Sunday, January 31, 2010

အဖေရယ်…သားရယ်…လောကကြီးရယ်



ဆာနေတဲ့စိတ်ကို ကောက်ကောက်ပြီး ပစ်လွှင့်နေခဲ့တယ်
ဘယ်လိုမှမပြောင်းလဲတဲ့ ညတွေရယ် နက်တယ်
တရွေ့ရွေ့တက်တက်လာတဲ့ လေချဉ်က အနံ့ပြင်းပြင်း
``ရှူး´´တိုးတိုးဆိုတဲ့အသံတွေက အွန်လိုင်းပေါ် ကျယ်ကျယ်လောင်လောင်
မှေးစင်းနေတဲ့ မျက်ဝန်းအစုံထဲ အပြာရောင်ကောက်ကြောင်းတွေက တုန်ခါလို့
``မငိုပါနဲ့ ကလေးရယ်´´ ချော့တိတ်သံက နားထဲမှာ တဟုန်ထိုး
အခု.. အပျံသင်စ ငှက်ကလေးရဲ့ တွတ်တီးတွတ်တာ သံတွေက
``ကမ္ဘာကြီးက အခု ဘာဖြစ်လို့ ပြားသွားပြန်တာလဲ´´
``ဖေဖေကရော မေ့မေ့ကို ချစ်ရဲ့လား´´
``သားသား ဘယ်တော့ကျောင်းတက်ရမှာလဲ´´
``ဗိုက်ဆာနေပြီ မေမေ´´
``ဖေဖေ ပြန်မလာသေးဘူးလား``
ဇောက်ထိုးမိုးမျှော် စိတ်ကူးတွေနဲ့ ယိမ်းနွဲ့ကခုန် ဘယ်ညာရမ်းလို့
အဖေ့ရဲ့ အိမ်ပြန်လမ်းမှာ သားကဆီးကြိုမနေဘူး
တဖြည်းဖြည်း နီးနီးလာတဲ့ အဓိပ္ပါယ်မဲ့ စစ်တမ်းတွေအောက်
ထမင်းရည်ပူလောင်ခဲ့တဲ့ ခြေထောက်တွေဟာ ခံစစ်မှာရပ်လို့
``မအိုပါလို ငါကဆိုလည်း ငါဆိုမရ အိုကြရ အနတ္တခန္ဓာကိုယ်´´
``မနာပါလို ငါကဆိုလည်း ငါဆိုမရ နာကြရ အနတ္တခန္ဓာကိုယ်´´
``မသေပါလို ငါကဆိုလည်း ငါဆိုမရ သေကြရ အနတ္တခန္ဓာကိုယ်``
မပြီးဆုံးနိုင်သေးတဲ့ ဘ၀ဇာတ်ခုံ ၀င်္ကပါထဲ အူသံတွေ မစဲတော့ဘူး။
မောင်မင်းစိုး

……………..သို့


ဟောင်းနွမ်းပုပ်သိုး ဆွေးမြေ့နေတဲ့

လူ့အဖွဲ့အစည်းကို လျှော်ဖွပ်သန့်စင်ဖို့

ပညာတတ် လူယဉ်ကျေးတွေ

ဘယ်နှစ်ယောက်လောက် စတေးရမှာလဲ

မေးခွန်းတွေထဲ

…ရွာသွန်းမိတယ်။

ဇော်မိုးလွင်