Saturday, July 26, 2014

အတုယူစရာ ရာဟုလာ

   သားသားမီးမီးတို့ရေ မင်္ဂလာပါ။ ဦးဦးစိုး သားသား မီးမီးတို့အတွက် ဆင်ခြင်ဖို့၊ လိုက်နာဖို့၊ အတုယူဖို့၊ သင်္ခန်းစာ ယူနိုင်ဖို့အတွက် ပုံပြင်လေးတွေ ပြောပြချင်တယ်။ ဘာဖြစ် လို့လည်းဆိုတော့ သားသားမီးမီးတို့ဟာ အနာဂတ်မှာ အဆင့်မြင့်တဲ့ စစ်မှန်တဲ့၊ လိမ်မာတဲ့၊ ယဉ်ကျေးဖွယ် အမူအ ကျင့်တွေနဲ့ အမျိုးဘာသာ၊ သာသနာအကျိုးနဲ့ လူမှုရေး တွေကို ပြုမှုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် ဆောင်ရွက်တဲ့အခါမှာ ဘဝမှာလိုက်နာအတုယူရမယ့် သင်္ခန်းစာလေးတွေလည်း ရှိနေမယ်မဟုတ်လား။ ဒါကြောင့် ဦးဦးအနေနဲ့ သားသားမီးမီးတို့အတွက် ဦးဦးဖတ်ဖူးတဲ့ ပုံပြင်လေးတွေကို တဆင့်ထပ်မံပြီး ဖောက်သည်ချတဲ့အနေနဲ့ ပြောပြလိုပါတယ်။
    ဒီတစ်ပတ်မှာတော့ လိမ်မာရေးခြားရှိလှတဲ့ ကိုရင် လေးတစ်ပါးအကြောင်း ပြောပြချင်ပါတယ်။ တကယ်တော့ သူဟာ သူ့ခေတ်သူ့ခါမှာ မင်းဆွေမင်းမျိုးမှာ ကြီးပြင်းမွေးဖွား လာတဲ့ ကိုရင်လေးပါ။ အ
လွန်ပဲနုနယ်လှတဲ့ (၇)နှစ်အရွယ်မှာ ပဲ သင်္ကန်းဝတ်ခဲ့တာ ဖြစ်ပါတယ်။ မင်းဆွေမင်းမျိုးမှာ ဖြစ်ပေ မယ့် သူဟာ ဘယ်တော့မှ မာန်မာန တက်ကြွမနေဘူး။ ထောင်လွှားမနေဘူး။ မထေမဲ့မြင် မလုပ်ဘူး။ အင်မတန်မှလည်း လိမ်မာရေးခြား ရှိလှပါတယ်။ ယဉ်ကျေးသိမ်မွေ့လှတဲ့ သူ့ရဲ့ အနေအထိုင် အပြောအဆိုဟာ သားသားမီးမီးတို့ အတုယူစရာကောင်းလောက်အောင် ကို လူယဉ်ကျေးလေး တစ်ယောက်ဖြစ်ပါတယ်။
    သူ့နာမည်က ရာဟုလာတဲ့။ ဒီနာမည်ကို သားသားမီးမီးတို့လည်း ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်။ သူ့အဖေကတော့ ဦးတို့ရဲ့ ကိုးကွယ်ရာဆရာဖြစ်တဲ့ မြတ်ဗုဒ္ဓပဲဖြစ်ပါတယ်။ တကယ်တော့ သူဟာ သူ့အမေရဲ့ သွန်သင်မှု၊ ပြောဆိုမှု၊ ခိုင်းစေမှုကြောင့် မြတ်စွာဘုရားရှင် နန်းတော်ကိုြ<ွကအလာမှာ အမွေတောင်းခိုင်းလို့ လိုက်တောင်းခဲ့တာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ မြတ်စွာဘုရားရှင်နဲ့အတူ ရွှေအိုးကြီးလေးလုံး ရှိတယ်မဟုတ်လား။ ဒါကို သိတော့ မယ်တော်ဖြစ်တဲ့ မာယာဒေဝီက လောကီအမွေဖြစ်တဲ့ အမွေတွေကို တောင်းခိုင်းလိုက် တာဖြစ်ပါတယ်။
    ဒါပေမယ့် မြတ်စွာဘုရားရှင်က သားတော်လေးကို ကျောင်းတော်ခေါ်သွားပြီး လောကီအမွေဖြစ်တဲ့ ရွှေအိုးကြီးလေးလုံးကို မပေးဘဲနဲ့ လောကုတ္တရာအမွေဖြစ်တဲ့ ကိုရင် လေးဘဝအဖြစ် သင်္ကန်းစီးပေးလိုက်ပါတယ်။ ထားပါတော့၊ ဒီလိုနဲ့ ရာဟုလာလေးဟာ ငယ်ငယ်ရွယ်ရွယ် (၇)နှစ်သားလေးမှာပဲ ကိုရင်လေးရာဟုလာ ဖြစ်သွားတော့တာပေါ့။
    ကိုရင်လေးရာဟုလာအနေနဲ့ ခမည်းတော်ဖြစ်သူ မြတ်ဗုဒ္ဓရဲ့ သားတော်လည်း ဖြစ်တယ်။ အဘိုးဖြစ်သူ သုဒ္ဓေါဒနအနေနဲ့လည်း ရှင်ဘုရင်တစ်ပါးဖြစ်ပေမယ့် မင်းဆွေမင်း မျိုးနဲ့ ရာဇမာန်တက်ြ<ွကပြီး လူငယ်ပီပီ မာန်မာန တက်ြ<ွကတာမျိုး လုံးဝမရှိဘူး။ သူဟာ သူ့ထက်ကြီးသူတွေရဲ့ ဆုံးမစကားကို လိုက်နာရာမှာ စံအဖြစ်ထားလောက်အောင်  လိုက်နာ မှု ရှိတယ်။ လေးလေးစားစားနဲ့ လူကြီးသူမတွေ၊ ရဟန်းသံဃာတွေကို ရိုရိုသေသေ ရှိတယ်။
    ဒီတော့ အခြားရဟန်းတွေက ကိုရင်လေးရာဟုလာရဲ့ စိတ်ကို စမ်းသပ်ချင်ကြ တယ်လေ။ ဒါကြောင့် သူတို့ဟာ အမျိုးမျိုးအဖုံဖုံ စိတ်ဆိုးအောင် ဆွကြတယ်။ စကြတယ်ပေါ့။ ဥပမာ ကိုရင်လေးသွားတဲ့လမ်းမှာ အမှိုက်သရှိုက်တွေ ပစ်ချထားတာတို့ လုပ်တယ်။ ဒါပေမယ့် ကိုရင်လေးက ဒီအမှိုက်တွေကို တစ်စမကျန်အောင် ကောက်တယ်။ သူလုပ်တာ မဟုတ်မှန်း သိပေမယ့် သူမလုပ်ပါဘူးလို့ ငြင်းဆန်ပြီး ဘာသိဘာသာ မထားဘူး။ သူကိုယ်တိုင်အမှိုက် ကောက်တယ်။ အမှိုက်သိမ်းတယ်။ တံမြက်စည်းလှဲတယ်။ ဒီလိုပဲ မငြီးမညူဘဲ လုပ်တတ် တယ်ပေါ့။
    ကိုရင်လေးရာဟုလာဟာ ဘယ်နေရာကိုပဲ သွားသွား လူချစ်လူခင် အရမ်းပေါတယ်။ သူ့ကို တွေ့တဲ့လူတိုင်း၊ ရဟန်းတိုင်းက ချစ်ကြတယ်။ သူကလည်း ချစ်အောင်နေတယ်။ လိမ်မာတယ်။ ဆုံးမစကားကို လိုက်နာတယ်လေ။ ဒါကြောင့် သူ့ကို ချစ်ခင်သူတွေက ဝိုင်းဝိုင်းလည်နေကြတာပေါ့။
    သူက ဆုံးမသူကို ဘယ်တော့မှ ပြန်ပြီး  မငြင်းဆန်ဘူး။ နှုတ်လှန် မထိုးဘူး။ သူတို့ဆုံးမတိုင်း သဝေမသိမ်း လိုက်နာတယ်။ ကိုရင်လေးရာဟုလာဟာ မနက်အိပ်ရာထတိုင်း ပြုနေကြ၊ လုပ်နေကြ ဝတ်တစ်ခုရှိတယ်။ အဲဒါက အခြားတော့ မဟုတ်ဘူး။
    ''ဒီနေ့ ငါ့ကို ဆုံးမမယ့်သူဟာ လက်ခုပ်ထဲက သဲတွေလို ပေါများပါစေ''ဆိုပြီး တောင်းဆိုတယ်။ အဲဒီလိုကို လူကြီးသူမတွေရဲ့ အဆုံးအမကို လိုက်နာလိုသူ ဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ လူချစ်လူခင်ပေါများတာ ဖြစ်မှာပေါ့။
    ဒီတော့ သားသားမီးမီးတို့ ပြန်ပြီး စဉ်းစားကြည့်ရအောင် တကယ်တော့ ကိုရင် ရာဟုလာဟာ အသက်အရွယ်ငယ်ပေမယ့် အသိဥာဏ်က တော်တော်မြင့်မားနေတယ်ဆိုတာ သားသားမီးမီးတို့လည်း သိပါလိမ့်မယ်။ မင်းဆွေ မင်းမျိုးဖြစ်ပေမယ့် မာန်မာန ထောင်လွှားမှု၊ မောက်မာမှု လုံးဝမရှိဘူး။ ငါ့အဖေက သုံးလောကထွဋ်ထား မြတ်စွာဘုရားပဲ။ ငါ့အဖိုးက ရှင်ဘုရင်ပဲဆိုပြီး ရာဇမာန်၊ ဝယမာန်၊ ဂုဏမာန်စတဲ့ မာန်တွေကို ရှေ့တန်းမတင်ပါဘူး။
    အခုခေတ်မှာ သားသားမီးမီးတို့လည်း တွေ့ဖူးပါလိမ့်မယ်။ ငါ့အဖေက ဘာမို့၊ ငါ့အဖိုးက ဘာမို့ဆိုပြီး လူကြီးသူမတွေကို မရိုမသေ၊ မလေးမစားနဲ့ မာန်မာန ထောင် လွှားသူတွေ ရှိတယ်မဟုတ်လား။ ဒါမျိုးတွေကို ဘယ်တော့မှ မလုပ်ရဘူးဆိုတာ ကိုရင်လေး ရာဟုလာက သားသားမီးမီးတို့ကို အတုယူဖွယ်ရာအဖြစ် စံပြအနေနဲ့ နေထိုင်သွားခဲ့တယ် မဟုတ်လား။ မာနဆိုတာ မာပြီး နောက်ကျရင် နသွားတတ်တယ်။ ဒါကြောင့် မာနတက်ကြွ
မှုတွေ၊ ထောင်လွှားမှုတွေ မလုပ်ရဘူးပေါ့။
    နောက်တစ်ခုက ကိုရင်လေးရာဟုလာဟာ သူ့ကို စပေမယ့် ဘယ်တော့မှ လူကြီး သူမတွေကို ပြန်လည်ပြီးတော့ မချေ မငံပြောတာတို့၊ နှုတ်လှန်ထိုးတာတို့ မလုပ်ဘူး။ ဒါလည်းပဲ အတုယူရမှာဖြစ်ပါတယ်။ သားသားမီးမီးတို့ရော ကိုယ့်ကို ချစ်လို့စရင် ပြန်ပြီး အော်တာတို့၊ ဆဲတာတို့ လုပ်တာတွေ ရှိလား။ တကယ်လို့ရှိရင် အခုကတည်းက ဒီလို အမူအကျင့်တွေကို မလုပ်မိအောင် နေထိုင်ရမယ်နော်။ ဒါမှသာလျင် ကိုယ့်ကိုယ် လူကြီး သူမတွေ၊ ရဟန်းသံဃာတွေက ချစ်ခင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကို ချစ်လို့စရင် ပြန်ပြီး အော်တာတို့၊ ဆဲတာတို့ မလုပ်ပါနဲ့။ လိမ်လိမ်မာမာနဲ့ ချစ်ခင်တဲ့ အပြုအမူ အနေ အထိုင်၊ အပြောအဆိုနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ သည်းခံစိတ်မွေးပြီး လူယဉ်ကျေးလေးဖြစ် အောင် နေသွားဖို့ လိုအပ်ပါတယ်။
    နောက်တစ်ချက် ကိုရင်လေးရာဟုလာဟာ သူ့ကို အမြဲတမ်းဆုံးမမယ့်သူတွေကို လိုက်ရှာနေတယ်။ ဆုံးမတဲ့ သူတွေကို တွေ့ရင် ပျော်တယ်။ ဆုံးမသူတွေရဲ့ ဆုံးမမှုတွေကို အားလုံးလိုက်နာတယ်။ သဲတွေကို လက်နဲ့ကျုံးပြီး သဲနဲ့အမျှ ဆုံးမသူတွေ နေ့စဉ်ပေါများဖို့၊ တွေ့ဖို့ သူက ဆုတောင်းတယ်။ ဒါကလည်း အင်မတန်မှ ချစ်စရာကောင်းတဲ့ အပြုအမူ ဖြစ်ပါတယ်။ အတုယူရမှာ ဖြစ်ပါတယ်။ လိုက်နာရမှာဖြစ်ပါတယ်။ သင်္ခန်းစာလည်း ယူရမှာ ဖြစ်ပါတယ်။
    သားသားမီးမီးတို့ရော ကိုယ့်ကို ဆုံးမသူတွေ တွေ့ရင် ကြိုက်ရဲ့လား။ ငါ့ကိုပဲ အပြစ်ရှာပြီး ပြောနေတယ်လို့ ထင်မိလား။ တကယ်လို့ ဒီလို ဆုံးမသူကိုတွေ့ရင် ကြည်ကြည် ဖြူဖြူနဲ့ သူ့ရဲ့ဆုံးမမှုကို လိုက်နာမှုရှိရဲ့လား။ အိမ်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်ဒီလို ဆုံးမသူတွေအနေနဲ့ အမေအဖေ၊ အစ်ကိုအစ်မစသဖြင့် အိမ်မှာလည်း ရှိသလို၊ ကျောင်းတွေ မှာလည်း ဆရာ၊ ဆရာမ၊ ကျောင်းသားကြီးတွေက ဆုံးမရင် လိုက်နာရဲ့လား၊ ကြိုက်ရဲ့လား၊ ပြန်ပြီး မအော်ဘဲ ရှိရဲ့လား။ ကြည်ကြည်ဖြူဖြူရော လက်ခံပြီး လိုက်နာရဲ့လား ပြန်လည်ဆန်း စစ်ကြည့်စေချင်တယ်။
    ကိုရင်လေးရာဟုလာကတော့ ဂုဏ်ပကာသနဆိုတာ အရေးမကြီးဘူး၊ အကျင့် စာရိတ္တကသာ လူ့ဘဝရဲ့ အဓိကပင်မ အခရာကျတဲ့ အရာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ လိုအပ်မှုတွေကို အမြဲတမ်းကြည့်ပြီး ဆုံးမပေးတဲ့ သူတွေကို မျှော်လင့်တယ်။ ကြိုဆိုတယ်။ သူတို့ဆုံးမတဲ့အတိုင်း လိုက်နာတယ်။ ဆုံးမသူကိုလည်း အမြဲတမ်း တောင်းတတယ်။ ဒါကြောင့် သူ့ဟာ လူချစ်လူခင် ပေါတယ်။ လိမ်မာရေးခြား ရှိတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ အခြားသူတွေရဲ့ စံပြအဖြစ် နေထိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    ဒါကြောင့် သားသားမီးမီးတို့ကလည်း ကိုရင်လေးရာဟုလာရဲ့ ထုံးကို နှလုံးမူပြီးတော့ ဘယ်တော့မှ မာန်မာန မတက်ြ<ွကပါနဲ့။ လူကြီးသူမတွေက စရင်လည်း ငါ့ကို ချစ်လို့စတာပဲလို့ သတ်မှတ်ပြီး သည်းခံစိတ်မွေးနိုင်ရမယ်။ နောက် ဆုံးမမှု၊ သွန်သင်မှုတွေကို လိုက်နာနိုင် ရမယ်။ ဒီလိုဆိုရင်တော့ သားသားမီးမီးတို့ဟာ လူချစ်လူခင်ပေါများတဲ့ လူငယ်များဖြစ်သလို၊ ယဉ်ကျေးသိမ်မွေ့ပြီး အနာဂတ်မှာ အားကိုးရမယ့် နိုင်ငံသားကောင်း ရတနာများဖြစ်ကြလိမ့် မယ်လို့ ဦးဦးစိုး ပြောဆိုရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ နားတော့မယ်။

သားသားမီးမီးတို့ကိုချစ်တဲ့ ဦးဦးစိုး
မောင်မင်းစိုး

No comments: