စိတ်ဓာတ်က ဓာတ်လှေကားလို
တက်လိုက် ဆင်းလိုက်။
တိုက်တစ်လုံးရဲ့ အပေါ်ဆုံးအလွှာမှာ
ပညာလိုလိုရှာတယ်
အောက်ဆုံးထပ်မှာ ဘ၀ကိုငေးသလိုလို
လက်ဖက်ရည်ဆိုင်ထိုင်တယ်။
တရားရသလိုလို
သူရဲဘောကြောင်သလိုလို
ခေတ်ကနေ ရှောင်ခွါတယ်
သူရဲကောင်းလိုလို
လူမိုက်လိုလို
ခေတ်ကို ရင်ဆိုင်တယ်။
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလိုလို
ပွဲခင်းက အမေပျောက်ကလေးလို
မေတ္တာတရားရဲ့ အဝေးမှာ
မြို့ကြီးထဲ အထီးကျန်
ခေတ်ကြီးထဲ ယောင်ချာချာ။
ညီမွန်
No comments:
Post a Comment