Wednesday, March 14, 2012

ရယ်စရာမဂ္ဂဇင်း မတ်လအတွက် အသုံးပြုထားသော ကဗျာများ။

ဘ၀တစ်ဖြောင့်

တစ်ချိန်လုံး လွတ်မြောက်အောင် အားထုတ်ခဲ့သမျှ သွေးစိမ်းရှင်ရှင်ပန်းထွက်နေတဲ့ ဆန်္ဒတွေ
ဘာဖြစ်လို့ လေတိုက်တဲ့ နေရာမှာ ရွေးထိုင်နေရတာလဲ အလကားလေကြောမိအောင်
ခြောက်ကပ်ကပ်ညနေခင်းဟာ ဖယောင်းသားတွေထဲ တွဲလျားကျနေအောင် အဆင်သင့်ပူလောင်
လမ်းမပေါ်မှာ တခြားလူတွေနဲ့ ရောထွေးထိုးထည့်မိလို့ ဒီကောင့်အနှောင့်ကို မနည်းကြီးဖတ်ယူ
ဆွဲထုတ်လိုက်ရတယ် အရသာပေါ့ရွှတ်ရွှတ် ဖန်တန်တန်နဲ့ ကွာကွာခဲ့တဲ့ နှစ်ပရိစေ်္ဆဒတွေအတွင်း
အပြင်အဆင်က အစ အခြားအိမ်တွေနဲ့မတူ ဖခင်အမည်မှန်ပေါက်ပေမယ့် တခြားတစ်ယောက်
လက်ထဲမှာ ငယ်ရုပ်ကို မနည်းကြီးပြန်လွှတ်ပေးရတယ် ဒီနေရာက ဆောက်ရာတစ်ချက်ထွင်းသင့်တာ
ဒီနေရာက ဂဟေတစ်ချက်တွဲသင့်တာ ခွေးသွားစိတ်လည်ပတ်သံတဂျစ်ဂျစ် တုန်ခါထွက်ပေါ်မြဲ
သတ်္တုဂေဟစနစ် မှန်အမျိုးအစားဆိုတာ ပြောတာလား ကိုင်းအမျိုးအစားကို ပြောတာလား
ပြောတဲ့အမျိုးအစားဆိုတာ မပြောတဲ့အမျိုးအစားလား အနီးကပ်အနှောင့်အယှက်ထံ အဝေးဆုံးမှ
မြန်နှုန်းမြင့်စွာ မြေပြင်ဆီသို့ အိပဲ့ထိုးစိုက်ကျ ကိုယ့်ကုသိုလ်ပေါ့လေ ရန်ကုန်ကလည်း အားလုံး
ပြောင်းလဲသွားတယ် ဒီကောင့်နှယ် ပါးစပ်တောင် ခိုင်အောင် မ၀တ်တတ်တော့ဘူး ပါးတစ်ချက်
ပိတ်ရိုက်ပေးလိုက်မှ ပါးစပ်က နေရာမှန်ပြန်တည့်သွားတယ် အကျမနာအောင် ခုထားခံထားတဲ့
သဲပြောင်ပြင်မွမွထဲ လက်ချောင်းတွေ ခဏစိမ် အရင်ရောက်နှင့်ပြီးသား ငန်းဟာ အဖြူအမည်းမသဲကွဲ
တာက လွဲရင် အဖြူအမည်း သဲကွဲပါတယ် လရောင်ရဲ့ ကွေးညွတ်နှုတ်ခမ်းသား ဖူးဖူးစိုစို ခေါ်သံတစ်စပြင်
ကျယ်ကြီးအဆုံး ဖုံးကြိုးလေးအနှေးလွင့် မုဆိုးဟာ လောဘကြီးစွာ မနိုင်မနင်း ပွေ့ပိုက်လျက်
သံတိုသံစ ခြေရာမျိုးစုံကောက်ပြီး ပြန်လာတယ် ကော်ကုန်ရင်တော့ ကွာမှာပဲ အေးကွာ
ရန်ကုန်ကလည်း အရင်အတိုင်းပဲ ဘာမှမထူးဘူး စိတ်အလျဉ်စီးကြောင်းမှာ ဒိုက်သရောများပက်လက်ကူး
လိုရာရောက်နိုင်ဖို့ အမှောင်ဒြပ်သား ကိုယ်ထည်အတွင်းပိုင်း သဲအိမ်လေးမွမွရပြီဆို လက်ချောင်းတွေ
အပြင်ဘက် တိုးတိုးတိတ်တိတ်လေး ပြန်ထုတ်ယူလိုက် လက်ကိုင်အိတ်ဖြစ်စေ၊ ကျောပိုးအိတ်ဖြစ်စေ
ထီး၊ ရေဘူး စတဲ့ ပစ်္စည်းပစ်္စယအားလုံး လူနှင့်တစ်ပါတည်း အဲ စက်ရုပ်နှင့်တစ်ပါတည်း ယူဆောင်ရန်
ရှောင်ရန်များကို ကြိုတင်သတိပေးထားသင့်ကြောင်း သတိပေးသင့်/ မသင့် ဒီရေ ဟိုရေတွေ မြန်နှုန်းမြင့်
ပြေးတက်မလာခင် သွေးစိမ်းသေသေ ငတေမာရင်ပြီးရော ဒိုက်သရောများကြား ဖဲကြိုးလေးဖူးဖူးစိုစို
အိပဲ့စိုက်ကျ အို... သဒ်္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့ရှင့် အတွဲအစပ်မမှန်တဲ့ စကားလုံးတွေလို ပုံပန်း
ပျက်နေတဲ့ ကလေကချေတစ်ကောင် ပေါင်ကို မြှောက်ပြီး ချောဆီထည့် ဓာတ်တိုင်ကြိုးတန်းတွေပေါ်မှာ
သံပတ်ပေးထားတဲ့ အရာများ ငြိမ်သက် အနီးစပ်ဆုံး ပြတင်းတံခါးတစ်ချပ် ခပ်ပြင်းပြင်းတွန်းဖွင့်သံ
ကြားရင် ဝေါခနဲအုပ်လိုက် ထပျံသွားကြ လောကအမှောင်ဟာ ဖန်သားပြင်အုပ်ဆောင်းထက်ကနေ
ကျလာတယ် ရှေးဟောင်းနှောင်းပျက် ကပေါက်တိကပေါက်ချာ အလုံးတွေ အပြားတွေ လေးထောင့်တွေ
ဆနွင်းမကင်းတွေ၊ အာလူးဖုတ်သူတွေ မေ့နိုင်ပါ့မလား ရထားမသွားတော့တဲ့ ဘူတာရုံမြို့လေးမှာ
သံတစ်လမ်း ပြဒါးတစ်လမ်း လူသံနဲ့ သူသံမကွဲပြားဘူး (“ခဲ့”ကို ထည့်ပြီးမှ ပြန်ဖြုတ်) ရီဝေေ၀တစ်ယောက်
ချာချာလည် ကိုယ့်ခေါင်းထဲမှာလည်း ဘာမှနတ်္ထိ ဒီအချိန်အထိ ဒီကောင်အနှစ်သာရတယ် အရည်မရရှာဘူး
တွေးပျော် တစ်ရေးနိုးတိုင်း နံရံတွေဆီက အံသွားတဂျစ်ဂျစ်ကြိတ်နေသံ အတိုင်းသားမြင်နေမိသလား
မွေးမေလေ့ ပါးစပ်ထဲက တံတွေးစက်တောင် နံရံမှာ သွားချိတ်တွယ် ဒီကောင် ဦးနှောက်ပါပြန်လဲ
ရတော့မယ် စက်ရုပ်အဖြစ်နဲ့ ကိုယ်သာ ရှိပါစေတော့ကွယ်။

