Wednesday, July 1, 2009

နာမကျန်းသော နေ့ရက်များ

ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာအဆင်သင့်
နာဖို့ရာ ခန္ဓာကိုယ်အဆင်သင့်
နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်းခြင်း ကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်ရမှာလား
လောလောဆယ်မှာ
စိတ်ဓာတ်က ဘယ်လိုရှိပါသလဲ
ရုပ်ကသာ ဆေးရုံပေါ်မှာ
စ်တ်က ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်ရောက်နေ
ရုပ်ကသာ လူနာတင်ကုတင်ပေါ်မှာ
စိတ်က ကားလ်ပေါ့ပါးရဲ့ စာအုပ်ထဲမှာ
ရုပ်ကသာ ပြိုလဲကျနေ
စိတ်ကလွတ်လပ်ရေး ကျောက်တိုင်လို မားမားမတ်မတ်
ငုတ်တိုင်ကမပြတ်သေးသရွေ့
ကျွန်တော့်မှာ သတ္တိရှိပါတယ်။

လှသန်း

No comments: