နာကျင်နေတဲ့ အနာအဆာနဲ့ ဆာနေတဲ့ အနာတွေရဲ့
တုန့်ပြန်ကိုက်ခဲမှု ဒဏ်ရာတွေကို ချိုးဖဲ့စားသောက်နေရတာ
တစ်ညလုံး တစ်ယောက်တည်း စူးစူးဝါးဝါးအော်သံတွေနဲ့
တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်မှုတွေနဲ့ ကြောက်တယ်။
မလိုအပ်ဘူး မလိုချင်ဘူး ငါ့မှာ နွေးနွေးထွေးထွေး
နွေးထွေးတဲ့ မေတ္တာအတုနဲ့ သေခြင်းတရားကို အသေအချာ မြင်ရတာ
နံရံပေါ်ချိပ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ မွတ်သိပ်မှုတွေအတွက်
ဘယ်လိုသစ္စာတရားနဲ့ အသစ်ဆာလောင်မှုတွေကို ဖြေရှင်းကြမှာလဲ။
ကမ္ဘာကြီးရဲ့ ဝပ်ကျဉ်းတစ်ခုမှာ ဝဋ်ကြွေးတွေ ကျဉ်းမြောင်းသွားစေဖို့
တောင်းဆုချွေသံတွေနဲ့ စိတ်တွေ မောမောဟိုက်ဟိုက် မောဟိုက်နေခဲ့တာ
ဘယ်လိုအမှားတွေနဲ့ မှားမှားယွင်းယွင်း မှားယွင်းနေကြဦးမှာလဲ
တစ်ခါတလေတော့လည်း မေးခွန်းတွေက မေးမောနေခဲ့ရပါတယ်။
ဒီတစ်နှစ်ကုန်တော့ နောက်တစ်နှစ် နောက်တစ်နှစ်ကုန်တော့ နောက်ထပ်နှစ်တွေပေါ့
နှစ်တွေထဲ နစ်မြှပ်နေခဲ့တာ မြှပ်နေတဲ့နှစ်တွေ ထပ်ထပ်ပြီး နစ်နေခဲ့တာ
နိုးတစ်ဝက် အိပ်မက်တဲ့ အိပ်မက်တောင် တစ်ဝက်ပဲ နိုးနေရတဲ့ ဒီဘဝမှာ
ခံတပ်တွေ လုံအောင်ဖာဖို့၊ ဖာဖြစ်သွားတဲ့ ဖားတွေရဲ့ အော်သံက
ငါတို့ရဲ့ ပူလောင်မှုတွေနဲ့ ပူနေတဲ့အမှုတွေ လောင်းကျွမ်းနေခဲ့တယ်။
တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့
လိုအပ်မှုတွေက တစ်ရစ်ပြီး တစ်ရစ် ယစ်ရစ် တက်လာနေခဲ့တယ်။
မောင်မင်းစိုး
(၁၇-၁၁-၂ဝ၁၁)
No comments:
Post a Comment