်နဲနဲကို လေ့လာခဲ့သူတစ်ယောက်လို့ဆိုရင်လည်း မမှားဘူးပေါ့။ ဝယ်၊ရောင်းအားအကြောင်း။ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းစသဖြင့် ပေါ့။

သူဟာအမြဲတန်းလိုလို မေးခွန်းတွေမေးနေတတ်တယ်။ သူ့နိုင်ငံက ဝန်ကြီးဌာနတွေကိုကြည့်ပြီး ဝေဖန်ရေးအမြဲတန်းလုပ်နေ တတ်တယ်။ ဘာဖြစ်လို့ တိုင်းပြည်ဆင်းရဲတာလဲ။ ကမ္ဘာ့ဘဏ်ငွေချေးကိစ္စစာတာတွေပေါ့။ သူ့ကိုယ်သူလည်း အမြဲတန်းလိုလို ဝေဖန် ဆန်းစစ်နေတတ်သူ။ နေရာအနှံ့အပြား တောရွာတွေအထိသွားပြီး ကွင်းဆင်းလေ့လာနေတတ်သူဖြစ်တယ်။ အဲဒီလို သွားတဲ့အခါမှာ လည်း တစ်ယောက်ချင်းစီနဲ့ စကားတွေပြောကြည့်တယ်။ ဒီတော့ သူတို့စကားတွေထဲကနေ စီးပွားရေးဖွံ့ဖြိုးမှုစတာတွေနဲ့ ဘာမှကို မပတ်သက်တာတွေ မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရတော့တယ်။ သူတို့မှာကလည်း စီးပွားရေးက မပြေလည်တော့ ကျွဲ၊နွားစတာတွေက လည်း လုပ်ကိုင်ဖို့ ဘာမှမရှိတာတွေလည်း တွေ့ခဲ့ရတယ်။

ဒီတော့ ပြန်ရောက်တာနဲ့ ဝေဖန်ဆန်းစစ်တယ်။ ဘယ်လို ကူညီဖြေရှင်းပေးရင်ကောင်းမလဲဆိုတာတွေ တွေးတယ်။ ဘဏ်ဌာန တွေ သွားပြီး ငွေချေးဖို့ကိစ္စတွေ ပြောတယ်။ အဲဒီလို ဆင်းရဲတဲ့လူတွေအနေနဲ့ ဆင်းရဲတွင်းက ကယ်ထုတ်ချင်ရင်တော့ ငွေချေးပေး ဖို့ကိစ္စတွေ တိုင်ပင်ဆွေးနွေးကြည့်တယ်။ ဒါပေမယ့် ဘဏ်ဌာနတွေဟာ သူတို့ဟာ ဆင်းရဲသူတွေ၊ ဒီတော့ ဒီလိုငွေတွေကို သူတို့ ဘယ်လိုပြန်ပေးဆပ်မလဲဆိုတာတွေနဲ့ပဲ ပြန်လည်ချေပရင်း အချိန်တွေကုန်ခဲ့ရတယ်။ သူကအမြဲတန်း ဝေဖန်ဆန်းစစ်နေတော့၊ ဒီလူတွေဟာ ဉာဏ်ရှိတယ်။ အလုပ်လည်းလုပ်တတ်တဲ့လူတွေဖြစ်နေတယ်ဆိုတာ သူသိတယ်။ ဒီလိုနဲ့ သူဟာ ဘဏ်ဌာနအတွင်းထဲ ဆွဲသွင်းလို့ရတယ်ဆိုတဲ့ အတွေးတစ်ခု ရခဲ့တယ်။ နောက်ဆုံးတစ်ခု သူမြင်တွေ့ခဲ့တာကတော့ ဆင်းရဲသူတွေကို ပပျောက်ဖို့ ရကိုရ ရမယ်ဆိုတဲ့ အမြင်ကို သူလက်ခံယုံကြည်ထားတော့တယ်။

ဒီတော့ ဒီလူဟာ အဲဒီလိုမြင်တတ်၊ တွေးတတ်ယုံတင်မကဘူး။ အဲဒီမြင်တဲ့၊ တွေးတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်တတ်သူ လို့ သတ်မှတ်လို့ရအောင် စွမ်းဆောင်မှုတွေ ရှိခဲ့တော့တယ်။ လွန်ခဲ့တဲ့ ၃၆-နှစ်လောက်ကထဲက အသေးစားငွေစု၊ ငွေချေးလုပ်ငန်း တစ်ခုကို သူကိုယ်တိုင်ထူထောင်နိုင်ခဲ့တယ်။ ဘာလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အများကြီးစဉ်းစားတယ်။ အမြဲတန်း ဝေဖန် ဆန်းစစ်တယ်။ တွေးတဲ့အတိုင်းလည်း လုပ်တတ်တယ်။ သူ့မဟာဗျူဟာကတော့ အခြားသူတွေနဲ့ သိပ်ပြီးမတူဘူးလို့ ဆိုရမှာပေါ့။ အဲဒီတော့ သူဟာသူ့စီမံကိန်းထဲကို အမျိုးသမီးတွေ ပါဝင်လာအောင် စတင်စည်းရုံးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေ ဆိုတာ အောက်ခြေကလူတွေဖြစ်နေတယ်။ ဒီတော့ တစ်ချို့ကမေးတယ်။ အဲဒီလို အောက်ခြေကလူတွေနဲ့ စတင်ဆောက်ရွက်လို့ ဖြစ်ပါ့မလားပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေဆိုတာ ဆွေမျိုးသားချင်းတွေ၊ နောက်တစ်ခုက ကလေးငယ်တွေ၊ နောက်တစ်ခု က အိမ်တွင်းရေးမှာ အရေးပါမှုစတာတွေကို အားလုံးလိုလို သူတို့လုပ်ပေးနေရတယ်ဆိုတာ သူကသိတယ်။

