Sunday, September 13, 2009

ရွှေဆံပင်၊တံတား အခြေအနေအနေများနှင့် လမ်းတံတား ပုံရိပ်လေးတွေ








သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်တဲ့။ ဗုဒ္ဓပေါ်ပြီး နှစ်ပေါင်းများစွာ ကြာမှ ပေါ်လာတဲ့ နယူတန်ရဲ့ နိယာမလေးပါ။ ဗုဒ္ဓက နယူတန်ထက် နှစ်ပေါင်းအစောကြီးကတည်းက '' ဇနေတိ သဒိသံ ပါကံ" တူသော အကျိုးပေးတယ်လို့ နိယာမကြီး တစ်ခု မိန့်တော်မူခဲ့ပါကောလား။ ဆိုတော့ ၊ အခုလို လမ်းပန်းအဆက်သွယ် ခက်ခဲတဲ့ နေရာဒေသမှာ အဆက်သွယ်လွယ်ကူအောင် လှူဒါန်းလိုက်မယ်ဆိုရင် အထက်က ဆိုခဲ့တဲ့ နိယာမတွေအရ ကိုယ့်မှာ ဖြစ်နေတဲ့ အခက်အခဲတွေ လွယ်လင့်တကူဖြစ်သွားနိုင်တဲ့ အကျိုးတစ်ခုကို ဦးစွာပထမ မိတ်ဆွေတို့မှာ ရသွားနိုင်ပါလိမ့်မယ်။ လမ်းပမ်းအဆက်သွယ်ခက်လို့ ကျန်းမာရေးအရ အဆင်မပြေမှုတွေကို ပြေလည်သွားစေတဲ့အတွက် မိတ်ဆွေမှာလည်း ကျန်းမာရေးနဲ့ ပြည့်စုံမယ်ဆိုတဲ့ အကျိုးရလာဒ်တွေဟာ အထက်ကနိယာမတွေနဲ့ ညှိကြည့်ရင် မဖြစ်မနေ အကျိုးရပါလိမ့်မယ်။ ပြီးတော့ ဗုဒ္ဓစာပေတွေမှာ လာတဲ့ သိကြားမင်းဆိုတာ တစ်ခေတ်တစ်ခါတုံးက လမ်းဖောက် လမ်းပြင်ကုသိုလ် ရေးကို သူငယ်ချင်းတွေနဲ့ စုပေါင်း လုပ်ဆောင်ခဲ့တဲ့ မစလရွာသားတစ်ယောက်ပါ။ မိတ်ဆွေတို့လည်း အဲဒီလမ်းစဉ်ကို လိုက်ပြီး အဲဒီလို မဖြစ်နိုင်ဘူးလို့ ဘယ်သူငြင်းချက်ထုတ်နိုင်မလဲဗျာ။ လမ်းတံတားအတွက် ကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်။