Monday, July 16, 2012

ကဗျာလေးတွေ တင်လိုက်ပါတယ်။

အနာ
     ကြိတ်မနိုင် ခဲမရဖြစ်ခဲ့ပေမယ့် အခုတော့ အနာတွေက အမာရွတ်ပဲ ရှိတော့တယ်
    အနာဆိုတာ အလို့ နာခဲ့ရတာလား။ အား လို့တောင် မအော်နိုင်ခဲ့တဲ့ နာကျင်မှုတွေ
    အမှားတွေကြောင့် နာခဲ့တယ် အမှန်တွေကြောင့် နာခဲ့တယ်
    အမှား အမှန်တောင် ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ၀ါဒတွေနဲ့ အနာတွေ
    အစိုးရကြောင့် နာခဲ့တယ် အစိုးမရကြောင့် နာခဲ့တယ် အစုပ်အပြတ်တွေကြောင့် နာခဲ့တယ်
    ““အခုတော့လည်း ဒါတွေ ပြီးခဲ့ပါပြီ”” သီချင်းစာသားကို ငြီးတွားမိတယ်။
    မူဝါဒတွေနဲ့ တုပ်နှောင်ခံကာ ဘယ်ညာတိမ်းရင်း လွတ်မြောက်ခဲ့တဲ့ အနုပညာတွေလည်း
    ခြတွေစား ပိုးတွေထိုး သမိုင်းဟာ ငါးဆယ်ပေးရုံနဲ့ ရောက်တဲ့နေရာမဟုတ်ဘူး
    ဘ၀တွေ အသက်တွေ သွေးတွေ ချွေးတွေ နာကျင်မှု ဒဏ်ရာဒဏ်ချက်တွေနဲ့
    ပက်လက်လှန် လျှောက်ခဲ့ရတဲ့ လူ့ဘ၀ရဲ့ မှတ်တိုင်တစ်ခု အခုတော့လည်း နာကျင်မှုတွေကို
    ကြင်နာမှုတွေနဲ့ အစားထိုးဖို့ လုပ်နေခဲ့တယ်။
    တနုံ့နုံ့ ခံစားခဲ့ရတဲ့ အလုပ်သမတွေလည်း လမ်းပေါ်တက်လို့၊
    ဖိနှိပ်ခံ ကျောမွဲလူတန်းစား တောင်သူကြီးတွေလည်း
    ဘိုးဘွားပိုင် လယ်မြေတွေအတွက် အမှန်တရားကို ထုဆစ်ဖို့ လိုင်းပေါ်တက်လာခဲ့ပြီ
    အတားအဆီး အဆို့အပိတ် လွတ်လပ်မှုမရှိတဲ့ တင်ပြမှုတွေနဲ့ သတင်းသမားတွေဟာ
    အိမ်ကြက်ချင်း အိုးမဲသုတ်ခဲ့တာတွေ ဆေးကြောသန့်စင်ပြီး အလင်းရောင်တွေ ထွန်းညှိခဲ့ပြီ
    မပြောချင်ပေမယ့် ပြောရဦးမယ် ဒါဟာ လုပ်ကြံမှုမဟုတ်တဲ့ အမှန်တရားပဲ
    မေ့ဖျောက်လို့မရတဲ့ သမိုင်းစာမျက်နှာတွေပဲ တဖြည်းဖြည်း လောင်မြိုက်နေဦးမယ့် နာကျင်မှုတွေပဲ
    အရေးအကြောင်းတွေကြောင့် အကြောင်းအရာတွေ ရေးခဲ့ပါတယ်။
                မောင်မင်းစိုး


ရက်ရက်စက်စက် ချစ်ပစ်လိုက်
    အရှင်လတ်လတ် မေ့ဖျောက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်
    သမူဟနာမ်တွေဟာ လဲပြိုကျနေခဲ့တယ်
    တိုက်စားခဲ့တဲ့ ရေစီးကမ်းပြိုတွေဟာ တိုက်တိုက်စားစား စည်းကမ်းတွေကို တွန်းဖြိုခဲ့တယ်
    အနာဂတ်ဆိုတာ အအတွေကြောင့် နာနာကျင်ကျင်နဲ့ ဂတ်ထဲရောက်ခဲ့ပေမယ့်
    တိမ်ပြိုရာသီမှာ တိမ်တိုက်တွေ အိတွဲပျော်ကျလာခဲ့တယ်
    ဆုတ်ကပ်ခေတ်ကြီးထဲ အဆုတ်တွေလည်းမကောင်းတော့ ကျောက်ကပ်တွေလည်းပျက်စီးနေခဲ့တယ်
    မျက်ကွယ်ပြုလိုက်တော့ အမျက်တွေလည်း ကွယ်ပျောက်သွားခဲ့တယ်
    ကေလာသတောင်တန်း ပျံသန်းနေတဲ့ ငှက်တစ်အုပ် မိုးလင်းတော့
    အတောင်ပံဖြန့် ဆန့်တန်း တဖြတ်ဖြတ်ခတ် အစာရှာထွက်
    ဘ၀ကြီးငယ် အသက်ဆက်ဖို့ ဇာတ်တူသားမစားဘူး အသက်ရှုသံသဲ့သဲ့ လှုပ်ခတ်ရင်း
    မိုးချုပ်တော့ အိပ်တန်းပျံခဲ့ကြတယ်
    ဘ၀တွေ ငှက်တွေလိုရှင်သန်ဖို့ ငါတို့အားလုံး ရက်ရက်စက်စက် ချစ်ပစ်လိုက်
    ရက်ရက်စက်စက် ချစ်ပစ်ကြဖို့ ရက်စက်မှုတွေ ခြစ်ပစ်ဖို့လိုတယ်
    ဒါဟာ ရှင်သန်ဆဲ နှလုံးသားတွေရဲ့ စောစောထ မျက်နှာသစ် သွားတိုက် အိပ်ယာသိမ်း
    အစာစား အလုပ်သွား အိပ်တန်းဝင်ခြင်းပဲပေါ့။
                                                     မောင်မင်းစိုး



တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့
လိုဘတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာနေခဲ့တယ်

နာကျင်နေတဲ့ အနာအဆာနဲ့ ဆာနေတဲ့ အနာတွေရဲ့
တုန့်ပြန်ကိုက်ခဲမှု ဒဏ်ရာတွေကို ချိုးဖဲ့စားသောက်နေရတာ
တစ်ညလုံး တစ်ယောက်တည်း စူးစူးဝါးဝါးအော်သံတွေနဲ့
တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်မှုတွေနဲ့ ကြောက်တယ်။

မလိုအပ်ဘူး မလိုချင်ဘူး ငါ့မှာ နွေးနွေးထွေးထွေး
နွေးထွေးတဲ့ မေတ်္တာအတုနဲ့ သေခြင်းတရားကို အသေအချာ မြင်ရတာ
နံရံပေါ်ချိပ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ မွတ်သိပ်မှုတွေအတွက်
ဘယ်လိုသစ်္စာတရားနဲ့ အသစ်ဆာလောင်မှုတွေကို ဖြေရှင်းကြမှာလဲ။

ကမ်္ဘာကြီးရဲ့ ၀ပ်ကျဉ်းတစ်ခုမှာ ၀ဋ်ကြွေးတွေ ကျဉ်းမြောင်းသွားစေဖို့
တောင်းဆုချွေသံတွေနဲ့ စိတ်တွေ မောမောဟိုက်ဟိုက် မောဟိုက်နေခဲ့တာ
ဘယ်လိုအမှားတွေနဲ့ မှားမှားယွင်းယွင်း မှားယွင်းနေကြဦးမှာလဲ
တစ်ခါတလေတော့လည်း မေးခွန်းတွေက မေးမောနေခဲ့ရပါတယ်။

ဒီတစ်နှစ်ကုန်တော့ နောက်တစ်နှစ် နောက်တစ်နှစ်ကုန်တော့ နောက်ထပ်နှစ်တွေပေါ့
နှစ်တွေထဲ နစ်မြှပ်နေခဲ့တာ မြှပ်နေတဲ့နှစ်တွေ ထပ်ထပ်ပြီး နစ်နေခဲ့တာ
နိုးတစ်ဝက် အိပ်မက်တဲ့ အိပ်မက်တောင် တစ်ဝက်ပဲ နိုးနေရတဲ့ ဒီဘ၀မှာ
ခံတပ်တွေ လုံအောင်ဖာဖို့၊ ဖာဖြစ်သွားတဲ့ ဖားတွေရဲ့ အော်သံက
ငါတို့ရဲ့ ပူလောင်မှုတွေနဲ့ ပူနေတဲ့အမှုတွေ လောင်းကျွမ်းနေခဲ့တယ်။

တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့
လိုအပ်မှုတွေက တစ်ရစ်ပြီး တစ်ရစ် ယစ်ရစ် တက်လာနေခဲ့တယ်။

မောင်မင်းစိုး
(၁၇-၁၁-၂၀၁၁)
အိုင်ဒီယာ

Sunday, July 15, 2012

ရယ်စရာ ပရိသတ်ကြီး သို့ စက်တင်ဘာလအတွက် ကဗျာရွေးစာရင်း

ကဗျာဆရာများသို့

ရယ်စရာမူ၊ ရယ်စရာလမ်း ကြောင်းအတိုင်း ရယ်စရာတစ်ခေတ် ကဗျာသစ်ခေတ်ဦးသို့ စနစ်ပြောင်း ခေတ်ပြောင်း မိုးရိပ် လေရိပ်ကြားမှ လွန့်လူးနိုးထ စူးရှထက်မြက်သော
အောက်ဖော်ပြပါ ကဗျာ ၁၀ ပုဒ်အား ရှေ့လအတွက် ရဲဝံ့စွန့်စားရွေးချယ် ထားရှိပါကြောင်း...
    ၁။    အောင်ပိုင်စိုး
          ရေးပြီးမှ ပြန်ဖျက်လိုက်ရတယ်၊           
          ထွင်းထုလက်စ စာသားအပိုင်း  အစတွေ  
    ၂။    တောင်တွင်းမောင်သင်းကျော်
           အခု ၂၀၁၂ ခုနှစ်၊ ကျွန်တော်တို့           
          လူဖြစ်နေကြတုန်း
    ၃။    လေပြေသုန်
          ငါ့ရင်ထဲ ခရစ်္စတီးနားရဲ့ မျက်          
           တောင်တွေလို ဒူးရင်းသီးတွေ  အခိုင်လိုက်သီးတဲ့ ည
    ၄။    မျိုးမောရ
           ကဗျာယောင်ဆောင်လာတဲ့           
           ကျိန်စာ      
    ၅။    တာကော
           မောင်တာကောရဲ့ ကဗျာ work shop ကြိုဆိုပါတယ်
    ၆။    အိပ်မက်မြူ
           တစ်နေ့တာအင်တာဗျူး
    ၇။    မောင်ယုပိုင်
          ကျွန်တော်ဟာ ခွေးတစ်ကောင်ပါ
    ၈။    ကျော်ညိုသွေး
          ဈေးဦးဈေးဖျား
    ၉။    စိုးမင်းအောင်
           အေက ဘီကို ပတ်နေတယ်လို့           
           မှတ်ယူပြီး ရေးရင်လည်း ဒီ(းးးးးးးးး)ပဲရတယ်
           လမ်းကြောင်း က အံစာလို အကန့် ၂ မှာဆုံမယ်           
           နည်းနည်းကွဲချင်ရင် ဂြီးဂြီး
    ၁၀။    သူရႆ၀ါ
            အယ်လ်ကိုဟောလ်နဲ့ လိင်ကိစ်္စနဲ့ တစ်နေ့ညက
            ၁၀၀ ရာခိုင်နှုန်း အပြည့်
                                                  အယ်ဒီတာအဖွဲ့

ရယ်စရာမဂ္ဂဇင်း ဇူလိုင်လ ကဗျာများ

အပြာရောင်ကောင်းကင် အ၀ါရောင်ပန်းများ
သဘောထားသေးသိမ်နေဖို့ အချိန်မရှိလောက်အောင် လူ့ဘ၀ဟာ တိုတောင်းပါသည်။
၂၀၁၂ ခုနှစ်၊ ကန့်လန့်ကာအဖွင့် အနုအရင့်ရက်ပိုင်းများ ဂမ်္ဘီရဆန်လှပါသည်။ သိုးဆောင်း
အခေါ်အဝေါ် Friday the 13 th  ဇန်န၀ါရီလ ၁၃ ရက်၊ သောကြာနေ့ နိမိတ်မကောင်းသော၊
မင်္ဂလာမရှိသော၊ အလွန်ကြောက်ကြသော နေ့ဖြစ်ပါသည်။ အဲဒီနေ့မှာ ယုံကြည်ချက်
ပြင်းထန်သူများ အနှောင်အဖွဲ့မှ လွတ်ကြသည်။ လွမ်းမောဖွယ် ရှင်ကွဲကွဲနေကြသော
မိသားစုများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ ပြန်လည်ဆုံစည်းကြပါသည်။ ကမ်္ဘာပေါ်မှာ
အိမ်မဲ့ရာမဲ့ လူသားများမရှိသည့် နိုင်ငံပြရန် အလွန်ခက်ခဲပါလိမ့်မည်။ အာဖရိကမှာလည်း
အိမ်မဲ့ရာမဲ့လူသားတွေ ရှိပါသည်။ အာရှမှာလည်း အိမ်မဲ့ရာမဲ့လူသားတွေ ရှိပါသည်။
အမေရိကန်မှာလည်း အိမ်မဲ့ရာမဲ့လူသားတွေ ရှိပါသည်။ ဂျပန်မှာလည်း အိမ်မဲ့ရာမဲ့
လူသားတွေ ရှိပါသည်။ ရုရှားမှာလည်း အိမ်မဲ့ရာမဲ့လူသားတွေ ရှိပါသည်။ နူရာဝဲစွဲ၊ လဲရာ
သူခိုးထောင်းဆိုသလို ရုရှားမှာ အအေးဒဏ်အောက် လူ ၅၀ ကျော် သေဆုံးသွားခဲ့
ပါသည်။ စစ်တလင်း၊ စစ်သင်္ချိုင်းထဲက အာသောကကျောက်စာတိုင်ဟာ ငြိမ်းချမ်းရေး
သင်္ကေတဖြစ်ပါသည်။ လူသားဟာ တောပဒေပိုက်ကွန်ထဲက ဆောင့်ရုန်းပြီး ငြိမ်းချမ်းရေး
ဥယျာဉ်ကို ပျိုးထောင်ခဲ့ပါသည်။ အမြဲတမ်းအမှန်ချည်းတော့ မဖြစ်နိုင်ပါ။ မှားတတ်ပါသည်။
မမိုက်ဖို့ လိုပါသည်။ မိုက်တွင်းနက်ရင် ပြင်ဖို့ခက်ပါသည်။ တစ်သံသရာ၊ တစ်ဘ၀လုံး
မှောက်မယ့် အမှားမျိုးမဖြစ်ဖို့ လိုပါသည်။ ကမ်္ဘာမြေကြီးက ဂုဏ်သိက်္ခာရှိစွာ ထမ်းပိုးခြင်း
ခံရသူဖြစ်ဖို့ လိုပါသည်။ ခွင့်လွှတ်နိုင်ပါသည်။ မေ့လို့တော့ဖြင့် ရမှာ မဟုတ်ဘူးလို့
နယ်ဆင်မန်ဒဲလားက ပြောခဲ့ပါသည်။ အချစ်ဆိုတာ ကမ်္ဘာဦးအစကတည်းက ရှိခဲ့တဲ့ အရိုးသားဆုံး
အရာဖြစ်ပါသည်။ အသံနဲ့ မကြားနိုင်တဲ့ စကားလုံးတွေကို မျက်လုံးက ပြောနိုင်ပါသည်။
အပြာရောင်ကောင်းကင်နှင့် အ၀ါရောင်ပန်းများသည် အလွန်ကို ချစ်စရာကောင်းပါသည်။
မောင်ကြူးရင့်



သူမ၏ တစ်နေရာရာ Somewhere
အဲ(ယား)ကွန်း တောက်တောက် တောက်တောက်ကျသံမှာ
သူမ နိုးတာနဲ့ မှန်ကြည့်
ညီအောင် ဆွဲထားတဲ့ သွားကို အသာအယာတိုက်
Big Eye မျက်ကပ် သာသာယာယာတပ်။
ဒီမှာက တစ်ယောက်တည်း။
အခြားတွေ ပျံလာရင် လိုက်သွားတော့မယ်။
စင်ပေါ်မှာ ပန်းကန်ပြားတွေတော့ တွေ့တွေ့နေတယ်။ တစ်ချပ်ယူ
နေ့လယ်စာစား။
ဘယ်ရွေ့နေပြီလဲ။ ခပ်စောင်းစောင်းလား။
ခေါင်းတည့်တည့်လား။
ဆံပင်ရှည်ရှည်တွေကို
ဖရိုဖရဲဆွဲမွှေလိုက်တဲ့ အရပ်မှာ
အောက်မကျခင် (လူမပါတဲ့)
အ၀တ်တွေကို ရေထားဦးမှ ၁၊ ၂၊ ၃... ၁၃။
အဲဒီအရပ်မှာ ပက်လက်ကုလားထိုင်ချ။
စာနာမှုကို ပယ်ချရရင်
ဒီတိုက်အနောက်ကနေ လျှံထွက်လာတဲ့ အလင်း
အပြာရောင်ခွက်ခွက်ကြီးမှာ
ကြဲပက်ထားတဲ့ အဖြူတစ်တွေ
ဆည်းဆာကြို ဆည်းဆာကြား
ပေါက်ရောက်နေကြ။ မနေ့ညက
သူဟာ စုတ်ပြတ်နေတာပဲတဲ့
လုံးဝလှည့်မကြည့်ဖြစ်ဘူးတဲ့
သတိမရပါဘူးတဲ့
အိပ်မက်ထဲမှာတဲ့။
ပြောလက်စ ကပျာကယာပြန်ချ။
ရေရဦးမယ် ၁၊ ၂၊ ၃... ၁၃။
အိမ်ဖြည့်နေတာလေ။
တစ်ရာ နှစ်ရာကြေးပေါ့။
ဂဏန်းတွက်စက်ယူပါဦးလား။
ကြားရာ အသံမှာ လဲသေခိုင်းနေတဲ့
ကျားပေါက်။ ဘယ်မှမသွားဘူးလားဆိုပဲ
မသွားဘူးတဲ့ ကျုပ်ဘောင်းဘီတိုရင်
ခင်ဗျားတို့ မနေနိုင်ပါဘူးတဲ့
သိလား။ ရေသန့်ယူဦးမလားတဲ့
ပေါင်သားမှာ ပါးစပ်မပါဘူး ဟေ့လူတဲ့။
ပါးစပ်ပေါက်ကြီး ဟောင်းလောင်းဆိုတာ
ဘယ်လောက်ကြာကြာလဲ။ ကာလာအိုကေတဲ့
ဒရမ်မာတဲ့
အိုက်တင်တဲ့
ဒါရိုက်တာတဲ့
မွေးစားထားတာတဲ့။ မြုံနေလို့လားကွယ် နော် (မျက်ခုံးကို ပင့်)
ဒါဘယ်သူ့စတိုင်(လ်)။ အာာာ
သွားပါပြီ။ ကုလားထိုင်လက်ရန်းမှာ
ဖိမိထားတဲ့ ပခုံးတစ်ခြမ်း။
ဒေါက်... ဒေါက်... ဒေါက်
သူမရဲ့ ကျွန်းတံခါးတစ်ဖက်မှာ
အမှိုက်လာယူနေကျ ၇ နှစ်အရွယ် ကလေးမ
ကျောင်းဆင်းချိန်မရောက်သေး။

မယ်ယွေး



DJတစ်ယောက်မွေးဖွားခြင်း
ကမ်္ဘာကြီးကို ပြားအောင် လုပ်ပြီး အပ်နဲ့ စိတ်လက်တရှိ ခြစ်ပစ်လိုက်မယ်ဆိုတာ အမြင့်ဆုံးဆန်္ဒ
ကမ်္ဘာကြီးလုံးနေသေးတော့ သဘောမကျ ပါးပါးလှီးရင် ဓာတ်ပြားတွေ ရလာမလား
နိုက်ကလပ်တွေ ဘီယာဆိုင်တွေ အခမ်းအနားတွေ ဖျော်ဖြေပွဲတွေ ဗြူတီဆလွန်းတွေ
ဆေးရုံတွေ သင်္ချိုင်းမီးရှို့စက်တွေရဲ့ ထုထည်ကို ဖယ်ထုတ်ဖို့ ကြိုးစားချက်ဟာ
ဘာတစ်ခုမှ အရာမရောက်သေး မိသားစုနေအိမ်တွေ ရည်းစားတွေ စိတ်ကြွဆေးတွေ
စိတ်ကစဥ့်ကလျားရေးသားတဲ့ စာအုပ်တွေ ဖလင်တွေ သေတ်္တာတွေရဲ့ ထုထည်တွေကလည်း
ခြောက်လှန့် အခန်းထဲက ဗီရိုထဲမှာလည်း တစေ်္ဆတွေ ရောက်နေ ရှပ်အင်္ကျီ
လက်တွေ ဘောင်းဘီအနားစတွေ ဖိနပ်ကြိုးစတွေကို တလှုပ်လှုပ်နဲ့ တွေ့ရ
စားပွဲပေါ်မှာ ဖန်ခွက်တွေ ဟိုယိမ်း ဒီယိမ်း ဒီဗီဒီစက်တွေဟာ မဖွင့်ဘဲ ပြသနေကြ
ဖုန်းဟာ အစာငတ်နေတဲ့ ၀ံပုလွေတစ်ကောင်လို အော်ဟစ်လို့ ဆေးစစ်ချက်တွေ ရလာပြီ
ဖွင့်မကြည့်ရဲ မွေးစာရင်းနဲ့ ဘွဲ့လက်မှတ်တွေ ပျောက်ကုန်ပြီ အသိမပေးရဲ
အဖေက ရန်သူလိုဆက်ဆံခြင်းများ၊ အမေက စီးပွားရေးသမားလို ဆက်ဆံမှုများ
ကိုယ်နဲ့အတူ မွေးဖွားလာသူတွေက ကိုယ့်ကို လုပ်ကြံမှုများ မနက်ဆို ညက သွေးစုပ်ဖုတ်ကောင်
လက်ချက်မိထားသလို ဖျော့တော့စွာ ထလာ ပြတင်းပေါက်ကို ဖွင့်လိုက်ရင် မြင်ရမယ့် ကမ်္ဘာကြီး
ကြောက်လန့် အ၀ါရောင်နေဟာ အီဂျစ်က လာသလို ခြောက်သွေ့လွန်း မှတ်တမ်းစာအုပ်
ဖွင့်ဖတ်ကြည့် ကိုယ်ရေးတာမှ ဟုတ်ရဲ့လား ဆိုးဆိုးဝါးဝါး ကိုယ်လက်လှုပ်ရှားမှု
ပြင်းပြင်းထန်ထန်လုပ်ဖို့ လိုအပ်ကြောင်း ခန်္ဓာကိုယ်က သတိပေးတာမျိုးတွေ
တစ်ယောက်တည်းနေရခြင်းများ ကစားစရာတွေ အသုံးအဆောင်ပစ်္စည်းတွေ ဖျက်ရတဲ့ အရသာများ
သွေးထဲမှာ သွားလာနေတဲ့ ကင်းမြီးကောက်တစ်ကောင် ဖမ်းဆီးမရ မကျေနပ်တိုင်း
အရေပြားပေါ် တစ်ခုခုနဲ့ ခြစ်ရင်း နံရံကို တစ်ခုခုနဲ့ ခြစ်ရင်း ပန်းကန်ပြားကို တစ်ခုခုနဲ့ ခြစ်ရင်း
ဓာတ်ပုံကို တစ်ခုခုနဲ့ ခြစ်ရင်း ဆုတံဆိပ်ကို တစ်ခုခုနဲ့ ခြစ်ရင်း မှန်နေတဲ့ အဖြေလွှာကို တစ်ခုခုနဲ့ ခြစ်ရင်း
ဘုရားသခင်ရဲ့မျက်နှာကို တစ်ခုခုနဲ့ ခြစ်ရင်း ပိုက်ဆံအသစ်ပေါ်ကို တစ်ခုခုနဲ့ ခြစ်ရင်း အမှတ်တရ
ပစ်္စည်းတွေပေါ် တစ်ခုခုနဲ့ခြစ်ရင်း ကောင်မလေးကို နောက်မလာရဲအောင် တစ်ခုခုနဲ့ခြစ်ရင်း
မဟုတ်တရုတ်ဘော်ဒါတွေကို တစ်ခုခုနဲ့ ခြစ်ရင်း ကင်းဘတ်ပေါ်မှာ တစ်ခုခုနဲ့ ခြစ်ရင်း
ဝက်အူချောင်းပေါ်မှာ တစ်ခုခုနဲ့ ခြစ်ရင်း အိမ်သာခွက်ကို တစ်ခုခုနဲ့ခြစ်ရင်း ကောင်တာကို
တစ်ခုခုနဲ့ခြစ်ရင်း လျော်ပေးရမယ့်အတူတူ တစ်ခုခုနဲ့ ခြစ်ရင်း ဆံပင်ကို တစ်ခုခုနဲ့ ခြစ်ရင်း
နိုင်ငံသားကတ်ပြားကို တစ်ခုခုနဲ့ ခြစ်ရင်း ခြစ်သံတွေက သွေးထိုးလှုံ့ဆော်လာခဲ့ရာ
အကျအန၀တ်စားပြီး မော်တော်ကားကို မောင်းထွက်လာလိုက်တယ် မြင်ကွင်းတွေက ဦးထုပ်လို
ရွဲ့စောင်းစောင်းကိစ်္စတွေက ဘောင်းဘီလို ခပ်ပွပွလုပ်နေတာတွေက လမ်းလျှောက်ဖိနပ်လို ကြောင်ကြောင်ကျားကျား
လက်နှစ်ဖက်ကို နိုင်ငံရေးသမားနဲ့ မတူအောင် တရားဟောဆရာနဲ့ မတူအောင် ဝှေ့ယမ်း Snack Bar
တစ်ခုထဲ ၀င်သွားတယ် စောင့်တယ် တွေ့တယ် တစ်နေရာကို သွားတယ် လိုက်ပို့တယ် ဘာမှမထူး
နာခံရုံ နာခံပြီး အကြံမပေးတတ်တဲ့ ထုံထိုင်းထိုင်းကားကြီးကိုလည်း တစ်ခုခုနဲ့ ခြစ်ပစ်လိုက်
(ဘယ်နှစင်းမြောက်လဲကွာ) ဟမ်ဘာဂါထဲက ဆလတ်ရွက်တွေ ဘောင်းဘီအိတ်ထဲမှာ ချန်ထား
ခြစ်သံတွေက တစ်ခုခုကို ဖော်ညွှန်းနေတယ်လို့ ပြောတာ ဘယ်သူမှ မယုံကြည်ကြ ဂလိုဘယ်ကြောင်
ကုတ်ခြစ်မှုကြောင့် လူတွေအပြေးအလွှား ကမ်္ဘာ့တစ်နေရာက သူ့လိုခြစ်သံတွေနဲ့ ဆက်စပ်မိသွားတဲ့အခါ
အကခန်းမတွေက ဆွဲသွင်းလိုက်တယ် Entertainment  တွေက မုဆိုးလိုလိုက်လာတယ်
တစ်ယောက်တည်း စိတ်ဖျော်ဖြေမှုကနေ အများစိတ်ဖျော်ဖြေမှုဖြစ်လာတယ် တစ်ယောက်တည်း အခန်းထဲ
ကျိတ်ကနေရာကနေ ကလပ်ကြမ်းပြင်ပေါ် ရောက်သွား စင်မြင့်ပေါ် ရောက်သွား Internet ပေါ် ရောက်သွား
ခြစ်ရာများ ခြစ်သံများRapper/ Dancer/ Hallucination/   နေရာတကာပြားတဲ့ အမြင်ကို ပြန်ရယူခြင်း
မှတစ်ဆင့် ကမ်္ဘာကြီးရဲ့ သွေးအမျိုးအစားကို အပ်နဲ့ ခြစ်ဖောက်စစ်ဆေးဖို့ ဓာတ်ပြားဂျော်ကီများ
DJ- Disc Jockey

ပိုင်



သတင်းအရင်းအမြစ်ရဲ့ နေ့စွဲများ
ဒီမိုကရေစီ စီးကြောင်းနဲ့အတူ အွန်လိုင်းပေါ် ဖြာကျလာတဲ့ သတင်းတွေကို
လိုက်ကောက်ကြည့်တယ် အရိပ်အငွေ့လေး တွေး ဆက်တွေးလိုက်ပြီး
ထအော်လိုက် သက်ပြင်းချလိုက် ဆက်ဖတ်လိုက် သတင်းတွေ အတင်းတွေ မဟုတ်
ဟန်ကျလိုက်ပုံပြောပါတယ် ဒီနေ့ခေတ်စီးကြောင်းအတိုင်း သင်ကိုယ်တိုင်မျောပါသွား
ဒါဟာ သတင်းအရင်းအမြစ်တွေရဲ့ စစ်မှန်တဲ့ နေ့စွဲများဖြစ်ပါတယ်
တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း
ဒီမိုကရေစီစနစ်အတွက် အရပ်သားလူ့အဖွဲ့အစည်းများ အားကောင်းရန် လိုကြောင်း
ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရန် လိုကြောင်း
တိုင်ရီအလုပ်သမားများ ဆက်လက်ဆန်္ဒပြနေကြောင်း
ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း
လားရှိုး ကျားဖြူအမတ်လောင်းအား အိုးစည်ဗိန်းဗောင်းများဖြင့် ဒေသခံများ ကြိုဆိုနေကြောင်း
မြန်မာဒုက်္ခသည်များ တရားဝင်ပြန်နိုင်ရန် မျှော်လင့်ကြောင်း
ကုလားတန်မြစ်ကြောင်းရှိ အစိုးရဂိတ်များ စစ်ဆေးမှုလျော့သွားပြီဖြစ်ကြောင်း
မလေးရှားတွင် ရခိုင်စက်ရုံအလုပ်သမားတစ်ဦး မတော်တဆသေဆုံးကြောင်း
အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း
သမ၀ါယမအသင်းလီမိတက်ပိုင်မြေကို မတရားလုပ်နေကြောင်း
နှလုံးသားတွေ လှူမယ့် ညဂီတဖျော်ဖြေပွဲမှ ကန့်သတ်ချုပ်ချယ်မှုများအပေါ်
သဘောထားအမြင်ပြောလိုကြောင်း ပြည်သူ့ကျန်းမာရေး မြှင့်တင်ဖို့ ကြိုးပမ်းလိုကြောင်း
“၀န်ကြီးချုပ် ယိန်လာပ်ဟိုတယ်ကို ဘာသွားလုပ်လဲ”အမေးကြောင့် လွှတ်တော်အတွင်း
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ကလေးအဖေ မီးဖွားခွင့်အကြောင်း
“သည်ခရီးနီးပြီလား”ဆိုတဲ့ အကြောင်း ပေါလိုက်တဲ့ စာတွေအကြောင်း
အလုပ်သမားရပိုင်ခွင့် ဆန်္ဒပြပွဲများအကြောင်း
မြန်မာ့စီးပွားရေးအလားအလာအပေါ် ပညာရှင်တွေ သုံးသပ်ကြောင်း
အီရတ် အသေခံဗုံးခွဲမှု ၁၈ ဦးသေဆုံးကြောင်း ဆီးရီးယားဆိုင်ရာ
အီဂျစ်သံအမတ် ပြန်ရုပ်သိမ်းကြောင်း
ဂျော်ဒန်က ဆီးရီးယားနဲ့ နယ်စပ်မှာ ဒုက်္ခသည်စခန်း တည်ဆောက်ကြောင်း
ပြင်သစ်နဲ့ ဗြိတိန်ကို အီရန် ရေနံအရောင်းရပ်ကြောင်း
ပြင်သစ်သမ်္မတ ဆာကိုဇီ မဲဆွယ်ပွဲ စပြီဆိုတဲ့ အကြောင်း
အီဂျစ်ရွေးကောက်ပွဲ ရက်သတ်မှတ်လို့ မရသေးကြောင်း
တရုတ်အစိုးရဆန့်ကျင်သူ တိဘက်လူငယ် မီးရှို့ဆန်္ဒပြကြောင်း
ဝေါလ်စထရိလမ်းမကြီးကို သိမ်းပိုက်ကြ လှုပ်ရှားမှုအကြောင်း
ကလေးနဲ့အတူ လွှတ်တော်တက်တဲ့ မိခင်အကြောင်း၊ မျက်နှာတော် ရွှေသွင်းခြင်းအကြောင်း
အကြောင်း အကြောင်း အကြောင်း အကြောင်း အကြောင်း အကြောင်း
အကြောင်းတွေကို ဖတ်လိုက်ပြီး ကမ်္ဘာကြီးရဲ့ ၀မ်းခေါင်းတစ်ခုလုံး ဆုတ်ခွာခံလိုက်ရတယ်
စိတ်လိုက်မာန်ပါပဲဖြစ်ဖြစ် စိတ်မလိုက်ဘဲ မာန်မပါလို့ပဲဖြစ်ဖြစ် သတင်းတွေက
တစ်နေ့တခြား စီးမျောနေခဲ့ပြီ လူသားများရဲ့ ပုံဟန်တွေဟာ သတင်းခေတ်မှာ
ကဒါဖီသေပြီ အိုစမာ သေပြီ ဆက်ဒမ်ဟူစိန် သေပြီ ဘာမှဖုံးကွယ်လို့ မရတော့ဘူး
ငါတို့ဒီမိုကရေစီကလည်း ရှင်နေဆဲ သေနေဆဲ သေလိုက် ရှင်လိုက်
သေလိုက် ရှင်လိုက် သေနေဆဲ ရှင်နေဆဲ
မောင်မင်းစိုး