ဒီတော့ ရွာတွေကိုသွားတယ်။ အမျိုးသမီးငါးယောက်လောက်ပါတဲ့ အဖွဲ့လေးတွေကို စတင်ဖွဲ့စည်းတယ်။ ငွေစု၊ ငွေချေး ဘဏ်လေးစတင်ဖို့ အပြင်က ငွေကြေးအနည်းငယ်ရှာဖွေပေးရတယ်။ နောက်တော့မှ အမျိုးသမီးတွေ ဝါသနာပါတဲ့ အကြောင်းအရာ အချက်အလက်လေးတွေ ရွေးခြယ်ပေးရတယ်။ ဥပမာ-ထမင်းဆိုင်၊ ဟင်းဆိုင်လေးတွေ စသည့်ဖွင့်ချင်တယ်ဆိုရင် သူတို့ကို ငွေချေး ပေးတယ်။ နောက်ပြီးတော့ အတိုးကို အဓိကပဓာနမထားဘဲနဲ့ ရလာတဲ့ငွေကြေးအမြတ်လေးတွေကနေပဲ ချေးငွေကို ပြန်ဆပ်ရပါတယ်။

ဒီတော့ ဒီလူတွေဟာ တစ်ဆင့်ပြီးတစ်ဆင့်ဆိုသလို အဆင်ပြေလာကြတယ်။ တဖြည်းဖြည်းဆိုသလို လုပ်ငန်းကအဆင်ပြေ တော့ လုပ်ငန်းလေးတွေ တိုးချဲ့လာ။ ကျယ်ပြန့်လာခဲ့တယ်ပေါ့။ သူ့အနေနဲ့လည်း အပင်ပန်းခံပြီး ငွေချေးပေးရုံတင်မဟုတ်ဘဲ ငွေကြေးကိုင်တွယ်ပုံ၊ စနစ်တကျရှိပုံနည်းနာတွေကို ကိုယ်တိုင်သင်ကြားပေးမှုတွေအထိ လုပ်လာခဲ့တယ်။ ဒီတော့ စနစ်တကျဖြစ်လာ တော့ အလုပ်က ယခင်လိုမဟုတ်ဘဲနဲ့ ပိုမိုအောင်မြင်မှုတွေ ရလာခဲ့တယ်။ နောက်တော့မှ အမျိုးသမီးတွေမကတော့ဘဲ တဖြည်းဖြည်းဆို သလို တစ်မျိုးသားလုံးပါဝင်လာဖို့အထိဖြစ်လာတယ်။ သူ့စဉ်းစားမှု၊ လုပ်ဆောင်မှုကနေတဆင့် ယခုဆို တစ်ကမ္ဘာလုံးလိုလို ဒီငွေစု၊ ငွေချေးစနစ်တွေ ပြန်နှံ့လာတော့တယ်။

အမြင်အမျိုးမျိုးနဲ့ သူ့ကိုမြင်နိုင်တယ်။ ခေါ်နိုင်တယ်။ ဒါပေမယ့် သူ့ကို လူမှုရေးဆိုင်ရာတစ်ခုကို ဦးစီးဦးဆောင်လုပ်သူ အဖြစ်ပဲ သတ်မှတ်ကြပါတယ်။ ဆရာတော်တစ်ပါး ပြောခဲ့တာကတော့၊ လူဟာကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ အားလုံးနဲ့ ဆက်စပ်နေတယ်။ ဒီတော့ အားလုံးရဲ့ကြားထဲမှာ အပြန်ပြန်၊အလှန်လှန် လေးစားယုံကြည်ဖို့ ဆောင်ရွက်သင့်တယ်။ ဒီတော့ လုပ်ပိုင်ခွင့်နယ်ပယ်ကနေ ဘယ်သူတွေလုပ်နိုင်သလဲဆိုတာ သိအောင်လုပ်ပြီးလမ်းဖွင့်ပေးဖို့လိုတယ်။ အားလုံးဟာလည်း ကိုယ်စွမ်း ဆောင်တဲ့နေရာကနေ ဒီလိုလုပ်ငန်းလေးတွေကို လုပ်ကိုင်တတ်လာအောင် ကြိုးစားသင့်ပါတယ်။ ကြိုးလည်းကြိုးစားရမှာပါပဲ။ ဒီတော့ အဲဒီအားလုံးထဲမှာ ခင်ဗျားရော၊ ကျုပ်ရော၊ အခြားသူတွေရော ပါနေတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။ ဒီလိုဆိုရင်တော့ အကောင် အထည်တစ်ခုကို စတင်ဖော်ဆောင်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သူ့လို ခေါင်းဆောင်းကောင်းတွေအတွက် ကမ္ဘာကြီးမှာ အများကြီးကို နေရာတိုင်းလိုလိုမှာ လိုအပ်နေပါတယ်။