Wednesday, November 23, 2011

တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့ လိုဘတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာနေခဲ့တယ်




နာကျင်နေတဲ့ အနာအဆာနဲ့ ဆာနေတဲ့ အနာတွေရဲ့

တုန့်ပြန်ကိုက်ခဲမှု ဒဏ်ရာတွေကို ချိုးဖဲ့စားသောက်နေရတာ

တစ်ညလုံး တစ်ယောက်တည်း စူးစူးဝါးဝါးအော်သံတွေနဲ့

တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်မှုတွေနဲ့ ကြောက်တယ်။

မလိုအပ်ဘူး မလိုချင်ဘူး ငါ့မှာ နွေးနွေးထွေးထွေး

နွေးထွေးတဲ့ မေတ္တာအတုနဲ့ သေခြင်းတရားကို အသေအချာ မြင်ရတာ

နံရံပေါ်ချိပ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ မွတ်သိပ်မှုတွေအတွက်

ဘယ်လိုသစ္စာတရားနဲ့ အသစ်ဆာလောင်မှုတွေကို ဖြေရှင်းကြမှာလဲ။

ကမ္ဘာကြီးရဲ့ ဝပ်ကျဉ်းတစ်ခုမှာ ဝဋ်ကြွေးတွေ ကျဉ်းမြောင်းသွားစေဖို့

တောင်းဆုချွေသံတွေနဲ့ စိတ်တွေ မောမောဟိုက်ဟိုက် မောဟိုက်နေခဲ့တာ

ဘယ်လိုအမှားတွေနဲ့ မှားမှားယွင်းယွင်း မှားယွင်းနေကြဦးမှာလဲ

တစ်ခါတလေတော့လည်း မေးခွန်းတွေက မေးမောနေခဲ့ရပါတယ်။

ဒီတစ်နှစ်ကုန်တော့ နောက်တစ်နှစ် နောက်တစ်နှစ်ကုန်တော့ နောက်ထပ်နှစ်တွေပေါ့

နှစ်တွေထဲ နစ်မြှပ်နေခဲ့တာ မြှပ်နေတဲ့နှစ်တွေ ထပ်ထပ်ပြီး နစ်နေခဲ့တာ

နိုးတစ်ဝက် အိပ်မက်တဲ့ အိပ်မက်တောင် တစ်ဝက်ပဲ နိုးနေရတဲ့ ဒီဘဝမှာ

ခံတပ်တွေ လုံအောင်ဖာဖို့၊ ဖာဖြစ်သွားတဲ့ ဖားတွေရဲ့ အော်သံက

ငါတို့ရဲ့ ပူလောင်မှုတွေနဲ့ ပူနေတဲ့အမှုတွေ လောင်းကျွမ်းနေခဲ့တယ်။

တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့

လိုအပ်မှုတွေက တစ်ရစ်ပြီး တစ်ရစ် ယစ်ရစ် တက်လာနေခဲ့တယ်။

မောင်မင်းစိုး

(၁၇-၁၁-၂ဝ၁၁)

မာခဲနေတဲ့ စက်ရုပ်တွေရဲ့ တုန့်ပြန်မှုအောက်က ယွီယွီလေး







ယွီယွီလေး

မင်းဟာ အေးစက်မာကြောနေတဲ့ လူ့အဖွဲ့အစည်းရဲ့

ကြင်နာမှု လှောင်ချိုင့်ထဲကနေ ရုန်းထွက်လို့

လှပတဲ့ မနက်ခင်းတွေနဲ့ ဘဝအသစ်ကို စတင်ခဲ့ပြီ။

အရှိန်ပြင်းလှတဲ့ ဗင်ကားနှစ်စီး ဝင်တိုက်ခံရမှုအပြီး

နာကျင်မှုတွေက အရွယ်နဲ့မမျှဘူး

သွေးအိုင်ထဲ လူးလိမ့်ရင်း အော်ဟစ်နေခဲ့ပေမယ့်

(၁၈)ကြိမ်တိတိ မာခဲနေတဲ့ စက်ရုပ်တွေရဲ့ လက်တွေဟာ

မင့်အသက်ကို နုတ်ယူသွားခဲ့တယ်။

ကမ္ဘာ့လူဦးရေး သန်းပေါင်းများစွာရဲ့

တောက်ခေါက်သံတွေ၊ သက်ပြင်းချသံတွေ

နာကျင်မှုတွေ၊ စိုးထိတ်မှုတွေ၊ ကြေကွဲမှုတွေ၊

ဆုတောင်းသံတွေ၊ မေတ္တာပို့သသံတွေက

ယွီယွီလေး မင့်ကို ဂုဏ်ပြုနုတ်ဆက်ခြင်းပဲ။

ဒီအဖြစ်အပျက်အတွက် တရုတ်လူ့အဖွဲ့အစည်းကို

မေးခွန်းပေါင်းများစွာဟာ အင်တာနက် စာမျက်နှာပေါ်ကနေ လျှံကျလာတယ်

'' ဘယ်လို လူ့အဖွဲ့အစည်းလဲ ''

'' ဘယ်လို လူ့အသိုင်းအဝန်းရဲ့ လက္ခဏာလဲ ''

'' ဘယ်လို ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတာလဲ ''

'' ဘယ်လို မေတ္တာတရားလဲ ''

မှတ်ချက်ပေါင်းများစွာဟာလည်း ကွန်ယက်ပေါ် စီးဆင်းလာခဲ့တယ်

ခင်ဗျားတို့ဟာ လူမဟုတ်ဘူး၊ စက်ရုပ်တွေပဲ

ခင်ဗျားတို့ရဲ့လက်တွေ ထုံကျင်အေးခဲနေခဲ့တယ်

ခင်ဗျားတို့ရဲ့ နှလုံးသားတွေ ယိုယွင်းနေခဲ့ပြီ။

ယွီယွီလေး

စာနာမှုကင်းမဲ့လှတဲ့ လူသားတွေနဲ့ကင်းရာ

မေတ္တာတရားနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဘုံဘဝမှာ

အေးချမ်းစွာ နားခိုင်နိုင်ပါစေ။

(တရုတ်ပြည်မှ ဗင်ကားနှစ်စီး ဝင်တိုက်ခံရပြီး ကူညီမဲ့မှုကြောင့် အသက်ဆုံးရှုံးသွားရတဲ့ ယွီယွီလေးသို့)

မောင်မင်းစိုး

Friday, October 28, 2011

အမေ ပြန်လာပါ

တကယ်တော့ သားရယ်
အမေဟာ သားထင်သလို
စိတ္တဇဝေဒနာရှင် မဟုတ်ပါဘူး။

မင်းရဲ့ ပြန်လာဖို့ ကြော်ငြာဟာ
အမိန့်သံကြီး ပါနေသလားလို့
အမေ ဖတ်ပြီး မျက်ရည်ဝဲခဲ့ရတယ်။

မင်းရဲ့ အကြင်နာမဲ့ အော်သံတွေ
မင့်မိန်းမရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေဟာ
ငါထွက်ခဲ့ခြင်း အကြောင်းရင်းတွေပေါ့။

ပတ်ဝန်းကျင်ရဲ့ တွန်းအားနဲ့
အမေအိုကို ပြန်ဆွဲချင်ပေမယ့်
ရိုးရိုးစင်းစင်းနဲ့ နေပျော်နေပါပြီ။

လူတစ်လုံး သူတစ်လုံးဖြစ်အောင်
မင့်အဖေရဲ့ အားတွေပါ ထုတ်သုံးရင်း
သားဦးမို့ ရူးခဲ့ရတယ်
တစ်ယောက်တည်းမို့ ပိုးမွေးသလို မွေးခဲ့တယ်။

အမေဟာ မြေးကလေးရဲ့ တွတ်တီး တွတ်တာသံနဲ့ အပြုံးကလေးကလွဲရင်
ခမ်းနားလှတဲ့ အိမ်ကြီးကို
ဘာမှ မလွမ်းဆွတ်တော့ပါဘူး။
မင်းတို့ မိသားစု ကျန်းမာ၊ ချမ်းသာကြပါစေ။
မောင်မင်းစိုး
မှတ်ချက်။ ။ (သတင်းစာထဲက အမေပြန်လာပါ ကြော်ငြာတစ်ခုကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်)

Wednesday, October 26, 2011

ကဗျာဆရာလှသန်း (ခ)ကြည်မောင်သန်း ရဲ့ နာရေးသတင်း

ကဗျာဆရာလှသန်း
(ခ)ကြည်မောင်သန်း
အသက်(၄၉)နှစ်

၂၂-၁ဝ-၂ဝ၁၁၊ စနေနေ့(ည-၉း၂ဝ)တွင် ကွယ်လွန်သည်။
အမည်ရင်း လှသန်း
၁၉၆၃ခုဖွား၊ ရန်ကုန်။

၁၉၈၂ခုတွင် ကဗျာများစတင်ရေးသားခဲ့သည်။
၂ဝဝ၈ခုနှစ်၊ ဇွန်လထုတ်၊ ချယ်ရီမဂဇင်းပါ '' ဒီပင်္ဂရ''ကဗျာသည်
တစ်နိုင်ငံလုံးသို့ ဂယက်ရိုက်သွားခဲ့ဖူးသည်။
၂ဝဝဝခုနှစ်တွင် အိမ်ထောင်ကျ၊
ကဗျာဆု ရှစ်ဆုအထိရရှိခဲ့။


စံသိုက်၊ နမိတ်ထွန်းသန်း၊ လိပ်ပြာသန့်သန့်
ကြည်မောင်သန်း၊ ရန်မခ၊ မောင်သီးသန့်တို့ဖြင့်
ရေးသားခဲ့သည်။

သူရဲ့ နာရေးတုန်းက ယပ်တောင်က ကဗျာလေးကို
ဖော်ပြလိုက်ပါတယ်။

မရဏာနုဿတိ
သက်သက်သာသာနေချင်တယ်၊
သက်သက်သာသာသေချင်တယ်၊
သေခြင်းရဲ့ဟိုဘက်မှာ ဟာလာဟင်းလင်း၊
မင်းလဲကြောက်တယ်၊
ငါလည်းကြောက်တယ်။
လှသန်း

ဇာတ်ထုပ်များကို နားထောင်ခြင်း
ရွှေကျီးညိုနဲ့ ပဲခူးမြ
ရွှေမန်းတင်မောင်နဲ့ အောင်သန်းတင်
ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်
သူတို့ရဲ့ အသံသွင်း ဇာတ်ထုပ်တွေ နားထောင်ပြီး
အံ့အားသင့်ရတယ်

သူတို့ရဲ့ အပြော အဆို အငို အလွမ်း
အို . .ဆန်းကြယ်လှပါရဲ့

သူတို့ရဲ့ ပါဖောမင့်ကို မြင်ယောင်မိတယ်
သူတို့ရဲ့ အိပ်စ်ပရက်ရှင်းကို လေးစားမိတယ်
သူတို့ရဲ့ မိုနိုလော့ဂ်တွေ ဒိုင်ယာလော့ဂ်တွေကို
သဘောကျမိတယ်

ဗုဒ္ဓဘာသာယဉ်ကျေးမှုအတွက်
သူတို့ရဲ့ ရင်းနှီးမြှပ်နှံ ပါဝင်မှုကို
ဦးညွတ်မိပါရဲ့။
လှသန်း


သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။ ကဗျာခံတပ်တစ်ခု ကျသွားပြန်ပြီတဲ့။ ကဗျာကဏ္ဍမှာ သူ့ရဲ့
လက်မောင်းသေးဖောက်ကြည့်ချင်းကဗျာတွေ ဟိုတုန်းက တင်ပေးခဲ့ဘူးတယ်။ ပြန်ဖတ်ကြည့်ပါလား။
မောင်မင်းစိုး

နာယကဂုဏ် (၆) ပါး



နာယကဂုဏ် ခြောက်ပါးဆိုသည်ကတော့ လူအတော်များများသိပြီးလည်း ဖြစ်ပါသည်။ သို့သော်ဤသည်လည်း အရေးကြီး သည့်အတွက်ကြောင့် ပုံသာဓကအနည်းငယ်ထုတ်နုတ်ပြီး တင်ပြလိုပါသည်။ ''ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း'' ဆိုသည့် လင်္ကာလေးသည်လည်း လူတိုင်း၏ နှုတ်ဖျား၌ ရနေပြီး၊ သိနေပြီးသည့် လင်္ကာလေးဖြစ်ပါသည်။
ထကြွခြင်းဆိုသည် လုံ့လဝီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်ခွန်စိုက်ရှိနေဖို့ ဖြစ်သည်။ နိုင်ငံတစ်ခုဖော်ဆောင် ရာမှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ ခေါင်းဆောင်လုပ်သည့် သူသည် အမြဲ တမ်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ၊ တက်တက်ကြွနှင့်ကိုယ်တိုင်ပါဝင်ဆောင်ဖို့ လိုပါသည်။ အပေါ်ကနေပြီး တစ်မိန့် တစ်အာဏာနှင့် ခိုင်းရုံမျှနှင့် မလုံလောက်ပေ။ ကိုယ်တိုင်တက်ကြွစွာ၊ လုံ့လဝီရိယစိုက်ထုတ်ကာ ဖော်ဆောင်မှသာလျှင် အောင်မြင်သော အခြေအနေများကို ပုံဖော်နိုင်ပါလိမ့်မည်။
ထို့အတူ နိုးနိုးကြားကြား ရှိနေဖို့လည်း အလွန်လိုအပ်သည်။ နိုးနိုးကြားကြားဆိုသည်မှာ ခေတ်အခြေအနေကို သိမြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ လေ့လာခြင်းမျိုးဖြင့် အခြားသူများ ဘာလုပ်နေသည်ကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးကြားနေရမည်။ သို့မဟုတ် မိမိ၏ တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားများ၏ အရေးကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးနိုးကြားကြားရှိနေ ရမည်။ အန္တရာယ်မျိုးစုံအောက်မှာ ကျရောက်နေလျှင်လည်း ဘာများ ကူညီမှုပေးရမည်ဆိုသည်ကို လေ့လာရမည်။ ကူညီနိုင်ရမည်။ သနားကြင်နာမှုများဖြင့် ဘဝတစ်ခုလုံးကို ကိုယ့်လက်အောက်ငယ်သားများ၏ အခွင့်အရေးများစွာအတွက် အသုံးချနိုင်သူဖြစ်နေရပါမည်။ ငါလုပ်နိုင်သည်ဆိုသည့် မာနစိတ်ဖြင့် မိမိလုပ်ရပ်ကို ဂုဏ်ယူနေစရာ မလို၊ ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးသွားပါလိမ့်မည်။ လော ကဓံများနှင့် ကြုံတွေ့သည့်အခါမှာလည်း သည်းခံနိုင်ရမည်။ အများအတွက်ဆိုသည့် စိတ်ဓာတ်ဖြင့် ဦးဆောင်နိုင်ရမည်။ ဖြစ်ပေါ်လာသည့် အန္တရာယ်မျိုးစုံ၏ လာရာ လမ်းကို သိရမည်။ ဘယ်လိုဖြေရှင်းရမည်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်သည့် စူးစမ်းလေ့လာမှု အားကောင်း ရမည်။ အစစအရာရာသိမြင်အောင် လုပ်ဆောင်ပြီး စာနာထောက်ထားမှု၊ ကြည့်ရှုစောင်မမှုဖြင့် ကူညီနိုင်ရမည်။ သည်နှစ်မှာ ကမ္ဘာနှင့်အဝန်း မိုးတွေ ကြီးသည်။ ပြည်သူတွေ အတိဒုက္ခရောက်ကြသည်။ ဒါတွေကို အကူအညီပေးနိုင်ရမည်။ လိုအပ်သည့် နေရာကိုလည်း သိအောင် လုပ်ဆောင်ရမည်။ မိမိတို့ကိုယ်တိုင်လည်း ရောက်အောင် သွားရမည်။ ဒါသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော နာယကဂုဏ် ခြောက်ပါးဖြင့် ကူညီမှု၊ ဖြေရှင်းမှု၊ ဆောင်ရွက်မှုများပင် ဖြစ်သည်။ သည်နေရာမှာ သည် အင်္ဂါရပ်များနှင့် အားလုံးအကျုံးဝင်နေသော ဇာတ်တော်တစ်ပုဒ်ကို အတုယူစေချင်သည့်အနေဖြင့် ဖော်ပြလိုပါသည်။
ဗုဒ္ဓသည် ခေါင်းဆောင်ကောင်းပီသသည်။ ကိုယ်တိုင် လေးဆယ့်ငါးဝါပတ်လုံး တစ်နေ့အိပ်ချိန် (၂) နာရီမျှလောက်သာ ကိုယ်ပိုင်အချိန်ထားပြီး အလုပ်များကို လုပ်ခဲ့သည်။ ဒါသည် သတ္တဝါများအတွက် ဖြစ်သည်။ မိမိအတွက်ဆိုလျှင်တော့ အထူး လုပ် စရာ မလိုတော့ပေ။ သုမေဓာဆိုသည့် ဘုရားအလောင်းဘဝဖြင့်ပင် မိမိအတွက်ကိုသာ ကြည့်မည်ဆိုလျှင် အာမခံချက်ရှိသွားပြီဖြစ်သည်။ သို့သော်ဘုရားဖြစ်ပြီး၊ မဖြစ်ခင်များမှာ ခေါင်းဆောင်ကောင်းပီသစွာ အလုပ်လုပ်ခဲ့သည်မှာ အတုယူစရာများသာ ဖြစ်သည်။ ယခုဗုဒ္ဓ ဟောကြား၊ သင်ကြားခဲ့သော ဖြစ်စဉ်များထဲမှ ထြ<ွကလုံ့လ ဝီရိယ၊ နိုးကြားမှု၊ မိမိ၏ လက်အောက်ငယ်သားများအပေါ် သနားကြင်နာမှု၊ သည်းခံမှုစွမ်းအား၊ ဝေဖန်ပိုင်းခြားနိုင်သည့် ပညာ၊ အားလုံးကို ခြုံငုံသုံးသပ်ပြီး မည်ကဲ့သို့ ကယ်တင်ရမည်ကို သိအောင် ထောက်လှမ်းပြီး အခြေအနေအရပ်ရပ်ကို ရှုမြင်လျှင် မိမိအောက်လက်ငယ်သားများအပေါ် ထမ်းဆောင်ခဲ့ပြီး မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ထမ်း ဆောင်ခဲ့၊ တာဝန်ကျေခဲ့သော ပြယုဂ်ကို အနည်းငယ်ထုတ်ပြချင်ပါသည်။


အများအတွက် အသက်စွန့်သူ မျောက်မင်း

တစ်ခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းလုပ်အုပ်ချုပ်စဉ် ဘုရားအလောင်းသည် မျောက်မျိုးမှာ ဖြစ်ပြီး မျောက်အားလုံး၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ ဟိမဝန္တာဂင်္ဂါမြစ်ကမ်းနံဘေးမှ သရက်ပင်၏ အရသာများကို စားသောက် နိုင်ရန် ဦးဆောင်သူအဖြစ် သွားခဲ့သည်။ သရက်ပင်မှြေ<ွကကျသော သရက်သီးကို စားသောက်ပြီး သရက်သီး၏ အရသာကိုကြိုက် နှစ်သက်ပြီး ဗြဟ္မဒတ်မင်းကြီးသည် သရက်ပင်ရှိရာသို့ သွားခဲ့သည်။ သရက်သီးများကို ခူးစားပြီး သရက်ပင်အောက်မှာပင် အိပ် ပျော်သွားခဲ့သည်။ ညဘက်ရောက်သောအခါ သရက်ပင်ပေါ်မှ မျောက်များကို တွေ့မြင်ရသောကြောင့် လေးသမားများအား သရက်ပင်ကို ဝိုင်းရန် တာဝန်ပေးလိုက်သည်။ မျောက်များသည် ကြံရာမရဖြစ်ကာ ဘာလုပ်လို့၊ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်သွားသည်။ မကြာခင် ရန်သူများ၏ လက်ထဲသို့ ကျရောက်ရင်း သေပွဲဝင်ရမည်ကို တွေးကာ ကြောက်လန့်နေကြသည်။ သည်ဖြစ်အင်ကို သိမြင်သော ဘုရားလောင်းမျောက်မင်းသည် မိမိ၏ နောက်လိုက်မျောက်များအား အားပေးစကားပြောသည်။ ''ငါသည် သင်တို့အားလုံးကို ကယ်တင်မည်ဖြစ်ကြောင်း'' ကတိပေးစကားလည်း ပြောလိုက်သည်။ ထိုသို့ပြောပြီး ဘုရားလောင်းမျောက်မင်းသည် သစ်ပင် အမြင့်ဆုံးကိုင်းအထိ တက်ပြီး ထိုအပေါ်မှ ဂင်္ဂါမြစ်တစ်ဖက်ကမ်းကို အားယူလျက် ခုန်လိုက်သည်။ ဘုရားလောင်းမျောက်မင်းသည် ချုံပုတ်တစ်ခုပေါ်သို့ ကျသွားသည်။ ထိုမှတစ်ဖန် ကြိမ်နွယ်တစ်ခုကို သစ်ပင်တစ်ခုမှာ ချည်နှောင်ထားခဲ့ပြီး အခြားတစ်စကို မိမိ၏ ခါး၌ ရစ်ပတ်ချည်နှောင်လိုက်ပြီး သစ်ပင်အမြင့်တစ်ခုသို့ တက်ကာ တစ်ဖက်ကမ်းရှိ သရက်ပင်ပေါ်သို့ အားအကုန်ထုတ်ကာ ခုန်ကူးလိုက်သည်။
ကြိမ်နွယ်သည် အနည်းငယ်တိုနေသဖြင့် သရက်ပင်တို့ မမီဘဲ ဖြစ်သွားသည်။ သို့သော်လည်း သရက်ကိုင်းတစ်ခုကို တော့ မြဲမြံစွာ ကိုင်ထားနိုင်ခဲ့သည်။ သို့အတွက်ကြိမ်နွယ်ကို မချည်နှောင်တော့ဘဲ မိမိခန္ဓာကိုယ်ပေါ်သို့ တက်ရောက်ပြီး ကြိုးမှတစ်ဆင့် အခြားတစ်ဖက်ကို ကြိမ်နွယ်မှတစ်ဆင့် ကူးသွားကြရန် မှာရင်း အားအင်ကို သုံးနေခဲ့သည်။ မျောက်များသည် တစ်ကောင်ပြီး တစ်ကောင် ဘုရားလောင်းမျောက်မင်းအား ရှိခိုးသွားကြရင်းမှ ကူးမြောက်သွားကြသည်။ မျောက်များအနေဖြင့် အလွန်များပြားသော ကြောင့် ဘုရားလောင်းမျောက်မင်းသည် မိမိအသက်ကို ဦးစားမပေး၊ ပဓာနမထားနိုင်တော့။ အသက်ကို စွန့်လွှတ်ပြီး သရက်ကိုင်းကိုသာ မြဲမြံစွာ ကိုင်ထားခဲ့သည်။
ထိုစဉ်အကောက်ကြံသမား၊ ယုတ်မာသော မျောက်တစ်ကောင်သည် ''ငါသည် ငါ့ရန်သူကို ပျက်စီးစေအံ့ဟု''ဟု တွေးကာ အမြင့်ဆုံးကိုင်းကို တက်ပြီး ဘုရားအလောင်းမျောက်မင်း၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ဟုန်ထိုး ခုန်ဆင်းချခဲ့လိုက်သည်။ ဘုရား လောင်းမျောက်မင်းသည် ထိုဒဏ်ရာကြောင့် နှလုံးသားကွဲကြေစွာပင် တစ်ကောင်တည်းကျန်ရစ်ခဲ့လေသည်။ ထိုဖြစ်အင်ကို မြင် တွေ့ခဲ့ရသော မင်းကြီးသည် အမျိုးအတွက် အသက်ပေးကာကွယ်စောင့်ရှောက်ကာ လုံ့လဝီရိယကို အားကုန်ထုတ်သွားသောဘုရား လောင်းမျောက်မင်းကို ငြမ်းဆင်ပြီး တက်ယူစေခဲ့သည်။ အသက်ရှင်ရန် ဆေးဝါးကုပေးသည်။ ထိုစဉ်အခါမှာ ဘုရားလောင်း မျောက်မင်းသည် မိမိ၏ ကျေးဇူးရှင်မင်းကြီးကို တရားစကားပြောကြားခဲ့သည်။
''မင်းဧကရာဇ်၊ အစိုးရတဲ့ သူတွေဟာ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို လုံ့လအားထုတ်ကာ ရှာဖွေပေးရမယ်၊ ပညာÓာဏ်အမြော်အမြင်နဲ့လည်း ပြည့်စုံရမယ်'' ဆိုပြီး ဆုံးမစကားပြောသွားခဲ့သည်။ သို့သော်လည်း ဘုရားလောင်းမျောက်မင်းသည် ဒဏ်ရာအနေနှင့် အလွန်ပြင်းထန်သောကြောင့် ထိုခဏမှာပင် သေဆုံးသွားခဲ့ရသည်။
ဗုဒ္ဓသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဝေနေယျသတ္တဝါများကောင်းကျိုးအတွက် အသက်ပေးကာ ကြိုးစားခဲ့ရသော ဘဝများသည် အလွန်ပင် များပြားလှသည်။ သို့အတွက် အများ၏ ဦးဆောင်မှုကို ရယူထားသူများအနေဖြင့် အများကောင်းကျိုးအတွက် မိမိအသက်ကိုပင် ပဓာနမထားဘဲ လုံ့လဝီရိယရှိစွာနှင့် အစစအရာရာ မြော်မြင်သိမြင်သည့်အတိုင်း သနားမှု၊ သည်းခံမှု၊ ကိုယ်ကျိုးစွန့် နိုင်မှုများဖြင့် တက်တက်ြ<ွကြ<ွကလုပ်ဆောင်ရင်း အများ၏ စံပြအဖြစ်ကို ရယူနိုင်ဖို့ လိုသည်။

အဂတိတရား (၄) ပါး

အဂတိဆိုသည်မှာ မပြုလုပ်သင့်သည်ကို မပြုလုပ်အောင်၊ မလိုက်စားသင့်သည်ကို မလိုက်စားအောင် ပြုကျင့်ရမည့် တရားများဖြစ်ပြီး ထိုသည်နှင့် ပြောင်းပြန်ကျင့်သူများအနေဖြင့် လူယုတ်မာအဖြစ်သို့ အလိုလိုရောက်သွားမည်ကို မီးမောင်းထိုးပြထားသည့် ဗုဒ္ဓ၏ သင်ကြားမှုပင်ဖြစ်သည်။ အဂတိ လေးပါးကို မလိုက်စားဖို့၊ မပြုကျင့်ဖို့ ဗုဒ္ဓသည် အမြဲတမ်းလိုလို ဟောပြောသည်။ သင် ကြားခဲ့သည်။ မိမိကိုယ်တိုင်လည်း မလိုက်စား၊ မပြုကျင့်ခဲ့ပေ။ ဒါသည် ဘုရားဖြစ်တော်မူသည့်အခါ ပြုကျင့်သော လုပ်ရပ်များကအသိ သက်သေဖြစ်သည်။ ဒေဝဒတ်ကို ယောက်ဖဆိုပြီး နေရာမပေး၊ မိမိနှင့် ထိုက်သူသည်သာ အလိုလိုနေရာရခဲ့ကြသည်။ ဒါကို ဒေဝ ဒတ်က သဘောမကျ။ ဘာမျှဆွေမျိုးမတော်သည့် သာရိပုတြာ၊ မောဂ္ဂလာန်တို့ကို နေရာပေး၍ လက်ယာတော်ရံ၊ လက်ဝဲတော်ရံ ထားခဲ့သည်ကို ဒေဝဒတ်အနေဖြင့် မကျေနပ်။ သို့အတွက်အမျိုးမျိုးအဖုံဖုံ နေရာကို လုယူဖို့ ကြိုးစားသည်။ နောက်ဆုံးမိမိနှင့် မထိုက်တန်သည့် ဘုရားရှင်၏ ပရိသတ်ကိုပင် မိမိက ခေါင်းဆောင်ပြုလိုမှုဖြင့် ဘုရားကိုပင် သေကြောင်းကြံသည်အထိ အမျိုးမျိုး နှောက်ယှက်ခဲ့သည်။ သည်အဂတိ လေးပါးနှင့် ပတ်သက်ပြီး မြတ်စွာဘုရားရှင်သည် ပသေနဒီကောသလမင်းကြီးကို အများနှင့်
ဆိုင်သည့် တရားလေးပါးကို ဟောကြားတော်မူခဲ့ဖူးသည်။

အဂတိ လေးပါးနှင့် ပသေနဒီကောသလမင်းကြီး

အဂတိ လေးပါးဆိုသည်မှာ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုသည့် လေးပါးဖြစ်သည်။ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း။ မိမိလုပ်ရမည့် အလုပ်ကို မလုပ်ဘဲ အခြားသွေဖည်ပြီး ပြုကျင့်ခြင်းဖြစ်ပါသည်။ ဒေါသာဂတိ- မုန်းခြင်းကြောင့်၊ ဘယာဂတိ- ကြောက်ခြင်းကြောင့်၊ မောဟာဂတိ- မိုက်မဲတွေဝေခြင်း၊ မသိခြင်းကြောင့် မလိုက် သင့်သည်ကို လိုက်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်း၊ လမ်းမှားကို လျှောက်ခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် ထိုကဲ့သို့ မလုပ်သင့်သည်ကို လုပ်ခြင်း၊ မလိုက်သင့်သည်ကို လိုက်ခြင်း၊ လမ်းကြောင်းမှားကို အဂတိ တရားလေးပါးကို လိုက်ပြီး ပြုကျင့်သောသူသည် လဆုတ်ရက်များမှာ လသည် တဖြည်းဖြည်းလျော့ပါးခြင်း၊ ဆုတ်ယုတ်ခြင်းများ ဖြစ်သလို အဲသည်အဂတိ လေးပါးလိုက်စားသူသည်လည်း မင်းစည်းစိမ်၊ အခြံအရံ၊ ဂုဏ်သတင်းကျော်စောမှု၊ ပါဝါအာဏာ စသည်များသည် တစ်နေ့တခြားဆိုသလို လျော့ပါးခြင်း၊ ဆုတ်ယုတ်ခြင်းဖြစ်လာလိမ့်မည်ကို ဟောတော်မူသည်။ သင်ကြားတော်မူခဲ့သည်။ ဒီနေရာမှာ တစ်ဆက်တည်း ဆက်ဟောသည်ကား ...
''မြတ်သော မင်းကြီး၊ သတိထား လူသတ္တဝါများအဖို့ ငါမေးမယ်။ သေခြင်းတရားကို ငါစစ်တိုက်ပြီး အနိုင်ယူမယ်၊ စစ်တိုက်လို့လည်း မရဘူး။ အနိုင်ယူလို့လည်း မရဘူး။ ရှိသမျှ ဥဿုံအလုံးစုံသော သတ္တဝါတို့ဟာ နောက်ဆုံးမှာ သေမင်းရဲ့ ခြေ ရင်းမှာ ဝပ်စင်းကြရတယ်။ သေကြရတယ်။ ဒါကြောင့် တမလွန်သွားကြရတဲ့ သတ္တဝါတွေအဖို့ မိမိပြုလုပ်တဲ့ ကောင်းမှုကုသိုလ်က လွဲရင် ထောက်ရာ၊ တည်ရာ၊ အားကိုးရာ ဘာမှ မရှိဘူး။ မိမိပြုလုပ်တဲ့ ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်သာလျှင် ထောက် ရာ၊ တည်ရာ၊ အားကိုးရာ မှီခိုကိုးစားအားထားရာ ရှိတယ်။ အသင်မင်းကြီးဟာ စည်းစိမ်းဥစ္စာအင်မတန် ကြီးတယ်။ ဘယ်လောက်ပဲ ကြီးပေမယ့် ဒါတွေကို တစ်နေ့တော့ စွန့်သွားရမယ်။ မင်းကြီးပိုင်တဲ့ စည်းစိမ်တွေကို သေချာစဉ်းစားကြည့်ရင် ဘာမှမဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စွန့်သွားရမှာ ဖြစ်တယ်။ ဒါကြောင့်မင်းကြီးအနေနဲ့ ဒါတွေကို သိပြီး ကောင်းမှုကု သိုလ်တရားတွေကို မမေ့ထိုက်ဘူး'' ဒါတွေကတော့ မင်းစည်းစိမ်ကို ယစ်မူးပြီး မလုပ်သင့်တာတွေ လုပ်မိမှာ၊ မလိုက်သင့်တာတွေကို လိုက်ခြင်း၊ မကျင့်သင့်တာတွေကို ကျင့်မှားပြီး အဂတိတရား လေးပါးကို ပြုကျင့်မှာ စိုးသည်ကြောင့် ဗုဒ္ဓအနေနှင့် ပသေနဒီ ကောသလမင်းကြီးကို သင်ကြားခဲ့ခြင်းဖြစ်ပါသည်။
သည်နေရာမှာ အထက်က ပြောခဲ့သော အဂတိတရားလေးပါးကို အနည်းငယ်ဆွေးနွေးကြည့်ဖို့ လိုမည်ထင်သည်။ အရေး ကြီးသော သင်ကြားချက်ဖြစ်သော အဂတိတရားလေးပါးမှ ဆန္ဒာဂတိ- ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်း၊ မကျင့်သင့်သည်ကို ပြုကျင့်ခြင်း စသည်တို့မှာ နေရာတိုင်းလိုလို၌ ရှိနေသေးသည်။ ကိုယ့်လူမို့ ရွေး ချယ်ခြင်း၊ အတွင်းလူမို့ ခွင့်လွှတ်ခြင်း၊ ငါ့လူမို့ လက်ခံခြင်း၊ ငါ့အသိုင်းအဝိုင်း၊ ငါ့ဆွေမျိုးမို့ နေရာပေးခြင်းစသည့် လူကောင်းတစ် ယောက်၊ သို့မဟုတ် ခေါင်းဆောင်တစ်ယောက်အနေဖြင့် မလုပ်သင့်သည်ကို ပြုလုပ်ခြင်းစသည်တို့ ဖြစ်သည်။ ဆိုလိုသည်ကား ငါ ဆိုတဲ့ အတ္တကို စွန့်ပါ။ တကယ်တော်တဲ့ သူတွေကို ချီးမြှောက်ပါ။ နေရာပေးပါ။ ကျောသား၊ ရင်သား မခွဲခြားပါနဲ့။ ၄င်းတို့သည် အရေးကြီးသော တိုင်းပြည်တစ်ခုတည်ဆောက်မှု၏ သင်ကြားချက်ဖြစ်သည်။
ဒေါသာဂတိ- မုန်းခြင်းကြောင့် မလိုက်သင့်သည်၊ မလုပ်သင့်သည်၊ မကျင့်သည်ကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ဆိုလိုသည်ကား ငါနဲ့ မတည့်လို့၊ ငါနဲ့ အယူအဆ မတူလို့၊ ငါ့လူ မဟုတ်လို့၊ ငါ့ပြိုင်ဘက်မို့လို့ဆိုပြီး မလုပ်သင့်တာကို လုပ်ခြင်းလည်း ဖြစ်ပါသည်။ နေရာပေးရမှာကို မပေးခြင်း၊ အတင်းအကျပ်ပြစ်ဒဏ်ချမှတ်ခြင်း၊ နားလည်မှုမရှိခြင်းစသည်တို့ကို ပြုလုပ်ခြင်းမျိုးကို ဆိုလိုပါသည်။ ၄င်းနှင့် ပတ်သက်ပြီး မြန်မာ့အလင်းသတင်းစာထဲမှ သမ္မတကြီး၏ စကားကိုပဲ ပြန်လည်ကိုးကားဖော်ပြလိုပါသည်။
''ဖွဲ့စည်းပုံအခြေခံဥပေဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအစိုးရဖြစ် နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရပါမယ်။ ပြည်သူလူထုစိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက်စွဲကိုင်ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးအာဏာဟာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ တည်ရမှာ ဖြစ်ပါတယ်'' သည်နေရာမှာ သူပြောသွားတဲ့ တာဝန်သိမှု၊ တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ် တဲ့။ ဟုတ်ပြီ။ သည်လိုဆိုလျှင် အဂတိ လေးပါးဆိုတာ မပြုလုပ်သင့်တာတွေကို ပြုလုပ်ခြင်း၊ မလိုက်စားသင့်တာတွေကို လိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်းများကို ဘယ်လိုအရေးယူဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်သလို အယူအဆမတူတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဘယ်လိုပြုမူသွားမလဲဆိုတာတွေကိုလည်း လေ့လာကြရတော့မည်၊ သိရှိကြရတော့မည် ဖြစ်ပါသည်။
နောက်တစ်ခုကတော့ ဘယာဂတိ- ကြောက်ခြင်းကြောင့် မလုပ်သင့်တာကို လုပ်ခြင်းဖြစ်သည်။ ငါ့ထက် ကြီးလို့၊ ငါ့ထက် အာဏာပါဝါ၊ ဂုဏ်ထူး၊ နေရာကြီးလို့၊ ဒါမှမဟုတ် ငါဒါကို လုပ်လိုက်ရင် တစ်ခုခုဖြစ်မှာ စိုးလို့၊ ဒါမှမဟုတ် ရရှိထားတဲ့ စည်းစိမ်လေး၊ အာဏာလေးမှ လျှောကျသွားမှာ စိုးလို့ဆိုပြီး ကြောက်ခြင်းကြောင့် မလုပ်သင့်တာကို လုပ်ခြင်း၊ လုပ်ရမှာကို မလုပ်ခြင်းတို့ဖြစ် သည်။ စဉ်းစားတွေးခေါ်မှုမရှိဘဲ အထက်ကဆိုသည့် အမိန့်နှင့် မှားနေမှန်းသိသည်ကို မှားမှန်းသိသိကြီးဖြင့် အထက်ကို ကြောက် ၍ဟုဆိုပြီး လုပ်ခြင်းမျိုးဖြစ်သည်။ ဒါသည် အားလုံးနှင့် ဆိုင်သည်။ သင်နှင့်လည်း ဆိုင်သည်။ ငါနှင့်လည်း ဆိုင်သည်။ တစ်တိုင်းပြည်လုံးနှင့် ဆိုင်သည်။ အရေးလည်း ကြီးပါသည်။ အမှား၊ အမှန်သည် ပညာအပေါ်မှာ တည်ပါသည်။ ပညာကို မှီပြီး သိနိုင်ပါသည်။ ကြောက် ခြင်းကြောင့်ဆိုသည့် အာဏာကို မတွန်းလှန်ခြင်းမျိုးကြောင့် မပြုလုပ်သင့်သည်ကို မပြုလုပ်မိအောင် ဗုဒ္ဓသည် ပသေနဒီကောသလ မင်းကြီးအား ဘယာဂတိဆိုသည့် ကြောက်ခြင်းကြောင့် မလုပ်သင့်သည်ကို လုပ်မိခြင်း၊ မလိုက်သင့်သည်ကို လိုက်မိခြင်း၊ မကျင့်သင့် သည်ကို ကျင့်မိခြင်းများ ဖြစ်မည်စိုး၍ သင်ကြားခဲ့ခြင်း ဖြစ်ပါသည်။
နောက်ဆုံးတစ်ခုကတော့ မောဟာဂတိ- မသိခြင်းကြောင့်၊ မိုက်မဲခြင်းကြောင့် မလုပ်သင့်၊ မလိုက်သင့်၊ မပြုကျင့်သည်များကို ပြုလုပ်မိခြင်းများ ဖြစ်ပါသည်။ ဒါသည်လည်း အရေးကြီးပါသည်။ ပညာနှင့် အနည်းငယ်ဆိုင်လိမ့်မည်။ ဘာမျှ နားမလည်ဘဲတော်သလား၊ မတော်သလား၊ ကောင်းသလား၊ မကောင်းဘူးလား နားမလည်ဘဲ မပြုလုပ်သင့်သည်ကို ပြုလုပ်ခြင်းမျိုးဖြစ်သည်။ အဖွဲ့အစည်းတွင် ပညာရှိများကို ချဉ်းကပ်ခြင်းသည် အရေးကြီးသည်။ ပညာရှိကသာလျှင် အရာရာကို ဆုံးဖြတ်နိုင်ပါလိမ့်မည်။ ပညာမဲ့သူကတော့ ငါကိုသာ ရှေ့တန်းတင်မည်ဖြစ်ပြီး ဘာမျှ နားမလည်ဘဲ မလုပ်သင့်သည်များကို ပြုလုပ်တတ်ကြသည်။ သို့အတွက် အဖွဲ့တိုင်းလိုလိုမှာ အကြံပေးဆိုတာမျိုးတွေ ထားရှိသည်။ အဆိုပါသူများသည် မင်းနှင့် ပြည်သူအကြား နားလည်မှုရှိရမည်။ ပြည်သူအရေးကို ကောင်းမွန်စွာ၊ နိုင်ငံရေးကိုလည်း နားလည်စွာ သိရှိရမည်ဖြစ်သည်။ ခေတ်ကို ရင်ပေါင်တန်းနိုင်သည့် ပညာရေးကိုလည်း သိရမည်ဖြစ်သည်။ ပညာတတ် လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါသည်။ ဒါမှသာလျှင် လုပ်သင့်၊ မလုပ်သင့်သည်ကို ဆုံးဖြတ်နိုင်စွမ်း ရှိပါလိမ့်မည်။ အဲသည်လို မဟုတ်ဘဲ ဘာမျှမသိနားမလည်ဘဲ မိုက်မဲတွေဝေခြင်းဖြင့် မလုပ်သင့်သည်များကို လုပ်ခြင်းမျိုးများဖြစ်မည်ကို ဗုဒ္ဓအနေဖြင့် သင်ကြားခဲ့ခြင်းဖြစ်သည်။ ပညာရှိသူကသာလျှင် ချမ်းသာမှုကို ပေးနိုင်သည့် အမှန်သိမြင်နိုင်သူဖြစ်သည်။ နောက်တစ်ခု အကျင့် ပျက်ခြစားမှုနှင့် ပတ်သက်ပြီး လာဘ်လာဘဆုတ်ယုတ်လာသော တိတ္ထိများအနေဖြင့် အသပြာတစ်သိန်းနှင့် လာဘ်ထိုးကာ ဗုဒ္ဓ၏ ကျောင်းဆောင်အနီးတွင် ကျောင်းဆောက်ခွင့်ပေးခဲ့သော ကောသလမင်းကြီးကို အကြောင်းပြုပြီးဟောခဲ့သော တရားတစ်ပုဒ်၊ သင်ကြား ချက်တစ်ခုကို တင်ပြပေးပါမည်။
မောင်မင်းစိုး

Friday, October 21, 2011

နိဒါန်း (သို့မဟုတ်) စစ်မှန်သော သင်ကြားချက်များ


ယနေ့ခေတ်သည် တိုင်းပြည်အသီးသီးတွင် စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့် အရှိန်ပြင်းပြင်းချီတက်နေသော နိုင်ငံအသီးသီး များစွာ ပေါ်ထွက်လာလျက် ရှိသည်။ လူသားများ၏ အခွင့်အရေးများကို လိုက်လျောညီထွေကျင့်ဆောင်နေသော တိုင်းပြည်များသည် များသောအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံအတော်များများ၏ ကျင့်ထုံးလည်း ဖြစ်သည်။ အမှန်အားဖြင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ကတည်းကပင် ဒီမိုကရေစီစနစ်ကို အိန္ဒိယပြည်တွင် ကျင့်သုံးခဲ့ကြသည်။ အထူးသဖြင့် လိစ္ဆဝီမင်းသားတို့ကျင့်သုံးခဲ့ကြသည်။ သည်စနစ်ကို ဗုဒ္ဓအနေဖြင့်လည်း သင်ကြားခဲ့သည်သာ ဖြစ်သည်။ ဗုဒ္ဓ၏ လမ်းစဉ်များ၊ သင်ကြားချက်များသည် စစ်မှန်သောဒီမိုကရေစီ စနစ်များပင် ဖြစ်သည်။
ဒီမိုကရေစီစိတ်ဓာတ်များ ရှင်သန်လာအောင်၊ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်အောင် လုပ်ဆောင်ကြဖို့ စကားတွေ တွင်တွင်ကျယ်ကျယ်ပြောလာကြသည်။ လက်ကမ်းကြိုဆိုကြရမည်ဖြစ်သည်။ ဟိုတလောလေးက ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောဆိုသွားသော သမ္မတကြီး၏ မိန့်ခွန်းများကို အနည်းငယ်ဖော်ပြလိုပါသည်။
''ပြည်သူအများမျှော်လင့်နေကြတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကား ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာကွာဟမှုလျှော့ချရေး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဤလွှတ်တော်အား ကတိပြုပြောကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်''
ဒါသည် ပြည်သူများအနေဖြင့် ကြားချင်သည့် အသံများဖြစ်ပြီး ဘယ်လောက်အတိုင်းအတာအထိ လုပ်ကိုင်ဆောင်ရွက်မည် ဆိုသည်ကိုလည်း သိချင်ကြလိမ့်မည်ဖြစ်သည်။ အခုပြောဆိုမည့် ဗုဒ္ဓ၏ သင်ကြားချက်များသည် ဒါတွေကို အထူးသဖြင့်သင်ကြားခဲ့သည်။ အထူးသဖြင့်လည်း လိုက်နာရမည့် သင်ကြားချက်များဖြစ်သည်။ ခေါင်းဆောင်ကောင်းဖြစ်သော မင်းများ၊ အစိုးရများ၊ အဖွဲ့အစည်းများ အနေဖြင့် အောက်ဖော်ပြမည့် အချက်အလက်များကိုလည်း မေ့မထားကြရန် လိုအပ်ပါသည်။ စစ်မှန်ပြီး တရားမျှတသော ဒီမို ကရေစီစနစ်ဖော်ဆောင်ကြမည်ဆိုလျှင် ဗုဒ္ဓ၏ သင်ကြားမှုများကို လျစ်လျူရှုထား၍ မဖြစ်ပေ။ အစိုးရများ မဟုတ်သော်လည်းအဖွဲ့ အစည်းတိုင်းများ၏ ခေါင်းဆောင်သူများအနေဖြင့်လည်း သိထားဖို့၊ လိုက်နာဖို့ ဗုဒ္ဓသင်ကြားမှုများကို ရေးသားလိုက်ပါသည်။ နာယကဂုဏ် ခြောက်ပါး၊ အဂတိတရား လေးပါး၊ မင်းကျင့်တရား ဆယ်ပါးသည် အရေးကြီးသော သင်ကြားချက်ဖြစ်သည်။ဤသည်တို့ကို အသေးစိတ်တင်ပြသွားပါမည်။ လိုက်နာဖို့၊ မလိုက်နာဖို့ကိုတော့ အထူးမပြောလိုပေ။ သို့သော်လည်း ခေါင်းဆောင်ကောင်း ဖြစ်ချင်လျှင်၊ အများ၏ ကိုးစားမှု၊ လေးစားမှု၊ အထင်ကြီးမှု၊ ယုံကြည်မှုများဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိုလျှင် ဗုဒ္ဓ ၏ သင်ကြားမှုများသည် များစွာပင် အသုံးဝင်နေလိမ့်မည် ဖြစ်သည်။ လိုက်နာလိုသူများအတွက် ရည်ညွှန်းဖွင့်ဆိုခြင်းဟု ဆိုရပါလိမ့်မည်။

နာယကဂုဏ် (၆) ပါး

နာယကဂုဏ် ခြောက်ပါးဆိုသည်ကတော့ လူအတော်များများသိပြီးလည်း ဖြစ်ပါသည်။ သို့သော်ဤသည်လည်း အရေးကြီး သည့်အတွက်ကြောင့် ပုံသာဓကအနည်းငယ်ထုတ်နုတ်ပြီး တင်ပြလိုပါသည်။ ''ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း'' ဆိုသည့် လင်္ကာလေးသည်လည်း လူတိုင်း၏ နှုတ်ဖျား၌ ရနေပြီး၊ သိနေပြီးသည့် လင်္ကာလေးဖြစ်ပါသည်။
ထကြွခြင်းဆိုသည် လုံ့လဝီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်ခွန်စိုက်ရှိနေဖို့ ဖြစ်သည်။ နိုင်ငံတစ်ခုဖော်ဆောင် ရာမှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ ခေါင်းဆောင်လုပ်သည့် သူသည် အမြဲ တမ်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ၊ တက်တက်ကြွနှင့်ကိုယ်တိုင်ပါဝင်ဆောင်ဖို့ လိုပါသည်။ အပေါ်ကနေပြီး တစ်မိန့် တစ်အာဏာနှင့် ခိုင်းရုံမျှနှင့် မလုံလောက်ပေ။ ကိုယ်တိုင်တက်ကြွစွာ၊ လုံ့လဝီရိယစိုက်ထုတ်ကာ ဖော်ဆောင်မှသာလျှင် အောင်မြင်သော အခြေအနေများကို ပုံဖော်နိုင်ပါလိမ့်မည်။
ထို့အတူ နိုးနိုးကြားကြား ရှိနေဖို့လည်း အလွန်လိုအပ်သည်။ နိုးနိုးကြားကြားဆိုသည်မှာ ခေတ်အခြေအနေကို သိမြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ လေ့လာခြင်းမျိုးဖြင့် အခြားသူများ ဘာလုပ်နေသည်ကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးကြားနေရမည်။ သို့မဟုတ် မိမိ၏ တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားများ၏ အရေးကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးနိုးကြားကြားရှိနေ ရမည်။ အန္တရာယ်မျိုးစုံအောက်မှာ ကျရောက်နေလျှင်လည်း ဘာများ ကူညီမှုပေးရမည်ဆိုသည်ကို လေ့လာရမည်။ ကူညီနိုင်ရမည်။ သနားကြင်နာမှုများဖြင့် ဘဝတစ်ခုလုံးကို ကိုယ့်လက်အောက်ငယ်သားများ၏ အခွင့်အရေးများစွာအတွက် အသုံးချနိုင်သူဖြစ်နေရပါမည်။ ငါလုပ်နိုင်သည်ဆိုသည့် မာနစိတ်ဖြင့် မိမိလုပ်ရပ်ကို ဂုဏ်ယူနေစရာ မလို၊ ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးသွားပါလိမ့်မည်။ လော ကဓံများနှင့် ကြုံတွေ့သည့်အခါမှာလည်း သည်းခံနိုင်ရမည်။ အများအတွက်ဆိုသည့် စိတ်ဓာတ်ဖြင့် ဦးဆောင်နိုင်ရမည်။ ဖြစ်ပေါ်လာသည့် အန္တရာယ်မျိုးစုံ၏ လာရာ လမ်းကို သိရမည်။ ဘယ်လိုဖြေရှင်းရမည်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်သည့် စူးစမ်းလေ့လာမှု အားကောင်း ရမည်။ အစစအရာရာသိမြင်အောင် လုပ်ဆောင်ပြီး စာနာထောက်ထားမှု၊ ကြည့်ရှုစောင်မမှုဖြင့် ကူညီနိုင်ရမည်။ သည်နှစ်မှာ ကမ္ဘာနှင့်အဝန်း မိုးတွေ ကြီးသည်။ ပြည်သူတွေ အတိဒုက္ခရောက်ကြသည်။ ဒါတွေကို အကူအညီပေးနိုင်ရမည်။ လိုအပ်သည့် နေရာကိုလည်း သိအောင် လုပ်ဆောင်ရမည်။ မိမိတို့ကိုယ်တိုင်လည်း ရောက်အောင် သွားရမည်။ ဒါသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော နာယကဂုဏ် ခြောက်ပါးဖြင့် ကူညီမှု၊ ဖြေရှင်းမှု၊ ဆောင်ရွက်မှုများပင် ဖြစ်သည်။ သည်နေရာမှာ သည် အင်္ဂါရပ်များနှင့် အားလုံးအကျုံးဝင်နေသော ဇာတ်တော်တစ်ပုဒ်ကို အတုယူစေချင်သည့်အနေဖြင့် ဖော်ပြလိုပါသည်။
ဗုဒ္ဓသည် ခေါင်းဆောင်ကောင်းပီသသည်။ ကိုယ်တိုင် လေးဆယ့်ငါးဝါပတ်လုံး တစ်နေ့အိပ်ချိန် (၂) နာရီမျှလောက်သာ ကိုယ်ပိုင်အချိန်ထားပြီး အလုပ်များကို လုပ်ခဲ့သည်။ ဒါသည် သတ္တဝါများအတွက် ဖြစ်သည်။ မိမိအတွက်ဆိုလျှင်တော့ အထူး လုပ် စရာ မလိုတော့ပေ။ သုမေဓာဆိုသည့် ဘုရားအလောင်းဘဝဖြင့်ပင် မိမိအတွက်ကိုသာ ကြည့်မည်ဆိုလျှင် အာမခံချက်ရှိသွားပြီဖြစ်သည်။ သို့သော်ဘုရားဖြစ်ပြီး၊ မဖြစ်ခင်များမှာ ခေါင်းဆောင်ကောင်းပီသစွာ အလုပ်လုပ်ခဲ့သည်မှာ အတုယူစရာများသာ ဖြစ်သည်။ ယခုဗုဒ္ဓ ဟောကြား၊ သင်ကြားခဲ့သော ဖြစ်စဉ်များထဲမှ ထြ<ွကလုံ့လ ဝီရိယ၊ နိုးကြားမှု၊ မိမိ၏ လက်အောက်ငယ်သားများအပေါ် သနားကြင်နာမှု၊ သည်းခံမှုစွမ်းအား၊ ဝေဖန်ပိုင်းခြားနိုင်သည့် ပညာ၊ အားလုံးကို ခြုံငုံသုံးသပ်ပြီး မည်ကဲ့သို့ ကယ်တင်ရမည်ကို သိအောင် ထောက်လှမ်းပြီး အခြေအနေအရပ်ရပ်ကို ရှုမြင်လျှင် မိမိအောက်လက်ငယ်သားများအပေါ် ထမ်းဆောင်ခဲ့ပြီး မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ထမ်း ဆောင်ခဲ့၊ တာဝန်ကျေခဲ့သော ပြယုဂ်ကို အနည်းငယ်ထုတ်ပြချင်ပါသည်။
မောင်မင်းစိုး
ဆက်လက်တင်သွားပါမည်......


Wednesday, October 19, 2011

အမှာစကားအနည်းငယ်

သည်စာအုပ်ရေသားရခြင်းအကြောင်းလေးကို အနည်းငယ်လောက် ဦးစွာမိတ်ဆက်ပြောပြလိုပါသည်။ မိမိအနေဖြင့် ကြေးသွန်းဘုရားကြီး၏ ရာပြည့်သမိုင်းမော်ကွန်း မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ဦးဆောင်ပြီးလုပ်သည့်အခါ မထင်မှတ်ဘဲ ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခွင့်ရခဲ့သည်။ ထိုဆောင်းပါးသည်ကား ရေးသားသူ(ပဏ္ဍစ် ပီ ပေမ ရတန မဟာထေရ်) ဘာာသာပြန်- အရှင်သြသဓ (ဘုတလင်) ၏ ''လူသားမျိုးနွယ်အတွက် ဗုဒ္ဓ၏ ကျေး ဇူးပြုမှုများ'' ဆောင်းပါးဖြစ်ပါသည်။ ထိုဆောင်းပါးလေးကို အခြေခံပြီး ဒီစာအုပ်လေးကို ရေးဖို့ အကြံရလာခဲ့သည်။
တစ်ခါက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပြီးကာစ မဟတ္ထမဂန္ဒီဟာ အင်္ဂလန်ကို အလည်အပတ်ရောက်ရှိ လာပါတယ်။ သူဟာ အခြားသော အပေါင်းအဖော်တွေနဲ့ လန်ဒန်မြို့က လမ်းတွေပေါ်မှာ လမ်းလျှောက်လာရင်း နာမည်ကြီး ရတနာဆိုင်ကြီးတစ်ဆိုင်ရှေ့ရောက်တော့ ရပ်လိုက်ပြီး မှန်ခန်းထဲမှာ ခင်းကျင်းပြသထားတဲ့ ကျောက်မျက်ရတနာတွေကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့တယ်။ အဲဒါကိုမြင်တော့ ဆိုင်ရှင်ဟာ လမ်းပေါ် ပျာပျာသလဲထွက်လာပြီး မဟတ္ထမဂန္ဒီကို လေးလေးစားစား နှုတ်ဆက်တယ်။
'' ဂန္ဒီကြီး အခုလို ကြွရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့မှာ လှပေ့၊ တန်ဖိုးကြီးပေ့၊ အနုပညာမြောက်ပေ့ ဆိုတဲ့ ကျောက်မျက်ရတနာတွေ အများကြီးရှိပါတယ်။ ဂန္ဒီးကြီးကို တချို့ လက်ဆောင်ပေးလိုက်ချင်ပါတယ် '' လို့ ပြောတယ်။ အဲဒီတော့ ဂန္ဒီက အခုလို ပြန်ပြောတယ်။
'' ဒီအံ့သြဖွယ်ကောင်းတဲ့ ကျောက်မျက်ရတနာတွေကို မြင်တွေ့ရတော့ ကျုပ်အဖို့ အထူးအဆန်းဖြစ်ရပါတယ်။ ကျုပ်ကိုကျုပ်လဲ အံ့အားသင့်ရပါတယ်။ တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုကိုလဲ ကျုပ် လက်ခံလိုက်ပါပြီ။ အဲဒါက ဒီတန်ဖိုးရှိတယ်ဆိုတဲ့ ကျောက်မျက် ရတနာတွေမရှိဘဲနဲ့လဲ ကျုပ်ဘဝကို ရှင်သန်နေထိုင်နိုင်တယ်ဆိုတဲ့အချက်ပါပဲ ''
မှန်သည်။ ကျုပ်တို့တစ်တွေအနေနဲ့ တန်ဖိုးရှိသည့် အရာတွေမရှိသော်လည်း နေထိုင်နိုင်ပါသည်။ သို့ပေမယ့် ဂန္ဒီကြီးလို စိတ်ကောင်းစိတ်မြတ်တွေကိုတော့ ပိုင်ဆိုင်ထားကြဖို့လိုပါသည်။ ဒါဟာ လူသားတိုင်းအတွက် အရေးကြီးတဲ့အချက်လည်းဖြစ်ပါသည်။ သည်စာအုပ်လေးမှာလည်း ဗုဒ္ဓ၏သင်ကြားချက်အနေဖြင့် စိတ်ဓာတ်များကို အထူးသဖြင့် သင်ကြားထားခြင်းလည်း ဖြစ်ပါသည်။ ရုပ်ဝတ္ထုများထက် အရေးကြီးသော စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုများကို ဗုဒ္ဓအနေဖြင့် အထူးသဖြင့် သင်ကြားခဲ့ခြင်းဖြစ်ပါသည်။
တိုးတက်ပြောင်းလာသည့်အားလျော်စွာ အစဉ်အလာများသည်လည်း တစ်ခုပြီးတစ်ခု ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်သည်လည်း တိုးတက်မှုတစ်ခုဆီသို့ ဦးတည်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ပြည်သူ့အသံကို နားစွင့်နေသည့် အစိုးရသည်လည်း မူဝါဒအသစ်များဖြင့် ပြောင်းလဲမှုဆီသို့ ဦးတည်နေခဲ့သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုရမည်သာဖြစ်သည်။ သို့အတွက် နိုင်ငံတော်သစ်ဆီသို့ ချီတက်သည့်အခါ သည်စာအုပ်လေးအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုလိမ့်မည်ဟု ထင်ပါသည်။ နိုင်ငံမှမဟုတ်ပေ အခြားသော လူမှုရေးလုပ်ဆောင်ချက်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း သည်စာအုပ်လုပ်လေးအနေဖြင့် အထောက်အကူ ပြုလိမ့်မည်လိမ့်ဟု ထင်ပါသည်။ သို့သော် ဂန္ဒီကြီး၏ထုံး နှလုံးမူပြီးတော့ ဗုဒ္ဓ၏ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်သော သင်ကြားချက်များဖြင့် အကောင်အထည်ဖော်ကာ တည်ဆောက်သွားရန် လိုအပ်ပါသည်။
သည်စာအုပ်လေဟာ ဗုဒ္ဓရဲ့သင်ကြားချက်များကို အခြေခံပြီး ရေးသားထားသည့်အတွက် ဘာသာတရားကို လေ့လာလိုသူများ အနေဖြင့်လည်း ဖတ်သင့်သည်ဟု ထင်ပါသည်။ ထို့အတူ လူသားတိုင်းအနေဖြင့် သိသင့်သိထိုက်သည့် လူ့အခွင့်အရေးများကိုလည်း သိရမည်ဖြစ်ပါသည်။ နိုင်ငံတစ်ခုတည်ဆောက်ခြင်းဟု ခေါင်းစဉ်အနေဖြင့် ကြီးကျယ်မည်ဟု ထင်ရသော်လည်း ဗုဒ္ဓ၏သင်ကြားမှုများသည် နိုင်ငံတစ်ခုသာမဟုတ် ကမ္ဘာကြီးတစ်ခုလုံးကိုလည်း လွှမ်းခြုံထားခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ဆာလောင်နေသည့် စစ်မျက်မှာပြင် များအနေဖြင့်လည်း မေတ္တာတရား၊ ခန္တီတရား၊ ကရုဏာတရားဖြင့် ပြန်လည်ဦးမော့လာစေနိုင်ရန်အတွက်လည်းကောင်း၊ ထို့အတူ လူသားအခွင့်အရေးများ၊ ကူညီရိုင်းပင်းမှုများ၊ စာနာထောက်ထားမှုများကိုလည်း ဗုဒ္ဓအနေဖြင့် သင်ကြားခဲ့သည့်အတွက် တစ်ကမ္ဘာလုံးနှင့် ဆိုင်သော သင်ကြားချက်များဟု ညွှန်းဆိုရမည်သာဖြစ်ပါသည်။
သည်စာအုပ်လေးနှင့် ပတ်သက်ပြီး ကူညီခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ အထူးသဖြင့် အစစအရာရာ ကူညီမှုပြုခဲ့ပါသော ကဗျာဆရာစိုးမင်းအောင်၊ ကဗျာဆရာညီမွန်၊ မဌေးဌေးဝင်းတို့အား ကျေးဇူးတင်ရှိ ပါသည်။ စာနှင့်တစ်သွယ်၊ ဖုံးနှင့်တစ်ဖုံ အားပေးကြသည့် စာဖတ်ပရိသတ် အား လည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါ သည်။ စာဖတ်သူအနေဖြင့်လည်းကောင်း၊ နောက်မည် သည့်အဖွဲ့အစည်းမှာမဆို စာအုပ်မှာပါသည့် မြတ်ဗုဒ္ဓ၏ သင်ကြားချက် အနေဖြင့် တစ်ထောင့်တစ်နေရာမှ အကျိုး သက်ရောက်မှုရှိမည်ဆိုလျှင် ရေးသားရကျိုးနပ်ပါကြောင်း။

ချစ်ခင်လေးစားစွာဖြင့်
မောင်မင်းစိုး

ဗုဒ္ဓ၏ သင်ကြားမှုဖြင့် နိုင်ငံတစ်ခုတည်ဆောက်ခြင်း

ပါဝင်မည့် မာတိကာများ
အမှားစကားအနည်းငယ်

အခန်း(၁)
နိဒါန်း (သို့မဟုတ်)
စစ်မှန်သော သင်ကြားချက်များ

အခန်း(၂)
နာယကဂုဏ် (၆) ပါး
အများအတွက် အသက်စွန့်သူ မျောက်မင်း

အခန်း(၃)
အဂတိတရား (၄) ပါး
အဂတိ လေးပါးနှင့် ပသေနဒီကောသလမင်းကြီး
လာဘ်စားသော မင်း
ပညာရှိစကားနားထောင်လျှင် ချမ်းသာစမြဲ

အခန်း(၄)
ပါရမီများနှင့် ဘုရားရှင်
၁။ ဒါနပါရမီ
၂။ သီလပါရမီ
၃။ နေက္ခမ္မပါရမီ
၎။ ပညာပါရမီ
၅။ ဝီရိယပါရမီ
၆။ ခန္တီပါရမီ
၇။ သစ္စာပါရမီ
၈။ အဓိဋ္ဌာန်ပါရမီ
၉။ မေတ္တာပါရမီ
၁ဝ။ ဥပေက္ခာပါရမီ

အခန်း(၅)
လူသားဝါဒ (သို့မဟုတ်) အတ္တဝါဒ

အခန်း(၆)
လူမှုရေးများနှင့် ဗုဒ္ဓ
ဇာတ်စနစ်
အတွေးအခေါ်လွတ်လပ်ခွင့်
ကာလာမသုတ် သင်ကြားချက်
တစ်ဆင့်စကားကြားရုံဖြင့် ယုံကြည်မှုကြောင့် ဒုက္ခရောက်
အမျိုးသမီးအခွင့်အရေး
လူမမာများအပေါ် ကြင်နာခြင်း
ဂိလာနရဟန်းနှင့် ဗုဒ္ဓ
ကိုယ်တိုင်ခံစားသူတစ်ဦး၏ ဖွင့်ဟမှုများ
အဟိံသ- အကြမ်းမဖက်ခြင်း (သို့မဟုတ်) မရက်စက်ခြင်း
အစဉ်အလာကို ရဲရဲဝံ့ဝံ့ဖျက်ဆီးသူ
ကိုယ့်အားကိုယ်ကိုး သင်ကြားချက်
တိုင်းသူပြည်သားလည်း တရားမစောင့်
တေသကုဏဇာတ်
ဇီးကွက်(ခင်ပုပ်ငှက်)ရဲ့ အရည်အချင်း
သာလိကာမလေး(ကုဏ္ဍလိနီ)ရဲ့ အရည်အချင်း
ဇမ္ဗုက ကျေးသား၏ အရည်အချင်း
စကြဝတေးမင်း၏ ကျင့်စဉ်
အမိကို လုပ်ကျွေးသော သီလဝဆင် အကျင့်
လူတိုင်းသီလရှိလျှင် တိုင်းပြည်အေးချမ်းမည်
သိဝိဘုရင်၏ ဒီမိုကရေကျင့်ထုံး နှင့်
ဝေဿန္တရာမင်း၏ စွန့်လွှတ်မှုများ
စိတ်နှလုံးကောင်းမွန်သည့် ယုန်ပညာရှိ အကျင့်
သဘောထားပြည့်တဲ့ ကျွဲမင်းအကျင့်
ယုဉ္ဇယမင်းသား အကျင့်
မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်
စမ္ပေယျနဂါးမင်း အကျင့်
အယောဃရ(သံလှောင်အိမ်)မင်းသားအကျင့်
တစ်ဦးတစ်ယောက်နှင့်ပင် မဆန့်ကျင်

အခန်း(၈)
ပညာရေး သင်ကြားချက်
ကုလရဲ့ ပညာရေး ညွှန်းကိန်း
ဗုဒ္ဓ၏ ပညာနှင့် ပတ်သက်သော သင်ကြားချက်များ
ပညာရှိအယူအဆ ကွဲပြားခြားနားချက်


အခန်း(၉)
အပရိဟာနိယတရား ခုနှစ်ပါး
ကြီးပွားကြောင်း ညီညွတ်ခြင်း လမ်းစဉ်
ရှေးဟောင်းအယူအဆ၏ အပြစ်နှင့် အကျိုး

အခန်း(၁ဝ)
သင်္ဂဟဝတ္ထု လေးပါး


အခန်း(၁၁)
လူအမျိုးမျိုး စိတ်အထွေထွေ
နိဂုံး (သို့မဟုတ်) ဆုံးမရန် ခက်ခဲသူများအတွက် တရားတစ်ပုဒ်

ဗုဒ္ဓ၏ သင်ကြားမှုဖြင့် နိုင်ငံတစ်ခုတည်ဆောက်ခြင်း

မကြာခင်မှာ ဒီစာအုပ်လေးကို တင်ပေးသွားပါမယ်။
အခုတလော ကွန်နရှင်ကလည်း မကောင်းတော့
တင်ဖို့ ခက်နေတယ်။
(ဗုဒ္ဓ၏ သင်ကြားမှုဖြင့် နိုင်ငံတစ်ခုတည်ဆောက်ခြင်း)
မောင်မင်းစိုး

Thursday, September 1, 2011

ဝေး၀ါးနေတဲ့ အရိပ်



အမြင်မကောင်းရင်တော့
အကောင်းမြင်မှာ မဟုတ်ဘူး။
လတ်လတ်ဆပ်ဆပ် စိတ်ကို နှူးနှပ်ဖို့
ဟိုဝါဒ၊ ဒီဝါဒတွေကို ပုံဖော်ဖို့
ကျွန်တော်တို့ ဘယ်လောက်ထိ သဲထဲရေသွန်ကျဦးမလဲ။
မိုင်ထောင်ချီ မပျံသန်းနိုင်တောင်
တစ်လှမ်း၊ နှစ်လှမ်းလောက်တော့
ရှေ့တိုးရပ်ဖို့ လိုတယ်။
အမှောင်ထဲက မီးပွင့်လေးဟာ
မျှော်လင့်ချက် ခပ်ပါးပါးနဲ့
အစွမ်းကုန်း လင်းလို့။
သံသရာမှာ
သေတစ်နေ့၊ မွေးတစ်နေ့ဆိုတာတွေ
ထပ်ထပ်တိုးလို့။
ခင်ဗျားနဲ့ကျုပ်
ကိုယ့်လမ်းကြောင်းပေါ်မှာ
ဘာတွေ ဖြစ်လာဦးမှာလဲ။
ခင်ဗျားလည်း ခင်ဗျားအတိုင်း
ကျုပ်လည်းကျုပ်အတိုင်း
အရိပ်တွေကိုယ်စီနဲ့ လျှောက်ကြရမယ်။
မောင်မင်းစိုး

ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်(နွေရာသီကလေ;အထူးတရားပွဲ)


Friday, August 26, 2011

ပန်းပန်မှ လှမယ်တရားတော်




(ကြိုတင်အသိပေးခြင်း)ဆရာတော် ဦးကေသရ(မေတ္တာကေ)ဟောကြားတော်မူသည့်
"ဆင်းရဲငြိမ်းအေး ချမ်းသာရေး"တရားတော်ကိုလည်း မကြာမှီ တင်ပေးသွားပါမည်။

Wednesday, August 17, 2011

မောင်မင်းစိုး(ရွှေနံ့သာ)့၏ လမ်းသုံးသွယ်နှင့် လျှောက်ရမည့်လမ်း(ဗီဒီယိုဖိုင်)

စာပေဟောပြောပွဲ(အပိုင်း-၁)





စာပေဟောပြောပွဲ(အပိုင်း-၂)



မောင်မင်းစိုး(ရွှေနံ့သာ)၏ စာပေဟောပြောပွဲခရီးစဉ်များအနက်မှ
စစ်ကိုင်းတိုင်း မုံရွာခရိုင် ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ
မြန်မာ့အလင်း ခေတ်မှီစာကြည့်တိုက်ဖွင့်ပွဲ စာပေဟောပြောပွဲမှာ
သူတတ်ထားတဲ့ စာပေပညာရပ်လေးနဲ့ အသိဥာဏ်အားနဲလှတဲ့
ကျေးလက်နေ မိဘပြည်သူများအား စာပေအာဟာရများ တိုက်ကျွေး
ခဲ့ပုံလေးကို ပြည်ပရောက် စာပေချစ်သူ လူငယ်ပရိသတ်များအတွက်
တင်ဆက်ပေးလိုက်ရပါတယ်။

အစာမစားလျှင် ရုပ်ခန္ဓာသေမည်

စာမဖတ်လျှင် အသိဥာဏ်သေမည်

ထို့ကြောင့်..

အသိဥာဏ်မသေချင်လျှင် စာဖတ်ပါ။

Tuesday, August 9, 2011

ဆိုမာလီယာ ကျမ္မာပါစေ..




မျှော်လင့်ချက် ကင်းမဲ့ပြီး ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့

သားငယ်ကို လက်မှာဆွဲပြီး ဒုက္ခတနင့်တပိုးနဲ့ မနိုင်ဝန်ကိုထမ်းလို့

ကလေးတွေ အစာမဝဘူး၊ ကျောင်းမနေရဘူး၊ ရေမဝဘူး၊

အေဂျီအိုင် တီရှပ်နဲ့ အငတ်ဘေးဆိုက်လို့

နေရာသစ်ကို ပြောင်းကြတယ်

ဒါဟာ ၂၁ရာစုရဲ့ အကြီးမားဆုံး ဒုက္ခသည် ပြောင်းရွေ့ခြင်းပဲ။



မိုးခေါင်ရေရှားပြီး အဆိုးဝါးဆုံး သဘာဝ ကပ်ဘေးနဲ့

ပြည်တွင်းစစ်ရဲ့ မပြီးဆုံးနိုင်သေးတဲ့ ဒုက္ခ သုက္ခတွေနဲ့

နာကျင်ခိုက်ခဲစရာ ရောဂါမျိုးစုံနဲ့၊ အစာအာဟာရ ပြတ်လပ်မှုနဲ့

တရိပ်ရိပ် မြင့်တက်လာတဲ့ စားနပ်ရိက္ခာနဲ့

တလှပ်လှပ် ခံစားနေရတဲ့ ဝမ်းတွင်းအပူတွေနဲ့

တုန်တုန်ရီရီ အော်ဟစ်မြည်တမ်းနေတဲ့ ဆာလောင်မှုတွေနဲ့

ဆိုမာလီယာ . . .

မင်းတို့ဟာ ကပ်ဘေးမျိုးစုံရဲ့ သားကောင်တွေပဲ။



တစ်ချို့က

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်

အူမ မတောင့်လို့ သီလ မစောင့်နိုင်ကြဘူး

ပင်လယ်ကို အန်တုပြီး ဝမ်းရေးအတွက် တိုက်ပွဲဝင်ကြရတယ်။

ဒါဟာ ဆာလောင်နေတဲ့ အသံတွေရဲ့ အမှန်တရားလား။



သစ္စာရှိပါ ကမ္ဘာမြေ၊ သင့်ရဲ့ နုညံ့တဲ့ လက်တော်ထဲ

ဒုက္ခသားကောင်တွေ တည့်တည့်တိုးဝင်လာခဲ့ပြီ

ဒူးထောက်ပြီး၊ လက်ဖြန့်ထားတဲ့ လက်အစုံကို ပုတ် မချလိုက်ပါနဲ့

ကျယ်လောင်တဲ့ ဆာလောင်သံတွေနဲ့ ဆိုမာလီယာဟာ အသက်ရှူ မဝဘူး

တကယ်တော့ ဒါဟာ ဘယ်လိုမှ မျှော်လင့်မထားတဲ့

၂၁ရာစုရဲ့ ကြီးကျယ်ဆိုးရွားလှတဲ့ လူမှုရေးရာ ကပ်ဆိုက်မှုပေါ့။

ဆို မာ လီ ယာ ကျန်း မာ ပါ စေ။

မောင်မင်းစိုး(ရွှေနံ့သာ)

Tuesday, July 26, 2011

``မရူးလွင့်ရန် လေ´´ ကဗျာစာအုပ် မိတ်ဆက်ပွဲကို အင်းဝစာအုပ်တိုက်၌ စည်ကားစွာကျင်းပ

အင်းဝစာအုပ်တိုက်နှင့် ရွှေနံ့သာ စာပေတိုက်တို့ ပူးပေါင်းတင်ဆက်သော

မောင်မင်းစိုး

ဆူးရင့်

စိုးမင်းအောင်

လင်းသဏ်ညီ

ညိုပြာဝိုင်
ရေးသားထားသော ``မရူးလွင့်ရန်လေ´´ ကဗျာစာအုပ် မိတ်ဆက်ပွဲကို

၁၇-၇-၂၀၁၁(စနေနေ့) နေ့လည်(၂နာရီ မှ ညနေ ၄နာရီအထိ) အင်းဝစာအုပ်ဆိုင်

အမှတ်-၂၀၁/၃၀၁ (မြေညီထပ်) ပန်းဆိုးတန်း၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား မြင်ကွင်း အနည်းငယ်ကို မျှဝေလိုက်ပါသည်။


လာရောက် ချီးမြှင့်အားပေးကြပါသော ဆရာ၊ ဆရာမများ၊ ကဗျာချစ်သူများအားလုံးတို့အား

မရူးလွင့်ရန်လေ ကဗျာစာအုပ် ဖြစ်မြောက်ရေးအဖွဲ့မှ အထူးပင် ၀မ်းသာ ဂုဏ်ယူပါကြောင်း

မှတ်တမ်းတင်အပ်ပါသည်။

ရွှေနံ့သာ စာအုပ်တိုက်(မောင်မင်းစိုး)​ 09- 730 23366 သို့ တိုက်ရိုက် ဆက်သွယ် မှာယူနိုင်ပါသည်။



(စီစဉ်သူ အားလုံး၏ ကိုယ်စား မောင်မင်းစိုး)

mgminsoe777@gmail.com

http//www.shwenantthar.com











Tuesday, July 19, 2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအတွက် အလှူရှင်အသီးသီးမှ ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်း(နောက်ဆက်တွဲ)



















အလှူရှင်များအတွက် ဆုတောင်း
သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

ပေးလှူကြသူ များဗိုလ်လူတို့ ဒါနစသား ကုသိုလ်တရား၌ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၍
ညီညွတ်မွေ့လျော် သာသနာတော်၌ မေ့လျော့ပမာဒ ကင်းစင်ပလျှက် သမ္မာဒေ၀ါ
နတ်ဗြဟ္မာတို့ အထူးယုယ စောင့်ရှောက်ကြသည် မုချဧကန် ဖြစ်စေသော်ဝ်

Monday, July 11, 2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအတွက် အလှူရှင်များမှ ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်း


နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် English Language သင်တန်းကြီး
ရေရှည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ၁၃၇၃-ခုနှစ်၊ကဆုန်လဆန်း(၁၃)ရက်၊
(၁၅-၅-၂၀၁၁) တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းရွာ
ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ သင်တန်းထာဝရငွေပဒေသာပင်
စိုက်ထူလှူဒါန်းပွဲကျင်းပရာ ကျေးရွာအသီးသီးရှိ အလှူရှင်ဦးရေ(၄၀)ကျော်တို့မှ
သင်တန်းကြီး၏ သြ၀ါဒစရိယဆရာတော် ဦးစိန္တာမယထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး
ထာဝရငွေပဒေသာပင်အတွက် အလှူငွေစုစုပေါင်း(၁၀)သိန်းကျော်ခန့်ရရှိကြောင်း
သိရှိရပါတယ်။
ထာဝရငွေပဒေသာပင် စိုက်ထူလှူဒါန်းကြသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
အများသူငါ မုဒိတာပွားတိုးနိုင်ရန်အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။





















(အသိပေးခြင်း)ကျန်ရှိနေသေးသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
ဆက်လက် ဖော်ပြပေးသွားပါမည်။

Tuesday, July 5, 2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီး၏ စွမ်းဆောင်မှု ပုံရိပ်များ(အပိုင်း-၁-)




ဤနွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးကို
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ၊ကမ္ဘာ့ရန်ကင်း
ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သင်ကြား လာခဲ့သည်မှာ ယခုအကြိမ်ပါ
ဆိုလျှင် (၆)ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။
မိမိရပ်ရွာ ဘာသာရေး၊ သာသနာရေးစိတ်ဓာတ် ပြင်းထန်ကြသည့်
မွေးရပ်မြေမှ သံဃာတော်အရှင်သူမြတ်လေးများ၏ မဆုပ်နစ်သော ဇွဲ၊လုံ့လ၀ီရိ ကြောင့်
သာလျှင် ယခုလို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရ
ပေမည်။
ယခုနှစ် (ဆဌမအကြိမ်)မြောက် ဖွင့်လှစ်သင်ကြားသည့် သင်တန်းကြီး
အနေဖြင့် ယခင်နှစ်များနှင့်မတူ တမူထူးခြားလာသည်ဟု ဆိုချင်ပါသည်၊အဘယ့်ကြောင့်
ဟူမူ စာရေးသူ စိတ်ထဲတွင် ဘယ်တုန်းကမှ မျှော်လင့်မထားသော မျှော်လင့်မထားရဲသော
မိမိရပ်ရွာမှ စေတနာရှင်များက ဤသင်တန်းကြီး ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ရေး
အတွက် သင်တန်းရံပုံငွေများ အားတက်သရော ထည့်ဝင်လှူဒါန်းလာကြခြင်းဖြစ်ပါသည်။
ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက် အချိန်ကာလအထိ အခုလို
ရပ်ရွာမှ အားတက်သရော ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင် များများစားစား မရှိခဲ့သော်လည်း
ဤအကြိမ် ဤနှစ်မှာတော့ မွေးရပ်မြေမှ အလှူရှင်ဦးရေ စုစုပေါင်း (၄၀)ကျော်ထိ ပါဝင်လှူဒါန်း
လာကြသည့်အတွက် အားလုံးကိုယ်စား အထူးပင် ကျေနပ်အားရ ပီတိဗလပွ ဖြစ်မိပါသည်။
"" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ"" ဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာ ဗုဒ္ဓ
ဘာသာတရား စာပေများက ပြန်လည်စောင့်ရှောက်သည်ဟု ယူဆမိပါသည်၊ တစ်ချိန်က ဤ
သင်တန်းကြီး ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မှ အလှူရှင် ဒကာ ဒကာများနှင့် ပြည်ပရောက်
မွေးရပ်မြေမှ စေတနာရှင် လူငယ်ဒကာလေးများကိုသာ အားကိုးခဲ့ရပါသည်။
ယခုတော့ ""ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက်
ဖြောင့်ဖြောင့်လိုက်၏""ဆိုတဲ့အတိုင်း ပြည်ပရောက် အမျိုးဘာသာ သာသနာချစ်စိတ် ရှိသူများရဲ့
ရှေ့ဆောင်လမ်းပြကောင်းမှု၊ သင်တန်းပြဆရာတော် အရှင်သူမြတ်များရဲ့ မှန်ကန်သော
စွမ်းဆာင်ချက်များကြောင့် ရပ်ရွာသူ ရပ်ရွ့ာသားများလည်း သဒ္ဓါဓာတ်များ ကူးစက်ခါ
သင်တန်းရံပုံငွေ အလှူငွေများ ထည့်ဝင်လှူဒါန်းလာကြသည်မှာ ရပ်ရွာအတွက်သာ
သာမက သာသနာ ဘာသာအတွက်ပါ အကျိုးကြီးမားမည်မှာ မလွဲပါကြောင်းနှင့်
သင်တန်းကြီးရဲ့ စွမ်းဆောင်ချက် ပုံရိပ်လေးများကို အပိုင်း(၁)အနေဖြင့် တင်ပြပေးသွားမှာပါ။

တကယ်တော့ ဤသင်တန်းပြီးဆုံးခဲ့သည်မှာ တစ်လကျော်ခန့်ပင်ရှိချေပြီ၊
သို့သော်ငြားလည်း အချိန်မှီ မှတ်တမ်း ဓာတ်ပုံများ ရောက်မလာနိုင်ခဲ့သဖြင့် နောက်ကျပြီးမှ
တင်ပေးနိုင်ခြင်း ဖြစ်ပါသည်၊သို့အတွက်ကြောင့် နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း
ကြီး၏ လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံများကို အခုလို မိုးရာသီရောက်မှ တင်ပေးနိုင်ခြင်းကို
နားလည်ခွင့်လွှတ်ပေးကြပါလို့ ပြောကြားရင်း အောက်ဖော်ပြပါ စွမ်းဆောင်ချက် ပုံရိပ်လေးများကို
ကြည့်ကာ ကြည်ညိုသဒ္ဓါစိတ်များ ပွားတိုးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။



သင်တန်းကြော်ငြာ ပိုစတာဆိုင်းဘုတ်အား တွေရစဉ်

သင်တန်းသူ/သားလေးများ စာမေးပွဲဖြေဆိုနေကြစဉ်
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင် ဆရာတော်များ
သင်တန်းနည်းပြနှင့် သင်တန်းရံပုံငွေ ရှာဖွေရေးဆရာတော် ဦးဓမ္မ၀ရ

ဆုနှင်းသဘင် အခမ်းနာသို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူလေးများ

ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ


သင်တန်းအောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်နေစဉ်
ယဉ်ကျေးမှုသင်တန်း အကြီးအဖွဲ့မှ ဆုရရှိကြသည့် သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အလတ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အငယ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်၊သမီးငယ်လေးများ










သင်တန်း ဆုနှင်းသဘင်အခမ်းနားအပြီး အဖွဲ့လိုက် အမှတ်တရ

တရားနာယူနေကြသည့် သားငယ် သမီးငယ်လးများ
( ကလေးမြို့၊ချင်းဆိုင်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ သုမင်္ဂလမှ ပထမည၌ဟောကြားစဉ်
ဓမ္မကထိက ဆရာတော် ဦးပညာဇောတ(ရွှေနံ့သာစံပြ)မှ ဒုတိယည၌ ဟောကြားစဉ်
ဆရာတော် ဦးကေသရ(မေတ္တာကေ)မှ တတိယည၌ ဟောကြားစဉ်


တရားနာယူနေကြသည့် သင်တန်းသူလေးများနှင့် ရပ်ရွာဒကာ ဒကာမများ



(အသိပေးမှာကြားချက်) ကျန်ရှိနေသေးသည့် သင်တန်း ရံပုံငွေအတွက် ထည့်ဝင်လှူဒါန်းကြသည့်
အလှူရှင်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်ပရောက် ရွာသူ ရွာသားများ
ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ရေးအတွက် အပိုင်း(၂)တွင် ဆက်လက်ပြီး ဝေေ၀ဆာဆာ ဖော်ပြ
ပေးသွားပါမည်။