Friday, March 5, 2010

ကဗျာစာတမ်းဖတ်ပွဲ၊ကဗျာရွတ်ပွဲနှင့်ကဗျာစာအုပ်ဈေးရောင်းပွဲတော်ကျင်းပသွားမည်


လာမယ့် မတ်လ(၁၃)ရက်နေ့မှာ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ စာပေလောက(၅)
စာအုပ်ဆိုင်မှာ မိမိတို့ ကိုယ်တိုင်ရေးထားတဲ့ စိတ်ကြိုက် ၀တ္ထု၊
ကဗျာများကို ကိုယ်တိုင်ဖတ်ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သို့အတွက်ကြောင့် စာချစ်၊ ကဗျာချစ်များအနေနဲ့ အဆိုပါနေရာသို့ လာရောက်ပြီး
ဆွေးနွေး ပြောဆို၊ နားထောင်းနိုင်ရန် အသိပေးအပ်ပါတယ်။
ထို့နောက် (၂၀-၂၁-၂၂)နေ့များမှာလည်း အဆိုပါနေရာမှာပင် ကဗျာဆရာများမှ
ကဗျာစာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲနဲ့ ကဗျာစာအုပ်ဈေးရောင်းပွဲတော်ကိုလည်း(
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ်) ကျင်းပသွားမယ်လို့ သိရပြီးမည်သူမဆို
လာရောက်ပြီး နားထောင်၊ အကြံပြု၊ ၀ယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
ရွှေနံ့သာ

No comments: