ပန်းတွေအကောင်ပေါက်လာတော့
နေဟာ ဝေဒနာကို လက်ထိုးပြီးအန်တယ်
နံနက်။
မိန်းမဟာ အရိပ်မရတဲ့ သစ်ပင်လိုပဲ
စိတ်ရှုပ်စရာတွေပဲ လှည်းကျင်နေရတယ်
သစ်ရွက်ဆိုတာ
ဘီးဖြီးတော့ကျွတ်တဲ့ ငါ့ခေါင်းက ဆံပင်လား။
လက်ဖက်ရည်ဆိုင်ဆိုတာ
လက်ဖက်ရည်မသောက်ဘဲ ထိုင်မှတန်တယ်
စီးကရက်တစ်လိပ်ဟာ
သူခိုးကို လင်လုပ်ပေါင်းတဲ့မိန်းမရဲ့
မှားယွင်းမှု မီးခိုးပဲ။
မိုးကဖျောက်ဆိပ်
နေက မပွင့်တပွင့်
ကြက်ဥတွေကို အကုန်ထည့်မထားနဲ့ဗျ
လဲရင် အကုန်ကွဲကုန်မှာပေါ့
ခွဲထားတာ အကောင်းဆုံးပဲ။
စံပါယ်ဟာ စန္ဒရားသံကို နားထောင်ပြီးပွင့်တယ်
ရနံ့ဟာ တယောသံပေါ်ဆွတ်ပြီး စီးမျောတယ်
သွားတိုက်ဆေးကို မညှစ်ဘဲထွက်လာတာ ထိုင်စောင့်ရင်းနဲ့
သွားမတိုက်ခင် တွေးမိတဲ့အတွေးများ
တစ်ညလုံး တစ်ကွက်မှ ဖလင်ပေါ်မရောက်ဘူး။
တိုးနှောင်မိုး
No comments:
Post a Comment