ခိုတွေဟာ တစ်စုံတစ်ခုကို စိုးရိမ်ထိတ်လန့်နေကြတယ်
ခိုတွေဟာ တစ်စုံတစ်ခုကို စိုးရိမ်ထိတ်လန့်နေကြတယ်
ဝရုန်းသုန်းကား ဖရိုဖရဲ တွန်းမိ တိုက်မိ
သွားကြ လာကြ ပျံကြ နားကြ
အမှန်တရားနဲ့ပဲ ပက်ပင်းတိုးခဲ့သလိုလို
အမှားဆီပဲ အုပ်ဖွဲ့ပျံသန်းနေသလိုလို
တစ်ဦးနဲ့ တစ်ဦး နှုတ်မဆက်နိုင် နှုတ်မဆက်အား
မျက်ဝန်းတွေက ကြောက်အား လန့်အား
ရှာဖွေ မောပန်း အတောင်ပံတဖျတ်ဖျတ်ခတ်
အစာတစ်လုတ်အတွက် မနက်ဖြန်အတွက်
ပျံရင်း နားရင်း... မှ
အသံတစ်ခုခုကြားလည်း ကြောက်နေရ
ရုပ်ဝတ်္ထုပစ်္စည်းဆိုလည်း ထိတ်လန့်ရ
အများကြီးအတူတူရှိနေပေမယ့် အမြဲတမ်းမကူညီနိုင်ဘူးဆိုတာ
သိနေရတဲ့ ဗီဇစိတ်နဲ့
မျက်ဝန်း အတောင်ပံ ဦးခေါင်း တစ်စက်္ကန့်လေးမှ ငြိမ်ငြိမ်မနေနိုင်
မြင့်တက်ရ နိမ့်ဆင်းရ စိုးရိမ်ရ ထိတ်လန့်ရ
ကံကိုက ဉဏ်ကိုက ခေတ်ကြီးကိုက ထိတ်စရာ လန့်စရာ
ပြောချင်တာက ဟုတ်ကဲ့ ဒီလို
ပျံသန်းဖို့ ပေးထားတဲ့ အတောင်ပံတစ်စုံနဲ့
ပြေးထွက်နေမိတဲ့
ခိုတစ်ကောင်
ဟာ...
ကျွန်တော်...
စစ်နိုင်

လေယာဉ်ပျံ

ပြေးလမ်းကြောင်းအတိုင်း
စာရွက်ပေါ်မှာ စာလုံးလေးတွေ
တဖြည်းဖြည်း ပိုပြီးမြန်မြန်လာ
ပြေးနေတယ် နောက်ပြီး အမြင့်ဆီ ခုန်တက်
ဘယ်တော့မှ ပြန်ကျမလာတော့မယ့် ဟန်နဲ့
တွင်းနက်ကြီးနဲ့ ဝေးရာကို ပြေးနေတယ်
ရွေ့လျားမှုမှာ အသံရှိတယ်ဆိုရင်
စာလုံးတွေမှာလည်း အသံရှိတယ်
ကကြီး ခခွေး အဲဒီလို
ညအခါ လသာသာ အဲဒီလို
အို လှလိုက်တဲ့ ကချေသည် လေ
သူ့မျက်ဝန်းထဲမှာ သေပြီးသားအလောင်းနဲ့
သူ့ဦးနှောက်တွင်း အသိဉဏ်အကန့်လေးတစ်ခုထဲမှာ
သွေးခုန်နှုန်းနဲ့
အလျင်အတိုင်း တရားဥပဒေလို တည်ရှိပြီးသား တရားသေ
ပထမကလေးဘ၀ ဒုတိယလူငယ်
နောက် တဖြည်းဖြည်းကြီးရင့်လာတဲ့ အရိုးဖြူနေ့ရက်များ
ဘာများထူးခြားလာသလဲ
တစ်ခုပဲ ရှိတယ် တစ်ခုပဲ လုပ်စရာရှိတယ်
ဘာမှမလုပ်သည့် အလုပ်ကို လုပ်နေဖို့ ဟုတ်တယ် ဘာမှမလုပ်နှင့်
အသက်ပဲမှန်မှန်ရှူနေ ရှူသွင်းလိုက် ပြန်ထုတ်လိုက်ပေါ့
နောက် အိမ်ပြန် အိပ်ရာထဲဝင်
မိုးလင်းတော့ အခုလိုပဲ ဆက်လှုပ်ရှား မသေမချင်းဆိုပါတော့
ကြည့် စာလုံးလေးတွေ လှုပ်ရှားနေပုံ
လှုပ်ရှားရင်း တစ်ခုခုပြောချင်နေပုံ
မျက်ဝန်းတံခါးကနေ ပတ်္တာခွာနေပုံ
ဖျတ်ခနဲ ခုန်ဝင်လိုက်ပုံ
မဟုတ်သေး မဟုတ်သေး တွင်းနက်ကြီးကို ရှောင်လေ
တွင်းနက်ကြီးနဲ့ ဝေးအောင် နောက်ပြန်ဆုတ်
ပထမ ညာခြေ နောက် ဘယ်ခြေပေါ့
ဒီလိုမှမဟုတ်ရင် ပထမ ဘယ်ခြေ နောက် ညာ
ဘာထူးသလဲ လမ်းလျှောက်တာနဲ့ ခုန်တာ ပျံတာ
ခြေဖျားလေးပေါ်မှာ လှည့်တာ ပတ်တာ
ခြေဆန့်လက်ဆန့်ပြီး လေပြည်ဝှေ့သလို ဝှေ့တာ
ခြေထောက်ကို ကိုယ့်ခေါင်းပေါ် ကျော်အောင် မြှောက်ပြီး
ဆန့်ထုတ်လိုက်တာ အတူတူပါပဲ
သင်ယူ လေ့ကျင့် အသိဉဏ်ကို ကြွက်သားတွေထဲ သွင်း
ဒုတိယသဘာဝလှုပ်ရှားမှုတစ်ခုလို ဘာမှထူးဆန်းနေမှာ မဟုတ်တော့
ကြည့်လေ စာလုံးလေးတွေ ကနေပုံ
မြို့ထဲမှာ အမှိုက်ပုံတွေအောက်မှာ နှင်းဆီပွင့်ဖတ်လေးပေါ်မှာ
တယ်လီဖုန်းကြိုးတွေထဲမှာ မရေးရသေးတဲ့ စာရွက်မှာ
နောက် အတွင်းဝင်သွား
နောက် အပြင်ပြန်ထွက်လာ
ကြည့်လေ
တွင်းနက်ကြီး ပြန်ပေါ်လာပြန်သည်
တွန်းလှန်ပစ် ကျော်လွှားပစ် ဘာမှထူးဆန်းသည့် အလုပ်မဟုတ်
စိတ်ကို အေးအေးလေးထား ခြေထောက်တွေက
သူ့တာဝန်သူထမ်းသွားလိမ့်မည်
ဟော လမ်းထဲ ရောက်ပြီ အိမ်ကို မြင်နေရပြီ
နောက်ဆုံး အောင်မြင်ပြီမဟုတ်လား
အနားယူရုံပေါ့ ဘာမှမဖြစ် တွင်းနက်ကြီးထဲ လိမ့်ကျ
အိမ်ကို ရောက်ပြီ
စာလုံးတွေက မီးခလုတ်ကို ဖွင့်လိုက်ပြီ
စာလုံးတွေက စာရွက်အလွတ်ကို ယူလိုက်ပြီ
စာလုံးတွေက တစ်ခုခုကို တစ်ခုခုလို့
စာလုံးတွေက အတိအကျကို အတိအကျလို့
ဘာကိုမှ ကောင်းကောင်းသဘောမပေါက်နိုင်ခင် ပတ်္တာကို ဆွဲခွာလို့
တွင်းနက်ကြီးကို ရှောင်လေ
ဒါမှမဟုတ် ခုန်ဆင်းလိုက်လေ
ပျော်ရွှင်ဖွယ်ကစားနည်းတစ်ခုလိုပေါ့
လေ့ကျင့် သင်ယူ တတ်မြောက်ထားခဲ့ကြတဲ့အတိုင်း
သားဦး

ညမွှေးပန်း
နေဟာ ငါ့ဘ၀နောက် အပြေးအလွှားလိုက်လို့ အနားဖွာနေတဲ့ တိမ်တွေ ငါချစ်တဲ့ အစိမ်း ရန်ကုန်ဟာ
ဘာမှမပြောင်းလဲဘူး မီးခိုးငွေ့တွေမှာ အသည်းနှလုံးမရှိ နိစ်္စဓူဝ ရန်သူ့လက်က လွတ်မြောက်ဖို့
ကျားနာတစ်ကောင် သားရဲတွင်းဆီ ဒယိမ်းဒယိုင်ပြန်ခဲ့ မျက်နှာဖုံးတွေ မြို့ပြမျက်နှာတွေ အရေခွံလို
ကွာကျလာ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့ ရှင်သန်မှုဆီ အနီးကပ် သူစိမ်းတစ်ရံဆံ အငွေ့အသက်
များဆီ တိုးဝင် နာကျင်မှုဟာ ငါ့ကဗျာမှာ မီးလိုလောင်လို့ ကိုယ့်ဘ၀ကိုယ် စကားပြေဆန်ထားရ
နေ့တွေ အဓိပ်္ပာယ်မဲ့ စာသားအတွဲအဆက်တွေ ဘယ်အရာကိုမှ အစိုးမရ သိမှုဗေဒဟာ တကယ်
တမ်း ဘာမှအရေးမပါ အနတ်္တကို အတ်္တဖြစ်အောင် မိုက်မဲလို့ ငါ့စိတ်ထဲ ရှိသမျှ ချရေးတယ် စိတ်္တဇနာမ်
မကောင်းတဲ့ အနံ့အသက် အ၀ါရောင် ငိုစရာမျက်ရည်မကျန်တော့တဲ့ မိန်းမ အမေ့ကို သတိရတယ်
ကျွန်တော်ဟာ စိတ်လေလို့ ငါတို့ဟာ
ချာချာလည်လို့ မြို့ပြဟာ အ၀ါရောင် တစ်ကိုယ်ရေအခန်းဖွဲ့
အပြန်လမ်း မသိမှုပေါ် ထိုးကျနေတဲ့ အရိပ်တွေ
ဟယ်လူဆီနေးရှင်း ငါ့လက်တွေကို ပိုက်ထားလိုက်တယ်
ဘာကို မျှော်လင့်ရမလဲ ဘ၀အကြောင်းအဖွဲ့အနွဲ့
နေ၀င်ပြီ အရိပ်တွေက တစ်မျှော်တစ်ခေါ်ရှည်လျားလို့
ပြန်စရာ လမ်းမရှိဘူး အိပ်မက်တွေကို
ပြန်မရတော့ဘူးလား ဘ၀လို တစ်ဆစ်ချိုးသွားတဲ့
လမ်းတွေ ကွေ့ကောက်လို့ အာခေါင်တွေ ခြောက်ကပ်
အသံကုန်ဟစ်အော် မျက်ရည်ဟာ ချော်ရည်ပူလို
တိုက်စားလို့ ဘယ်သူ့ကိုမှ မယုံကြည်ဘူး ငါ့ဘ၀ထဲ
ပြတ်ရွေ့ကြောင်းလို သံသယ ငါဟာ ငါလား
ငါရှိတယ် ဒါမှမဟုတ် ငါမရှိဘူးလား သစ်ရွက်တွေက
လေပြည်ကို ခြွေချလို့ ငါဟာ ဘာကို မိုက်မိုက်မဲမဲ
စောင့်မျှော်နေတာလဲ တစ်နေ့ ငါပြန်လာခဲ့မယ်
တစ်ကိုယ်တော်စွန့်စားခန်း တစ်ယောက်သွားလမ်း
ဒဏ်ရာအကြောင်းအဖွဲ့အနွဲ့ သွေးတိတ် မိုးတိတ်မှ
ပြန်လာဖို့ အချစ်က လွဲလို့ အရာရာကို အဆိုးမြင်ဝါဒီ
လိုအပ်ရင် အသေခံဗုံးခွဲဖို့ ၀န်မလေးဘူး
ဝမ်းနည်းနာကျင်ရုံသက်သက် စိတ်္တဇ နာကျင်လွန်းတော့
အနာက မနာတော့သလို လရောင်မှာ မျက်ရည်ဟာ ဓားသွားလိုလက်လို့ သူမကို နောက်တစ်ခါ
ပြန်မမြင်ရတော့ဘူး နာကျင်နေ သူ့ရဲ့မွှေးရနံ့က ကြယ်တွေကို သပ်ချနေတာ အနုပညာနဲ့ ကိုယ့်ကိုယ်
ကိုယ် ဆူဆိုဒ်လုပ်ဖို့ ကြိုးစားနေတာ ညဟာ ခြောက်သယောင်းလို့။
ဘုန်းနေသွန်း


ရင်ကွဲဘူတာ
ညည်းသံရှည်ကြီး ဆွဲဆွဲငင်ငင်
ပန်းဝင်ရင် ဆိုနေကျတေးသွား
ညက တစ်ရေးနိုး
နိုင်ထက်စီးနင်းတွန်းတင် ရက်ရက်ရောရောထိုးချ
အလွတ်ရနေတဲ့ ဘာသာစကား
ဝင်ပေါက် ထွက်ပေါက် စနစ်တကျတန်းစီပါ
လူစိတ်မ၀င်စားတဲ့ ကြော်ငြာ
အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက် ခြေပစ်လက်ပစ်
ထိုးဆွ လုံးခြေ မြွေရေခွံအိတ်ထဲ ထည့်
ရေသန့်ဘူးခွံ လျှောခနဲ
ဘာရှာသလဲ ကိုယ့်ဆရာ ဒါလား
ဒေသစာတစ်ခုနဲ့ ဖြားယောင်းလာ ဆိုက်ကားဆရာ
ခင်ဗျားလည်း ဒီတောထဲ ဆရာပဲ
တစ်စ တစ်စ ညက သူ့မာနထဲ တိုးဝင်ငုပ်လျှိုး
အမူးသမား အခဲမကျေသမျှ ပလက်ဖောင်းပေါ် အန်အန်ချ
ပန်းချီကား ပိုလှသွားခဲ့ပြီ
ကျိုးကျွတ် ကြေကွဲ အိပ်မက်တစ်ခု လူးလွန့်နိုးထ
မိန်းမလှတစ်ယောက် လွှင့်ပစ်လက်မှတ်တွေ ကောက်မလို့တဲ့
လူခါး


 . . .(သို့မဟုတ်)
ဒေလီယာ
(သို့မဟုတ်)
သံဝရီ
(သို့မဟုတ်) . . .
ရှင်သိချင်သပါ့ဆိုရင် ကျွန်မနာမည် ဒေလီယာ
ရွာတုန်းက ခေါ်တဲ့ နာမည်တော့ မဟုတ်ဘူး တစ်ဆိတ်ရှင်
ကျွန်မအတိတ်ဆီ ရှင့်စကားတွေ မသွားမိစေချင်ဘူး
ရပ်သံရွာသံကြားရရင် ကိုယ့်ရပ်ကိုယ့်ရွာကို
ကျွန်မလည်း ပြန်ချင်တာပေါ့ မပြန်ဖြစ်သေးတာ တစ်ခုပဲ
အမယ်လေး မသိနားမလည်တဲ့ အရွယ်က
သိပ်ချစ်လှပါချေရဲ့ဆိုတဲ့ စကားနဲ့
အဲဒီစကားတွေရဲ့ နောက်ဆက်တွဲအမှားကို
ရင်ထဲ အသည်းထဲက အမှတ်အတေးမထားမိလို့
ဟောဒီလို အမှောင်ထဲမှာ မှောက်ကျခဲ့ရတာ
ခရေလည်း သဇင်လို ဝေချင်တာပေါ့ သဇင်လို ကြွေချင်တာပေါ့
ပိတောက်လိုလည်း ခဏပဲဖြစ်ဖြစ် ဝေချင်တာပေါ့
ပြီးမှ ကြွေချင်တာပေါ့
ဒါထက် ခရေတွေ မကြွေခင် ဘယ်သူမြင်ယောင်ကြည့်ဖူးသလဲ
အကြွေပန်းဆိုတော့လည်း အကြမ်းဆုံးလေပွေလို
လမ်းများများပေါ် လမ်းသလားနိုင်မှ လန်းသွားမှာ
သွားစမ်းပါ ဟိုဟာဖြစ်လည်း ခေတ် ဒီဟာဖြစ်လည်း ခေတ်
လူတွေလွဲမှားသမျှ ခေတ်က ခါးစည်းခံနေရရှာတာ
ရှင်တို့ ပြောပြောနေတဲ့ ခေတ်ဆိုတာ
ရှင်တို့ ကျွန်မတို့လို လူသားတွေကြောင့် ဖြစ်နေတာ မဟုတ်လား
ရှင် လန့်များ လန့်သွားသလား
ကျွန်မစကားဟာ ကျွန်မတရားပဲ
အဆန်းပါလား ကျွန်မနဲ့ တွေ့ရင်
ရှင်မေ့ချင်နေတာတွေအပြင်
ရှင့်ကိုယ်ရှင်တောင် မေ့ချင်သွားလိမ့်မယ်
တကယ်ပါ ရှင်ကြောက်ရင် ရှောင်နေ
ကြောင်လျှောက်လမ်းပေါ်က ခြေချော်ကျခဲ့တဲ့ သံဝရီ
အခုရှင့်ဆီ လာနေပြီ
ဝင်းသိန်းထွေး

ဇာတ်ပွဲ
အတ်္တစိတ်တည့်တည့်ဆီ ချိန်ရွယ်ပြီး ပစ်လိုက်တဲ့အခါ
နိုင်ငံရေးက ကားရားကြီးကျလာတယ်
လျှောက်တဲ့ လမ်းက ကြီးပြီး စီးတဲ့ ဖိနပ်က သေးနေရင်
လမ်းကိုပဲ ကျဉ်းဖို့ ကြိုးစားကြ
မနက်ဖြန်ဆို ရောက်ပါပြီလို့ ရွတ်ရွတ်နေတဲ့
သာလိကာတွေကို စိတ်ပိန်တယ်
တီးလုံးတီးကွက်ကို ငြိမ်းချမ်းရေးသံခင်းပြီးမှ
ကန့်လန့်ကာဖွင့်ရင် ဘီလူးက ကမှာတော့ မမြင်ချင်ဘူး
အသားလိုလို့ အရိုးတောင်းတယ်
အရိုးလိုလို့ အရိုးတောင်းတယ်
အရိုးပဲရမှာမို့လို့ အရိုးတောင်းတယ်
ဆိုင်းသံဗုံသံကြားရင် ဘာမှန်းညာမှန်းမသိဘဲ
ကချင်တဲ့ကောင်တွေက ခပ်များများ
အိပ်ပျော်နေသူအားလုံးကို နှိုးလိုက်ကြပါ
တစ်ရေးနိုးတဲ့အခါမှာတော့ တရေးရေးပဲ မြင်နေရတဲ့
ငှက်ကလေးလည်း နိုးနေစေချင်တယ်
လူကြီးမင်းတို့ စီးနင်းလိုက်ပါလာသော အနှေးလေယာဉ်ဟာ
အတိအကျခန့်မှန်း၍ မရတဲ့ အချိန်မှာ
ငြိမ်းချမ်းရေးလေဆိပ်ကို ဆင်းသက်ပါမယ်
အပြင်မှာ ရာသီဥတုအခြေအနေ
ဆက်လက်ဆိုးရွားနေပါသဖြင့်
မိမိတို့ထိုင်ခုံတွင် ပြန်လည်နေရာယူ၍
ခါးပတ်များကိုပတ်ထားကြပါရန်
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး
အိပ်မက်ထဲမှာ သီချင်းသံသဲ့သဲ့ကြားမိတယ်
“ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ ကောင်းနေတုန်း”
ထွီ...
အဲဒီအိပ်မက်ကို မသေမချင်းကြိုးပေးသတ်ပစ်ကြစမ်းကွာ
လင်းဝေအိမ်