လွန်းဆက်နိုးမြတ်




ကဗျာ (၂)

အစလေးတစ်စနောက်ကို ကျွန်တော်လိုက်ဖမ်းကြည့်နေတယ်
မီးတွေအကုန်ဖွင့် အာခေါင်ခြစ်အော်ဟစ်ပြေးလွှားနေတဲ့ အစလေးတစ်စ
အစလေးတစ်စကနေ စဖို့ အစလေးတစ်စနောက်ကို ကျွန်တော်လိုက်နေတယ်
အစာလျှော့ကျွေးဖို့ စဉ်းစားနေတုန်း မှန်ဗီရိုကြီးတစ်လုံး ကုန်အောင် စားပစ်လိုက်ချင်တဲ့ အစလေးတစ်စ
အစလေးတစ်စ ခိုင်မာလာဆိုတဲ့ ကောင်မလေးရဲ့ Facebook စာမျက်နှာဆီကနေ စချင်နေပြန်တဲ့ အစလေးတစ်စ
နောက်အစလေးတစ်စက အမေရိကန်အထက်လွှတ်တော်အမတ် “ဂျွန်မက်ကိန်း”ဆီကနေ
“ကိုးလ်ဒ်ပလေး”ရဲ့ သီချင်းစာသားနဲ့ သွားငြိနေပြန်တဲ့ အစလေးတစ်စ
အစလေးတစ်စဟာ ပြတင်းပေါက်တွေလို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတယ်
ရေတံခွန်လို စီးကျလာဖို့ ကြိုးတွေ အကုန်လျှော့ပေးထားရတဲ့ အစလေးတစ်စ
ဒင်္ဂါးပြားလို တလက်လက်နဲ့ သူ့မှတ်ဉဏ်ထဲကနေ လွတ်ကျသွားပြန်ချင်တဲ့ အစလေးတစ်စ
အစလေးတစ်စဟာ ထင်းရှူးသေတ်္တာပေါ်တင်ထားတဲ့Tecsun ရေဒီယိုလေးထဲမှာလည်း သွားပြီး ခွေခေါက်နေပြန်တယ်
အစလေးတစ်စဟာ ကြည့်နေတဲ့ စိတ်္တဇလူသတ်ကားထဲက လူသတ်သမားရဲ့
သေနတ်ပြောင်းဝထဲကနေ ဆောင့်ထွက်သွားပြန်တယ်
အစလေးတစ်စဟာ ၀ရန်တာပေါ်က ခုန်ဆွခုန်ဆွ စာကလေးတစ်ကောင်
အစလေးတစ်စဟာ မှန်ကန်ထဲက အောက်စီဂျင်ငတ်နေတဲ့ အလှမွေးငါး
အစလေးတစ်စဟာ မို့မောက်လုံးဝန်းနေတဲ့ ရင်သားလှလှ
အစလေးတစ်စဟာ တိမ်တွေကို ဆုတ်ဖြဲပြီး သွပ်ဆူးကြိုးပေါ်ဖြာကျလာတဲ့ လရောင်
အစလေးတစ်စဟာ လှေကားထစ်တွေအတိုင်း တခွပ်ခွပ်နိမ့်ဆင်းသွားတဲ့ ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
အစလေးတစ်စဟာ အနာတစိုစိုနဲ့ နောက်ဖေးလမ်းကြားထဲ အစာရှာနေတဲ့ မြေကြွက်ကြီးတစ်ကောင်
အစလေးတစ်စဟာ...
အစလေးတစ်စဟာ...
အစလေးတစ်စဟာ...
မောင်ဖီလာ




ကြိုက်မရှက် ငိုက်မရှက်


ကလေးတွေ လက်သီးလက်မောင်းတန်းသလို ငါလည်း လျှပ်စီးလျှပ်ရောင်သန်းချင်တယ်
ကလေးတွေ တခေတ်ခေတ်ရယ်မောနေသလို ငါလည်း တစ်ခေတ်ပြီးတစ်ခေတ် ရယ်မောနေရတယ်
ခေတ်က ခါးအောက်ပိုင်းပြက်လုံးတွေနဲ့ ရင်ညွန့်အထိ ထိုးချိန်ထားတဲ့ ယဉ်ကျေးမှုတွေနဲ့
စိတ်ချရတဲ့ အနုပညာတစ်ခုခုဆီမှာ ငါ့ကလေးတွေကို ချထားချင်တယ်
ကမ်္ဘာမကျေဆိုတာ ဘာလဲ ကလေးတို့ အစာမကြေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့
ပေါ့(ပ်)ယဉ်ကျေးမှုတွေ အပင်းထည့်ခံထားရတဲ့
အင်္ကျီဆန်ခါပေါက်နဲ့ မိန်းကလေးက
“ကျွန်မကို မှတ်မိလားတဲ့” ကောက်ရိုးနံ့တွေ သင်းလို့
ဝမ်းနည်းပါတယ် ၁၀ ပြား ၅ ပြားကိစ်္စတွေက အစ
ခရမ်းချဉ်သီး ဆလတ်ရွက် သခွားသီး နခသူင ဗိုင်းရပ်(စ်)တွေအထိ သတိထားနေရလို့ပါ
အစာမကြေသူတွေလွှတ်လိုက်တဲ့
မောင်းသူမဲ့ ဗုံးကြဲလေယာဉ်တွေအောက် ရောက်နေကြရလို့ပါ
အစာမကြေတာတောင် ကမ်္ဘာကျေအောင် ကြောင်းနေတဲ့ အရေးအသားကတော့
ကြိုက်မရှက် ငိုက်မရှက်ပဲ မိတ်္တူစက်ကြီးထောင်ကာ
ငတေမာရင်ပြီးရော ငွေစက်္ကူတွေ
တဝေါဝေါရိုက်ထုတ်နေတာဟာလည်း
ကြိုက်မရှက် ငိုက်မရှက်ပဲ
အာရှတိုက်ကြီးတစ်တိုက်လုံး ကုန်အောင် စားမလို့တဲ့
ကြံပင်တွေ စိုက်လို့ ကြိုက်မရှက် ငိုက်မရှက်ပဲ
ဒီလောက်ကာကွယ်နေတဲ့ကြားက မန်္တလေးမြို့ကြီး ဂိုးထဲ ၀င်သွားတယ်
အစာမကြေတဲ့ ကမ်္ဘာကျေပဲ ကြိုက်မရှက် ငိုက်မရှက် လိုက်ပွဲတွေတစ်ထွေးကြီးနဲ့ပဲ
သတိထား ကိုယ့်လူ ဧရာဝတီကို စားမယ် ပုဂံကို စားမယ်
အညာတစ်ခွင် ပြဲပြဲစင်အောင် စားမယ်
တကယ့်ကြိုက်မရှက် ငိုက်မရှက်ပဲ
ကျွန်တော့်ဆိုင်က ခိုင်းထားတဲ့ ကောင်လေး ပြောပါတယ်
သူကြိုက်ရင် ရှေ့က လာနေတဲ့ ကောင်မလေးကို နှောင့်ယှက်ဖို့ ၀န်မလေး
သူငိုက်နေရင် ရှေ့က ဈေးဝယ်နေတဲ့သူကို အလေးပြုဖို့ ၀န်မလေး
တကယ့်ကြိုက်မရှက် ငိုက်မရှက် အခုတော့ သူ့ခမျာ
ဝက်သားကြိုက်ရက်နဲ့ ၀က်တွေ နားရွက်တွေ ပြာနေလို့
သူ့မှာ ဆတ်ဆတ်ခါ
ကြွေးတင်ဝက်မွေး မွေးထားတဲ့ ၀က်တွေ သေကုန်လို့
ပါးစပ်က ပွစိပွစိသူဆဲ ကြိုက်မရှက် ငိုက်မရှက်ဖြစ်နေတုန်းပဲ။
ခရမ်းပြာထက်လူ



၁၁ ၃ ၁၁

ကျေးဇူးပြု၍ ပေတံများ သိမ်းထားပေးကြပါ
သစ်္စာတဲ့လား ကြားဖူးတယ် နားဝတင်ပဲ
အိမ်ပြောင်းခါနီး အလုပ်ရှုပ်နေခြင်း နေတအားပူခြင်း
မတ်လကို မိုးချိန်းခြင်း စောစောအိပ်ရာဝင်ခြင်း
အွန်လိုင်းတက်ခဲခြင်းဟာလည်း ရှော်တာ မဟုတ်ရပါ
ဘယ်လိုစာလုံးပေါင်းသလဲ ရှော်လား လျှော်လား
ဘယ်လို ရှော် လျှော်
ဟိုလူကြီးကဗျာတွေထဲ သူ့ကို ခဏခဏတွေ့တယ်
ဒီကဗျာမှာ ခဏရှော်လိုက်မယ်
ကဗျာအနုပညာကို တန်ဖိုးဘယ်လောက်ဖြတ်သလဲ
၅၀၀၀ လား ၂၅၀၀ လား
တန်ဖိုးဆိုတာ သတ်မှတ်သူအပေါ်ပဲ မူတည်တယ်
ဟုတ်တယ် ၅၀၀၀ လား ၂၅၀၀ လား
ငွေစကားပြောရင် မီးရှို့ပစ်ချင်တယ် အနုပညာရော
လက်ကိုရော ဦးနှောက်ကိုရော
အွန်လိုင်းလား အွန်ပရင့်တက်လား
စကားနည်းတာ ကောင်းတယ် စကားများတာ မကောင်းဘူး
သံယောဇဉ်နည်းတာ ကောင်းတယ် သံယောဇဉ်များတာ မကောင်းဘူး
၁ ခုပဲရှိလို့ ၁ ခုပဲ စားရတယ် ၁ ခုကိုပဲ သိပ်ခံတွင်းတွေ့လာတယ်
ဧပြီဆို ၁ ထိပ်ကနေ ၂ ထိပ်ပြောင်းတော့မယ့် ငါ့ဖြစ်တည်မှု
ကြည်အေးရဲ့ အပြင်က လူနဲ့ IntoTheWild ရုပ်ရှင်ကို
၁၉ (သို့) နှစ် ၂၀ စလုံးစာ အော်စကာပေးတယ်
ပန်ဒါမျက်ဝန်း တံဆိပ်တစ်ခုခုနဲ့ ဖုံးအုပ်လေ့ရှိတဲ့ အဖြူရောင်နှုတ်ခမ်း
အချစ်ဆုံးက ယပ်တောင်
ဒါလောက်ဆို အခုခဏကို ခြုံမိမှာပါ။
မယ်ယွေး



အီတိုး

မင်းနာမည် အီတိုး ဆင်မြူရယ်အီတိုး
ကင်မရွန်းသား အာဖရိကတိုက်သား
မင်းက ရော်ဂျာမီလာမဟုတ် ဂျော့ဝီယာမဟုတ် နွမ်ဝိုကနူးမဟုတ်
ဒီဒီယာဒရော့ဘာမဟုတ် နယ်လ်ဆင်မင်ဒဲလား မဟုတ်
မာတင်လူသာကင်းမဟုတ် ဘာရက်အိုဘားမားမဟုတ်
အိုင်ဗရီကို့စ်မှာ ဆူဒန်မှာ ဆိုမာလီးယားမှာ အီသီယိုပီးယားမှာ
ဇင်ဘာဘွေမှာ တူနီးရှားမှာ လစ်ဗျားမှာ
လက်နက်နဲ့ အာဏာနဲ့ စားနပ်ရိက်္ခာနဲ့ ငွေကြေးနဲ့
အစာအိမ်ဟာ ကျည်ဆန်တွေကို မလိုလားစွာ လိုလားနေချိန်မှာ
မင်းဟာ ပယ်နတီလွဲခဲ့တယ် နိုင်ငံတော်အတွက် နိုင်ငံအသင်းအတွက်
အမျိုးသားရေးအတွက် အရေးကြီးချိန်မှာ ပယ်နတီလွဲခဲ့တယ်
ဒါကို နှစ်သိမ့်ဖို့ အသင်းဖော်တွေကို တန်ဖိုးကြီးကြီး
နာရီတစ်လုံးစီ ၀ယ်ပေး
အခုတော့ မင်းက ရုရှားမှာ
မင်းက ဇာဘုရင်လိုလို စတာလင်လိုလို ကရူးရှက်လိုလို
အေဗရာဟင်မိုဗစ်လိုလို ဗလာဒီမာ ပူတင်လိုလိုနဲ့
ငွေမမက်ပါဘူးပြောပြီး ငွေပုံပေါ် ဖင်ခုထိုင်နေလေရဲ့
မင်းသူဌေးတွေရဲ့ မင်းကို ပေးတဲ့ မုန့်ဖိုးပဲဖိုးမှာ
ဂျာနယ်တွေက လေယာဉ်လက်မှတ် ဘယ်နှစောင်ဖိုး
အာစင်နယ်ရဲ့ ကွင်းဝင်လက်မှတ်ခ ဘယ်နှစောင်စာ
ရွန်းနေရဲ့ ဆံပင်ပေါက်ဖို့ ကုန်ငွေဘယ်နှဆလောက်
အဆတွေ ထောင်ချီသောင်းချီ ပြောကြ မင်းလခအကြောင်းတွေ
ဒါကို အားကျလို့ ငါလည်း
ငါတို့မြို့သစ် ကုန်းခေါင်ခေါင်မှာ မိုးတွင်းလှေစီးရင်
ကူးတို့ခဘယ်နှသက်စာ
အိုကြီးအိုမတွေရဲ့ အေးရာအေးကြောင်းဖြစ်ဖို့
အိုစာမင်းစာ ဘယ်နှဘ၀စာ
ကျောင်းမနေချင်တဲ့ ကလေး ကျောင်းနေချင်အောင်
စားဝတ်နေရေးဖူလုံရေးအတွက် အိမ်ထောင်ဘယ်နှစုစာ
ဆက်ပြောရင် ငါပဲမောမယ် အီတိုး
မင်းရောက်နေတဲ့ ရုရှားဆိုတာ ယူအန်မှာ တဗီဗီတတိုတိုနဲ့
ပစ်္စည်းမဲ့တွေအပေါ်မှာ တော်တော်အာရုံစိုက်ခဲ့သတဲ့
အခုတော့ ဟောတစ်ယောက် ဟောတစ်ယောက်
ဘီလျံနာတွေ မွေးထုတ်လိုက်တာ
ရာသီခွင်အရတော့ ကစားကွက်က တော်တော်
ဘောလုံးအသင်းက တော်တော် မြှုပ်နှံမှုက တော်တော်
အီတိုးရေ မင်းတော့ လက်ခုပ်တီးလို့ ကောင်းအောင်
စည်းဝိုင်းထဲ အသွင်းခံလိုက်ရပြီ ထင်ပါရဲ့
ဆိုက်ဘေးရီးယားမှာ နှင်းခါးတွေ ကျတာ မြင်တော့ ရင်ပဲ မောတော့တယ်
ဟိုတလောက စကစားတဲ့ ပွဲမှာ မင်းသွင်းသွားတာ
အဖိုးတန်ချေပဂိုးတဲ့ လွမ်း လွမ်းလောက်စရာ
လွမ်းစရာ အီတိုး အီတိုး လွမ်းစရာ
မင်းနာမည် ဆင်မြူရယ်အီတိုး ကင်မရွန်းသား အာဖရိကတိုက်သား
မင်းက ဒုက်္ခသည်မဟုတ် ပြည်ပြေးမဟုတ် တော်လှန်ရေးသမား
မဟုတ် နိုင်ငံရေးအကျဉ်းသား မဟုတ် မဟုတ် မဟုတ် မဟုတ်
မောင်သစ်ဦး(မြစ်ခြေ)


ဇွန်ဘီတွေ လာလေပြီ

သွားဖြဲပြီး ပါးစပ်အဟောင်းသားနဲ့ စောင့်နေတဲ့ အသားစားအပင်ကြီးက
“ဇွပ်”
ခနဲ ဇွန်ဘီတစ်ကောင်ကို စားလိုက်တယ်
နောက်မှာ ရှိတဲ့ အပင်များက တဖြောင်းဖြောင်းနဲ့ အစေ့တွေကို ညီညီညာညာပစ်လွှတ်ကြ
သံခမောက်ဆောင်းထားလည်း ဘာအရေးလဲ အချိန်တန်တော့ ဇက်ပြုတ်မှာပဲ
နှင်းကားကြီးစီးလာမလား၊ ရေငုပ်လာမလား၊ မိုးပေါ်ကနေ တွဲလောင်းခိုလာမလား
ကြိုက်တဲ့ ပုံနဲ့ တက်လာခဲ့ကြ
ချယ်ရဗုံးခွဲမယ်၊ သံဆူးချောင်းတွေ ထောင်မယ်၊ ဆူးပင်တွေနဲ့ ဖောက်ပစ်မယ်
ဒါမှမရသေးရင် ငရုတ်သီးဗုံးခွဲမယ် ဘာမှတ်သလဲ အကုန်လုံးပြာကျသွားမယ် ဟွန်း...
"A Huge Wave of Zombies Is APPROCHING!"
ဦးနှောက်ပုံအလံကြီးကို စွဲကိုင်လို့ ဇွန်ဘီများဟာ ညီညီညာညာချီတက်လာ
ဖရဲသီးတွေ “ပစ်” ရေခဲစေ့တွေ “လွှတ်”
လွယ်လွယ်နဲ့ ထိုးဖောက်လို့ မရအောင် မြေပဲတောင့်တွေ “ထောင်”
ဗုံးတွေ များများ“ခွဲ” မင်းတို့လို သင်္ချိုင်းက ထလာတဲ့ ကောင်တွေကများ ရာရာစစ
ငါ့ဦးနှောက်ကို စားဦးမတဲ့လား ပစ်လိုက်ကြစမ်း ဒီအယုတ်္တအနတ်္တကောင်တွေကို
ထိုကလိုဆိုကလဲ့ အပြင်းအထန်ချေမှုန်းနေဆဲမှာပဲ
နေကြာပင်တွေအများဆုံး
စိုက်ထားမိတဲ့ အပေါ်ဆုံးလမ်းကြောင်းက မထင်မှတ်ဘဲ အစားခံနေရ
ဒေါသကြီးတဲ့ ဘူးသီးတောင့်ကြီးနဲ့ တက်ဖိခိုင်းမလို့
လုပ်ကာမှ ဗုံးတွေ ခွဲလိုက်ရလွန်းလို့ ပိုက်ဆံတစ်ပြားမှ မကျန်တော့ဘူး
လုပ်ပါဦး ဟိုမှာ နောက်ဆုံးလက်ကျန်နေကြာပန်းတစ်ပွင့်ကို
ဇွန်ဘီကြီးက မညှာမတာဝါးနေပြီ တဟားဟားနဲ့ ငါ့ဦးနှောက်ထဲကို ၀င်မယ်လုပ်ကာမှ
မြက်ရိတ်စက်က ဇိခနဲအကုန်လုံးကို တက်ကြိတ်သွား
“ပလုံ”မြည်သံကြား။
မြေမှုန်လွင်



တရွေ့ရွေ့ပိုးမွှားများ

ငါ့ကိုယ်ထဲမှာ ပိုးမွှားတွေ တရွေ့ရွေ့
တရွေ့ရွေ့ ပိုးမွှားတွေ ငါ့ကိုယ်ထဲမှာ တရွေ့ရွေ့
ကိုရီးယားဇာတ်လမ်းတွဲတွေလို တရွေ့ရွေ့
လည်ချောင်းကို မီးရှို့လိုက်တဲ့ အဆိပ်ရည်ငွေ့တွေလို တရွေ့ရွေ့
လျှော်လေပြဲလေ ကောင်းကင်တစ်စလို တရွေ့ရွေ့
သမင်မွေးရင်း ကျားစားရင်း အစိမ်းရောင်လွင်ပြင်တွေလို တရွေ့ရွေ့
အမှတ်ပေးဘောလုံးပွဲ ဆုဖလားတွေလို တရွေ့ရွေ့
မြန်နှုန်းမြင့် ကွန်နက်ရှင်တွေလို တရွေ့ရွေ့
အကကောင်းတဲ့ ရှာကီရာရဲ့ ၀ါကာဝါကာလို တရွေ့ရွေ့
လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းတစ်အိုးလို တရွေ့ရွေ့
ပေါက်သွားရင် အမှတ်စဉ်ဆက်ထိုးမယ့် ဟောလီးဝုဒ်ရုပ်ရှင်လို တရွေ့ရွေ့
ကြာလေမှိန်လေ အယ်အီးဒီမီးလုံးတွေလို တရွေ့ရွေ့
လက်တို့ပြီးတော့ ပြောရဦးမယ် touchscreen တွေလို တရွေ့ရွေ့
ဝရမ်တီမရှိတဲ့ တရုတ်ကုန်ပစ်္စည်းတွေလို တရွေ့ရွေ့
ဖောင်းပွလာတဲ့ တံဆိပ်တွေလို တရွေ့ရွေ့
ပတ်တီးအဖွေးသားနဲ့ အကြွေတွေလို တရွေ့ရွေ့
တစ်ခါပဲသုံးခွင့်ရှိတဲ့ တစ်ခါသုံးတွေလို တရွေ့ရွေ့
တရွေ့ရွေ့ စကြ၀ဠာသေးသေးထဲက တရွေ့ရွေ့
နဂါးငွေ့တန်းဂလက်ဆီသေးသေးထဲက တရွေ့ရွေ့
နေအဖွဲ့အစည်းသေးသေးထဲက တရွေ့ရွေ့ ကမ်္ဘာသေးသေးထဲက
တရွေ့ရွေ့ ပိုးမွှားသေးသေးများ တရွေ့ရွေ့
တရွေ့ရွေ့
လင်းဇင်ယော်



အပုပ်ကောင်တစ်ကောင်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်များ

မနက်အိပ်ရာမှ နိုး၍ ပါးစပ်ဟကာ သမ်းဝေလိုက်သောအခါ ယိုးဒယားပဲပင်ပေါက်အရွယ် လောက်ကောင်ငယ်ကလေးများ ရွစိရွစိ ထွက်ကျလာကြသည်။ နှာခေါင်းဝတွင် ယားကျိကျိဖြစ်နေသောကြောင့် နှာချေမိရာ ပိုးဟပ်ပေါက်ကလေးနှစ်ကောင် အတောင်ကျွတ်သွားရှာ၏။ ပျင်းပျင်းရှိသည်နှင့် ဘယ်ဘက်သို့ စောင်း၍ ခပ်ကွေးကွေးလေး မှေးမည်ကြံသောအခါ နားရွက် နှစ်ဖက်အတွင်းမှ နားဖာချေးပိုးထိုးကောင်ကလေးများ ကသောင်းကနင်းဖြစ်သွားသံကို သဲ့သဲ့ကြားလိုက်ရပြန်သည်။ မျက်လုံး တွေကေ၀၀ါးနေပြန်ပါပြီ။ အိပ်ရာမှထလျှင်ံ၅ြ၁ မျက်စဉ်းဆေးခတ်မှ ဖြစ်တော့မည်။ ညာဘက်ပေါင်တွင် ကပ်နေသော တောက်တဲ့က သိုးနေအောင် အိပ်နေတုန်း။ ဘာရယ်မဟုတ်၊ ခေါင်းတစ်ချက်ကုတ်လိုက်ရာ ဆံချည်မျှင်တစ်ထွေးနှင့် သန်းမကြီး များက လက်ထဲတွင် အဖွေးသားပါလာကြသည်။ အကောင်ခပ်ထွားထွားသန်းမများကို ရွေး၍ ဘယ် ညာ လက်မအစုံ၏ လက်သည်းခွံဖြင့် ဖိသတ်ကာ ပါးစပ်ထဲသို့ အလျင်အမြန်ကောက်ထည့်လိုက်သည်။ အရသာရှိပါဘိတောင်း။ တယ်လည်း အကောင်းကြိုက်တတ်တဲ့ အကောင်ပါလားဟု တွေးကာ ပြုံးဖြီးဖြီးဖြစ်မိသေးသည်။ သွားများတွင် ကွမ်းချိုးနှင့် သွားချေးများ က အထပ်ထပ်ဆိုတော့ ဟိုကောင်တွေ စကြနောက်ကြတာကိုလည်း သွားသတိရမိသေးသည်။ သွားကျန်းမာရေးအတွက် ရာသက်ပန်ကွန်ဒွန်စွပ်ထားတဲ့ ကောင်တဲ့၊ ကိုယ့်ကို လှောင်ကြတာများ။ အရောင်ကို ကြည့်ပြီးတော့တောင် ထပ်ပြောကြသေး။ အဲဒါကတော့ ချောကလက် ဖလေဗာဖြစ်မယ်ဆိုပဲ။ တင်ပါးအနားတစ်ဝိုက်မှာ ပေါက်နေတဲ့ သွေးစုနာဖုကြီးတွေကို ညကတည်းက ၀ိုင်းစုပ်နေကြတဲ့ မျှော့တွေလည်း ဘောင်းဘီထဲမှာ ပြည်ပုပ်တို့ဖြင့် တုတ်ခဲပြီး တုံးလုံးပက်လက်ဖြစ်လို့။ သုံး၊ လေးကောင် လောက်တော့ ရေနွေးဆူဆူထဲ ဟတ်ဘွိုင်ထည့်ပြုတ်ပြီး မနက်စာအဖြစ် စားလိုက်ဦးမည်။ ပြောရင်းတောင် သွားရည်က တများများဖြစ်ချင်နေပြီ။ နေ့လယ်စာကတော့ ထုံးစံအတိုင်း မိလ်္လာရေခဲသေတ်္တာထဲက သန်ကောင်ဖြစ်ဖြစ်၊ တုတ်ပြားကောင် ဖြစ်ဖြစ် ကြော်စားပစ်လိုက်မည်။ မွေ့ရာအောက်မှာ လိပ်များဖြစ်လာမလားဆိုပြီး မွေးထားသော ကြမ်းပိုး ၃၇ ကောင်ကလည်း အခုအထိတော့ ဘာမျှထူးခြားမလာသေး။ လပြည့်လကွယ်တွေများ စောင့်ရသေးသလားတော့ မသိ။ နုပျိုကျန်းမာ ခွန်အားတိုး ပေါင်းခံထားသော ဆီးရည်ပုလင်းအသေးတစ်ပုလင်းကို တစ်စက်မကျန် ဂလုဂလုမြည်အောင် မော့သောက်အပြီး အိပ်ရာမှ ထရန် ဆုံးဖြတ်လိုက်သည်။ ဒီမနက်သောက်ရတဲ့ ဆီးပုလင်းက စီးစီးပိုင်ပိုင်ရှိလှသည်။ ဓမ်္မတာလာခါနီး အမျိုးသမီးတစ်ယောက် ပေါက်ထားသည့် ဆီးဆိုပဲ။ ထို့နောက်ံ၅ြ၁ မျက်စဉ်းဆေးကို ခပ်သည်။ အမြင်အာရုံက သိသိသာသာ ကြည်လင်ပြတ်သား သွားသည်။ ကွန်ပျူတာဖွင့်ကာ ဒီနေ့အဖို့ အမှာစာရောက်၊ မရောက် စစ်ဆေးဦးမှ။ လွန်ခဲ့တဲ့ ၃ ရက်ခန့်က အန်ထားသော အန်ဖတ်တချို့က ကီးဘုတ်ပေါ်တွင် မစိုမခြောက်ကလေး မွှေးမြလို့။ နညအနမုနပ ပေါ်ကပ်နေသော အန်ဖတ်တစ်ဖတ်ကို လက်ညှိုးဖြင့်ကလော်၍ ပါးစပ်ထဲတွင် အရသာခံလိုက်သည်။ မျှော့များကို ဟတ်ဘွိုင်ပြုတ်ရန် ရုတ်တရက် သတိရသွားသဖြင့် စောင်ကြားတွင် ကပ်နေသော သုံး၊ လေးကောင်ကို သွားဆွဲခွာကာ ရေနွေးအိုးထဲပစ်ထည့်၍ မီးဖိုပေါ်တင်ထားလိုက်ပြီး ကွန်ပျူတာရှေ့တွင် ပြန်ဝင်ထိုင်လိုက်သည်။ ပန်းဆိုးတန်းဘဏ်ခွဲမှ အမှာစာရောက်နေသည်ဟု အီးမေးပရိုဂရမ်က မော်နီတာပေါ်မှာ မှိတ်တုတ်မှိတ်တုတ် အချက်ပြနေသည်။ အမှာစာအရ တစ်လီတာတစ်ပုလင်းကို တစ်ပတ်အတွင်း ပို့ရန်ဟု ဆိုသည်။ တတတ.ဘသသဘူန.ခသာ သို့ဝင်ပြီး ဘာညာ သာရကာအသစ်များ ၀င်ရှာဖွေရပေဦးမည်။ သိပ်တော့ အရေးမကြီးပါ။ အချိန်တော် တော်လေး ရသေးသည်။ ရေနွေးအိုးထဲမှ မျှော့ပြုတ်နံ့က တစ်ခန်းလုံးကို သင်းပျံ့လာပြီ။ လတ်လတ်ဆတ်ဆတ် ပြုတ်ထား သည်မို့ထင့်၊ မျှော့များကို ပြည်ပုပ်ဖြင့် တို့စားရသည်မှာ တထုတ်ထုတ်နှင့် အရသာရှိပေစွ။ တစ်ထိုင်တည်း အကုန်လုံး စားပစ်လိုက်ပြီးသည်နှင့် ဗိုက်ထဲက တရစ်ရစ်နာလာ၍ အိမ်သာသို့ပြေးရပြီ။ ၀မ်းမသွားသည်မှာ တစ်ပတ်ခန့်ရှိပြီဆိုတော့ ဝေါခနဲထွက်ကျပြီး ကမုတ်ထဲ ပြည့်ကျပ်နံစော်သွားသည်။ အားပါးပါး၊ တစ်ကိုယ်လုံးကို နုံးချည့်ပေါ့ပါးသွားလိုက်တာများ ဘာနဲ့မှတောင် မလဲချင်။ ဒါကြောင့် အခြောက်တွေ စွဲတာကိုးဟု မဆီမဆိုင် စဉ်းစားမိသေးတော့သည်။ မည်းညစ်ပျစ်ခဲနေသော မစင်တုံးကလေးများက ဗောလောဗောလော။ ဘုံပိုင်ရေကတော့ ထုံးစံအတိုင်း မလာ။ ဘယ်ရမလဲ။ ကိုယ်ကလည်း ဘယ်ကျော်ဖင်နှိုက်ဆိုပြီး နာမည်တစ်လုံးနဲ့ နေလာတာ။ အေးဆေး။ အဲဒီလောက်တော့ ရေမြွေပဲ။ လက်ဖ၀ါးနှစ်ဖက်ထဲ ပွတ်ခြေပြီး ကျားဘမ်းပရုတ်ဆီလို ရှူပစ်လိုက်သည်။ ဒီနေ့လည်း ရေမရှိဆိုတော့ ငါးပုပ်ခြောက်ရေမွှေးပုလင်းကို အားကိုးရပြန် ပြီ။ မကြာမီ ချစ်သူလာတော့မည်။ ခုတင်ဆီက ချစ်သူ၏ ဓမ်္မတာနံ့မွှေးမွှေးကလေးသင်းပျံ့နေသော မုဒုံစောင်ကို သေသေသပ် သပ် သွားခေါက်ရင်း စဉ်းစားခန်းဝင်နေမိသည်။ သူမနဲ့ ချစ်မိသည်မှာ အခုဆို တစ်နှစ်ကျော်ကျော်ရှိပြီဆိုတော့ ဒီစောင်ကလေး မှာ ၁၂ ရာသီရဲ့ ရနံ့တွေက မွှေးကြိုင်လန်းဆန်းနေပြီပေါ့။ မွေ့ရာခင်းနဲ့ ခေါင်းအုံးများကလည်း ထို့အတူ။ သူမနဲ့ စချစ်မိသည့် နေ့ကတည်းက မလျှော်ရက် မဖွပ်ရက်။ ချစ်သူ၏ ရနံ့များ ပြေးထွက်ပျောက်ကွယ်သွားမှာကို စိုးရိမ်မိသည် မဟုတ်ပါလော။ ပြောရင်းဆိုရင်းပဲ ကိုယ့်ရဲ့ မြိတ်က လာတဲ့ ငံပြာရည်မလေး တံခါးဖွင့်ဝင်လာနေပြီ။ ကိုကို... ကိုကို... တီဗွီဖွင့် မြန်မြန်ဖွင့် ဟု အလန့်တကြား အော်ပြော၏။ ဘုမသိ ဘမသိ ဖွင့်လိုက်ပြီးမှ သြော်... ဒါကြောင့်ကိုးဟု တမိသည်။ တီဗွီမှာ သူအရမ်း ကြွေတဲ့ ကီယာဗူးကြည့်ဆိုလား ဗူးသီးဆိုလားရဲ့ ဇာတ်ကားလာနေတာကိုး။ မင်းသားက မင်းသမီးတွေ ဂိုက်ပေးကြမ်းပုံနဲ့ အကွက်ဆန်းကြီးများ အမုန်းပါသော သက်တမ်းတစ်လျှောက် ၀င်ငွေအရဆုံးဇာတ်ကားလည်း ဖြစ်သည်။ ကောင်းလွန်းလို့ ၃ ခွေဆက်တိုက်များကြည့်လျှင် ဖျားများတောင် ဖျားသွားနိုင်သည်။ ဒါဆို ရုံးမသွားတော့ဘူးတွေ ဘာတွေလည်း ဖြစ်သွား နိုင်သည်။ သောက်ကျိုးနည်းမှပဲ။ မီးက ထပျက်ပြန်ပြီ။ စိတ်ပျက်လက်ပျက် ပျင်းကြောဆန့်ကာ ခုတင်ဆီကို ပြန်ရောက် သွားသည်။ ချစ်သူငံပြာရည်မလေးကတော့ နေ့လယ်စာပြင်ဆင်ဖို့ ထသွားသည်။ ကိုကိုရေ ဒီနေ့တော့ တီတစ်ပိဿာ ၀ယ်လာခဲ့တယ်ဟုလည်း လှည့်ပြောသည်ကို လက်မထောင်ပြလိုက်ပြီး ဒီမှာ မျှော့ ၅ ကောင်လောက် ရှိသေးတယ်နော်ဟု ပြန်ပြောလိုက်သေး၏။ တစ်ဆက်တည်း နှပ်ချေးခြောက်တွေလည်း စားပွဲပေါ်တွင် ပုံထားကြောင်းပါ ဖြည့်စွက်ပြောပြလိုက် သေးသည်။ နှပ်ချေးကို ငါးပိလုပ်စားသည်ဆိုသော စကားမှာ ကျွန်တော်တို့အတွက်များ တမင်ထားခဲ့လေသလား မသိပါ။ ဒီနေ့အတွက် စားဖွယ်ရာမှာ ကျွန်တော်အကြိုက်ဆုံးဖြစ်သော တီကောင်ရခိုင်ချက် ဖြစ်သည်။ တီရယ်၊ နှပ်ချေးခြောက်ရယ်၊ ငရုတ်သီးစိမ်းရယ်ဖြင့် အရည်စပ်စပ်ကလေးထွက်အောင် ချက်ထားသော ဟင်းဖြစ်သည်။ “ကိုလက်စထရော” တက်စရာ ဟင်းချက်ဆီတို့ အဆီတို့ လုံးဝမပါ။ တုတ်ပြားကောင်အပြုတ်ပေါ်မှာ တီကောင်ရခိုင်ချက်အရည်လေးဆမ်း၍ ငရုတ်ကောင်း မှုန့်ဖြူးကာ တူဖြင့် ရှလူး ရှလူး ရှလဲ ရှလဲရသည့် အရသာမှာ ကျွန်တော့်အကြိုက်တစ်ခုဖြစ်သည်။ နေ့လယ်စာစားပြီးလျှင် မီးဖိုချောင်ကိစ်္စ၀ိစ်္စများ ပြီးပြီဆို ချစ်သူငံပြာရည်မနှင့် သွားချေးစုပ် သွားရည်မျိုခန်း လာပါလိမ့်မည်။ ၆၉ မည်။ ပလပ်ထိုးမည်။ တစ်လီတာပုလင်း ပုလင်းဝက်ခန့်ရမှ နားနားနေနေ အပန်းဖြေကာ တောင်တောင်အီအီစကားများကို ပြောကြပေဦးမည်။ မနေ့ညက သူမကြုံတွေ့ ခဲ့သမျှ ဖောက်သည်များအကြောင်း ဖောက်သည်ချလိမ့်မည်။ လူအမျိုးမျိုး ဆိုဒ်အစုံစုံ အစရှိသဖြင့်။ ပြောရင်း ပြောရင်း စိတ်ပါပြန်ပါလာပြီး ကိုယ့်ကို ခွစီးဦးမည်။ ဒါနဲ့ပဲ ညနေနည်းနည်းစောင်းလျှင် ငံပြာရည်မကို သူ့အဆောင်ကို ပြန်ပို့ရဦးမည်။ ညနေ ၆ နာရီလောက်မှ ၁၁ နာရီလောက်အထိမှာ သူ့ရဲ့ အိပ်ချိန်။ ပြီးရင်တော့ ဖောက်သည်ရလျှင် ရသလို မိုးလင်းပေါက် အလုပ်ဝင်တော့မည်။ သူမကို အဆောင်ပြန်ပို့အပြီးတွင်တော့ ကျွန်တော်က အမှိုက်ပုံများ၊ နောက်ဖေးလမ်းကြားများ၊ ရေဆိုး မြောင်းများတစ်ဝိုက်တွင် ကြွက်လိုက်ဖမ်းပြီ။ ဒီမြို့ရှိ လူကုံထံအသိုင်းအ၀ိုင်းအတွင်းမှာ ကြွက်မွေးကို အနွေးထည်ချုပ်ဝတ် သော ဓလေ့က တော်တော်ထွန်းကားသည်။ ဒါကြောင့် ကြွက်အရေခွံကို နာမည်ကြီးအပ်ချုပ်ဆိုင်ကြီးများက ဈေးကြီးပေး ၀ယ်ယူတတ်ကြသည်။ ကြွက်သားကိုတော့ ပေါက်စီဆိုင်များသို့ ပြန်သွင်းနိုင်သည်။ ကြွက်အကောင် ၃၆ ကောင်လောက်ကို အရေခွံဆုတ်ပြီးနောက် လက်နှစ်ဖက်နှင့် သွားများတွင် သွေးသံတရဲရဲဖြင့် ကျွန်တော်၏ ၀ပ်ကျင်းဆီသို့ လေကလေးတချွန်ချွန် ပြန်လာလေ့ရှိသည့် ထိုညများတွင် တစ်ခါတလေ တစ်ဖက်အခန်းမှ သင်္ဘောသားမယားက အနှောင့်အသွားမလွတ်သော စကားများဖြင့် မြှူဆွယ်လေ့ရှိသည်။ များသောအားဖြင့် သူမ၏ အခန်းမှာ အစ်ကိုဝမ်းကွဲ၊ မောင်ဝမ်းကွဲ အစရှိသော ဖအေတူ မအေကွဲများဖြင့် ကြက်ပျံမကျ အပတ်မလည် စည်ကားသိုက်မြိုက်နေလေ့ရှိတတ်သည်။ ထို့ကြောင့် သူမထံမှ ကျွန်တော့်ညီ ကလေး သာသလား မာသလားများ မေးခွန်းထုတ်ခံရပြီဆိုလျှင် သူမ လက်ပံသိုက်တွင် ဆက်ရက်များလာမနားသော နေ့ ဖြစ်ကြောင်း ကျွန်တော်သိသည်။ နွားများသည် သင်္ဘောသားအလုပ်ဖြင့် အလွန်အဆင်ပြေကြောင်းလည်း တစ်ဆက်တည်း ခန့်မှန်းမိသည်။ နွားများ ကျန်းမာပါစေ။ ကျွန်တော် နွားသားကို ဘုရားကို ရာသက်ပန်လှူလိုက်ပါပြီ။ အမျိုးသမီးတစ်ယောက် ၏ သွေးသားဆန်္ဒကို ဘယ်သောအခါမျှ ကျွန်တော် မငြင်းဆိုခဲ့ဖူးပါ။ ကျွန်တော်ဟာလည်း တစ်ခါတလေတော့ လူယဉ်ကျေး တစ်ယောက်ဖြစ်ခွင့်ရှိသင့်တယ်မဟုတ်လား။ လူ့သမိုင်းမှာ အားနွဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ဆန်္ဒတစ်ချောင်းကို ငြင်းဆိုမှုလောက် ရိုင်းစိုင်းတဲ့ အပြုအမူရှိပါတော့မလား။ ကျွန်တော်ဟာ ဣတ်္ထိယ၀ါဒီတစ်ယောက်တော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေလည်း ဣတ်္ထိချဝါဒီလောက်တော့ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အာမခံရဲသူပါလေ။ သူမဘက်မှ သာဓုမခေါ်၊ အမျှမဝေသော်လည်း ကျွန်တော်ကတော့ ရေစက်ချပြီးပြီဆို ချွေးစက်လက်ဖြင့် ကိုယ့်အခန်းသို့ ပြန်ဝင်ပြီး ခုတင်ဆီ သွား၍ အဖုံးကို ပိတ်ကာ တစ်ညတာကို နှစ်ခြိုက်စွာ အိပ်စက်ရပေဦးတော့မည်။ ပြောဖို့ မေ့နေသေးသည်။ ကျွန်တော်၏ ခုတင်မှာ အထဲတွင် လူနှစ်ယောက် ချောင်ချောင်ချိချိ သွတ်သာသွင်းသာရှိသော “ပါရမီတော်ခေါင်းတလား”တစ်လုံး ဖြစ်သည်။ လင်စုံမယားစုံ အတူတူ အသေ ထွက်ထွက်နိုင်ရန် ရည်ရွယ်ပြီး ရောင်းသော ၂၁ ရာစုခေါင်းလုပ်ငန်းရှင်များ၏ ဂျလန်းစိတ်ကူးကြီးဖြစ်သည်။ မိဘများမှာ နောက်ဘ၀တွင် ပါရမီဖြည့်ဖက်ဖြစ်ကံခေသည်ထင့်။ ကျွန်တော့်အတွက် မရည်စူးပါဘဲ ဆိုးမွေကောင်းမွေတစ်ခုအနေနဲ့ ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။ ခေါင်းတလားအဖုံးကို ပိတ်၍ အိပ်သောကြောင့် အသက်ရှူ မ၀မည်ကိုတော့ စိတ်ပူစရာ မလိုပါ။ ကျွန်တော်က အိပ်ရင်း အမြဲလေလည်တတ်တဲ့သူ မဟုတ်လား။ တစ်ခါတလေ အိမ်လာအိပ်တဲ့ သူငယ်ချင်းတချို့ကတောင် ဘာသံလဲဟ မေးယူရလောက်အောင်ကိုပါပဲ။ သွားများကြားတွင် ကြွက်သားအစအန တွေ ညပ်ကျန်နေသော ညများတွင်တော့ ကျွန်တော်အိပ်မက်ဆိုးတွေ မက်တတ်ပါသည်။ ခင်ဗျားမှာ သုံးလက်စ သွားကြား ထိုးတံလေးတစ်ချောင်းလောက်များ မရှိ ဘူးလား မိတ်ဆွေ?
သိုးထိန်း(အန်္တိမ)




နေရောင်
ငါ့အတွက် အမှာစကားတစ်ခု မင်းမှာ ရှိနေသလိုပဲ
ငါ့ညစားပွဲပေါ်က
ဖုန်မှုန့်တွေအကြောင်းကို ပြောပြမှာလား
သူတို့က မင်းရဲ့ ဒုက်္ခနဲ့ ထိုက်တန်ရဲ့လား

မင်းရဲ့ ဖောက်ထွင်းချက်တွေမှာ လက်ဗွေရာမကျန်ခဲ့ဘူး
ငါ့ဖောက်ထွင်းချက်ကလည်း တိတ်ဆိတ်လို့
အကောင်းဆုံး အာရုံဖြန့်ကြက်မှုတွေကို ညဘက်မှာ ငါလုပ်ဆောင်တယ်
မင်းကတော့ မင်းရဲ့ အလုပ်ကို အရိပ်တွေရဲ့ အကူအညီနဲ့ပေါ့

ပြဇာတ်တစ်ပုဒ်ကို ဇာတ်တိုက်နေတဲ့ သရုပ်ဆောင်တွေလို
အဝေးက အခန်းထောင့်တွေဆီ
အနက်ရောင်ဇာတ်ဆောင်တွေ ဆုတ်ခွာသွားကြပြီ
မင်းရဲ့ အလင်းတောက်လောင်နေတဲ့ အာဝဇ်္ဇန်းကို
မျှော်လင့်ရင်းနဲ့ တို့တွေထိုင်နေရစ်ခဲ့တယ်

မင်းက တစ်ခုခုပြောခဲ့ရင်တောင် ငါဘာမှထူးပြီးသိလာမှာ မဟုတ်ပါဘူး
မနက်စာ သုံးဆောင်လို့ပြီးပြီ
ကော်ဖီလက်ကျန်တွေက ဉဏ်အလင်းကို ပေးမနေခဲ့ဘူး
အစာကျွေးချိန် ခြင်္သေ့လှောင်အိမ်တစ်ခုလို
ငါ့ခြေဖ၀ါးအောက် ကြမ်းပြင်ဟာ နီရဲသွားခဲ့ပြီ။
အဒိုးနစ်
(မြန်မာဘာသာ ကူးပြောင်းဖလှယ်သူ)