Thursday, June 10, 2010

သံသယကင်းအောင် နေထိုင်ခြင်း

လူငယ်နဲ့ခေါင်းဆောင်မှု..........အဆက်

ဟုတ်ပြီ။ ဒီလိုဆိုရင် လောကကြီးမှာ တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ လူဆိုတာ တစ် ယောက်တည်း နေထိုင်လို့ရတဲ့ သတ္တဝါမဟုတ်တော့ အများနဲ့ပေါင်းသင်းဆက်ဆံမှုတွေ လုပ်ရတော့မယ်။ ဒီတော့ အများကို ကိုယ်က သွားပေါင်းမှာလား။ သို့မဟုတ်ရင် ကိုယ်ကအများရဲ့ ကိုးစားမှုကိုခံယူပြီး အများအတွက် စံအဖြစ်ထားကာ အများကကိုယ့်ကိုယ် သာ လာပြီးပေါင်းသင်းစေအောင်လုပ်မှာလား။ ဒီလိုဆိုရင်တော့ အများအတွက် စံသတ်မှတ်ဖို့ ကိုယ့်မှာ အများက ယုံကြည်လေး စား တန်ဖိုးထားနိုင်လောက်တဲ့ စံနှုံးတွေနဲ့ ပြည့်စုံနေဖို့ လိုတယ်မဟုတ်လား။ သံသယများနဲ့ နေထိုင်ဖို့ ဘယ်လိုမှမဖြစ်တော့ဘူးပေါ့။ အများကို သံသယမရှိဖို့ လိုသလို၊ ကိုယ့်ကိုယ်ကိုလည်း သံသယများကင်းကင်းရှင်းရှင်း နေထိုင်တတ်ဖို့ အရေးကြီးပြီပေါ့။
ဟိုလူကိုလည်း မယုံကြည်၊ ဒီလူ့ကိုလည်းမယုံကြည်တာတွေ ဖြစ်နေရင်တော့ ကိုယ်သွားရမယ့် လမ်းဟာဘယ်လိုမှ ဖြောင့် ဖြူးသာယာနေမှာ မဟုတ်တော့ဘူး။ ကိုယ်ကအထက်ကနေ နေပြီဆိုရင်တော့ အားလုံးကို ယုံယုံကြည်ကြည်ဖြစ်ဖို့၊ တန်းဖိုးထား လေးစားဖို့၊ ဘယ်သူ့ကိုမှ လူမထင်တဲ့ ပုံစံမျိုးတွေကို ရှင်းထုတ်ပစ်ဖို့၊ အများကို ဦးစားပေးဖို့ ဆိုတာတွေဟာ အလွန်ပဲ အရေးကြီး လာပြန်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စံကနေသွေဖယ်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ကျကျသွားမှုတွေနဲ့သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ လောကကြီးမှ တစ်နေ့တစ်ခြားဆိုသလို နေရာတွေ လစ်ဟာ နေတယ်။ ဖိတ်ခေါ်နေတယ်။ ဘယ်သူတွေသွားမှာလဲ။ ဘာကြောင့်လဲ။ ဘယ်နေရာလဲ။ ဘယ်တော့လဲ။ သွားသင့်သင့်၊ ရောက်သင့် သူ ဟုတ်ကဲ့လား။ တန်ရဲ့လား။ ဒါတွေကို ဘယ်သူတွေက သတ်မှတ်ပေးမှာလဲ။ အဓိကကတော့ ကိုယ့်တိုင်ထားရှိတဲ့ တတ်သိလိမ် မာတဲ့အတတ်ပညာတွေ၊ ကျွမ်းကျင်မှုတွေ၊ ကိုယ်ကျင့်တရားတွေ၊ စေတနာ၊ဝါသနာ၊ အနစ်နာဆိုတာတွေကို ကိုယ်တိုင်သတ်မှတ် ထားသင့်တယ်။ ဒါမှသာလျှင် ကိုယ့်ကိုယ်အမှီပြုပြီး နောက်လိုက်မယ့် လူတွေအနေနဲ့ ကိုယ့်ကိုအထင်ကြီး၊ လေးစား၊ တန်ဖိုးထား လာမယ်မဟုတ်လား။

ဒီတော့ ဘယ်လမ်းကိုလိုက်မလဲ။ ဘာတွေလုပ်ကြမလဲ။ လုပ်စရာတွေကတော့ နေရာအနှံ့အပြားမှာ ရှိနေခဲ့တယ်။ ဥပမာ တစ်ခုပြောမယ်။ ဒီနှစ်နွေဟာ အခြားအခြားသောနှစ်တွေနဲ့ မတူအောင် ပူလောင်ခဲ့တယ်။ အပူအချိန်မြင့်သလို မိုးကလည်းမရွာ တော့ နေရာတော်တော်များများမှာ ရေရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ကောင်း ကြုံတွေ့ ခဲ့ပါလိမ့်မယ်။ ဒီတော့ လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ ဒီပြဿနာကို ဘယ်သူတွေ ဖြေရှင်ပေးမှာလဲ။ ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဘယ်လောက်ကြာအောင်လုပ်ပေးနိုင်မလဲ။ ဘယ်လောက်ကုန်ကျနိုင်သလဲ။ ဒီလို အရေးပေါ်ကိစ္စတွေဟာ မကြာခဏဆိုသလို ကြုံလာ နေခဲ့တယ်။ နောက်လည်း ဒီလိုပဲ ကြုံလာနေဦးမှာပဲ မဟုတ်လား။ ဒီတော့ အစကထဲက ပြဿနာတစ်ခုကို တကယ်ဖြစ်ပေါ်နေခဲ့ သလို စီမံကိန်းတစ်ခု ပုံစံမျိုး ရေးဆွဲထားမှု လုပ်ထားသင့်တယ်ပေါ့။ ဒါမှသာလျှင် တကယ်ပြဿနာဖြစ်ပေါ်လာရင် ကိုယ့်အဖွဲ့လေး တွေက တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူဖြေရှင်းနိုင်ကြမယ်မဟုတ်လား။ ဒီတော့ အဖွဲ့အစည်းများလေ၊ ကောင်းလေ။ ဆိုတော့ ဘယ်လို ဖွဲ့စည်းမယ်။ ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်။ ဘယ်တော့ အကောင်အထည်ဖော်မယ်။ ဘယ်လို လုပ်ရမယ်ဆိုတာ အနည်းအကျဉ်း လောက်ပြောပြဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်အလက်လေးတွေ လုပ်ကြည့်စေချင်ပါတယ်။
အလုပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင်တော့ အားလုံးနဲ့ တိုင်ပင်ပြီး ဆွေးနွေး အကြံယူဖို့လိုတယ်။ အဲဒီလို အကြံယူတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တာကြီးပဲ ဇွတ်အတင်း ဆွဲမတင်မိဖို့ လိုတယ်။ အများပါဝင် လာအောင် အကြံပေးနိုင်ရမယ်။ ဆွဲခေါ်ရမယ်။ ဒီလိုဆိုရင် ကိုယ်လုပ်ရမယ့် အကြောင်းအရာလေးကို ခေါင်းစဉ်တစ်ခု တပ်လိုက်ပါ။
အဲဒီလို တပ်လိုက်ပြီဆိုရင်တော့ ကိုယ်ဦးဆောင်ပြီး လုပ်တော့မယ့် လုပ်ငန်းရဲ့ သဘောသဘာဝကို ကောင်းကောင်းနားလည်ထားဖို့ လိုတယ်ပေါ့။ ဒီလုပ်ငန်းကို အကောင်အထည်ဖော်မယ်ဆိုရင်.......။

ဆက်လက်ဖော်ပြပါမည်............