Wednesday, August 1, 2012

ရယ်စရာမဂ္ဂဇင်း - သြဂုတ်လ - ၂၀၁၂ ကဗျာများ

စိတ်တိုင်းကျစစ်ပါ ဆေးပါ ပြီးမှ ပြန်လွှတ်ပါ

ဦးစားပေး(၁)
နယ်စပ်တွင် ခြေရာခံရင်း တော်လှန်ကဗျာတစ်ပုဒ် အစပျောက်လျက်ရှိ
ရဲဘော်အားလုံး အထူးသတိရှိရန် လို တော်လှန်ကဗျာသည် တွေ့တွေ့သမျှ
တော်လှန်ဖို့ အမြဲစိတ်ထက်သန် မှန်ဘီလူးတစ်လက်နှင့် ပုံကြီးချဲ့တတ်
အာပြဲသလို ခြေလည်း သွက် မထင်ရင် မထင်သလို အလစ်ဝင်ရောက်လှုပ်
ရှားတယ် အထူးထင်ရှားသည်မှာ နီနီရဲရဲများကို ခုံမင်တပ်မက်

ဦးစားပေး(၂)
လှောင်အိမ်ထဲမှ ညစ်ညမ်းကဗျာတစ်ပုဒ် မြို့ထဲသို့ လွတ်သွား
မြို့နေလူထု အထူးသတိချပ်ရန် ညစ်ညမ်းကဗျာသည် ရမ်္မက်အလွန်
ကြီးမား လိင်ဆက်ဆံဖို့ အကွက်ကျကျစီမံသည့် နေရာတွင် တစ်ဖက်ကမ်း
အထူးသဖြင့် မြန်မာ့မျိုးဆက်သစ်သမီးပျိုများ ညစ်ညမ်းကဗျာ၏ တော့ကင်တွင်
မမျောသွားရန် လိုအပ် အထူးထင်ရှားသည်မှာ အမြဲစိုရွှဲလျက်

ဦးစားပေး(၃)
အထူးကန့်သတ်ဇုန်မှ ခေတ်ပေါ်ကဗျာတစ်ပုဒ် ပျောက်ဆုံးလျက်ရှိ မြေပေါ်
မြေအောက်လောကသားများ အထူးသတိဝီရိယထားရန် ခေတ်ပေါ်ကဗျာသည်
အကြမ်းဖက်လိုဟန်ရှိ ပိုက်ဆံရှိသောသူများ ချမ်းသာသောသူများကို
အလကားနေရင်း မျက်မုန်းကျိုးနေ အုပ်စုဖွဲ့လှုပ်ရှားတတ် အထူးထင်ရှား
သည်မှာ အမြဲတမ်း အရက်နှင့် ဗိုက်ဆာလျက်ရှိ

ဦးစားပေး(၄)
မိဘကျေးဇူးဆပ်ချင်လိုက်တာဆိုတဲ့ အမျိုးသားစာပေကြိုးစင်ပေါ်က ကဗျာနဲ့
ပြည်သူတွေ ထမင်းငတ်နေပြီ အမှန်ပဲ နှိပ်စက်ခံနေရပြီဆိုတဲ့ အမေရိကန်ထုတ်
ဟန်ဘာကာ ဟော့ဒေါ့ ချောကလက်ကဗျာတွေကိုတော့ ကြုပ်ကျက်သာလိလိုက်ပါတော့
မြေမှုန်လွင်


ပင်လယ်ဓားပြမှတ်တမ်း

ပင်လယ်ဓားပြမှတ်တမ်းတွေ ပြန်ဖတ်တယ် ပင်လယ်ဓားပြဆိုတာ ပင်လယ်မှာ
တိုက်ခိုက်လုယက်သူ ပင်လယ်ဓားပြဟာ ပင်လယ်ကို ဓားပြတိုက်တာတော့ မဟုတ်
ပင်လယ်ကို ဖြတ်သွားတဲ့ အပျော်တမ်းဇိမ်ခံမှု လောဘသေတ်္တာတွေ သယ်ဆောင်မှု အရေးကြီးတဲ့
လျှို့ဝှက်ချက်တွေကို အပေးအယူလုပ်မှု ချဲ့ကားထားတဲ့ ဖျော်ဖြေမှုတွေကို
လုယက်ခြင်းသက်သက်ဖြစ်တယ် ပင်လယ်ဓားပြဆိုတာ ထွက်ပြေးနေတဲ့ သင်္ဘောတစ်စင်းနောက်
မမိမိအောင် လိုက်နေရတဲ့ အချိန်လောက် သူ့ပစ်္စည်းတွေကို ကိုယ့်ပစ်္စည်းအဖြစ် သယ်ချနေရတဲ့
အချိန်လောက် သွေးရူးသွေးတန်းအော်ဟစ်နေတဲ့သူတွေကို သတ်ဖြတ်နေရတဲ့ အချိန်လောက်
မလိုအပ်တဲ့ သဲလွန်စတွေကို တစ်ခုမကျန် ပင်လယ်ရေအောက်ပို့ပြီးတဲ့ အချိန်လောက် တ၀တတင်း
စားသောက်ထားတဲ့ လူတစ်ယောက်လို အဖိုးတန်ပစ်္စည်းတွေနဲ့ လေးကန်နေတဲ့ သင်္ဘောကို တအိအိ
မောင်းနှင်နေရတဲ့ အချိန်လောက် အရသာရှိမှုဟာ အရာရာပြည့်စုံတယ်ဆိုတဲ့
ကောင်းကင်ဘုံနဲ့ မလဲနိုင်အောင်ပဲ ပင်လယ်ဓားပြဟာ စုစည်းလုပ်ကိုင်မှု အချိုးကျ ခွဲဝေမှုတို့
ပါဝင်နေတဲ့ ကုန်ပစ်္စည်းရဲ့ စနစ်တစ်ခုသာ ပင်လယ်ဓားပြပေါ်ပေါက်လာပုံက
ထူးဆန်းမနေဘူးလား ပင်လယ်ဓားပြဆိုတဲ့ လူတန်းစားတစ်ရပ် ပင်လယ်မှာ တည်ရှိနေတာ
ပင်လယ်ရဲ့ အဆုံးမရှိ သယံဇာတကြွယ်ဝမှုနဲ့ အဆက်အသွယ်ကင်းပြတ် အကာအကွယ်မဲ့မှုတွေက
ဆွဲဆောင်ခဲ့လို့ပဲ မဟုတ်လား ပင်လယ်ဓားပြတွေကို တန်ခိုးရှင်တွေကလည်း ဖန်ဆင်းခဲ့တာ မဟုတ်
ရေအောက်က ပေါ်လာတာလည်း မဟုတ် ပင်လယ်ဓားပြဆိုတာ ပင်လယ်မှာ သွားလာနေတဲ့
လူတန်းစားတွေအကြောင်းအရာတွေထဲကပဲ ပေါ်ပေါက်ခဲ့ရတယ် မဟုတ်လား ပင်လယ်က လူတွေရဲ့
လောဘကို မတန်တဆ လိုက်လျောခဲ့တယ် မလိုအပ်တာတွေကို လိုအပ်တာထက် ခမ်းနားပြခဲ့တယ်
ဒါဟာ သေခြင်းတရားကို ဖိတ်ခေါ်ခဲ့တာပဲ မဟုတ်လား ပင်လယ်ဓားပြတွေ ရောက်လာရတာ
ဒါကြောင့်ပဲ မဟုတ်လား ပင်လယ်ရဲ့ အဓိပ်္ပာယ်ထဲမှာ ပင်လယ်ဓားပြဆိုတဲ့ အဓိပ်္ပာယ်တစ်ခု
ပါဝင်နေကြောင်း ပင်လယ်မှတ်တမ်းတွေမှာ တွေ့ရ ပင်လယ်ဓားပြတွေဟာ ထူးထူးဆန်းဆန်း
အ၀တ်အစားတွေ ၀တ်တဲ့ ခေတ်ကနေ လူတွေနဲ့ ဘာမှမခြားတဲ့ ၀တ်စားနေထိုင်မှုဆီ
ပြောင်းလဲလာခဲ့တာ တွေ့ရ သူတို့သင်္ဘောတွေဟာ ကုန်စည်သင်္ဘော တံငါသင်္ဘော
ခရီးသည်တင်သင်္ဘော အပျော်စီးသင်္ဘော သုတေသနသင်္ဘော လက်နက်တင်သင်္ဘော
(ရေငုပ်သင်္ဘောသုံးတာကိုတော့ မကြားရသေး) ဘာသင်္ဘောမဆို အယောင်ဆောင်နိုင်တာ တွေ့ရ
ပင်လယ်ဓားပြဆိုတာ ရွက်လှေခေတ် ဓားခေတ် နားကွင်းဆွဲခေါင်းစည်းခေတ်ကနေ
အင်ဂျင်ခေတ် သေနတ်ခေတ် မျက်မှန်တပ်ခေတ် ဦးထုပ်ခေတ်အထိ ပြောင်းလဲလာခဲ့ပေမယ့်
မပြောင်းလဲတဲ့ အပြုအမူတစ်ရပ်အနေနဲ့ “လုယက်သတ်ဖြတ်မှု”ဆိုတဲ့ အဓိပ်္ပာယ်တစ်ခုပဲ
ကျန်ခဲ့တော့တယ် ဒီကနေ့ ကိုယ့်ရှေ့မှာ ယဉ်ယဉ်ကျေးကျေး စကားထိုင်ပြောနေတဲ့
ကုတ်အင်္ကျီဝတ်လူတစ်ယောက်ဟာ အချိန်မရွေး ပင်လယ်ဓားပြဖြစ်နေနိုင်တဲ့အထိ
ပင်လယ်ဓားပြဟာ အယောင်ဆောင်ထား ပင်လယ်ဓားပြတွေဆီ ရွှေချောင်းတင်သင်္ဘောတစ်စင်းနဲ့
ဖြစ်ဖြစ် ရေနံတင်သင်္ဘောတစ်စင်းနဲ့ဖြစ်ဖြစ် ကုန်စည်သင်္ဘောတစ်စင်းနဲ့ဖြစ်ဖြစ် အားလပ်ရက်
အပျော်စီးသင်္ဘောတစ်စင်းနဲ့ဖြစ်ဖြစ် အလည်အပတ်သွားနိုင်ပါတယ် ပင်လယ်ဓားပြတွေဟာ
ကိုယ့်ဥပဒေ ကိုယ်ထုတ်ထားတဲ့ သီးခြားလူနေမှုတစ်ခုဖြစ်ကြောင်းလည်း လေ့လာနိုင်ပါတယ်
နိုက်ကလပ်တစ်ခုကဖြစ်ဖြစ် ကဖေးဆိုင်တစ်ခုကဖြစ်ဖြစ် ကိုယ့်ရဲ့ လုံခြုံတဲ့ အခန်းကဖြစ်ဖြစ်
ကိုယ့်ရဲ့ သာယာလှပတဲ့ မြို့ကဖြစ်ဖြစ် ပင်လယ်ကို ထွက်လိုက်တာနဲ့ ပင်လယ်ဓားပြတွေက
ကြိုဆိုနေမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ် ရာစုနှစ်တစ်ခုမှာ ပင်လယ်ဓားပြသင်္ဘော
ဘယ်နှစင်းပေါ်ပေါက်ခဲ့သလဲ ပင်လယ်ဓားပြ ဘယ်နှယောက်ရှိခဲ့သလဲ မသိချင်ဘူးလား
ပင်လယ်ဓားပြမလုပ်ချင်ဘူးလား ပင်လယ်ဓားပြအလံကို တွေ့ဖူးရဲ့လား ပင်လယ်ဓားပြ
မှတ်တမ်းတွေ ဆက်ဖတ်ကြည့်ရဦးမယ်
ပိုင်


ရှင်ကြီးကျားထက်ဆိုး

ကျားမှန်သမျှ အားသန်ကြပါသလား အိမ်တွင်းကျား ကိုးမြို့ရှင်ကျား တောင်ပြုန်းမင်းနှစ်ပါးကျား ဦးပိုးတူကျား
စာရေးတော်ကြီး ဖေသာနိုးကျား အထက်မြန်မာပြည်တွင် ဦးပြည့်ကျား အောက်မြန်မာပြည်တွင် ဦးညိုကျား
အမေရေရင်ကျား အစရှိသော ကျားများကား နတ်ကျား ဦးဖိုးကျားကား ယောက်ျား သမန်းကျား ကိုးတောင်ကျား
မြင်းကျား အစရှိသည်တို့မှာမူ တိရစ်္ဆာန်များဖြစ်ကြပြီး အူကြောင်ကျား ဖွတ်ကျားဆိုသူများကား ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်
နေ့စဉ်တွေ့မြင်ကြရသော လူသတ်္တ၀ါများသာ ဖြစ်သည်
ယခုခေတ်အခါ နေရာတကာတွင် လူသားစားကျားများကိုလည်း လက်ညှိုးထိုးမလွဲ တွေ့မြင်လာကြရပေပြီ
ကျားတစ်ကောင်သည် ကျားမ မရွေး စားသုံးလျက်ရှိသည်ဟု တစ်စုံတစ်ယောက်က သင့်ကို ပြောခဲ့လျှင် ဝေးဝေးရှောင်ရန်
သတိရှိပါ “ဝေး” “ဝေး”ဆိုသည်မှာ တူး“ဝေး”ဟုလည်း ယူဆနိုင်သည် မဟုတ်ပါလော ငယ်ငယ်က သားများ ကြီးသောအခါ
ကျားကျားလျားလျားဖြစ်လာသည်ကို သင်တို့လည်း မြင်တွေ့ဖူးပေလိမ့်မည် ကျွန်ုပ်သည်ရော ကျားတစ်ကောင်
ဖြစ်ပါသလော ဟုတ်ပါသည် အမြီးမှားပေါက်သော ကျားများစာရင်းတွင် ကျွန်ုပ်သည်လည်း တစ်ကောင်အပါအ၀င်
ဖြစ်ပါလိမ့်မည်
ကျားဆိုသည်မှာ ကြောင်ကြီးလေးမျိုးစာရင်းတွင် အကြီးဆုံးမျိုးဟု သတ်္တဗေဒပညာရှင်များက သတ်မှတ်ထားသော်လည်း
ကျားဆရာကြောင်ဟုဆိုသောကြောင့် ကြောင်ဖားကြီးများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကိုကား မမေ့လျော့အပ်ပါ
Tiger Wood ဆိုသည်မှာ ကျားများမှီတင်းနေထိုင်ရာ တောအုပ်မဟုတ်ပါ။ သနားစရာ ကျားသတ်္တ၀ါတစ်ကောင်၏
အမည်မျှသာဖြစ်ပါသည် အစားမတော် တစ်လုတ် အသွားမတော် တစ်လှမ်းဟူသော ဆိုစကားအတိုင်း ကျားတို့၏
ဘ၀လမ်းကား ကြမ်းတမ်းလှပေသည် ထို့ကြောင့်ကမ်္ဘာနှင့်တစ်ဝန်းတွင် ကျားများမျိုးတုံးမည့် အရေးကို
စိုးရိမ်ပူပန်နေကြခြင်းဖြစ်ပေမည် အမှန်စင်စစ်တွင်မူ ကျားများမျိုးကန်းမည့် အရေးကို ပို၍တွေးပူသင့်လှပေသည်
“ကံကောင်းတဲ့ ကျား သွားရင်း သမင်တွေ့”ဟု ရှေးယခင် ဆိုစကားရှိသော်လည်း မျက်မှောက်ခေတ်တွင်မူ ကျားကစားနည်း၌
အထူးတလည်ကျွမ်းကျင်သော သမင်များ တောင်ပုံရာပုံများပြားလာသောကြောင့် ရွှံ့ပိတ်ထားသော နွားမကလေးများ သနားမှ
ကိုရွှေကျားများ ချမ်းသာရာရဖွယ် ဖြစ်နေပေတော့သည် ထိုနွားမကလေးများရှေ့သို့ အူရိုင်းကျားကလေးများ
ပက်လက်လန်မလဲမိစေရန်မှာ အထူးဂရုပြုသင့်လှပေသည်
“ကြောင်အကြီး ခေါင်းကချီ သစ်အလတ် ခါးကဖြတ် ကျားအတွေး ဖင်ကလွေး”ဟူသော ဆိုရိုးစကားအရ ကျားဆိုမှ
ကျားများသည် သားကောင်ကို အောက်ပိုင်းမှစ၍ ကိုင်တွယ်စားသောက်လေ့ရှိကြောင်းလည်း မှတ်သားရပေ၏
ဤလောကတွင် ကျားကိုးစီး စားမကုန်သော အရာများလည်း ရှိပေသေးရာ တစ်ကွေ့တစ်ထောင့်တွင်
သင်လည်းကံကောင်းပါက တစ်ချီတစ်မောင်း နွှဲကောင်းနွှဲရနိုင်ပါသည် ဆော်ဘေးရီးယမ်းလွင်ပြင်တွင်
ကိုယ့်အမြီးကိုယ်ကြည့်ကာ ဂုဏ်ယူနေသော ကျားများကို သင်တွေ့ရှိပါက မနာလိုတိုရှည်မဖြစ်မိစေရန် သင့်တွင်လည်း
ကိုယ်ပိုင်စားကျက်တစ်ကွင်းတော့ ရှိသင့်လှပေသည်
သိုးထိန်း(အန်္တိမ)


ဆိုက်ကို

အယူအဆတွေဟာ ခဏခဏဘီးချော်တယ်
အဆင်မပြေတဲ့ နေထိုင်မှုတွေမှာ နေ့စဉ်နဲ့အမျှ ပြဿနာတစ်ခုလို
ခပ်ကြောင်ကြောင်တွေးတယ် ခပ်ကြောင်ကြောင်နေထိုင်တယ်
လူဖြစ်ပြီး လူလိုမနေတတ်တဲ့ ဆိုက်ကို
ခင်ဗျားတို့တွေ ခင်ဗျားတို့တွေ ဘာကိုများ တန်ဖိုးထားနေကြတာလဲ
ငါးထောင်တန်ဆင်းကဒ်လား ချယ်ရီကားပါမစ်လား ရေမီးစုံကွန်ဒိုတိုက်ခန်းတစ်ခန်းလား နိုင်ငံရေးပေါ့(ပ်)သတင်းတစ်ပုဒ်လား
ဒါမှမဟုတ် Facebook ပေါ်က အသံကောင်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဘ၀လား
ပြုပြင်ပြောင်းလဲရေးလား အသွင်ကူးပြောင်းရေးလား
ဒါမှမဟုတ်ရင် Democratization လား Liberalization လား Globalizationလား
ဒါမှမဟုတ် ဗျူရိုကရေစီအမူအကျင့်တွေလား ဆိုရှယ်လစ်အကျင့်စရိုက်လား
ဒါမှမဟုတ်ရင်လည်း အပေါစားအကယ်ဒမီပေးပွဲတစ်ခုလား
ခင်ဗျားတို့တွေ ခင်ဗျားတို့တွေ ဘာကိုများတန်ဖိုးထားနေကြတာလဲ
အဲဒါတွေအားလုံးဟာာာာာ ဆိုက်ကို
ဟုတ်ပါပြီ “အခုဆိုရင်ဖြင့် ကမ်္ဘာကြီးဟာ နှစ်သက်ရာ ရောင်းချ စားသုံး ယှဉ်ပြိုင်နိုင်တဲ့
Market ကြီးတစ်ခုဖြစ်နေပါပြီ”ဆိုတဲ့အကြောင်း အရမ်းကာရော ပြောလိုက်တာ ဘယ်ပုဂ်္ဂိုလ်များလဲ
အဆိုပါသတင်းကို ထုတ်လွှင့်မပြီးခင်မှာပဲ ရွာက ရေဒီယိုလေး ပျက်သွားရှာတယ်
ဟူးးးးးးးးးးးးးးး (လူတွေကို မြင်နေရတာ အဆင်မပြေဘူးးးးး)
ရန်ကုန်ဟာ သိပ်ယောက်ယက်ခတ်နေတဲ့ မြို့ပဲ
ကန်တော်ကြီးမှာ လူတွေသိပ်ရှုပ်တာပဲ အင်းယားကန်ပေါင်ပေါ်က ခုံတန်းတွေက တစ်ခါမှလူမပြတ်ဘူး
နှစ်ရာတန်ဘတ်စ်ကားပေါ်မှာ ဖုန်းမြည်သံတွေ ခဏခဏကြားရတယ်
နှစ်ရာတန်ဘတ်စ်ကားပေါ်မှာ VCD ရိုက်ကွင်းတွေ ခဏခဏတွေ့ရတယ်
ဒီလိုဆိုရင် နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ
လွတ်ငြိမ်းချမ်းသာခွင့်သုံးကြိမ်ထဲမှာ အထည်ချုပ်ကကောင်မလေးတချို့ပါဝင်လာတာ
တိုင်ရီစက်ရုံက အလုပ်သမားတွေ ဆန်္ဒပြနေကြတယ်ဆိုတာ
ကျောင်းမနေဖူးတဲ့ ၇ နှစ်သားအရွယ် ကလေးလေးတစ်ယောက် မြို့ပတ်ရထားပေါ်မှာ ကွမ်းယာဆေးလိပ်ရောင်းနေတာ
တုန်ချည့်နေတဲ့ အဘွားအိုတစ်ယောက် ပျောက်သွားတဲ့ အိမ်ကလေးကို ပလက်ဖောင်းပေါ်မှာ လိုက်ရှာနေတာ
အဲဒီအဖြစ်အပျက်တွေက သိပ်ထူးဆန်းဖို့ ကောင်းမနေဘူးလားးးးးး
လူတစ်ဦးချင်းစီရဲ့ အယူအဆတွေဟာ လူ့အဖွဲ့အစည်းထဲက လွတ် ထွက် ကုန်တယ်
စားပွဲဝိုင်းနားကို ကပ်လာတဲ့ ကလေးတစ်ယောက်ရဲ့ ဆာလောင်မှုမျက်ဝန်းတွေကို
တောက်ထုတ်ပစ်ဖို့ ခင်ဗျားကြိုးစားနေတာလား
ခင်ဗျားတို့တွေ ခင်ဗျားတို့တွေ ဘာကိုများလိုချင်နေကြတာလဲ
ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေလား လူကြိုက်များတဲ့ အလှူဒါနပြုမှုလား
အောင်မြင်ကျော်ကြားမှုတွေလား ဒါမှမဟုတ် အောင်မြင်ကျော်ကြားသူတွေနဲ့ တွေ့ဆုံရတာလား
ဘာဘာညာညာဖောင်ဒေးရှင်း Show ပွဲတွေမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရတာလား
ပဒေသရာဇ် ဆိုရှယ်လစ် အကျင့်ပျက်ဗျူရိုကရေစီစရိုက် သုံးမရတဲ့ အဲဒီစရိုက်တွေက
တီရှပ်တစ်ထည် စွပ်ချလိုက်ရုံနဲ့ ပျောက်သွားတာလား ပင်နီတိုက်ပုံနဲ့ဆိုရင် အဆင်ပြေသွားတယ်လို့ ထင်တာလား
သွားးးးးးး ဗျာ အဲဒီသုံးမရတဲ့ ဆိုက်ကိုတွေ
မနေ့တုန်းကNLD တံဆိပ်စတေကာကပ်ထားတဲ့ ဗင်ကာတစ်စီးက
လူကူးမျဉ်းကျားပေါ်မှာ ကျွန်တော့်ကို ပွတ်ဆွဲသွားတယ်
ပါတီကြီးကြီးတစ်ခုရဲ့ နိုင်ငံကျော်အဆိုတော် လွှတ်တော်ကိုယ်စားလှယ်လောင်းကြီးရဲ့
အချိုးမပြေတဲ့ ဆက်ဆံရေးကို မြင်ရတာ စိတ်ပျက်တယ် (အင်တာဗျူးတစ်ခု အပွိုင့်မန့်ယူစဉ်)
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံချိတ်ထားတဲ့ ဘတ်စ်ကားပေါ်က စပယ်ယာရဲ့ ဟိန်းဟောက်တာခံရရင်
ပိုပြီးအသည်းနာတယ်
လူ့အဖွဲ့အစည်းဆိုတာ လိမ်စားလို့ ကောင်းတဲ့ လိမ်ဆင်ကြီးတစ်ခုဖြစ်လာပြီ
ခံယူချက်ဆိုတာတွေက လျှောက်လွှာဖြည့်ရတာလောက် တန်ဖိုးမရှိတော့ဘူး
အဆင်မပြေလည်း မတတ်နိုင်ဘူးးးး သဘောထားကွဲလွဲရတာကို သိပ်သဘောကျကြတယ်ပေါ့
လူတစ်ယောက်နဲ့ လူတစ်ယောက်ရဲ့ အယူအဆတွေဟာ ခဏခဏဘီးချော်နေမှာပဲ
ခင်ဗျားတို့ပါးစပ်ဖျားက ဒီမိုကရေစီဆိုတဲ့ စုပ်လုံး(သကြားလုံး)ဟာ
သိပ်ချိုနေကြတယ်မဟုတ်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မှူးသစ်


စက်မှုငရဲဇုန်ထဲက အင်ဂျင်နီယာအလုပ်သမားကဗျာဆရာ

မင်းဟာ စက်မှုတက်္ကသိုလ်က ဘွဲ့တစ်ခုရထားပြီး
မှန်ဘီလူးစက်ရုံထဲမှာ အလုပ်ဝင်လုပ်နေရတဲ့ အင်ဂျင်နီယာအမည်ခံ အလုပ်သမား
အလုပ်သမားတွေရဲ့ ရနိုင်မှုအခွင့်အလမ်းတံခါးတွေကို
အကောင်းဆုံးနားလည်ထားတဲ့ ကဗျာဆရာ
စက်ချုပ်နေရင်း လက်ကို အပ်စိုက်တဲ့အခါ သွေးပန်းထွက်နေတဲ့ လက်ကို ဂရုမစိုက်အား
ကျိုးကျလွင့်စဉ်သွားတဲ့ အပ်အပိုင်းအစကို အရင်ရှာရတယ်
မှန်ဘီလူးစပြတ်ရှပိုင်းကျသွားတဲ့ ကိုယ့်လက်ချောင်းကိုယ် မကောက်နိုင်အား
မှန်ဘီလူးအပိုင်းအစတွေကို အရင်လိုက်သိမ်းနေရတယ်
မင်းဟာ စက်ရုံလည်ပတ်မှုအစိတ်အပိုင်းအချို့ကို
တာဝန်ယူထားရတဲ့ စက်မှုကျွမ်းကျင်လုပ်သား
အလ်ုပသမားတွေရဲ့ ပိတ်ဆို့ခံထားရတဲ့ ရပိုင်ခွင့်တံခါးရွက်ကို
တတ်နိုင်တဲ့ဘက်က သော့လှည့်ဖွင့်ပေးသူ
မှန်ဘီလူးစပြတ်ရှ အပိုင်းပိုင်းအစစဖြစ်နေတဲ့ လက်ချောင်းလေးတွေကို
သွေးကို သွေးနဲ့ဆက်တဲ့ နည်းဥပဒေသကို သုံးခဲ့သူ
အကြင်နာတရားနဲ့ ဆေးဝါးနှစ်မျိုးပေါင်းမှ ဒဏ်ရာဟာ အကျက်လွယ်တယ်
လျော်ကြေးမရှိတဲ့ လျော်ကြေးမရတဲ့ စက်ရုံကြီးကို
နာကြည်းမုန်းတီးလျက် ဖက်တွယ်ထားရတယ်
ငါဒီစက်ရုံမှာ မရှိတဲ့အခါ
ငါ့အလုပ်သမားတွေဘက်မှာ ငါ့လို ရပ်တည်ပေးနိုင်မယ့်သူ ရှိပါ့မလား
ငါဒီစက်ရုံမှာ မရှိတဲ့အခါ
ပြတ်ကျသွားတဲ့ လက်ချောင်းလေးတွေကို ဘယ်သူလာကောက်ဆက်ပေးပါ့မလဲ
ငါ ဒီစက်ရုံမှာမရှိတဲ့အခါ
ခေါင်းစဉ်အမည်နာမတပ်လို့ မရတဲ့ ပြဿနာအချို့ကို ဘယ်သူဖြေရှင်းပေးပါ့မလဲ
ဥပမာ။ ။ ဘယ်သူ့လက်ချက်ပါလို့ ထုတ်ဖော်မပြောရဲတဲ့ အလုပ်သမလေးတစ်ယောက်ရဲ့ ကိုယ်ဝန်ကိစ်္စ
ဥပမာ။ ။ အိမ်က အဖေ ဆိုက်ကားနင်းရင်း အက်ဆီးဒင့်ဖြစ်လို့ ခွင့်မဲ့အလုပ်ရက်ပျက်ကွက်တဲ့ ကိစ်္စ
အလုပ်သမားတွေဘက်က အလုပ်သမားစိတ်နဲ့ ဘယ်သူတွေက လာကာကွယ်ပေးမလဲ
ဥပမာ။ ။ ဆေးပေးခန်းတွေမှာ ဆေးဝါးလုံလောက်မှုမရ ထိရောက်စိတ်ချရတဲ့ ကုသပေးမှုမရှိတဲ့အကြောင်း
ဘယ်သူက စက်ရုံမှူးဆီ တင်ပြပေးမလဲ
နောက်ဆုံး ငါဒီစက်ရုံမှာ မရှိတဲ့အခါ
မလုံလောက်တဲ့ လစာထဲက ထောက်ပံ့နေရတဲ့ ရွာက အမေနဲ့ ညီလေးတွေရဲ့ စရိတ်စက
ဘယ်သူက လာကူရှာပေးမလဲ
အဲဒီလို စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်ရက်ဆက် ဖိစီးမှုတွေနဲ့
တစ်ပတ်မှာ တစ်ရက် အပြည့်အ၀ပိတ်ရက်မရှိတဲ့ စက်မှုငရဲဇုန်ကြီးထဲမှာ
မှန်ဘီလူး လူဘီလူးတွေ ကြီးစိုးတဲ့ စက်ရုံကြီးထဲမှာ ပျော်ရွှင်လွတ်လပ်မှုတချို့ကို
အဆုံးရှုံးခံ အားစိုက်ရုန်းကန်နေရတဲ့ အင်ဂျင်နီယာ အလုပ်သမား ကဗျာဆရာ
လင်းသဏ်ညီ


နေရောင်ခြည်နဲ့အတူ ရှင်သန်ပါ နာ နာ နာ နာကျင်မှုတွေ

ရှင်သန်မှုဟာ ကြည့်လို့ ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပဲ ကောင်းကင်ဟာ ၁၀၉ ကြိမ်မြောက်
ပြိုကျလာတယ် မင်းဒီမှာလား ငါနဲ့အတူတူပဲလား ကိုယ့်ရှင်သန်မှုကို သိမ်းဆည်းထားပါ
ယဉ်ကျေးမှုစနစ်အမှားအယွင်းကြီးထဲ ခင်ဗျားနာမည်က အမှိုက်တစ်ခုဖြစ်နေတာ ကိစ်္စမရှိဘူး
အရေးကြီးကိစ်္စ စီစဉ်ထားတာ မရှိဘူး ဘုရားသခင် ပြန်လည်မွေးဖွားလာကြောင်း ခပ်ကျယ်ကျယ်
အော်ဟစ်ပြောလိုက်စမ်းပါ ဒီတစ်ခုက ခင်ဗျားအတွက်ပဲ လိမ့်ဆင်းကျလာတဲ့
ကျောက်တုံးကျောက်ခဲတွေအတွက်ပဲ ရှင်သန်မှုမှာ တွန်းတိုက်မိသွားတဲ့ နတ်သမီးတွေ
ယန်္တရားစနစ်နဲ့ လည်ပတ်နေတဲ့ မိန်းမပျိုတွေ ကျေးဇူးပြုပြီး နားထောင်ပေးပါ အနာဂတ်ဟာ
အာမခံစနစ်ထားရှိတဲ့ ကျည်ဆန်တစ်တောင့်ပဲ ရူးသွပ်မှုတွေ ပျောက်သွားတဲ့ တစ်နေ့ ခင်ဗျား
ခပ်ကျယ်ကျယ်လေးအော်ပစ်လိုက်ဖို့ အချိန်ကောင်းပဲ ပျော်ရွှင်မှုတွေကို သတ်ပါ ဒီ့ထက်ပိုပြီး
ဆူဆူညံညံလေး အော် ပစ် လိုက် စမ်း ပါ ကျွန်တော်မူးယစ်ဆေးတွေ မလိုပေမယ့်
ခင်ဗျားလိုအပ်မယ်ဆိုရင် စိတ်ကျရောဂါရောင်းပေးဖို့ အဆင်သင့်ပဲ နံရံဟာ ခြေထောက်ရှစ်ချောင်းနဲ့
သတ်္တ၀ါဆန်းတစ်ကောင် ဓာတ်ငွေ့တွေ လွှတ်လိုက်တာနဲ့ သူတို့အားလုံး သေဆုံးသွားကြမယ်
ကျွန်တော်တို့ လေးဖက်ထောက်ပြီး တွားသွားကြမယ် ချစ်ခြင်းမေတ်္တာကို လွယ်အိတ်ထဲ
ဘေးတစောင်းထိုးထည့် ကြမ်းပြင်နဲ့ တည့်တည့် ဌ ၀င်ရိုးနေရာလောက်မှာ ပစ်ချထားလိုက်တယ်
ပါးစပ်ပိတ်ထားပါ သီချင်းဆိုပါ နာ နာ နာ နာ နာကျင်မှုတွေဟာ ခင်ဗျားရဲ့လုံခြုံရေးစနစ်ကို
ချိုးဖျက်ဝင်လာမှာ အသေအချာပဲ ရန်သူတော်ကြီးတစ်ယောက်က ပလစ်စတစ်ဆာဂျရီ
လုပ်ထားတဲ့ မျက်နှာအတုကြီးနဲ့ မိတ်ဆွေအယောင်ဆောင်လာတယ် ၀မ်းနည်းစရာကောင်းတာတစ်ခု
ပြောပြမယ် ခင်ဗျားရဲ့ လက်ထဲမှာ ဂျပ်ဇ်ဂီတရှိကြောင်း ခင်ဗျားသိရဲ့လား ခင်ဗျားရူးသွားပြီလို့
တစ်ခါတလေများ တွေးကြည့်မိဖူးသလား အိမ်မှာ မွေးထားတဲ့ တိရစ်္ဆာန်တစ်ကောင်ကောင်ကို
နမ်းကြည့်မိဖူးသလား သတင်းအချက်အလက်တွေ လောင်ကျွမ်းပြာကျသွားပြီ အမှန်တရားဟာ
ဒီမှာ အခုလက်ရှိဟာ အမှန်တရားပဲ ဒီ့ထက်သေချာတာ ကလေးငယ်တွေနဲ့ ကောင်းကင်ဘုံပဲ
ရှိတယ် နီယွန်မီးရောင်အောက်မှာ ရပ်နေတဲ့ နတ်သမီးကို မေးပါ သူမဟာ ကမ်္ဘာကြီးကို
ပြောင်းလဲချင်နေတယ် ကျွန်တော်တို့ဟာ ကမ်္ဘာကြီးကို ပြောင်းလဲချင်နေတယ် ဘယ်သူမှတော့
ပစ်စလက်ခတ် မသေချင်ကြပါဘူး တောင်းပန်မှုကို ငြင်းဆန်တယ် သေခြင်းတရားဟာ ပန်းတိုင်ပဲ
ငယ်ရွယ်မှုတွေကို သယ်ဆောင်မလာခင် ကျည်ဆန်အခွံတစ်ခုလို လွှင့်ပစ်လိုက်ပါ ဆဲလ်အသေတွေကို
ဝတ်ဆင်ပါ ပိုကောင်းမယ့် ငရဲကို သွားလိုက်ပါ မောင်းခလုတ်ကို ဆွဲညှစ်လိုက် ကမ်္ဘာကြီးနဲ့အတူ
ခင်ဗျားလည်း လွင့်စဉ်ပေါက်ကွဲထွက်သွား
ဆူးခက်မင်း

ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်

ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်
ကျွန်မငိုနေမိတာများလား ဒါမှမဟုတ် မျက်စိပဲနာချင်တော့တာများလား
မျက်ရည်ဆိုတာ အလေးချိန်ရှိတယ် ဒီတော့ ကျမှာပေါ့
ဘာမှမထူးဆန်းတဲ့ ကိစ်္စကို ကျွန်မက အထူးအဆန်းလုပ်နေမိတာ
ပြောရင်းဆိုရင်း ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်
မဖုံးအုပ်ထားမိတဲ့ မျက်ခွံတွေကြောင့်လား တကယ်တော့
ပင့်သက်တွေနဲ့ စကားလက်ဆုံကျရာက စတာပဲ
မှတ်မှတ်ရရ နောက်ဆုံးမျက်ရည်ကျတဲ့နောက်ပိုင်း မျက်ရည်မကျဖြစ်တော့တာပဲ
လူတွေကတော့ ငိုတယ်လို့ ပြောကြတာ ဒါလည်း ဟုတ်ချင်မှဟုတ်မှာ
အခုအထိတော့ မျက်ရည်တွေကျနေတုန်းပဲ (ဒါလွယ်တဲ့ ကိစ်္စတော့မဟုတ်ဘူး)
တချို့က မျက်ဝန်းက တိမ်တိုက်တွေ ပြိုသလေး ဘာလေးနဲ့ ဖွဲ့နွဲ့နေကြ အရူးတွေ
ငို ငိုတယ်ပေါ့ ငိုတာ ရှက်စရာလား မှတ်ထား ငိုလို့ ထောင်မကျဘူး
အမေ့ဗိုက်က ထွက်တုန်းက မငိုလို့ (ငိုအောင်) တင်ပါးရိုက်ခံရတာ ရှင်တို့မှတ်မိလို့လား
ကျွန်မက မှတ်မိတယ် နောက်ပြီး ငိုတာ ရာသီဥတုနဲ့မဆိုင်ဘူး
ပ၊ ဖ၊ ဗ၊ ဘ၊ မ ဆိုတာနဲ့ မျက်ရည်က
ကြာသပတေးသမီးမဟုတ်ဘူး (ဟုတ်ရင်တော့ စနေသားရှောင်)
သူ့မှာ ရက်ရာဇာမရှိဘူး ပြဿဒါးမရှိဘူး
ရုံးပိတ်ရက်မရှိဘူး သင်္ကြန်မရှိဘူး
တစ်မိနစ် အစိတ်မရှိဘူး ၅၀၀၀ ထန် ဆင်မ်ကဒ်မရှိဘူး
စတိတ်ခ်ျရှိုးမရှိဘူး ရုပ်ရှင်လက်မှတ်မရှိဘူး
ရည်းစားမရှိဘူး ကိုယ်ဝန်မရှိဘူး
မိဘနှစ်ပါးမရှိဘူး ဒါပေမဲ့ ဂျစ်ပဆီလည်း မဟုတ်ဘူး
တတတ.ါာငေူ.ခသာ မရှိဘူး င်္ခေနဘသသု လည်း မရှိဘူး
အင်္ဂါဂြိုဟ်မရှိဘူး နိုက်ကလပ်မရှိဘူး
သူက ရှင်တို့လိုလည်း မာနမကြီးဘူး မျက်လုံးထဲက ထွက်လာရင် အောက်ပဲဆင်း ကျို့တယ်
မယုံရင် ရှင်တို့ငိုကြည့်ကြပါလား
နေပိုင်

ငြိဏ်းဝေဒေလီ (၂)

အနည်ထိုင်ရင့်ကျက်မှုတွေရဲ့ လွတ်လပ်ခြင်းဟာ တိမ်ပန်းချီနဲ့ မြေအလှကို ပေါင်းစပ်ထားတာ
ရင့်ကျက်တဲ့ လွတ်လပ်ခြင်းဆိုတာ ရင့်ကျက်တဲ့ မပြောခြင်းရဲ့ သဘောပေါက်မှုပဲ ဖြစ်တယ်
တာဝန်တွေ နားလည်မှုတွေ ဉဏ်အမြင်တွေနဲ့ ရင့်ကျက်တဲ့ တည်ငြိမ်မှု နကမ်္ပတိအလှစု
ငါတို့ဘ၀ကို ဒီလိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပါတယ်
တစ်ယောက်အတွက် နောက်တစ်ယောက်ဟာ နိမိတ်ဖတ်ဖို့ ရောက်လာခဲ့တဲ့ ကမ်္ဘာကြီးရဲ့
ဖွဲ့စည်းပုံဥပဒေကမ်္ဘာကြီးရဲ့
ဘ၀အတွေ့ပေါင်းအကြုံပေါင်းများစွာ ဖြတ်သန်းနေထိုင် အနည်ထိုင်ပြီးတဲ့သကာလ
ကိုယ့်ဘ၀အမှန်အရှိတရားကို ယထာဘူတကျကျ ရှုမြင်သိရှိသွားတဲ့အခါမှာ
တချို့အရာအားလုံးဟာ ကိုယ်နဲ့မဆိုင်
တချို့အရာအားလုံးကို ရာနှုန်းပြည့်ဆုံးရှုံး
တချို့အရာအားလုံးကို ၅၀% ဆုံးရှုံး ဒါမှမဟုတ် ၅၀% အောင်မြင်ခဲ့
တချို့အရာအားလုံးကို ၂၅% ဆုံးရှုံး ဒါမှမဟုတ် ၇၅% အောင်မြင်ခဲ့
တချို့အရာအားလုံးဟာ မွေးကတည်းက ကိုယ်နဲ့မကွာ သစ်္စာရှိစွာ ပါရှိလာ
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည်ကား နေမြဲတိုင်း နေမြဲသာတည်း
ဂန်္ဓီမျက်မှန်နှင့် စတိဂျော့ဗ်အား စ၍စကားပြောကြည့်ကြစမ်းပါလေ
မိသားစုမှသည် ကမ်္ဘာကြီးအကြောင်း နည်းပညာသစ်မှသည် ဒီမိုကရေစီသစ်အကြောင်း
စားပွဲပေါ်ရှိ ကြေးပန်းအိုးကလေးတွင် အရွက်စိမ်းစိမ်း အခက် ၃ ခက် စိုက်ထူပါသည်
နေထိုင်ကြသူ လုပ်ကိုင်ကြသူ ကြိုးစားကြသူ ပြည်သူအပေါင်း
နှစ်ထောင်းအားရစွာ ပျော်ရွှင်ပါစေသား
ျစခေန ဟာ ခုံးတံတားခုံးခုံး လမင်းကို မော်ကြည့်ပြီး
ငါတို့သီချင်းသီဆိုလျှောက်ကြရအောင် မည်သူမဆို ဘယ်ဝါမဆို
ရောင်စုံတွေပြွမ်းပြွမ်းထလို့ ကန့်လန့်ကာ ဂီတတွေတစ်ပေါက်တစ်ခေါက် ထပ်ဆိုချင်သေးရင်
မှတ်တမ်းမတင်ရသေးသော ရင့်ကျက်သည့် အောင်မြင်မှုအပေါင်းအား
အပန်းဖြေကမ်းခြေက တံတားလေးပေါ်က ပြူတူတူကြည့်ရင်း
ဘ၀နေပူဆာလှုံပုံ ကိုယ်လုံးအစုံ ၀န်းခြုံသည့် သစ်္စာမြားချက်များ
သစ်္စာမြားချက်များ မုသားဝါဒီ အသီလ၀ါဒီတို့
ရှောင်ရှားနိုင်ကြကြောင်း အမြဲဆုတောင်းခြွေသတည်း
ငြိဏ်းဝေ


မီးဝေးချိတ်ဥပမာ

ငါပြောနေတုန်း ကြားဖြတ်မပြောနဲ့ မင်းပါးစပ်ကို နံရံမှာ လိပ်ပြီး ထောင်ထားလိုက်မယ်
အဲဒီလို တ၀ုတ်ဝုတ်ဟောင်သွားလိုက်တာများ ညကြီးမင်းကြီး တစ်လမ်းလုံး မီးတွေလင်း ပြတင်း
တံခါးတွေ ဖွင့်ယူကြည့်ရတယ် ပွင့်ဖတ်စတွေပေါ် ရေစက်ကလေးတွေ နုပ်နုပ်စဉ်းပေးရတာ ပျော်စရာ
မြေကြီးထဲ အချိန်ပြည့်စိုက်ဝင်နေတဲ့ ဘ၀တွေ ဆယ်ရပြုရအောင်တောင် အဖတ်မရှိ ကျွေးချင်မွေး
ချင်တဲ့ ဆန်္ဒလေးတစ်ဖဲ့လောက်သာ လမ်းမပေါ် လှမ်းပစ်လိုက် ကျန်တာ အလိုလိုအော်တိုဂိုးသွား
လိမ့်မယ် ရေချိုးကြွေဇလားထဲ စည်းစိမ်ပြည့်ဆင်းစိမ်ပြီး တစ်ကိုယ်တော်အာသာမှ မဖြေပြတတ်
ရင် ဟောလီးဝုဒ်မင်းသမီးလုပ်စားမနေနဲ့တော့ လှေကားထောင့်တစ်ခါချိုးတိုင်း ၀ါးခြေထားတဲ့ အတွေး
အခေါ်တွေ သီအိုရီမဲ့ တပျစ်ပျစ်ထွေးတယ် နေ့များ ညများလည်း ဓာတ်ခဲကုန်နေပြီ ပန်းချီကားချပ်
နောက်မှာ ကွယ်ဝှက်ထားတာ မရှိ တောရိုင်းပန်းဆိပ်ကမ်းမှာ ၀တ်မှုန်ဆန်အိတ်တွေ ကုန်တင်ကုန်ချ
နေတဲ့ လုပ်သားဆင်းရဲပျားများ တစ်နေ့ကို တစ်ဦးချင်းဝင်ငွေ ဘယ်နှဒေါ်လာရှိလဲ အိမ်နီးချင်းနိုင်ငံ
တွေနဲ့ ဘယ်ပုံနှိုင်းယှဉ်တွက်ချက်မလဲ မဆင်းရဲတဲ့ တွင်းက တိမ်တယ် ဆင်းရဲတဲ့ တွင်းက နက်တယ်
အာဟာရခန်းခြောက်မှုက လက်ပြင်အရိုးအရွတ်တွေကို ကိုင်းကိုင်းကျလာစေတယ် ကျလာတဲ့
သစ်ကိုင်းဟာ မြေကြီးနဲ့မလွတ်ဘူး အနုပညာကို လူသိထင်ရှားပဲ ခိုးယူပေါင်းသင်းခဲ့တယ် အခု
နေရောင်မဖြာ အေးခဲတိတ်ဆိတ် မြက်တွေကလည်း ရှည်လို့ တစ်ခုခုဟာ သိစိတ်အောက်မှာ ခုထား
ခံထားနေသလို ဖုထစ်နေတယ် ဟောဒီအသုံးမကျတဲ့ အသိုင်းအ၀ိုင်းတွေအတွက် ငါ့ဘ၀ကြီးတစ်ခု
လုံးကို အပ်ဒိတ်ပြန်တင်ရဦးမယ် ပြောပြောဆိုဆို ဖိနပ်ချွတ်မှာ ခွေခွေလေးဝင်လှဲလိုက်တယ် နေထိုင်
သည့်ပတ်ဝန်းကျင် နံပါတ်အလွယ်တကူဆက်သွယ်ရမည့် ကုတ်အမှတ်အသား ကြိုက်နှစ်သက်ရာဝါဒ
အသားတံဆိပ် ရူးသွပ်ကိုက်ခဲလိုသော အာဏာပါဝါ မိမိကိုယ်ကိုယ် ဈေးနှုန်းသတ်မှတ်မှုစံနေစံထား
ခဏခဏပြန်ဖြန့်ကြည့်ရလွန်းလို့ အိတ်ကပ်ထဲက စမ်းချောင်းလေးတောင် ခေါက်ရိုးရာတွေနဲ့
အဖြစ်သနစ်က ဆေးဆိုးပန်းရိုက်မိုးသားတွေမျှပါပဲ လိုချင်ရင် အဲဒီကမ်္ဘာကို ဆုတ်ဖြဲယူထားလိုက်ပေါ့
ငါ့ကို အသားကုန်ခြစ်ထုတ်ကြည့်ရင်တောင် စင်းလုံးချော မပြောင်စင်တော့ပါဘူး မှန်ပေါင်သွင်းပြီး
ပလတ်စတစ်ပါးပါးအုပ်ထားတာကို အတင်းကာရော ယူယူပြီး ဆဆကြည့်နေတာနဲ့ပဲ အယူအဆဟာ
မသစ်လွင်တော့ဘူး နေ့စဉ်လာရာလမ်းအတိုင်း အချိန်လည်း မှန် စည်းချက်လည်း ညီ ပွင့်ဖတ်ပွင့်ချပ်
အစုံအလင် မင်းလေးဟာ အသစ်စက်စက်ကွန်ကရိမှန်လုံ အဆောက်အအုံတစ်ခုလို ပိုးစိုးပက်စက်
လှသွေးကြွယ်နေတယ် ဟုတ်ယောင်ယောင်ထင်မှတ်မှားမှုရဲ့ မျှော်ကိုးနေတတ်ခြင်း ဆန်္ဒသေများပေါ်က
အယောင်ဆောင် ပျင်းစရာသတင်းစာတစ်စောင်လို နေ့ရက်တွေ ကိန်းဂဏန်းတွေ ရေချိုပုစွန်တွေ
ပင်လယ်ငါးတွေ အခိုးအငွေ့ဆန်ဆန်ကိလေသာဟာ လျှာပေါ်တင်မကြည့်လည်း အရသာရှိမှန်းတော့
တစ်နည်းနည်းနဲ့ ငါတို့ သိခဲ့ထားပြီးသားပဲ ခန်္ဓာကိုယ်မှာ ကော်နဲ့ကပ်ထားတဲ့ အသက်ဓာတ်ကို စကားလုံး
တွေနဲ့ တစ်နေကုန်ဆက်နေရတာ မောတယ် ငွေကြေးလရောင်အောက်မှာ လူအူသံတွေဟာ မြင်မကောင်း
အောင် ဆူညံပွက်လောရိုက်နေတဲ့အခါ မေးကြောကို အနေတော်ကလေး ၀က်အူလျှော့ပြီး ချောင်ယူပြန်
လှည့်လာရတယ် အဲဒီအထောက်အထားအားလုံးကို နေရာတကျပြန်မထားဘဲ ဟိုနားလျှောက်ထား
ဒီနားလျှောက်ထားနေရတာကိုက နေရာမကျသေးတာ သိသာနေတယ် နည်းနည်းလေးသိတာနဲ့ ဘုရား
ဖြစ်ပြီ အထင်ရောက်နေရှာတဲ့ ခေတ်သစ်အုတ်နီခဲ တုတ်တိုတုတ်စ အမှိုက်သိုက်ရေစီးကြောင်း
ဝဲဂယက်ထဲ သဒ်္ဒါမမှန်တဲ့ သွေးလေလည်ပတ်မှုတွေပဲ အရင်အတိုင်း ပြန်ရတယ် ၃၁ ဘုံသံသရာမှာ
စိတ်ကြံကြိတ်စက်အတွင်းက အရည်မလာတဲ့ ကြံရည်အဖတ်အစအထွေထွေ ယင်တစီစီ
လွန်းဆက်နိုးမြတ်


ကွက်သစ်

ဒီကဗျာကို မဖတ်ခင် အသက်ကို ၀အောင် ရှူလိုက်ပါ ပြီးမှ ဖတ်ပါ
ဒီကဗျာကို ဖတ်ရင်း ခဏခဏနားပါဦး ပြီးရင် ကဗျာရဲ့ဦးတည်ရာကို စိတ်နဲ့ သွားပါ
အဲဒီမှာ ခင်ဗျားတွေ့ရမှာက နှစ်ဆင့်ချိုင့်တွေ သုံးဆင့်ချိုင့်တွေ ခြေနဲ့နင်းမှ ပြေးတဲ့ ဘီးတွေ
လက်ကစားရုံနဲ့ ပြေးတဲ့ ဘီးတွေ သုံးဘီး ခြောက်ဘီး ရှစ်ဘီး စသဖြင့် ကားအမျိုးမျိုး
အိမ်အမျိုးမျိုး ခြံအမျိုးမျိုး နေစရာရော ဘ၀ပါ ရွက်ဖျင်ထိုးထားသူတွေရဲ့ သက်ဝင်ပန်းချီကား
အဲဒီမှာ မိုးသဲသဲနေ့တွေရှိသလို နေပြင်းပြင်း လေပြင်းပြင်းနေ့တွေ ရှိတယ်
အဲဒီမှာ ကာလသုံးပါးစလုံး ရေခဲမှတ်အောက်ရောက်နေကြတဲ့ ဘ၀တွေရှိသလို
ဘက်တီးရီးယားပေါင်းစုံ ရောဂါပိုးပေါင်းစုံနဲ့ လက်တွေ့ဘ၀တစ်ခုလုံး
ဒုက်္ခရေဆူမှတ်တွေ မြင့်တက်နေသူတွေလည်း ရှိတယ်
အဲဒီမှာ မျှော်လင့်ချက်ကို မျက်ရည်နဲ့ ပုံဖော်နေတဲ့ သက်တံကိုင်းကိုင်းတွေရှိသလို
သေခြင်းတရားကို သင်္ခါရနဲ့ ပုတ်ထုတ်ကာကွယ်နေတဲ့ မြက်ခင်းစိမ်းစိမ်းလေးတွေ ရှိတယ်
အဲဒီမှာ နှလုံးသားတစ်စုံအတွက် နှလုံးသားတစ်စုံနဲ့
တံတားခင်းပေးထားတဲ့ ဘ၀ကူးတံတားလေးတွေ ရှိသလို
ဘ၀တစ်ခုအေးချမ်းဖို့ ဘ၀တစ်ခုပူလောင်နေရတဲ့
အပူတစ်ခြမ်း အအေးတစ်ခြမ်း တိမ်ညိုမှိုင်းမှိုင်းတွေရှိတယ်
အဲဒီမှာ မိသားစုဆီ ပြန်လာတဲ့ လောဘတွေ ရှိသလို
မိသားစုဆီက ထွက်သွားတဲ့ မောဟတွေလည်း ရှိတယ်
အဲဒီမှာ လက်ဖက်ရည်တစ်ခွက်နဲ့ အပြတ်ဖြတ်ခဲ့ရသူတွေ ရှိသလို
ဗီဒီယိုတစ်ကားနဲ့ ဘ၀ပြားနေခဲ့သူတွေလည်း ရှိတယ်
အဲဒီမှာ ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို အင်္ကျီချုပ်ဝတ်ထားတဲ့သူတွေ ရှိသလို
နားလည်မှုကို ဖဲ့ဝါးပြီး မေတ်္တာတရားကို အနံ့ရှူနေတဲ့ ခံစားချက်ကျောမွဲတွေလည်း
ဒုနဲ့ဒေး
အဲဒီမှာ အရက်ကြမ်းတစ်ခွက်တစ်ဖလားနဲ့ ဘ၀ကို မေ့ဖျောက်နေခဲ့သူတွေ ရှိသလို
သူများတိုက်တဲ့ ကွာလတီအရက်ကို သောက်ပြီး ဘ၀ကို စိတ်နာနေကြတဲ့
မျက်ထောင့်နီကြီးတွေလည်း ရှိတယ်
အဲဒီမှာ အတ်္တကြိမ်လုံးကို လောဘအားထည့်ပြီး မောဟသံတဖြန်းဖြန်းနဲ့
လူကို နွားလိုရိုက်တတ်တဲ့ ငွေရှင်ကြေးရှင်တွေ ပျော်မွေ့တတ်သလို
လက်ညှိုးတစ်ချောင်းကို အသုံးချပြီး ခေါင်းပုံဖြတ်အမြတ်ကြီးစားတတ်သူတွေရဲ့
စားကျက်နုနုတွေလည်း ရှိတယ်
အဲဒီမှာ ခင်ဗျားမမြင်ချင်ဘဲ မြင်နေရတဲ့ အရာတွေရှိသလို မတွေ့ချင်ဘဲ
တွေ့နေရတာတွေလည်း ရှိတယ်
အဲဒီမှာ မှားမှန်းမသိ မှားနေကြသူတွေ ရှိသလို မှန်မှန်းမသိ မှန်နေသူတွေလည်း ရှိတယ်
အဲဒီမှာ ကရုဏာတွေ မုဒိတာတွေ ပွားစရာရှိသလို ဒေါသ မောဟထွားစရာတွေလည်း ရှိတယ်
အားလုံး အားလုံး မြင်တွေ့ပြီးရင် ခံစားပြီးရင် အသက်ကို ၀အောင် ရှူလိုက်ပါ
ပြီးရင် သက်ပြင်းကို ဖြည်းဖြည်းလေးမှုတ်ထုတ်လိုက်ပါ
ပြီးပြီဆိုမှ ခင်ဗျားရဲ့ လက်တွေ့ဘ၀ထဲ ပြန်ဝင်သွားပါ
ဒါပါပဲ (ကျေးဇူးတင်ပါတယ်)
မင်းမြတ်မွန်


ငြိမ်းဝေဒေလီ (၁)

လူရှင်းလို့မရတဲ့ ပုစ်္ဆာကိုကံတရားကရှင်း သစ်္စာ မေတ်္တာ ရွှေမန်းတင်မောင်ရဲ့ နောက်ပိုင်းဇာတ်များ
ရုပ်သေး မင်းသမီး မင်းသားများ မှတ်တမ်းရုပ်ရှင် သာမန်လူသားရဲ့ လွတ်လပ်မှုကို ဒေလီနယူးစ်လို့ခေါ်ဆို
အချောပို အပိုချောတဲ့ သံခင်းတမန်ခင်းများရဲ့ အကယ်ဒမီပညာရေးကို
အရပ်သား ပညာရေးက ထောက်ပြဝေဖန် နေ့စဉ်ဘ၀မှာ ငါတို့အမြဲခံနေရပါတယ်
သည်းခံနေရပါတယ် ပျော်ရွှင်မှုစစ်စစ် လိုအပ်ပါတယ် နိစ်္စဓူဝရဲ့ ကဗျာ
ငါတို့တက်္ကသိုလ်နေ့တွေ (၁၉၈၂- ၁၉၉၂)က ခင်မင်စွန့်လွှတ်ခဲ့ကြတဲ့
လောဘနဲ့ ဒေါသတွေကို ဘယ်သူမှ မမြင်ခဲ့ကြဘူး
လွမ်းတယ်ဆိုတာ အကွန်ဆက်ကြေးမုံကို ဝေဒနာ အတစ်လိုက် ပစ်သွင်းလိုက်တာပါ
နှစ် ၂၀ ကျော် ရပ်ထားတဲ့ လက်တွေက ဒြပ်မဲ့အရောင်တွေကို ကစားတော့တာ
မိသားစု စွန့်စားမှု အလေးအနက်ထားမှု ပြီးတော့ ကဗျာဆရာဆိုတာ မသိ
လောက်အောင် ကဗျာဖြစ်မှုရဲ့ လှိုင်းလုံးကြီးကြီးတွေနဲ့ ဘ၀သမုဒ်္ဒရာ
“ငါတို့ပျော်ခဲ့ကြတယ် ငါတို့မော်ခဲ့ကြတယ် ငါတို့တကယ့်ကို ခင်မင်
ခဲ့ကြတယ် ငါတို့စွန့်လွှတ်ခဲ့ကြတယ် ငါတို့စွန့်စားခဲ့ကြတယ်
ငါတို့အနာမဲ့ဘ၀ကို ထုဆစ်ဖို့ နည်းလမ်းရှာကြတာ မရေမရာ
နှင်းထုကြားထဲမှာ ငါတို့ သီဆိုခဲ့သော သီချင်းများအား
ပြန်လည်ဦးညွှတ်ကြပါစို့ ငါတို့ ရေးသားခဲ့သော ကဗျာများ
အား ပြန်လည်ရွတ်ဆိုကြပါစို့။ ငါတို့ဖြတ်သန်းခဲ့သော
တောင်တန်းများ မြစ်များ ပင်လယ်များ သမုဒ်္ဒရာများ ကောင်းကင်
အရောင်များ မြေကြီးအရောင်များ လေအရောင်များအား
ပြန်လည်ဖြတ်သန်းကြပါစို့” (ဗဟုအသံ ဂီတအသံ လျှံထွက်လာတဲ့ နား)
သစ်္စာဆိုခြင်းအားဖြင့် လွမ်းရသောသူများ ကျန်းမာချမ်းသာ လန်းဖြာကြစေသား
သစ်္စာဆိုခြင်းအားဖြင့် လွမ်းရသောသူများ ကျန်းမာချမ်းသာ လန်းဖြာကြစေသား
သစ်္စာဆိုခြင်းအားဖြင့် လွမ်းရသောသူများ ကျန်းမာချမ်းသာ လန်းဖြာကြစေသား
မနေ့က အေးတယ် ဒီနေ့ နွေးတယ် မပူတော့ဘူး
ရာသီဥတုက သစ်္စာဘက်မှာ
စိတ်ချ ငြိမ်းချမ်းစေရမှာ မုန့်ပျားသလက်မှာ မြန်မာရနံ့အစစ်ရှိ
ပန်းခြံတွေ ကျန်းမာလို့ လန်းပါစေသား
ငြိဏ်းဝေ


ဟိတ်...

အခုလို ဒူးပေါ်ပေါင်ပေါ်ခေတ်ကြီးထဲ
အကုသိုလ်ပန်းတွေ အလွယ်တကူပွင့်ချင်စရာ
ဘာ...
မုဒိမ်းမှုဖြစ်ပြန်ပြီတဲ့လား
ဒါထူးဆန်းတဲ့ သတင်းမှ မဟုတ်ဘဲ
ဘယ်အရပ်က စီးဝင်လာတဲ့ ရေရိုင်းတွေလဲ
မယူသင့်တာတွေ ယူရင်တော့ မရသင့်တာတွေ ရမှာပဲ
ဟိတ်... ညီမလေး...
မင်းဝတ်ထားတဲ့ စတိုင်က ဖရီးစတိုင်ဆိုတာလား
မုဆိုးကို မျက်စပစ်ခေါ်နေသလို ကြည့်မကောင်းဘူး
ပြီးတော့မှ ဘာဖြစ်တယ် ညာဖြစ်တယ် လျှောက်မအော်နဲ့
ဟောဒီလောကကြီးက ပုထုဇဉ်ယောက်ျားတွေ များတယ်။
ထွန်းလင်းသစ်(ကန့်ဘလူ)

Monday, July 30, 2012

ကဗျာဆရာများသို့

တစ်လထက်တစ်လ ရယ်စရာရှေ့တန်းစာမျက်နှာမှ
ထက်မြက်ပီပြင်သော ကဗျာသစ်များ၏ ဒီရေကား
အရှိန်ပြင်းပြင်း မြင့်တက်လျက်ရှိသည်ကိုကဗျာဆရာများ
အမြင် အကြား အသိပင်ဖြစ်ပါသည်။ နောင်တစ်ချိန် မြန်မာ
ကဗျာရေစီးပြောင်းလဲမှုသမိုင်းသစ်တွင် ယနေ့ရယ်စရာကဗျာများသည်
ရှေ့ဆုံးခန်းမှကမ္ပည်းမော်ကွန်းထိုးထားမည်မှာ အသေအချာဖြစ်ပါသည်။
ရှေ့လ(အောက်တိုဘာ)အတွက်အောက်ဖော်ပြပါ ကဗျာဆရာများ၏
ကဗျာများကို ဖော်ပြရန် စီစဉ်ထားရှိပါကြောင်း။

၁။ ကြည်မျိုးအောင်
ချိန်းတဲ့ညတွေ
၂။ ငြိဏ်းဝေ
ငြိဏ်းဝေဒေလီ(၂)
၃။ ဥက္ကာမင်းဆက်
မြန်မာကဗျာ
၎။ လူဇော်သစ်
ဘာလော့တယ်လီ
၅။ သက်ငြိမ်သစ်
ပျော်ပေါ့
၆။ ထွန်းလင်းသစ်(ကန့်ဘလူ)
မိုက်တော့မိုက်လာပြီ (အဲဒီလိုထင်ရတာပဲ/အဲဒီလိုမျှော်လင့်ရတာပဲ)
၇။ မောနွေ
အချစ်
၈။ စစ်နိုင်
ယဉ်ကျေးမှုကော်ရစ်တာ
၉။ ဆူးရင့်
သို့ မစ္စတာကဗျာဆရာနှင့် မစ္စက်ကဗျာဆရာမ
၁၀။ နေသစ်(ပုတီးကုန်း)
ဂိုဒေါင်ကြီးနဲ့တစ်လုံး ထမ်းရခြင်းတွေ

အယ်ဒီတာ
ရယ်စရာမဂ္ဂဇင်း