Friday, August 22, 2008

ကဗျာရေးတဲ့ ကဗျာ

လူတွေကို မျှားဖို့
ဖိုမ ကိစ္စ အစာတပ်နေကြတဲ့ အနုပညာသည်ကြီးများ
လေလုံးကြီးတွေ ထွားပါစ။

မိုးတွင်းကားလမ်းမများ
ငါ့ရှေ့ကျ ပြဒါးမြွေ အသေတစ်ကောင်
ပုဏ္ဏမီမှတ်တိုင်ဟာ
ကြေးစားမိန်းမလို သူစိမ်းမျိုး။

အများအမြင်မှာ ကြောင်ပျင်းတစ်ကောင်လို ထိုင်နေပေမယ့်
လူတွေဆီ ကျွန်တော့်အကြည့်ရဲ့ နာမည်က
”လှောင်ရယ်”။

ဘ၀ကို အပြင်းလျှောက်ရတဲ့အခါ
အခြားအရသာတွေ ပေါ့ပျက်လာရစမြဲ
ဒါ…ငါတို့ကဗျာကို ကျားကန်ထားရတဲ့ခေတ်
ခင်များ နားလည်သင့်တယ်။

အမှန်တရားရဲ့ မာကျောမှုမှာ
အစီအရီခေါက်သိမ်းထားရတာတွေက
ဒဏ်ရာ အကျရှုံးများ။

ကိုယ်ကြိုက်တဲ့ သီးချင်းတွေ ဘယ်ကဖေးဆိုင်မှာမှ မရတော့ဘူး
အိပ်မက်နဲ့ စိတ္တဇထဲ ဖေဖေဟာ
နောက်ထပ်
ဘယ်တော့မှ ပျောက်ကွယ်မသွားတော့ဘူး။

သူရ ၅-လမ်းဟာ
ကျွန်တော့် ဂေဟစနစ်တွေကို ဖျက်ပစ်လိုက်ပါပြီ
လရောင်နဲ့ဖေ့ဖေ့ဆီ
ရူးနှမ်းစွာ တောင့်တတတ်ခဲ့ပြီ
မေမေ နဲ့ ကျွန်တော်
ကျွန်တော် နဲ့ အနုပညာ
ရုန်းရင်း ဆန်ခတ်။

ဖိုးဆောင်း

No comments: