Sunday, February 22, 2009

ဗီရာ(VERA)

ဒီကဗျာဟာလည်း ကျွန်တော်တို့ ရန်ကုန် လူငယ်ကဗျာဆရာတွေ အနေနဲ့၂၀၀၅ - ၃ - ၂၁ -မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့မှာ ခေတ်ပြိုင်မြန်မာ(၂၀၀၄) ခေတ်ပေါ်ကဗျာဆု(ဒုတိယ)ဆုအဖြစ် ထုတ်ပြန်ခဲ့တဲ့ကဗျာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ပေးခဲ့တဲ့ ကဗျာဟာ ဒုတိယဆုရကဗျာနဲ့ ထိုက်တန်မှု ရှိ၊ မရှိဆိုတာ ခင်ဗျားကိုယ်တိုင် ဖတ်ကြည့်စေချင်လို့ ဒီကဗျာကို စာအုပ်ပုံထဲကနေ ခက်ခက်ခဲခဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်





“ မင်းနာမည် ဘယ်သူလဲ”

“ ဗီရာ”

“ မင်းအမေက…”

“ အကာလညရဲ့ ဒုတိယမာတိကာ”

“ မင်းရဲ့အဖေ…”

“ ရန်သူ”

“ ကိုယ်တွင်ထင်ရှားသည့် အမှတ်သား”

“ ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာ”

“ မင်းရဲ့ဇာတိ”

“ စစ်ပြေးလမ်း”

နျူကလီးယား ပန်းခင်းထဲမှာ

ငြိမ်းချမ်းပါစေ

အာမင်။

မိုဃ်းဇော်
(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊၂၀၀၄-စက်တင်ဘာ)

No comments: