Friday, March 8, 2013

အတွေးများ


တစ်ကိုယ်ရေအခန်းလေးထဲ တိတ်ဆိတ် ငြိမ်သက်စွာ
အတွေးက တစ်ခန်းလုံး ပြည့်လျှံနေခဲ့တယ် မြင်နေရတဲ့ မြင်ကွင်းတိုင်းဟာ
ဖြာကျနေခဲ့တဲ့ အတွေးရနံ့လေးမှာ ငြိကပ်လိုက်၊ ပျံတက်လိုက်
နံရံပေါ်တွယ်ကပ်နေတဲ့ အတွေးများ၊ မျက်နှာကျက်ပေါ် တွဲလွဲဆွဲနေတဲ့ အတွေးများ
ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့အတွေးများ၊ အိပ်ရာပေါ် ဖြာကျနေတဲ့ အတွေးများ
စာအုပ်စင်ပေါ်၊ တီဗီပေါ်၊ ပန်းချီကားပေါ်၊ ၀ှိုက်ဘုတ်ပေါ်၊ နာရီတွေထဲမှာ အတွေးတွေကိုယ်စီနဲ့
ရိုးရိုးလေးတွေးတယ်၊ ရိုးရိုးလေးပြန်ထွက်သွားတယ်၊ တိတ်တဆိတ်ပြန်ဝင်လာတယ်
အတွေးက တစ်ခန်းလုံး နေရာအနှံ့မှာ ကူးလူးနေခဲ့တယ် လောကကြီးရဲ့ အပြင်ဘက်ကို ပြေးထွက်သွားတဲ့
အတွေးက အေးအေးမြမြ၊ လောကကြီးရဲ့အတွင်းသားအတွေးတွေက ပူပြင်းလွန်း
ဆို့တက်လာတဲ့ ရင်တွင်းမှာ အတွေးက နာနာကျင်ကျင် သောကနဲ့ရင်လိုက်ရတဲ့ အတွေး
ဘ၀ကိုစတေးလိုက်ရတဲ့ အတွေး၊ အတွေးတွေ အတွေး  တွေး  တွေး  တွေး  တွေးရင်း မူဝေေ၀
မပြီးနိုင် မဆုံးနိုင်၊ အတွေးက အတွေးကို ပြန်ရစ်ပတ်နေခဲ့တယ်
ငါပိုင်တယ်ထင်တဲ့ အတွေးက ငါ့ကိုပြန်ဖမ်းစားတယ်၊ ငါ့အတွေးက ငါ့ရဲ့ ရန်သူ
ငြိမ်သက်နေတဲ့အလှတရားဟာ ဖမ်းဆုပ်လို့မရတဲ့ အတွေးဖြစ်ပြီး
နာကျင်ဖွယ်အတွေးတွေက တစ်လောကလုံးမှာ ပြန့်ကျဲ။
အရောင်စုံအတွေးတွေနဲ့ အိပ်ရေးပျက်နေခဲ့ရတယ်။

မောင်မင်းစိုး

No comments: