Saturday, January 24, 2009

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ(၇)

ညီလေး၊ညီမလေးတို့ရေ……

တစ်ခါတစ်လေမှာ နေပျော်ပျော်သေပျော်ပျော်ဆိုပေမယ့် နေမပျော်တဲ့အခါတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြားရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဘ၀ဆိုတာ လူ့သားတစ်ယောက်အတွက် စိတ်ဓာတ်နဲ့ခွန်အားကို အဓိကထားပြီး

ရင်ဆိုင်ဖြေရှင်းရင်း ခံနိုင်ရည်ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းနဲ့ တိုင်းတာကြည့်ပြီး ဆက်လက်ရွက်လွှင့်ထွက်ခွါရ မယ့် အနာဂတ်ပြေးလမ်းကို ဘယ်လောက်ထိပြေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လေ။ ဒီတော့ မင်းတို့ဟာ လောကကြီးရဲ့ တစ်စိတ်တစ်ဒေသကနေ ကိုယ့်ပြေးလမ်းအတိုင်း ဆက်လက်ပြေးဖို့ စိုင်းပြင်နေဆဲပဲ မဟုတ်လား။

မြူနှင်းတွေဝေနေတဲ့ ဆောင်းဥတုရဲ့ နံနက်ခင်းတိုင်း ထင်းမီးကိုလှုံရင်း အချမ်းပြေစေခဲ့ကြတဲ့ ငါတို့ရဲ့ ဆောင်းမနက်တွေကို လည်ပြန်တွေးရင်း အမေဖုတ်ပေးခဲ့တဲ့ ထန်းမြစ်လေးတွေကိုစားရင်း ငါ့တို့ကလေးတွေရဲ့ ငယ် ဘ၀ကို မျှော်ကြည့်လိုက်တော့ မြူနှင်းကင်းပျောက်တာနဲ့ ဈေးတောင်းလေးကို ခေါင်းပေါ်တင်ရင်း တစ်ရွာဝင်တစ်ရွာ ထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်းရင်း ဈေးရောင်းရှာကျွေးခဲ့တဲ့ အမေရဲ့ဖျင်းကြမ်းထူထူထဲထဲ အကျီ င်္ကြီးဟာ ငါတို့ကို အနွေးဓာတ်တွေပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဘ၀ပြေးလမ်းပေါ်ပြေးခဲ့လိုက်တာ ငါတို့အားလုံးလူသားဆန်တဲ့ အပြုအမူတွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ အရင်ကလိုနေပျော်နေပျော် ဘ၀တွေကို လည်ပြန်တွေးမိလေတိုင်း မင်းတို့ ရဲ့ အေးခဲနေတဲ့ မျက်နှာလေးတွေကို အစ်ကိုပြန်လည်မြင်ရောင်နေမိပါတယ်။

အမေဈေးရောင်းတဲ့အကြောင်းပြောနေရတာ မင်းတို့လည်းနောင်ကြီးပြင်းလာရင် အတုယူစေချင်လို့ အမေ ကတော့မင်းတို့သိတဲ့အတိုင်း အားနာတတ်တယ်။ အမြတ်အစွန်းဆိုတာလည်း အရမ်းတင်တာမဟုတ်ဘူး။ ဒါတောင် တစ်ချို့လူတွေက ဈေးကိုအရမ်းဆစ်လွန်းတယ်။ အမေကတော့ ဖြစ်နိုင်ရင်အရင်းရရင်တောင် ရောင်းလိုက်ရတယ် ဆိုတာမျိုးတွေကို အစ်ကို့ကိုပြောပြဘူးတယ်။ ဥပမာ-ငွေအရမ်းလိုနေချိန်၊သို့မဟုတ် ငါ့တို့အတွက်ဈေးဖိုးလေးနဲ့ စာ အုပ်စာတမ်းလိုဟာမျိုး အရေးတကြီးလိုအပ်ရင် ငွေမြန်မြန်ရပြီးတာပဲ သဘောနဲ့ရောင်းလိုက်တာတွေရှိတယ်။ ဒါတွေ ကိုမင်းတို့တော့ သိမယ်မထင်ဘူးပေါ့လေ။ အစ်ကို့ကိုပြောပြပေမယ့် မင်းတို့ကိုတော့ အမေကပြောပြလေ့မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတို့အရွယ်ကလည်း တော်တော်ငယ်သေးတော့ ပြောပြလည်းသိမှာမဟုတ်တာရယ်၊မ ထူးလောက်ဘူးထင်တာရယ်တွေကြောင့် အသာနေလိုက်တာဖြစ်လိမ့်မယ်။ အဲဒီတုန်းကတော့ အစ်ကိုတောင် ကောင်းကောင်းနားလည်တာမဟုတ်ဘူး။ ငါ့တို့လိုတဲ့ငွေရပြီးရော့အနေနဲ့ ဖာတိဖာတာနေခဲ့လိုက်တယ်။ အခုစဉ်းစား ကြည့်တော့ နားလည်မှူဆိုတာတွေနဲ့ အစားထိုးပြီးနားလည်လာခဲ့တဲ့အခါမှာတော့ ဒါဟာခေါင်းပုံဖြတ်နည်းတွေပဲဆို တာ သိလာခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့ အကြောင်းအရာ အဖြစ်အပျက်လေးတစ်ခုကို ပြောပြဦးမယ်။

တစ်ခါက နီဇီဗန်ဟာ ညစာစားဖို့ဆိုပြီး သူ့သူငယ်ချင်းတွေကို အိမ်မှာဖိတ်ထားခဲ့တယ်။ သူကိုယ်တိုင်ချက် ပြုတ်ခဲ့တယ်။ ဒီလိုနဲ့ အသားဟင်းတစ်ခွက်ချက်ဖို့ စဉ်းစားနေတုန်း ဈေးသွားတုန်းက ဆားဝယ်ခဲ့ဖို့ကို မေ့သွားခဲ့တာ ကို သတိရသွားတယ်။ ဒါနဲ့ အနီးရှိတဲ့ သူ့သားငယ်ကိုခေါ်ပြီး ပြောတယ်။

“ မင်းရွာထဲသွားပြီး ဆားအနည်းငယ်ဝယ်ခဲ့၊ ၀ယ်တဲ့အခါမှာ မှန်မှန်ကန်ကန် ဈေးပေးဝယ်ခဲ့။ များလည်းမ များစေနဲ့၊နည်းလည်းမနည်းစေနဲ့” ဒီတော့ သားလုပ်သူက ပြန်ပြောတယ်။

“ ကျွန်တော်နားလည်ပါတယ် ဈေးမများစေရဘူး မဟုတ်လား။ ဒါပေမယ့် ကျွန်တော်က ဈေးဆစ်လို့ သူအနေနဲ့ လျှော့ပေးတယ်ဆိုရင် ပိုက်ဆံအကုန်မသက်သာဘူးလား”

“ စဉ်းစားချင့်ချိန်တတ်တဲ့ မြို့ကြီးတွေမှာတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် တို့လိုရွာလေးမှာတော့ ဒီကိစ္စဟာ ရွာကိုပျက်စီးသွားနိုင်တယ်” ဒီလိုနဲ့ သူ့မိတ်ဆွေတွေရောက်လာခဲ့တယ်။ ညစာစားပြီးတော့ စကားစမြည်ပြောကြ တယ်။ သူတို့ကလည်း ဈေးဆိုပေါပေါနဲ့ရတာကိုသိလျှက်သားနဲ့ ဘာကြောင့်မ၀ယ်သင့်ဘူးဆိုတာကို နားမလည်ဖြစ် နေကြတယ်။ ဒီတော့ နီဇီဗန်က သူ့သူငယ်ချင်းတွေကိုပါ အဲဒါနဲ့ ပတ်သက်ပြီး သူခံယူထားတဲ့ သီဝရီကိုရှင်းပြလိုက် တယ်။

“ဆားရောင်းသူဟာ တန်ရာတန်ဖိုးနဲ့လျှော့ပြီးရောင်းရတယ်ဆိုရင် သူ့မှာ အကြောင်းပြချက်တစ်ခုပဲရှိတယ်။ အဲဒါကတော့ အဲဒီလူဟာ ပိုက်ဆံကိုအရေးတကြီးလိုနေလို့ဖြစ်လိမ့်မယ်။ ဒါကို အခွင့်ကောင်းယူပြီး ၀ယ်တဲ့လူဟာ ညှာတာမှုမရှိတဲ့လူပဲ။ ဒီကုန်ပစ္စည်းကို ထုတ်လုပ်တဲ့နေရာမှာတစ်ဖက်လူအသုံးပြုခဲ့ရတဲ့ လုပ်အားရုန်းကန်ပင်ပန်းမှု စတာတွေကို စာနာထောက်ထားမှု မရှိတဲ့သူဖြစ်တယ်” ဒီတော့ သူ့သူငယ်ချင်းတွေက ထပ်မေးလိုက်တယ်။

“ ဒီကိစ္စလောက်က ရွာတစ်ရွာကို ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

“ အဲဒီက စတာပဲ။ မဖြစ်စလောက် ပမာဏဆိုပေမယ့် အဲဒီတရားမမျှတမှုဟာ ကမ္ဘာကြီးကို ပြန့်ကားသွားပါ လိမ့်မယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်ကိုယ်ကျိုးကိုပဲ ရှေးရှုစဉ်းစားလာကြမယ်။ ဒီကိစ္စလေးဟာ အသေးမွှားလေးပါ၊ အရေးမကြီးပါဘူးလို့ အမြဲတွေးကြလိမ့်မယ်၊ အဲသလိုဆိုရင်တော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော်တို့ နောက်ကျသွားလိမ့်မယ်” လို့ ဗန်က ပြန်ပြောလိုက်တယ်။

ညီလေးညီးမလေးတို့ဟာ အနာဂတ်မှာ တန်ဖိုးရှိတဲ့ လူသားတွေ၊ လူသားဆန်တဲ့ လူသားတွေဖြစ်သင့် တယ်။ ဒါမှသာလျှင် အနာဂတ်က ပိုမိုသာယာနေလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနာဂတ်ဆိုတာ ညီလေး၊ ညီမလေးတို့ရဲ့ လက်ထဲကိုမကြာခင် လက်ဆင့်ကမ်းသယ်ဆောင်ကြရမယ် မဟုတ်လား။ ဒီတော့ တရားမျှ တတဲ့ အမူအကျင့်တွေကို အခုလို ငယ်ရွယ်စဉ်ဘ၀လေးတွေကနေစတင်ပြီး လေ့ကျင့်ရင်းလိုက်နာနိုင်ဖို့ အရမ်းကို အရေးတကြီး လိုအပ်နေတယ်။ ဒါကြောင့် အမေ့ရဲ့တရားမျှတတဲ့ အမူအကျင့်တွေကို လိုက်နာဖို့၊အတုယူဖို့ကိုပြော နေရချင်းဖြစ်တယ်။ အခုတော့ မင်းတို့လည်း လူလားမြောက်စအရွယ်ကို ရောက်နေပါပြီ။ အမေ့ဟာလည်း ငယ်ရွယ် သေးပေမယ့် အရွယ်နဲ့မလိုက်အောင် အိုမင်းမှုဟာကြီးစိုးနေခဲ့တယ်။ အမေ့ကိုတော့ ဘယ်တော့မှ စိတ်ဆင်းရဲစေ မယ်အပြုအမူမျိုးကို မပြကြပါနဲ့။ ကိုယ်၊နုတ်၊စိတ် ဆိုတဲ့ ကံသုံးလုံးတစ်းပါးပါးနဲ့မှ မပြစ်မှားမိအောင် သတိထားနေကြ ဖို့ အစ်ကိုမှာချင်ပါတယ်။ ညီမလေးအတွက် အစ်ကိုဝယ်ပေးလိုက်တဲ့ အနွေးထည်နဲ့ နွေးနွေးထွေးထွေးနေရင်း ကျမ်း မာရေးကိုလည်း ဂရုစိုက်ပါ။ ညီလေးအတွက်တော့ ပြီးခဲ့တဲ့နှစ်က အစ်ကိုပို့လိုက်တဲ့ အနွေးထည်ရှိပြီးဖြစ်နေတော့ ထပ်ပြီး ၀ယ်မပေးလိုက်တော့ဘူး။

အစ်ကိုပြောပြခဲ့တာတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အတုမြင်အတတ်သင်ဆိုတာ ကောင်းတာတွေကို လိုက်နာသင့်တယ်။ ကိုယ့်ကြောင့်သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်းကို ကြံစီတွေးတောပြီး အတ္တကိုမင်းမူရင်း မလုပ်သင့်တာတွေကို မလုပ်ဖြစ်အောင်တော့နေပေါ့။ အထက်ကပြောခဲ့သလိုပဲ အသေးမွှားလေး တွေကနေစပြီး ကမ္ဘာကြီးပျက်စီးဖို့ လမ်းကြောင်းတွေပေါ်လာတယ်။ အခု ကမ္ဘာပေါ်မှာ သိတဲ့အတိုင်း ပိုင်နက်လုယူရ တာနဲ့၊ မတရားတဲ့နည်းတွေသုံးပြီး အင်းအားမျိုးစုံးအားကိုးပြီး မလုပ်သင့်တာတွေလုပ်နေကြတော့ လူတွေဟာ တစ် ယောက်နဲ့တစ်ယောက်နဲ့ ယုံကြည်မှုတွေကင်းပြီး သံသယမျိုးစုံနဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေကြရတယ်။ ကိုယ် ချမ်းသာဖို့အရေးကိုသာ မင်းမူနေရင်တော့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကောင်းချင်ကောင်းနေပေမယ့် သူတို့စိဓာတ်တွေ ဟာ တန်ဖိုးဖြတ်မရတဲ့ ဘ၀ပြေးလမ်းပေါ်ကနေ တဖြေးဖြေးလွဲချော်နေကြရမှာဖြစ်တယ်။ ဒါဟာ အစားထိုးလို့ မရတဲ့ စိတ်ဓာတ်များ တအိအိပြိုဆင်းမှုတွေ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် မင်းတို့ဟာ ဘ၀မှာ ကိုယ့်ပြေးလမ်းအတိုင်းပြေးနေ ရင် လူသားဆန်တဲ့ အပြုအမူ၊အပြောအဆို၊အနေထိုင်တွေနဲ့ ဆက်လက်ရွက်လွှင့်ထွက်ခွါဖို့ အစ်ကိုမှာချင်ပါတယ်။ ဒီ လိုနေထိုင်တတ်ရင် ဘ၀မှာနေပျော်ပျော် သေပျော်ပျော်ဆိုတဲ့ စကားအတိုင်း အဓိပ္ပါယ်ရှိတဲ့ လူသားတစ်ယောက်ဖြစ် ပိုင်ဆိုင်ရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ဘ၀မှာလူဖြစ်ရကျိုးနပ်ပြီပေါ့။

မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….

မောင်မင်းစိုး(ရွှေနံ့သာ)

No comments: