Monday, February 9, 2009

ကျွန်တော်ဝတ်ဆင်တဲ့ တီရှပ်တိုင်းမှာ

လွယ်လွယ်မချစ်တတ်ဘူးဆိုတဲ့ မင်း
လွယ်လွယ်နဲ့ မုန်းတတ်တာ
မင်းလမ်းခွဲထွက်ခွါသွားတဲ့ မနက်တစ်ခုက စ လို့
ငါ့ဘ၀က အရူးစိတ်ကူးနဲ့ ဖျပ်ဖျပ်လူးတော့တာပဲ။
အချစ်ဆိုတာ မကျွံခင် နှုတ်မှ
သံယောဇဉ်ဆိုတာ မလောင်ခင်တားမှ
ဒီလို အတွေးခေါ်တွေ စွဲကပ်နေတာကို
မင်းရဲ့ ခမ်းနားမှုတစ်ခုလား
အချစ်ကြီးသူဟာ အရှုံးကြီးသူဖြစ်တယ်
မင်း ဒီလိုသီဆိုခဲ့တယ်။
ပင်လယ်အပြောကျယ်တယ်ဆိုတာထက်
မိန်းမတွေရဲ့ အမြင်ကပိုကျယ်မှန်း
ငါ အခုတော့ သိခဲ့ပြီ။
ဒီမှာ
လွမ်းလိုက်တာ တအားပဲ
ဘ၀ကူးတဲ့အထိ ဒီအချစ်က ငါ့ကို စူးနေမှာ အမှန်ပဲ။
အမြန်ပြန်လာပါကွယ် အော်ဟစ်ခေါ်နေလည်း
အသံဝင်သွားတဲ့အထိ
ချစ်သူဟာ ငါ့ခန်းထဲ ၀င်မလာဘူး။
မင်းက အသည်းမာတယ်
ငါက ခေါင်းမာတယ်
မရှင်တော့တဲ့ အချစ်ကို
အသေခံ ပြန်စိုက်တယ်။
ရက်မြတ်ဇော်
(၁၇-၁၀-၂၀၀၈)

1 comment:

ကံကောင်းသူ said...

Why did she leave u? I want to know.