Friday, March 8, 2013

ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်

အများစုပဓာန၀ါဒ = Majoritarianism
----------------------------------------
အင်္ဂလိပ်တွေးခေါ်ရှင် ဂျွန်လော့ခ် ( ၁၆၃၂-၁၇၀၄ ) ဖွင့်ဆိုခဲ့သော သဘောတရားဖြစ်သည်။ ဂျွန်လော့ခ် က လူ့အသိုက်အ၀န်းတစ်ခုကို ခန္ဓာကိုယ်နှင့် ဥပမာပေးသည်။ လူတစ်ဦးချင်း တစ်ဦးချင်းတို့ စုပေါင်းလိုက်သော အခါ လူ့အသိုက်အ၀န်းတစ်ခု ဖြစ်လာသည်။ ခန္ဓာကိုယ်သည် များရာဆန္ဒရှိသည့်အတိုင်း လှုပ်ရှားဆောင်ရွက် သကဲ့သို့ လူ့အသိုက်အ၀န်းတစ်ခုတွင်လည်း အများစု၏ဆန္ဒအတိုင်း ပြဌာန်းဆုံးဖြတ် ဆောင်ရွက်မှသာ သဘာဝ ကျသည်ဟု ဆိုသည်။ အများစုဟူသည်ကို သတ်မှတ်ရာတွင် အသိုက်အ၀န်းထဲမှ ပါဝင်ဆန္ဒပြုသူဦးရေ၏ ၅၀%+ ၁ ဟူ၍ သတ်မှတ်ကြသည်။
တွေးခေါ်ရှင်ကြီး ရူးဆိုး ( ၁၇၁၂-၇၈ ) ကလည်း လူများစု၏ ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းက ကောင်း ကျိုးဖြစ်ဖို့ ပိုများသည် ဟု ဆိုခဲ့သည်။
( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )



အာဏာပဓာနသမား = Machiavellian ( Machiavellianism )·
--------------------------------------------------------
     ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ရာဇောဝါဒကျမ်းပြုဆရာ နီကိုလို ဒေ ဘာနာဒို မက္ခယာဗယ်လီ ( ၁၄၆၉-၁၅၂၇ ) ကို အစွဲပြု၍ မက္ခယာဗယ်လီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံ သူ နိုင်ငံရေးသမားများအား ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။
မက္ခယာဗယ်လီသည် ၁၅၁၃ ခုက သူ ရေးသားစီရင်ခဲ့သော မင်းသား ( The Prince ) ခေါ် ရာဇောဝါဒ လမ်းညွှန်ကျမ်းတွင် စိုးမိုးအုပ်ချုပ် မင်းလုပ်မည့်သူများအတွက် နိုင်ငံရေးတက်လမ်းရှာနည်း၊ ရရှိပြီးသော နိုင်ငံ ရေးအာဏာကို ခိုင်မြဲအောင်လုပ်နည်းနှင့် အတိုက်အခံများအပေါ် အောင်မြင်ရေး နည်းလမ်းများကို ဖော်ပြထား သည်။
နိုင်ငံရေးတွင် အခြေအနေကိုလိုက်၍ သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား၊ ကိုယ် ကျင့်သိက္ခာတို့ထက် ပို၍ အရေးကြီးသည် ဟု မက္ခယာဗယ်လီက ဆိုခဲ့သည်။ ကျင့်သုံးခဲ့သော နည်းလမ်းများ မှန် မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက ဆုံးဖြတ်သည် ( The ends justify the means ) ဟူသော မက္ခ ယာဗယ်လီ၏ နာမည်ကျော်သြ၀ါဒသည် နောင်အခါ အာဏာပဓာနသမားများ၏ လက်သုံးစကား ဖြစ်လာသည်။
မက္ခယာဗယ်လီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူ နိုင်ငံရေးသမားများအား Machiave llian pllitican ဟု သုံးနှုန်းပြောဆိုလေ့ ရှိသည်။ မက္ခယာဗယ်လီယံဝါဒ ( Machiavellianism ) ဟူ၍လည်း အသုံးအနှုန်းရှိသည်။
 ( မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် )

No comments: