အထက်ကိုဆန်တက်သွားကြသူများ
ခေါင်းငိုက်စိုက် ပျံသန်းကြတဲ့ ငှက်တွေနဲ့
မိုးမမြင် လေမမြင်ကြသူများ
လမ်းဟာ တစ်ခါမှ မငြီးညူခဲ့ဘူး။

ကြောပိုးအိတ်ထဲက ပြဿနာသောင်းခြောက်ထောင်
ရင်ဘတ်ထဲက ဒဏ်ရာအသီးသီး
ခြေလှမ်းတွေမတူညီကြဘဲ
အရိပ်နဲ့အတူ ကပ်ပါလာတဲ့ဝေဒနာဟာ
အရည်ပျော်ကျ မသွားဘူး။
ဒါပေမယ့်
လမ်းဟာ တစ်ခါမှ မငြီးညူခဲ့ဘူး။
လမ်းပေါ်ယိုစီးနေတဲ့ စိတ်စီးကြောင်းဟာ
တစ်လမ်းလုံး ဆားငံရည်တွေလွှမ်းလို့
ကမ်းကကျယ်တယ် ခြေကုန်လက်ပမ်းကျလို့ မဖြစ်သေးဘူး
လမ်းပေါ်တစ်ညလောက် အိပ်စက်ခွင့်ပြုပါ
ဘုရားသခင်နဲ့ ကြွေအန်ကစားချင်လို့။
ပိုက်လုံးလမ်းဆိုတာ
ပိုက်တွေလုံးထားတဲ့ လမ်းမဟုတ်ဘူး။
အလုံးတွေပိုက်ထားတဲ့ လမ်း။ ။
မောင်မင်းစိုး
No comments:
Post a Comment