Friday, July 18, 2008

အချစ်အကြောင်းပြောတဲ့ည

အချစ်ကြောင့် ရူးသွပ်ခဲ့ရတာတွေနဲ့

ကျွန်ဖြစ်သွားခဲ့ရတဲ့ ဘ၀တွေ

လေတစ်လုံး မိုးတစ်လုံးနေထိုင်မှုတွေနဲ့

အရက်ဖြစ်သွားရတဲ့ သားကောင်းတွေ

အချစ်ဟာ

ဘုရားသခင် ထပ်မံဖန်ဆင်းခဲ့တဲ့

ကျိန်စာလား

မတရားမှုရဲ့တရားခံလား

အရောင်ရောင်အမှားမှားအတွေးတွေနဲ့

ကံဆိုးမိုးမှောင်ကျခဲ့တယ်။

ကဗျာဆရာမှာ အချစ်ရှိသလို

စားပွဲထိုးလေးမှာလည်း အချစ်ရှိတယ်

အချစ်ဟာ မိုက်ရူးရဲဆန်ခဲ့တဲ့နေ့တွေနဲ့

အိပ်မပျော်တဲ့ ညတွေကိုဖန်ဆင်းခဲ့တယ်။

ပွင့်ဖတ်တွေလို

နုနယ်ပြီး

လွှသွားတွေလို ကြမ်းရှတယ်

မီးခိုးချင်းပေါင်းကူးခဲ့ပြီး

မျက်စောင်းတစ်ချက်ကြောင့်

ဘ၀ပေါင်းများစွာကို လောင်ကျွမ်းစေခဲ့တယ်

အမှန်တရားမရှိဘူး

မိုက်တွင်းနက်တယ်

သွေးစွန်းတယ်

အချစ်ဟာအချစ်နဲ့တူခဲ့ပြီး

အမုန်းနဲ့ ဂဟေဆက်ထားတယ်

အချစ်ကြောင့်ပူလောင်လို့

ဒဏ်ရာအနာတရ ရခဲ့ပါတယ်။

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: